Home သတင်း ကြာအင်းဆိပ်ကြီးမြို့နယ် ရဲမှူးနှင့် လဝက ဦးစီးမှူးတို့ ကိုဗစ်ပိုးကူးစက်ခံရ

ကြာအင်းဆိပ်ကြီးမြို့နယ် ရဲမှူးနှင့် လဝက ဦးစီးမှူးတို့ ကိုဗစ်ပိုးကူးစက်ခံရ

1576
Photo: CJ

ဇူလိုင် ၁၃ ရက်၊ ၂ဝ၂၁ ခုနှစ်။ ‌ကေအိုင်စီ

ကရင်ပြည်နယ်၊ ကြာအင်းဆိပ်ကြီးမြို့နယ် စစ်‌ကောင်စီ၏ ရဲမှူးနှင့် လူဝင်မှုကြီးကြပ်‌ရေးနှင့်ပြည်သူ့အင်အား ဦးစီးဌာနမှ ဦးစီးမှူးတို့သည် ယ‌နေ့ (ဇူလိုင်လ ၁၃ရက်) Covid-19 ပိုးကူးစက်ခံရသည်ဟု လူမှုကယ်ဆယ်‌ရေး အဖွဲ့များထံမှ သိရသည်။

မြို့နယ်ရဲတပ်ဖွဲ့မှ ရဲမှူးဝင်းဗိုလ်နှင့် လဝက ဦးစီးမှူးဦးဆန်းဦးတို့ကို ယ‌နေ့ ဇူလိုင်လ ၁၃ ရက်‌နေ့တွင် ကိုဗစ်ပိုးစစ် ကိရိယာ RTD (test kit) ဖြင့် စစ်‌ဆေးရာ ၎င်းတို့နှစ်ဦးစလုံး ကိုဗစ်ပိုး‌တွေ့ရှိခဲ့ခြင်းဖြစ်သည်။

မြို့နယ်ရဲတပ်ဖွဲ့ ရဲမှူး ဝင်းဗိုလ်နှင့် လဝက ဦးစီးမှူးဦးဆန်းဦးတို့သည် ယမန်‌နေ့ ဇူလိုင် လ ၁၂ ရက်‌နေ့က ကိုဗစ်ပိုး ကူးစက်ခံထားရသူ မြို့နယ် စစ်‌ကောင်စီ ဥက္ကဌ ဦးမျိုးဟန်နှင့် ခရီးအတူသွားလာထားသူများဖြစ်ကြပြီး ၎င်းတို့နှင့် ထိ‌တွေ့ထားသူများကိုလည်း စိစစ်သွားမည်ဟု လူမှုကယ်ဆယ်‌ရေးအဖွဲ့ထံမှ သိရှိရသည်။

ကြာအင်းဆိပ်ကြီးမြို့နယ် လူမှုကယ်ဆယ်‌ရေးအဖွဲ့ဝင်တစ်ဦးက “အုပ်ကြီးရယ် ၊ ရဲမှူးရယ်၊ လဝကဦးစီးမှူးရယ် ကိုဗစ်ပိုး ကူးစက်ခံရတယ်။ ခု ၃ ဦးစလုံး ‌ဆေးရုံမှာ ကုသမှုခံ‌နေရတယ်။ သူတို့‌တွေ ခရီးအတူသွားထားကြတယ်။ ‌ထွေအုပ်ဝန်ထမ်း‌တွေကို စစ်‌တော့ ပိုးမ‌တွေ့ဘူး။ လဝကနဲ့ ရဲတပ်ဖွဲ့ဝင်‌တွေကို‌တော့ မသိရဘူး‌ပေါ‌နော်” ဟု ‌ကေ အိုင်စီ သို့‌ပြောသည်။

မြို့နယ် ပြည်သူ့‌ဆေးရုံတွင် ကိုဗစ်ပိုးလူနာများထားရှိရန် ‌နေရာမလုံ‌လောက်သည့်အတွက် ‌နောက်ထပ် လူနာ များကို မြို့မအားကစားရုံတွင် ‌နေရာချ‌ပေးထားမည်ဖြစ်ပြီး ‌ရောဂါကာကွယ်ထိန်းချုပ်နိုင်ရန် မြို့၏ အဝင် အထွက်‌နေရာများတွင် ကျန်းမာ‌ရေးစိစစ်ခြင်းနှင့် စား‌သောက်ကုန်များအား ပါဆယ်စနစ်ဖြင့်သာ ‌ရောင်းချကြရန် ဇူလိုင် ၁၂ ရက်‌နေ့က ထုတ်ပြန်‌ကြေညာထား‌ကြောင်း မြို့ခံများထံမှ သိရသည်။

ကြာအင်းဆိပ်ကြီးမြို့နယ်တွင် ပြီးခဲ့သည့် ဇွန်လ ၂၈ ရက်‌နေ့မှစပြီး Mytel ဆက်သွယ်‌ရေးဝန်ထမ်းများထံမှ COVID-19 ပိုးကူးစက်မှု စတင်ဖြစ်ပွားခဲ့ခြင်းဖြစ်သည်။ ဇူလိုင် ၁၂ ရက်‌နေ့အထိ ပိုး‌တွေ့လူနာ ၃၆ ဦး ရှိပြီး လက်ရှိ မြို့နယ် ပြည်သူ့‌ဆေးရုံတွင် ကုသမှုခံယူ‌နေသူ ၂၄ ဦးနှင့် ‌ရောဂါ‌ပျောက်ကင်းသူ ၁၂ ဦးရှိသည်ဟု သိရသည်။