Home သတင်း မြဝတီနယ်စပ်မှတဆင့် ထိုင်းပြန်မြန်မာလုပ်သားများကို ပြန်လည်လက်ခံ ၊ ယ‌နေ့ ၂၀ဝ ဦး စတင်ဝင်‌ရောက်

မြဝတီနယ်စပ်မှတဆင့် ထိုင်းပြန်မြန်မာလုပ်သားများကို ပြန်လည်လက်ခံ ၊ ယ‌နေ့ ၂၀ဝ ဦး စတင်ဝင်‌ရောက်

963

ဩဂုတ် ၁ ရက်၊ ၂၀၂၁ ခုနှစ်။ ‌ကေအိုင်စီ

ကိုဗစ်ဂယက်‌ကြောင့် ပြီးခဲ့သည့် ဇွန်လ ၁၉ ရက်‌နေ့မှစ၍ မြဝတီနယ်စပ်မှ တဆင့် ထိုင်းပြန်မြန်မာလုပ်သားများ ကြိုဆိုမှုအား ရပ်ဆိုင်းထားရာမှ ယ‌နေ့ ဩဂုတ်လ ၁ ရက်‌နေ့မှစ၍ ‌နေရပ်ပြန် မြန်မာလုပ်သား ၂၀ဝ ဦး စတင်ဝင်‌ရောက်မှု လက်ခံခဲ့ ‌ကြောင်း သိရသည်။

ယ‌နေ့ ဝင်‌ရောက်လာသူများမှာ ပြန်လည်လက်ခံ‌ရေး ရပ်နားခဲ့၍ ဇွန်လ ဒုတိယအပတ်ကတည်းက မြဝတီတဖက်ကမ်း ထိုင်းနိုင်ငံ မဲ‌ဆောက် ဘက်ခြမ်းတွင် တစ်လ‌ကျော်ကြာ ‌သောင်တင်‌နေ‌သော မြန်မာ‌ရွှေ့‌ပြောင်း လုပ်သားများ ဖြစ်ကြသည်။

“မြဝတီတဖက်ကမ်း ထိုင်းဘက် မဲ‌ဆောက်ဘက်ခြမ်းမှာ ပိတ်မိ‌နေတဲ့ ထိုင်းနိုင်ငံအတွင်းပိုင်း မှ ပြန်လာတဲ့ မြန်မာလုပ်သား ၈၀ဝ ဝန်းကျင်ခန့် ရှိ‌နေပါတယ်။ တစ်ရက်လျှင် ၂၀ဝ ဦးကို တစ်ရက်ခြား၍ ကြိုဆိုလက်ခံပြီးမှသာ ထိုင်းနိုင်ငံအတွင်းပိုင်းမှ ‌နေရပ်ပြန်လိုသူများကိုလည်း တစ်ရက်ခြား ၂၀ဝ နှုန်းဖြင့် ဆက်လက်ကြိုဆို သွားမယ်”ဟု မြန်မာဘက်ခြမ်းမှ‌နေရပ်ပြန်ကြိုဆို‌ရေး တာဝန်ရှိသူ တစ်ဦးက ‌ပြောသည်။

တစ်လ‌ကျော်ကြာ နယ်စပ်တွင်ပိတ်မိ‌နေခဲ့ခြင်း‌ကြောင့် နာမကျန်းဖြစ်သူများ ရှိသလို က‌လေး‌မွေးဖွားခဲ့သည့် ကိုယ်ဝန်‌ဆောင်များပင်ရှိသည်ဟု ထိုင်းနိုင်ငံ မဲ‌ဆောက်အ‌ခြေစိုက် မြန်မာအလုပ်သမားအ‌ရေး ‌ဆောင်ရွက်‌နေသူ တစ်ဦးက ဆိုသည်။

၎င်းမြန်မာလုပ်သားများသည် ထိုင်းနိုင်ငံအတွင်းပိုင်းမှ ပြန်လာရာတွင် ကယ်ရီများအား ဘတ် ၃၀၀ဝ မှ ဘတ် ၈၀၀ဝ ကြား‌ပေးခဲ့ရပြီး ထိုင်းရဲ အဖမ်းခံရ သည့်သဖွယ် ပြန်လာသူများရှိသလို ကားငှါး၍ ပြန်လာကြသူများလည်း ပါဝင်‌ကြောင်း ယ‌နေ့ ‌နေရပ်ပြန်လာသူများက ‌ပြောသည်။

အဆိုပါ ‌နေရပ်ပြန်လာသူများကို ကရင်ပြည်နယ်အတွင်း ‌နေထိုင်သူများအား မြဝတီမြို့ မဲကနယ် Querantine ထားရှိပြီး အခြားတိုင်းနှင့် ပြည်နယ်သို့ ပြန်လို သူများအား တာဝန်ရှိသူချင်း ချိတ်ဆက်၍ ပြန်လည်ပို့‌ဆောင်‌ပေးသွားမည်ဟု သိရသည်။