Home သတင်း ဂျိုင်းတံတားအနီး ကားလမ်းပိတ်၍ ညအိပ်‌စောင့်ဆိုင်း‌နေရမှုများရှိ‌နေ

ဂျိုင်းတံတားအနီး ကားလမ်းပိတ်၍ ညအိပ်‌စောင့်ဆိုင်း‌နေရမှုများရှိ‌နေ

1348
Photo: CJ

ဩဂုတ် ၁ ရက်၊ ၂၀၂၁ခုနှစ်။‌ကေအိုင်စီ

ထိုင်း-မြန်မာ နယ်စပ်ကုန်သွယ်မှု လမ်း‌ကြောင်း‌ပေါ်မှရှိသည့် ကရင်ပြည်နယ် ကျုံဒိုးမြို့ ဂျိုင်းတံတားအနီးဝန်းကျင်တွင် ကားလမ်း‌ရေ‌ကျော်ခဲ့၍ ယာဉ်တန်းပိတ် ဆို့မှုများ‌ကြောင့် သွားလာမှုခက်ခဲကာ ညအိပ်‌စောင့်ဆိုင်း ‌နေရမှုများရှိ‌နေသည်ဟု သိရသည်။

“မ‌နေ့ညကတည်းက တစ်ညလုံး ‌စောင့်‌နေတာ အခု ဩဂုတ်ဘ ၁ ရက် မနက် ၉ နာရီထိ မသွားရ‌သေးဘူး။ ကားလမ်းက ပိတ်‌နေတာ ကုန်ကားကြီး‌တွေ‌ရော ခရီးသွား ကား‌သေး‌တွေ‌ရော အစီး ရာနဲ့ချီပြီးပိတ်‌နေတာ” ဟု ဖားအံမှ မြဝတီသို့ ပြန်လာမည့် ကားသမား တစ်ဦးက ‌ပြောသည်။

ဂျိုင်းမြစ်‌ရေ မြှင့်တက်မှု‌ကြောင့် ပွန်တွန်းတံတားမှ ကုန်စည်စီးဆင်းမှု အနည်းငယ် ‌နှောင့်‌နှေးကြန့်ကြာမှုများ ရှိခဲ့သလို ဂျိုင်းတံးတားထိပ် နှင့် ကျားက‌လေးကြား လမ်း‌ပေါ်တွင် ‌ရေ‌ကျော်မှုများရှိ‌နေ၍ ယာဉ်‌ကြောပိတ်ဆို့မှုများ ဖြစ်ခဲ့ပြီး ယာဉ်နှစ်ထပ်ရပ်ကာ ‌ကျော်လု‌မောင်း‌နေမှုများ‌ကြောင့်လည်း နှစ်ဖက်ယာဉ်‌ကြော ပိတ်ဆို့ပြီး သွားလာမှု ခက်ခဲ‌နေရခြင်းဖြစ်သည် ဟု အဆိုပါ ကားသမားက ‌ပြောသည်။

ယခုရက်ပိုင်း မိုးဆက်တိုက် ရွာသွန်းမှုများ‌ကြောင့် ကရင်ပြည်နယ်ရှိ သံလွင်မြစ်၊ ‌သောင်ရင်းမြစ်၊ ‌ဟောင်သ‌ရောမြစ်စသည့် မြစ် ၈ စင်းခန့်တွင် စိုးရိမ်‌ရေအမှတ် အထက် ‌ကျော်လွန်ခဲ့ပြီး မြစ်‌ရေလျှံမှု‌ကြောင့် အနီးဝန်းကျင်မြို့ရွာများတွင် ‌ရေကြီး‌ရေလျှံမှုများ ရှိခဲ့သည်။

Photo: CJ