Home သတင်း လပွတ္တာမြို့တွင် ကိုဗစ်‌ဆေးထိုးရန် လိမ်ညာ‌ခေါ်ယူကာ စစ်တပ်‌ထောက်ခံပွဲလုပ်ခဲ့

လပွတ္တာမြို့တွင် ကိုဗစ်‌ဆေးထိုးရန် လိမ်ညာ‌ခေါ်ယူကာ စစ်တပ်‌ထောက်ခံပွဲလုပ်ခဲ့

1075

‌အောက်တိုဘာ ၃ဝရက်၊ ၂၀၂၁ခုနှစ်။ ‌ကေအိုင်စီ

ဧရာဝတီတိုင်း‌ဒေသကြီး၊ လပွတ္တာမြို့တွင် ယ‌နေ့ ‌အောက်တိုဘာလ ၃ဝရက်‌နေ့၌ မြို့နယ်စစ်‌ကောင်စီက ဦး‌ဆောင်၍ မြို့နယ်တွင်းရှိ ပြည်သူများအား ကိုဗစ်ကာကွယ်‌ဆေးထိုးရမည်ဟု လိမ်ညာ‌ခေါ်ယူပြီး စစ်‌ကောင်စီနှင့် တပ်‌ထောက်ခံပွဲ ပြုလုပ်ခဲ့‌ကြောင်း ‌ကေအိုင်စီက စုံစမ်းသိရှိရသည်။

အဆိုပါမြို့ရှိ ပြည်‌ထောင်စုကြံ့ခိုင်‌ရေးနှင့် ဖွံ့ဖြိုး‌ရေးပါတီဝင်များ၊ မီးသတ်တပ်ဖွဲ့ဝင်များ၊ ပြည်သူ့စစ်တပ်ဖွဲ့ဝင်များနှင့် မြို့ခံများကို အ‌ရေး‌ပေါ် အစည်းအ‌ဝေးကို မဖြစ်မ‌နေ တက်‌ရောက်ရမည်ဖြစ်‌ကြောင်း၊ ကိုဗစ်ကာကွယ်‌ဆေးလည်း ထိုးရ မည်ဟု‌ခေါ်ယူပြီး မြို့ပြင်တွင် လူစုအလံ‌ထောင်ကာ စစ်‌ကောင်စီ‌ထောက်ခံပွဲ လုပ်‌ဆောင်ခဲ့‌ကြောင်း တိုင်း‌ဒေသကြီး၏ အမှတ်(၁) လွှတ်‌တော်ကိုယ်စားလှယ် ဦး‌အောင်‌ကျော်စိုး၏ ‌ပြောပြချက်အရ သိရသည်။

“မြို့‌ပေါ်က ရပ်ကွက်(၁)၊ (၂)၊ (၃)၊ (၇)၊ (၈)၊ (၉)၊ (၁၀)နဲ့ ‌ကျေးရွာ‌တွေဘက်က‌တော့ ဆားကျင်းအုပ်စု၊ ‌ရေဆိုင်ကုန်း ‌ကျေးရွာ၊ ‌ရေဆိုင်အုပ်စု၊ ‌တောင်ယာကြီးစု‌ကျေးရွာ‌တွေထဲက ကြံ့ဖွံ့‌တွေ၊ မီးသတ်နဲ့ ပြည်သူ့စစ်‌တွေကို အ‌ရေး‌ပေါ်အ စည်းအ‌ဝေးရှိတယ်။ တစ်အိမ်တစ်‌ယောက် မဖြစ်မ‌နေ တက်ရမယ်။ ကိုဗစ်‌ဆေးလည်း ထိုးရမယ်ဆိုပြီး ‌ခေါ်တာပါ။ သူတို့‌ခေါ်သ‌လောက်‌တော့ လူ‌တွေ မလာပါဘူး။”ဟု ဦး‌အောင်‌ကျော်စိုးက ‌ကေအိုင်စီသို့ ‌ပြောသည်။

အဆိုပါ စစ်‌ကောင်စီ‌ထောက်ခံပွဲတွင် စစ်တပ်နှင့် ရဲတပ်ဖွဲ့ အပါအဝင် အင်အား ၁၀၀‌ကျော်ခန့်ရှိပြီး လပွတ္တာမြို့ပြင်ရှိ သုံးမိုင်မြို့သစ်၊ မြသန်းတန်ဘုရားတွင် လူစု‌ဝေးကြပြီး လူ‌နေအိမ်မရှိသည့် သုံးမိုင် GTI ‌ကျောင်း‌ရှေ့လမ်းများ‌ပေါ်၌ မှတ် တမ်းရယူရင်း ‌နေရာကွက်ကာ စီတန်းလှည့်လည်ခဲ့ကြ‌ကြောင်း သိရသည်။

နံနက် ၈နာရီအချိန်မှစ၍ တစ်နာရီနီးပါးသာ ကြာမြင့်သည့် လပွတ္တာမြို့ တပ်‌ထောက်ခံပွဲကို လုံခြုံ‌ရေးအဖြစ် ဝန်းရံလိုက် ပါ‌ပေးခဲ့ကြသည့် စစ်တပ်နှင့် ရဲများက ၎င်းတို့၏မျက်နှာကို နှာ‌ခေါင်းစည်းများတပ်ထားကြသည်မှာ ကိုဗစ်စည်းကမ်းအ ရလည်း‌ကောင်း၊ မျက်နှာကို မမှတ်မိ‌စေလိုသည့်အတွက်‌ကြောင့်ဖြစ်‌ကြောင်း အမည်မ‌ဖော်လိုသူ ရွာသားတစ်ဦးက ‌ပြောသည်။

ယင်းစစ်‌ကောင်စီ ‌ထောက်ခံပွဲအတွက် ‌ခေါ်ယူမှုနှင့်ပတ်သက်၍ လွှတ်‌တော်ကိုယ်စားလှယ် ဦး‌အောင်‌ကျော်စိုးက “အခု လို ပြည်သူ‌တွေကို မလှိမ့်တပတ်နဲ့ အကြပ်ကိုင်‌ထောက်ခံခိုင်းတဲ့ စစ်‌ကောင်စီရဲ့လုပ်ရပ်ဟာ အင်မတန် အရှက်သိက္ခာမဲ့ ပြီး မဲဆန္ဒရှင်ပြည်သူ‌တွေကို ‌စော်ကားတာဖြစ်တဲ့အတွက် ရှုတ်ချပါတယ်။ တခြားမြို့‌တွေမှာလည်း အခုလို ဆက်လုပ် လာနိုင်တဲ့အတွက် ပြည်သူ‌တွေ ကြိုတင်ပြင်ဆင်ထားကြဖို့ လိုအပ်ပါတယ်။”ဟု မှတ်ချက်ပြု ‌ပြောဆိုသည်။