Home သတင်း ပန်းတ‌နော်မြို့နယ် ‌ကျေးရွာတချို့တွင် နယ်‌မြေခံရဲများမှ ‌သေနတ်ပစ်‌ဖောက် ခြိမ်း‌ခြောက်မှု များပြုလုပ်‌နေ

ပန်းတ‌နော်မြို့နယ် ‌ကျေးရွာတချို့တွင် နယ်‌မြေခံရဲများမှ ‌သေနတ်ပစ်‌ဖောက် ခြိမ်း‌ခြောက်မှု များပြုလုပ်‌နေ

2060

ဩဂုတ် ၃ဝ ရက်၊ ၂၀၂၁ခုနှစ်။‌ကေအိုင်စီ

ဧရာဝတီတိုင်း ပန်းတ‌နော်မြို့နယ်ရှိ ‌ကျေးရွာတချို့တွင် နယ်‌မြေခံ ရဲတပ်ဖွဲ့ဝင်များနှင့် ‌ဒေသခံ စစ်‌ကောင်စီ လိုလားသူ ‌ကျေးရွာအုပ်ချုပ်‌ရေး အဖွဲ့ဝင်များသည် ‌ကျေးရွာအတွင်း ညတွင်း လှည့်လည်၍ ‌သေနတ် ပစ်‌ဖောက် ‌ခြောက်လှန့်မှုများ ပြုလုပ်‌နေ‌ကြောင်း ‌ဒေသခံများထံမှ သိရသည်။

ပြီးခဲ့သည့် လများမှ စ၍ အဆိုပါ နယ်‌မြေခံ ရဲတပ်ဖွဲ့ဝင်များနှင့် ‌ကျေးရွာအတွင်း စစ်တပ်‌ထောက်ခံလိုလားသူ ‌ကျေးရွာသားအချို့သည် ‌ကျေးရွာအတွင်း ဆိုင်ကယ်ဖြင့် ညတွင်း လှည့်ပတ်‌နေစဉ် အ‌ကြောင်းပြချက်မရှိ ‌သေနတ်ကို ၅ချက်ထက် မနည်း ပစ်‌ဖောက် ‌ခြောက်လှန့်မှုများ ပြုလုပ်‌နေခဲ့‌ကြောင်း အမည်မ‌ဖော်လိုသူ ‌ဒေသခံတစ်ဦးက ယခုလို‌ပြောသည်။

၎င်းက “ပြီးခဲ့တဲ့ လ‌တွေကတည်းက အဲ့လိုပဲ ပစ်‌ဖောက်‌နေတာ။ ဘာ‌ကြောင့် အဲ့လိုပစ်‌ဖောက်ရလဲဆိုတာ က လည်း မသိရဘူး။ ဘယ်သူ့ကိုမှလည်းလိုက်မ‌မေးရဲဘူး။ သူတို့က ညဘက် ၉ နာရီ ၁ဝ နာရီ‌လောက် ဆိုင်ကယ်နဲ့ လိုက်သွားပြီး အခန့်မသင့်ရင် မသင့်သလို ‌လေးငါးချက် ပစ်‌ဖောက်လိုက်တာပဲ။ ဒါ‌ပေမဲ့ ညတိုင်း‌တော့ မဟုတ်ဘူး။ ရွာမှာဆို အဲ့လို ပစ်‌ဖောက်တာ ၅ ခါ‌လောက် ရှိပြီး။” ဟု ‌ကေအိုင်စီသို့‌ပြောသည်။

အဆိုပါ စစ်‌ကောင်စီ လက်‌အောက်ခံ နယ်‌မြေခံ ရဲတပ်ဖွဲ့ဝင်များအ‌နေဖြင့် ထိုသို့ ပစ်‌ဖောက်ရခြင်းနှင့် ပတ်သက် ပြီး အ‌ကြောင်းပြချက်တစ်စုံတစ်ရာ မသိရှိရ‌သော်လည်းပဲ ‌ဒေသခံများ၏ ‌ပြောပြချက်အရ လက်ရှိ ဒလန်ဟု သတ်မှတ်ခံထားရသူများကို ပစ်မှတ်ထားတိုက်ခိုက်ရန် သတိ‌ပေးအ‌ကြောင်းကြားခြင်းများနှင့် ပတ်သက်နိုင်‌ကြောင်း ‌ဒေသခံများက ယူဆ‌ပြောဆို‌နေကြသည်။

ထိုသို့ ပစ်‌ဖောက်‌ခြောက်လှန့်မှုများ‌ကြောင့် ‌ဒေသခံ ‌ကျေးရွာသားများအ‌နေဖြင့် ‌ကြောက်ရွံ့ ထိတ်လန့်မှုများ ရှိ‌နေ သလို ‌ကျေးရွာတွင်း စစ်တပ်‌ထောက်ခံသူများကလည်း ‌ကျေးရွာအတွင်း စစ်တပ်နှင့်ပတ်သက်ပြီး တစ်စုံတစ်ခု ‌ဝေဖန် ‌ပြောဆိုသံများ ကြားလျှင် ‌ကျေးရွာအတွင်း စစ်တပ်‌ခေါ်သွင်းမည်ဟုဆိုကာ ခြိမ်း‌ခြောက်‌ပြောဆိုမှုများ လည်းရှိ‌နေ‌ကြောင်း ‌ဒေသခံရွာသားများက ‌ပြောသည်။

“ရွာမှာ တစ်ခုခုဆိုရင် စစ်တပ်‌ခေါ်လိုက်ရမလား ဘာညာနဲ့ အဲ့လို ခြိမ်း‌ခြောက် ‌ပြောဆို‌နေတာ‌တွေရှိတယ်။ တစ်ခုခုဆိုရင် စစ်တပ်ကို အ‌ကြောင်းပြပြီး ဩဇာအာဏာပြချင်‌နေကြတာ သူတို့က။ ရွာမှာက ဘယ်သူမှလည်း ဘာမှမလုပ်ကြပါဘူး။ တစ်ခုခု‌ကောလာဟလ ကြားတယ်ဆိုရင်ဘဲ စစ်တပ် ‌ခေါ်လိုက်ရမလား ဆိုပြီး ‌ခြောက်‌ပြောတာ‌တွေ ရှိတယ်” ဟု ‌ဖော်ပြပါ ‌ဒေသခံတစ်ဦးက ဆက်‌ပြောသည်။

အလားတူ ပြီးခဲ့သည့် ရက်ပိုင်းတွင်လည်း စစ်‌ကောင်စီ၏ ညွှန်ကြားချက်ဖြင့် ‌ကျေးရွာ အရံမီးသတ် တပ်ဖွဲ့ဝင်များမှ ပြည်သူ့ ကာကွယ်‌ရေးတပ်မ‌တော်(PDF) နှင့် အမျိုးသား ညီညွတ်‌ရေး အစိုးရ (NUG)နှင့် ပတ်သက်၍ ၎င်းအဖွဲ့ အစည်းများသည် တိုင်းပြည်၏ အဖျက်အ‌မှောင့် လုပ်ငန်းများကို လုပ်‌ဆောင် ‌နေ‌ကြောင်း၊ ၎င်းတို့ကို ‌ထောက်ခံ ခြင်းမပြုရန် စသည့် ဝါဒဖြန့် ‌ပြောကြားချက်များကို အသံချဲ့စက် (loud speaker)များ အသုံးပြု၍ ‌ကျေးရွာအတွင်း လှည့်လည်ဖွင့်လှစ်ပြ ‌နေ‌ကြောင်းလည်း ‌ဒေသခံများထံမှ သိရသည်။

ယခုလို ‌သေနတ်ပစ်‌ဖောက်ခြိမ်း‌ခြောက်မှုများရှိ‌နေသည့် အဆိုပါ ‌ကျေးရွာများတွင် ည ၈ နာရီ ‌နောက်ပိုင်း ညမထွက်ရ အမိန့် ထုတ်ပြန်ထားသည့် ‌ကျေးရွာများဖြစ်ပြီး ‌သေနတ် ပစ်‌ဖောက် မှုများသည်လည်း လူ‌ခြေ တိတ်ချိန် ညသန်း‌ခေါင်ယံအချိန်များတွင်သာ ပစ်‌ဖောက်‌လေ့ရှိ‌ကြောင်း သိရသည်။

အလားတူ ‌ကျေးရွာအတွင်း နှင့် မြို့‌ပေါ် ရပ်ကွက်အတွင်း ‌သေနတ် ပစ်‌ဖောက် ‌ခြောက်လှန့်မှုမျိုးကို မြန်မာနိုင်ငံ၏ တိုင်း‌ဒေသကြီး အချို့တွင်လည်း စစ်‌ကောင်စီတပ်ဖွဲ့ဝင်များမှ ပြုလုပ်‌လေ့ရှိပြီး ‌ဒေသခံ အရပ်သား ပြည်သူများ ကို အ‌ကြောင်းပြချက်မရှိ ဖမ်းဆီး‌ခေါ်‌ဆောင်မှုများလည်း မြန်မာပြည်သူများ ‌နေ့စဉ်ကြုံ‌တွေ့‌နေကြရ‌ကြောင်း ‌ဒေသတွင်း သတင်းမီဒီယာအသီးသီးက ‌နေ့စဉ် ‌ဖော်ပြ‌ပေးလျက်ရှိသည်။

လတ်တ‌လော မြန်မာနိုင်ငံအတွင်း စစ်အာဏာသိမ်းပြီး‌နောက်ပိုင်း ‌ဒေသတွင်း PDF တပ်ဖွဲ့ဝင်များ၏ စစ်‌ကောင် စီ၏ အုပ်ချုပ်‌ရေး ‌ထောက်တိုင်များကို ပစ်မှတ်ထား တိုက်ခိုက်လာမှုများ ရှိ‌နေစဉ် ‌ကျေးရွာအ‌ခြေစိုက် နယ်‌မြေခံ ရဲဌာနများကို စစ်တပ်သုံး လက်နက်များကို ဖြည့်တင်း‌ပေးထားသလို စစ်‌ကောင်စီကို ‌ထောက်ခံလိုလား‌သော ပျူ‌စောထီး အဖွဲ့ဝင်များကိုပါ စစ်‌ကောင်စီဘက်မှ လက်နက် တပ်ဆင်‌ပေးထားသည်ကို ‌တွေ့ရသည်။