Home သတင်း စစ်‌ကောင်စီတပ်များ ‌လေး‌ကေ‌ကော်မြို့သစ်ရှိ ရပ်ကွက်‌နေအိမ်များကို ဝင်‌ရောက် စစ်‌ဆေး‌မေးမြန်းမှု ပြုလုပ်ခဲ့

စစ်‌ကောင်စီတပ်များ ‌လေး‌ကေ‌ကော်မြို့သစ်ရှိ ရပ်ကွက်‌နေအိမ်များကို ဝင်‌ရောက် စစ်‌ဆေး‌မေးမြန်းမှု ပြုလုပ်ခဲ့

1060
Photo: Ka Hsaw Wah

‌အောက်တိုဘာ ၃၁ရက်၊ ၂၀၂၁ခုနှစ်။ ‌ကေအိုင်စီ

မြဝတီမြို့ ‌တောင်ဘက် KNU -ကရင်အမျိုးသားအစည်းအရုံး တက်မဟာ ၆ နယ်‌မြေ ‌လေး‌ကေ‌ကော် မြို့သစ် အတွင်းသို့ ယ‌နေ့ ‌အောက်တိုဘာ ၃၁ နံနက် ၉ နာရီ အချိန်ခန့်က အာဏာသိမ်းစစ်‌ကောင်စီ လက်‌အောက်ခံ ဒုတိယဗိုလ်မှူးကြီး ထင်လင်း‌ဇော် ဦးစီး‌သော ‌ခြေလျင်တပ်ရင် အမှတ် ၅၆ဝ ‌ရှေ့တန်း တပ်ရင်းစစ်‌ကြောင်း မှ အင်အား ၄ဝ ‌ကျော်ခန့်ဖြင့် ဝင်‌ရောက်ခဲ့ပြီး ကရင်စစ်‌ဘေး‌ရှောင်များ‌နေထိုင်ရာ အိမ်ယာရပ်ကွက် ‌နေအိမ်များအတွင်း ဝင်‌ရောက် စစ်‌ဆေး‌မေးမြန်းမှုများ ပြုလုပ်ခဲ့ ကြသည်။

ထို့‌နောက် နံနက် ၁ဝ နာရီ ၃ဝ ခန့်အချိန် တွင် အဆိုပါ ‌ဒေသခံ ‌နေအိမ်များ ‌တောင်ဘက်အရပ် ဖြစ်‌သော ‌မေတာလင်းမြိုင် ရွာ ဘက်သို့ အာဏာသိမ်း စစ်‌ကောင်စီတပ် စစ်‌ကြောင်းများ ဆက်လက် ထွက်ခွာသွား ‌ကြောင်း သိရသည်။