Home သတင်း သကင်္န်းညီ‌နောင်ရဲတပ်ဖွဲ့မှ တရားခံဖမ်းရာတွင် ပစ်ခတ်မှု‌ကြောင့် အမျိုးသား တစ်ဦး ‌နေရာတွင် ပွဲချင်းပြီး ‌သေဆုံးခဲ့

သကင်္န်းညီ‌နောင်ရဲတပ်ဖွဲ့မှ တရားခံဖမ်းရာတွင် ပစ်ခတ်မှု‌ကြောင့် အမျိုးသား တစ်ဦး ‌နေရာတွင် ပွဲချင်းပြီး ‌သေဆုံးခဲ့

1733

ဩဂုတ် ၂၉ ရက်၊ ၂၀၂၁ ခုနှစ်။ ‌ကေအိုင်စီ

ကရင်ပြည်နယ် မြဝတီမြို့ သကင်္န်းညီ‌နောင်မြို့သစ် ၇ လမ်းတွင် ယမန်‌နေ့(ဩဂုတ် ၂၈) က မူးယစ်တရားခံ ဖမ်းဆီးရာတွင် ပြန်လည်ခုခံ၍ဟုဆိုကာ နယ်‌မြေရဲစခန်းမှ ရဲတပ်ဖွဲ့ဝင်က ပစ်ခတ်ဖမ်းဆီးခဲ့ရာ အဆိုပါ အမျိုးသားမှာ ‌သေနတ်ဒဏ်ရာ ၃ ချက် ဖြင့် ‌နေရာတွင် ပွဲချင်းပြီး ‌သေဆုံးခဲ့‌ကြောင်း သိရသည်။

ဖြစ်စဉ်နှင့်ပတ်သက်၍ ရဲတပ်ဖွဲ့နှင့် နီးစပ်သူတစ်ဦးက ” မ‌နေ့ မနက် ၁၁ နာရီဝန်းကျင်က ဖြစ်သွားတာ။ သကင်္န်းညီ‌နောင်နယ်‌မြေ ရဲစခန်းက ရဲတပ်ဖွဲ့ဝင် ၄ ဦးခန့် ကားတစ်စီးဖြင့် ‌ရောက်ရှိလာပြီး ဖမ်းဆီးဖို့ကြိုးစားစဉ်မှာ ယင်းအမျိုးသားက ခုခံဖို့ကြိုးစားတာ‌ကြောင့် ပစ်ခတ်ဖမ်းဆီးရာ ဝမ်းဗိုက်နဲ့ ‌နောက်‌ကျော ထိမှန်ဒဏ်ရာများဖြင့် ‌သေဆုံးခဲ့ခြင်းဖြစ်ပါတယ်။ “ဟုတ် ‌ပြောသည်။

‌သေဆုံးသူ အမျိုးသားမှာ အသက် ၃၇ နှစ် အရွယ် ကို‌အောင်သက်ထွန်း ဆိုသူဖြစ်ပြီး သူသည် ‌နေအိမ်အတည်တကျမရှိဘဲ သကင်္န်းညီ‌နောင် ရွာတွင် ပျံကျ‌နေထိုင်သူဖြစ်‌ကြောင်း ‌ဒေသခံများ၏ ‌ပြောပြချက်အရ သိရသည်။

ယခုလို တရားခံဖမ်းဆီးရာတွင် လူ‌သေသည့်အထိ ‌သေနတ်ဖြင့် သုံးချက်တိတိ ပစ်ခတ်ဖမ်းဆီးမှုမှာ မဖြစ်သင့်သလို မဖြစ်မ‌နေ ပစ်ခတ်ဖမ်းဆီးရမည်ဆိုပါက ခါး‌အောက်ပိုင်းကိုပင် ‌ခြောက်လှန့်ပစ်ခတ် ဖမ်းဆီးသင့် ‌ကြောင်း ‌ဒေသခံများ အကြား ‌ဝေဖန် သုံးသပ်မှုများ ရှိ‌နေသည်။

မြဝတီမြို့တွင် မူးယစ်တရားခံ ဖမ်းရာတွင် လူ‌သေဆုံးသည် အထိ ပစ်ခတ်ဖမ်းဆီးမှုမှာ မရှိသ‌လောက် နည်းပါး‌ကြောင်း သိရသည်။