Home သတင်း အများပြည်သူ အပြင်ထွက်ခွင့်မရ‌သောအချိန် မြဝတီမြို့နယ်ကြံ့ခိုင်‌ရေးပါတီ ရုံးခြံဝင်းအတွင်း ‌ပေါက်ကွဲမှု ဖြစ်ခဲ့

အများပြည်သူ အပြင်ထွက်ခွင့်မရ‌သောအချိန် မြဝတီမြို့နယ်ကြံ့ခိုင်‌ရေးပါတီ ရုံးခြံဝင်းအတွင်း ‌ပေါက်ကွဲမှု ဖြစ်ခဲ့

872

ဩဂုတ် ၂၈ ရက် ၊ ၂၀၂၁ ခုနှစ်။ ‌ကေအိုင်စီ

ကိုဗစ်ကာလ ‌ဒေသန္တရ အမိန့်အဖြစ် ‌နေ့လည် ၁၂ နာရီ‌နောက်ပိုင်း အပြင်မထွက်ရ အမိန့်ထုတ်ပြန်ထားသည့် ကရင်ပြည်နယ် မြဝတီမြို့၌ ယ‌နေ့ (ဩဂုတ် ၂၈) မွန်းလွဲ ၂ နာရီခန့် က မြဝတီမြို့နယ် ပြည်‌ထောင်စုကြံ့ခိုင်‌ရေးနှင့် ဖွံ့ဖြိုး‌ရေးပါတီရုံး ခြံဝင်းအတွင်း လက်လုပ်မိုင်း ၁ လုံး ‌ပေါက်ကွဲမှုဖြစ်ခဲ့‌ကြောင်း သိရသည်။
အမှတ် ၄ ရပ်ကွက် ဘုရင့်‌နောင်လမ်းမကြီး နံ‌ဘေးရှိ မြဝတီမြို့နယ် ကြံ့ခိုင်‌ရေး ပါတီရုံး အ‌ရှေ့ဘက်ခြမ်းခြံဝင်းအတွင်း သရက်ပင်‌အောက် အမှိုက်ပုံးထားရှိရာ ‌နေရာတွင် ‌ပေါက်ကွဲမှု ဖြစ်ပွားခဲ့ခြင်းဖြစ်သည်။

မိုင်း‌ပေါက်ကွဲမှု‌ကြောင့် လူတစ်စုံတစ်ဦးမျှ ထိခိုက်မှု မရှိခဲ့‌ကြောင်း မိုင်း‌ပေါက် ကွဲခဲ့သည့်‌နေရာနှင့် ကိုက် ၂ဝ ခန့်အကွာ ကြံ့ခိုင်‌ရေးရုံး‌ရှေ့ဘုရင့် ‌နောင်လမ်းမ ကြီး တစ်ဘက်ခြမ်းတွင် ‌ဈေး‌ရောင်း‌နေ‌သော အမျိုးသမီး တစ်ဦးက ယခုလို ‌ပြောသည်။

“မိုင်း‌ပေါက်ကွဲတဲ့ အသံက‌တော့ အ‌တော်ကျယ်တယ်။ ဒါ‌ပေမယ့် အနီးဝန်းကျင်မှာ လူမရှိတဲ့အတွက် ထိခိုက်ဒဏ်ရာရရှိတာ‌တော့ မ‌တွေ့ရပါဘူး။ မိုင်း‌ပေါက်ကွဲပြီး‌နောက် ပါတီရုံးထဲက လူ ၃ ‌ယောက်ခန့် ထွက်လာပြီး ဖုန်း‌တွေဆက်လို့ စစ်သား‌တွေ‌ရော၊ ရဲ‌တွေ‌ရော အဖွဲ့စုံဘဲ မိနစ်ပိုင်းအတွင်း ‌ရောက်ရှိလာပြီး စစ်‌ဆေးမှု‌တွေ ပြုလုပ်‌နေတယ်”ဟု အဆိုပါ ‌ဈေးသည်အမျိုးသမီးက ‌ပြောသည်။

မြဝတီမြို့၌ ကိုဗစ်ကာလ ‌ဒေသန္တရအမိန့်အဖြစ် နံနက် ၆ နာရီမှ နံနက် ၉ နာရီအတွင်းသာ ရပ်ကွက်ရုံးမှ ထုတ်‌ပေးထားသည့်‌ဈေးဝယ်ကဒ်ဖြင့် သွားလာရန် အမိန့်ထုတ်ထားရာမှ တစ်လ‌ကျော်အကြာ ယ‌နေ့ ဩဂုတ်လ ၂၈ ရက်မှစ၍ ‌နေ့လည် ၁၂ နာရီထိ သွားလာခွင့်ပြုခဲ့သည်။

ထိုသို့ အများပြည်သူ အပြင်ထွက်သွားလာခွင့်ကို ကန့်သတ်ထားသည့် အချိန် ယမန်‌နေ့ နံနက် ၆ နာရီခန့် နှင့် မွန်းလွဲ ၂ နာရီခန့်တို့တွင် အလားတူ လက်လက်မိုင်း ၂ လုံး ‌ပေါက်ကွဲမှုဖြစ်ခဲ့‌သေး‌ကြောင်း သိရသည်။