Home သတင်း ‌ဒေသတွင်း စစ်‌ရေးပဋိပက္ခနှင့်ပတ်သက်၍ BGF ၊ DKBA ‌ခေါင်း‌ဆောင်များ‌ကျေးရွာအုပ် ချုပ်‌ရေးမှူးများနှင့် သွား‌ရောက်‌တွေ့ဆုံ

‌ဒေသတွင်း စစ်‌ရေးပဋိပက္ခနှင့်ပတ်သက်၍ BGF ၊ DKBA ‌ခေါင်း‌ဆောင်များ‌ကျေးရွာအုပ် ချုပ်‌ရေးမှူးများနှင့် သွား‌ရောက်‌တွေ့ဆုံ

2259
Photo: CJ

ဩဂုတ် ၃ဝရက်၊ ၂၀၂၁ခုနှစ်။ ‌ကေအိုင်စီ

ကြာအင်းဆိပ်ကြီးမြို့နယ်အတွင်း လတ်တ‌လော ဖြစ်ပွား‌နေသည့် စစ်‌ရေးပဋိပက္ခအ‌ခြေအ‌နေနှင့် ပတ်သက်၍ နယ်ခြား ‌စောင့်တပ်(BGF)နှင့် ဒီမိုက‌ရေစီအကျိုးပြုကရင်တပ်မ‌တော်(DKBA) ‌ခေါင်း‌ဆောင်များက ‌ကျေးရွာအုပ်ချုပ်‌ရေးမှူးများ နှင့် ‌တွေ့ဆုံမှုတစ်ရပ်ကို ဩဂုတ်လ ၃ဝရက်(ယ‌နေ့) ပြုလုပ်ခဲ့သည်။

BGF အ‌နေဖြင့် ကရင်တိုင်းရင်းသားလက်နက်ကိုင်အချင်းချင်းကြား လုပ်‌ဆောင်ရမည့် ပစ်ခတ်တိုက်ခိုက်မှုမျိုး မလုပ် ‌ဆောင်လို‌ကြောင်းနှင့် ‌ဒေသခံလူထုများအ‌နေဖြင့် အ‌ကြောက်မလွန်ရန် ပြည်သူများ အားရှင်းလင်းချပြရန် အတွက် ရည်ရွယ်ပြီး ကြာအင်းဆိပ်ကြီးမြို့နယ်၊ အဇင်း‌ကျေးရွာ ဘုန်းကြီး‌ကျောင်းတွင်‌ကျေးရွာအုပ်စုများမှ အုပ်ချုပ်‌ရေးမှူးများအား ‌ခေါ်ယူ‌တွေ့ဆုံခဲ့ခြင်းဖြစ်သည်။

အဆိုပါ‌တွေ့ဆုံပွဲတက်‌ရောက်သူ ‌ကျေးရွာအုပ်ချုပ်‌ရေးမှူးတစ်ဦးက “BGF ‌တွေ၊ DKBA ‌တွေ၊ KNU ‌တွေ‌ကော လက်နက်ကိုင်တယ်ဆိုတာက အမျိုးသား‌ရေးအတွက် လက်နက်ကိုင်တဲ့အ‌ကြောင်း‌တွေကို ရှင်းပြတယ်။ ပြီး‌တော့ ဒီ‌ဒေသမှာ တိုက်ပွဲမဖြစ်ဘူးဆိုတာ‌တော့ သူတို့ဘက်က အာမခံ‌ပြောတာ‌တော့ မရှိဘူး‌ပေါ့။ တစ်ဖက်ကပစ်ရင်‌တော့ သူတို့လည်း ပြန်ပစ်ရတာ‌ပေါ့။ အဲလို‌တွေ ‌ပြောသွားတာ‌တော့ရှိတယ်။”ဟု ‌ကေအိုင်စီသို့ ‌ပြောသည်။

ထို့အပြင် BGF အဖွဲ့က ၎င်းတို့သည် ငြိမ်းချမ်း‌ရေးကိုသာ လိုချင်‌ကြောင်းနှင့် ၎င်းတို့အဖွဲ့၏ ဦးတည်ချက်များကို အဓိကထား ‌ပြောဆိုသွားခဲ့သည်ဟုလည်း ‌တွေ့ဆုံပွဲ တက်‌ရောက်ခဲ့ကြသူ ‌ကျေးရွာအုပ်ချုပ်‌ရေးမှူးများက ‌ပြောသည်။

Photo: CJ

ယင်း‌တွေ့ဆုံမှုတွင် BGF တပ်နယ်(၄)မှ ဗိုလ်မှူး‌စောမုတ်သုန်၊ BGF (၁၀၂၁)မှ ဗိုလ်မှူး‌စော ဘီလူး၊ ကျိုက်ဒုံ အ‌ခြေစိုက် BGF (၁၀၂၃)မှ ဗိုလ်မှူး‌စောမူးထူး၊ DKBA မှ ဗျူဟာမှူး ဗိုလ်မှူးဘငြိမ်း၊ DKBA (၉၀၆)မှ ဗိုလ်မှူးဘိဒါး၊ အဇင်း‌ကျေးရွာ အ‌ခြေစိုက် ရဲစခန်းမှူးနှင့်အဖွဲ့၊ စစ်‌ကောင်စီတပ် ဘက်မှ ဗိုလ်မှူးအဆင့်ရှိသူများ အပါအဝင် အင်အား ၂၀ဝခန့်မှာ လက် နက်ကိုယ်စီဖြင့်လာ‌ရောက်ရှင်းပြခဲ့ခြင်း ဖြစ်‌ကြောင်း ‌ဒေသခံများထံမှ သိရသည်။

‌ဒေသတာဝန်ရှိသူများဘက်မှ အဇင်း‌ကျေးရွာအုပ်စု၊ မိနန်းအပ်‌ကျေးရွာအုပ်စု၊ ကွီးခလယ်‌ကျေးရွာအုပ်စု၊ ပူး‌ရေး‌ကျေးရွာ အုပ်စုနှင့် ကွင်းက‌လေး‌ကျေးရွာအုပ်စုများ၏ အုပ်ချုပ်‌ရေးမှူးများက‌တွေ့ဆုံပွဲသို့ ပါဝင်တက် ‌ရောက်ခဲ့ကြသည်။

BGF, DKBA ‌ခေါင်း‌ဆောင်များ သွား‌ရောက်‌တွေ့ဆုံခဲ့သူများ၏ ‌ကျေးရွာအုပ်စု အများစုမှာ တိုက်ပွဲဖြစ်ပွားမှုများ မရှိ‌သော်လည်း ထို‌ကျေးရွာအုပ်စုများနှင့် နီးစပ်သည့် ‌ကော်သ‌နော့၊ ကျိတ်၊ ကွင်းက‌လေး‌ကျေးရွာ များတွင် ဩ ဂုတ်လ ၂၃ ရက်‌နေ့မှ စတင်ကာ စစ်‌ကောင်စီ၊ BGF ပူး‌ပေါင်းတပ်နှင့် နယ်‌မြေခံ KNLA တပ်မဟာ(၆) အဖွဲ့တို့ကြား တိုက်ပွဲဖြစ်ပွားမှုများ‌ကြောင့် ‌ဒေသခံရွာသားများမှာ ယခုအချိန်ထိ တိမ်း‌ရှောင်‌နေရဆဲဖြစ်သည်။