Home သတင်း ‌သောင်ရင်းမြစ်‌ရေ လျှံတက်မှု‌ကြောင့် မြဝတီမြို့၌ အနိမ့်ပိုင်းရပ်ကွက်ရှိ အိမ်‌ခြေ ၁၀၀ဝ ‌ကျော် ‌ရေ‌ဘေးဒုက္ခ ကြုံ‌နေရ

‌သောင်ရင်းမြစ်‌ရေ လျှံတက်မှု‌ကြောင့် မြဝတီမြို့၌ အနိမ့်ပိုင်းရပ်ကွက်ရှိ အိမ်‌ခြေ ၁၀၀ဝ ‌ကျော် ‌ရေ‌ဘေးဒုက္ခ ကြုံ‌နေရ

875

စက်တင်ဘာ ၂၇ ရက်၊ ၂၀၂၁ခုနှစ်။ ‌ကေအိုင်စီ

ကရင်ပြည်နယ် မြဝတီမြို့တွင် ‌သောင်ရင်းမြစ်‌ရေ လျှံတက်မှု‌ကြောင့် မြစ်ကမ်းအနီး အနိမ့်ပိုင်း ရပ်ကွက်များရှိ အိမ်‌ခြေ ၁၀၀ဝ ‌ကျော် ‌ရေ‌ဘေးဒုက္ခ ကြုံ‌နေရ‌ကြောင်း သိရသည်။

ယမန်‌နေ့ စက်တင်ဘာ ၂၆ ရက် ည‌နေပိုင်းကတည်းက ‌သောင်ရင်းမြစ်‌ရေသည် တရိပ်ရိပ်တက်လာပြီး ညလယ်ပိုင်း အ‌ရောက်မှာ စိုးရိမ်‌ရေအမှတ် အထက် ၃ ‌ပေ‌ကျော်မြင့်တက်ခဲ့ခြင်း ဖြစ်သည်။

ထိုသို့ မြစ်‌ရေမြင့်တက်လာမှု‌ကြောင့် မြစ်ကမ်းအနီး အနိမ့်ပိုင်းရပ်ကွက်များ ဖြစ်‌သော ‌ကျောက်ဖျာဂိတ် ၊ သဲပုံဂိတ်၊ သရက်ပင်ဂိတ်၊ သဖန်းပင်ဂိတ်၊ ခွန်ဆာဂိတ်၊ ‌ကျောက်တန်းဂိတ်၊ ဝါး‌တောဂိတ် အစရှိသည့် ‌နေရာများနှင့် မြို့‌ပေါ်လူ‌နေရပ်ကွက် တစ်ချို့မှ အိမ်‌ခြေ ၁၀၀ဝ ‌ကျော်ခန့် ‌ရေ‌ဘေးဒုက္ခကြုံ‌နေရသည်။

အဆိုပါ ‌ရေ‌ဘေးသင့်ပြည်သူများ အတွက် နီးစပ်ရာ‌နေရာများတွင် ကယ်ဆယ်‌ရေးစခန်းများ ဖွင့်လှစ်ထားပြီး ယ‌နေ့ နံနက်ပိုင်းအထိ လူဦး‌ရေ ၃၀၀ဝ ဝန်းကျင်ခန့် ကယ်ဆယ်‌ရေးစခန်းတွင် ‌ရောက်ရှိ‌နေထိုင်လျက် ရှိသည်။

မြဝတီမြို့တွင် ပြီးခဲ့သည့် ဇွန်လ နှင့် ဇူလိုင်လ များကလည်း ‌သောင်ရင်းမြစ်‌ရေမှာ စိုးရိမ်‌ရေအမှတ်ထက် ၉ ‌ပေခန့် ‌ကျော်လွန်မြင့်တက်ခဲ့၍ အိမ်‌ခြေ ‌ထောင်နှင့်ချီ၍ ‌ရေ‌ဘေးသင့်ခဲ့ရသည်။

ယခုအခါ တတိယအကြိမ် ‌သောင်ရင်းမြစ်‌ရေ လျှံမှု‌ကြောင့် ‌ရေကြီး‌ရေလျှံမှုဖြစ်ပြီး လက်ရှိ ‌နေ့လည်ပိုင်းအထိ ‌နောက်ဆုံးသတင်းအရ ‌သောင်ရင်းမြစ်‌ရေမှာ အကျဘက် ‌ရောက်‌နေပြီး စိုးရိမ်‌ရေအမှတ်‌အောက် ‌ရောက်ရန် နီးစပ်‌နေပြီးဖြစ်‌ကြောင်း သိရသည်။