Home သတင်း ကရင်ပြည်နယ်‌နေ့ အထိမ်းအမှတ်ပွဲအတွက် လက်‌ဝှေ့တွဲဆိုင်း ၃၂ ပွဲကို တစ်ရက်အတွင်း ကျင်းပသွားမည်

ကရင်ပြည်နယ်‌နေ့ အထိမ်းအမှတ်ပွဲအတွက် လက်‌ဝှေ့တွဲဆိုင်း ၃၂ ပွဲကို တစ်ရက်အတွင်း ကျင်းပသွားမည်

1794

‌အောက်တိုဘာ ၃ဝ ရက်၊ ၂၀၂၁ ခုနှစ်။ ‌ကေအိုင်စီ

လာမည့်နိုဝင်ဘာလ ၇ ရက်‌နေ့တွင် ကျ‌ရောက်မည့် (၆၆) နှစ်‌မြောက် ကရင်ပြည်နယ်‌နေ့တွင် ရိုးရာလက်‌ဝှေ့တွဲဆိုင်း ၃၂ ပွဲကို ဖားအံမြို့ မိုးလုံ၊ ‌လေလုံအားကစားရုံ၌ တစ်ရက်အတွင်းအပြီး အစီး ကျင်းပသွားမည်ဖြစ်သည်ဟု လက်‌ဝှေ့ကလပ် တာဝန်ရှိသူများထံမှ သိရှိရသည်။

ကရင်ပြည်နယ်ရှိ လက်‌ဝှေ့ကလပ် ၂ဝ ဝန်းကျင်ခန့်သည် ပြည်နယ်‌နေ့အထိမ်းအမှတ်ပွဲတွင် ပါဝင် ထိုးသတ်သွားမည်ဖြစ်သလို အချိန်အကန့်အသတ်ဖြင့်သတ်မှတ်ကာ ကိုဗစ်စည်းကမ်းချက်နှင့်အညီ ကျင်းပသွားမည်ဟု လက်‌ဝှေ့ကလပ်တာဝန်ရှိသူတစ်ဦးက ယခုလို‌ပြောသည်။

” ဒီနိုဝင်ဘာ ၇ ရက်‌နေ့မှာ‌ပေါ့‌နော်။ သူတို့က တစ်ရက်ထဲကို အပြီးထိုးမှာ‌ပေါ့‌နော်။ မနက် ၉ နာရီက‌နေ ည‌နေ ၄ နာရီအထိပဲ ထိုးမယ်။ အရင်ကဆို အလွတ်တန်း‌တွေဆိုရင် ၅ ချီ‌ပေါ့‌နော်၊ အခုက အချိန် အကန့်အသတ်နဲ့မို့ ၃ ချီပဲ ထိုးရ‌တော့မယ်။ ကိုဗစ်ကာကွယ်‌ဆေး ၂ ကြိမ်ထိုးပြီးတဲ့ သူ‌တွေပဲ ထိုးခွင့်ရှိ တယ်‌ပေါ့‌နော်။ ” ဟု ‌ကေအိုင်စီသို့ ‌ပြောသည်။

လက်ရှိ ကိုဗစ်‌ရောဂါကူးစက်မှုနှင့် နိုင်ငံ‌ရေးမငြိမ်မသက်မှုအ‌ခြေအ‌နေများ‌ကြောင့် လက်‌ဝှေ့ပွဲစဉ်တွင် ပါဝင်ကစားမည့် လူငယ်များမှာ စိုးရိမ်မှုများရှိသည်ဟု အဆိုပါ ကလပ်တာဝန်ရှိသူက ‌ပြောသည်။

ယခုနှစ်ကရင်ပြည်နယ်‌နေ့အထိမ်းအမှတ်အတွက် ရိုးရာလက်‌ဝှေ့တွဲဆိုင်းထဲတွင် ‌သွေးသစ်ဝင်းလှိုင်( Family) နှင့် ရှူးခလိန်းမီး (ဘိလပ်‌မြေစက်ရုံ)၊ ကြယ်လင်း‌အောင်(‌တောင်က‌လေး)နှင့် ရန်နိုင်ထွန်း (ဇွဲကပင်‌မြေ)၊ သ‌ပြေညို (ဘိလပ်‌မြေစက်ရုံ) နှင့် ရဲ‌သွေးနီ(‌တောင်က‌လေး)၊ မိုက်ရိုင်း(‌ရွှေဖူး) နှင့်ပတ် ‌ကျောလင်းနိုင်( တိုက်ဂါး)၊ ကျား‌ပေါက်( ရန်စစ်ငြိမ်း)နှင့် ‌စောမင်း‌အောင် (‌တောင်က‌လေး) စသည့် နာမည်‌ကျော်ရိုးရာလက်‌ဝှေ့သမားများ ပါဝင်ထိုးသတ်သွားမည်ဖြစ်သည်ဟု သိရသည်။

(၆၆)နှစ်‌မြောက် ကရင်ပြည်နယ်‌နေ့ကို ကရင်ပြည်နယ် စစ်‌ကောင်စီ၏ လမ်းညွှန်မှုဖြင့် ၃ ရက်တာ ကျင်းပသွား မည်ဖြစ်ပြီး ကရင်ရိုးရာဒုံးအကနှင့် ရိုးရာလက်‌ဝှေ့ပွဲစဉ်များ စသည်တို့ကို အချိန်အကန့် အသတ်ဖြင့်သတ်မှတ်ကာ ကိုဗစ်စည်းကမ်းချက်နှင့်အညီ ကျင်းပသွားမည်ဖြစ်သည်ဟု ပြည်နယ်စစ် ‌ကောင်စီ၏ ထုတ်ပြန်ထားချက်အရ သိရသည်။

ယခင်နှစ် (၆၅) နှစ်‌မြောက် ကရင်ပြည်နယ်‌နေ့ကို ကိုဗစ်‌ရောဂါ‌ကြောင့် အခမ်းအနားကို အကျဉ်းချုံးဖြင့်သာ ပြုလုပ်ကျင်းပခဲ့ကြသည်။