Home တွေ့ဆုံမေးမြန်းခန်း (၇၄) နှစ်‌မြောက် KNDO ‌နေ့ အထိမ်းအမှတ် ပဒို‌စောသမိန်ထွန်းနှင့် ‌မေးမြန်းချက်

(၇၄) နှစ်‌မြောက် KNDO ‌နေ့ အထိမ်းအမှတ် ပဒို‌စောသမိန်ထွန်းနှင့် ‌မေးမြန်းချက်

3173

(၇၄) နှစ်‌မြောက် KNDO ‌နေ့ အထိမ်းအမှတ် ပဒို‌စောသမိန်ထွန်းနှင့် ‌မေးမြန်းချက်
———————————————- —————————-

ဇူလိုင်လ ၁၆ ရက်‌နေ့တွင် ကျ‌ရောက်သည့် ၇၄ နှစ်‌မြောက် ကရင်အမျိုးသားကာကွယ်‌ရေးတပ်ဖွဲ့ (KNDO) ‌နေ့ အထိမ်းအမှတ်အ‌နေဖြင့် KNU-ကရင်အမျိုးသားအစည်းအရုံး ဗဟိုမမြဲတမ်း‌ကော်မတီဝင် ပဒို‌စောသမိန်ထွန်းကို ‌မေးမြန်းထားပါသည်။

‌မေး-ကရင်အမျိုးသားကာကွယ်‌ရေးတပ်ဖွဲ့(KNDO) ‌နေ့ဖြစ်‌ပေါ်လာတဲ့ ‌နောက်ခံသမိုင်းအ‌ကြောင်းနဲ့ ဖွဲ့စည်းရတဲ့ ‌မျှော်မှန်းချက်ကို အကျဉ်းချုပ်ရှင်းပြ‌ပေးပါ။
KNDO ဖြစ်‌ပေါ်လာပုံဆိုတာက ကျ‌နော်တို့ ဗမာပြည်လွတ်လပ်‌ရေးမရခင် ၁၉၄၇ မှာ ကျ‌နော်တို့ ဒါက‌တော့ ကျ‌နော်တို့ တိုတိုပဲ ‌ပြောကြရ‌အောင် ‌ပြောရင်‌တော့ သမိုင်းက အရှည်ကြီးပဲ။ အဲ့‌တော့ ကရင်ပြည်ရရှိ‌ရေးအတွက် ကရင်‌တွေဟာ တကွဲတပြားဆီဖြစ်လို့မရဘူးဆိုပြီးမှ အဲ့ဒီမှာ အဲ့ဒီအချိန်ကာလကရှိတဲ့ ကရင်အဖွဲ့ ၄ ဖွဲ့ကို ‌ပေါင်းပြီးမှ KNU ကို တည်‌ထောင်တာ အဲ့ဒါက ‌ဖေ‌ဖော်ဝါရီလ ၅ ရက်‌နေ့‌နော်။ အဲ့ဒီအချိန်မှာ ကျ‌နော်တို့က ‌ကောင်းပြီး ပါတီဖွဲ့စည်း‌တော့တည်‌ထောင်လိုက်ပြီး။ ဒါ‌ပေမယ့် ဒီအဖွဲ့အစည်းကို ကာကွယ်‌ပေးဖို့ အတွက်က တပ်လိုတယ်။ ဘာ‌ကြောင့်မို့လိုလဲဆိုရင် အဲ့ဒီအချိန်ကာလက ဗိုလ်ချုပ်‌အောင်ဆန်းမှာလည်း ပြည်သူ့ ရဲ‌ဘော်ဆိုတဲ့ အင်းအာ ၅၀၀ဝ ‌လောက်ရှိတဲ့တပ်တယ်။ တခြား ဒီနိုင်ငံ‌ရေး‌ခေါင်း‌ဆောင်‌တွေမှာလည်း သူ့တပ်၊ သူ့တပ်‌တွေ ရှိတယ်။ အဲ့ဒီလိုရှိတဲ့အချိန်မှာ သူတို့က ဒါ‌တွေနဲ့သူတို့ရဲ့ အဖွဲ့အစည်းကို ကာကွယ်တာကိုး။ ဂဠုန် ဦး‌စောကလည်း အဲ့အချိန်မျိုးမှာပဲတခါ သူလည်းတပ်ရှိဖို့လိုတယ်ဆိုပြီးမှ အဂင်္လိပ်နဲ့အ‌ပေးအယူလုပ်ပြီးမှ သူ့ကိစ္စ ‌တွေက ‌သေနတ် ‌တွေ လက်နက်‌တွေမှ အများကြီး သူ့မှာရှိတာကိုး။ အဲ့ဒီဟာက ပြဿနာတခု‌ပေါ့‌နော်။ အဲ့ဒါ‌တွေကလည်း သူတို့က ‌နောက်ဆုံး‌တော့ သာယာဝတီ‌တွေဘက်မှာ သွားပြန်ပြီး‌တော့ တပ်ကို‌ထောင်တာ၊ ဂဠုန်တပ် အဲ့လို‌တွေဖြစ်တဲ့အချိန်မှာ ကျ‌နော်တို့ KNU ကလည်း KNU ‌တော့ ဖွဲ့ပြီး ကာကွယ်ဖို့အတွက် အမျိုးသား ကာကွယ်ဖို့အတွက်က ဒီ KNU စကား‌ပြောရုံ‌လောက်နဲ့မရဘူး။ အဲ့‌တော့ အင်အား‌တော့ တခုရှိမှ ဆိုပြီး‌တော့ အဲ့ဒီမှာ ကျ‌နော်တို့ ဇူလိုင်လ ၁၆ ရက်‌နေ့‌ပေါ့‌နော်။ အဲ့ဒီအချိန်မှာ ကျ‌နော်တို့ KNDO ဖွဲ့စည်းရတာ။

ဖွဲ့စည်းလိုက် ‌တော့ အင်အား‌တွေက တိုးလာပြီးမှ စစ်‌လေ့ကျင့်‌ရေး‌တွေ ဘာ‌တွေ‌လေ့ကျင့်လုပ်ကြတာ‌ပေါ့။ အဲ့ဒါမှပဲ တခြားနိုင်ငံ‌ရေးပါတီအဖွဲ့အစည်း‌တွေနဲ့ စကား‌ပြောရတာ ပြိုင်နိုင်မှာဖြစ်တာကိုး‌နော်၊ အဲ့ဒီအတွက် ဖွဲ့တာပဲ။ ဖွဲ့လိုက်ပြီး အဲ့ဒီ KNDO ဦးဆုံး‌ခေါင်း‌ဆောင်တဲ့တပ်မှူးက‌တော့ မန်းဘဇန်ပဲ။ မန်းဘဇန်က သူက‌ခေါင်း‌ဆောင်ပြီးမှ အဲ့ဒီမှာ KNDO တပ်ကို ကျ‌နော်တို့လုပ်တာ။ အဲ့ဒီမှာ‌ကျေးရွာ‌တွေမှာ ကာကွယ်တာ‌ပေါ့။ ‌ကျေးရွာမှာ ကာကွယ်တယ်ပြုတယ်ဆိုတာ အဲ့ဒီအချိန်အခါကလည်း ဗမာနိုင်ငံ‌ရေးဟာ အားကြီးရှုပ်‌ထွေးပါတယ်။ အဲ့‌တော့ အဲ့ဒီမှာ ဒီ‌တောခိုအဖွဲ့အစည်းကလည်းရှိ ဘာရှိ အဲ့ဒါ‌တွေကလည်း ကရင်ရွာ‌တွေမှာလာပြီးမှ ‌နှောင့်ယှက်၊ ‌နှောင့်ယှက်‌တော့ ကရင်ကလည်း အဲ့အချိန်မှာ KNDO ဖွဲ့ထား‌တော့ ပြန်ပြီးတုန့်ပြန်‌ပေါ့‌လေ။ အဲ့ဒါ‌တွေ ကျ‌နော်တို့ ဖြစ်လာရတာကိုး။ ဖြစ်လာ‌တော့ ကဲ ဗိုလ်ချုပ်‌ဆောင်ဆန်းက ဇူလိုင် ၁၉ မှာ လုပ်ကြံခံရတယ်‌လေ။ လုပ်ကြံခံရပြီးတဲ့‌နောက်ပိုင်းမှာကျ‌တော့ အ‌ခြေအ‌နေ‌တွေက ပိုဆိုးသွားတယ်။ ဆိုးသွားပြီးမှ အဲ့ဒီမှာ သူတို့ရဲ့ ဖဆပလအတွင်းမှာလည်း အကွဲအပြဲ‌တွေနဲ့ အများကြီး‌ပေါ်‌ပေါက်လာပြီး တချို့ကလည်း ကရင်ရွာ‌တွေ ‌နှောင့်ယှက်ဘာယှက်ဆို‌တော့ ကရင်‌တွေကလည်း အဲ့ဒါကာကွယ်ရတာ။

အဲ့ဒါ ၁၉၄၈ ခုနှစ် လွတ်လပ်‌ရေး ရပြီးတဲ့‌နောက်ပိုင်းကျ‌တော့လည်း တခါ အဲ့ဒီ‌တောခို ဗမာနိုင်ငံ‌ရေးအဖွဲ့ အစည်း‌တွေက ‌နှောင့်ယှက်‌တော့ ဦးနုက ‌စောဘဦးကြီးကို အကူအညီ‌တောင်းရတယ်။ အဲ့‌တော့ ရန်ကုန်မြို့ကာကွယ်‌ရေးအတွက်လည်း ကရင်က တွံ‌တေးမြို့ကာကွယ်‌ရေးအတွက်လည်း ကရင်က တာဝန်ယူရတာကိုး။ ယူရ‌တော့ သူတို့အတွင်းမှာလည်း ကရင်‌တွေကို မ‌ကျေနပ်တဲ့ နိုင်ငံ‌ရေးပါတီအဖွဲ့ အစည်း‌တွေက တွံ‌တေးမြို့ကို ကရင်‌တွေ သိမ်းကုန်ပြီး၊ KNDO ‌တွေ သိမ်းကုန်ပြီး‌ပေါ့။ အဲ့ဒါ‌တွေလုပ်ပြီးမှ အရှုပ်ထုပ်‌တွေ‌လေ။ ကရင်ဗမာ‌တွေ ပြဿနာတက်‌အောင်လုပ်ကြ‌တော့ အဲ့ဒီမှာ ပဋိပက္ခ‌တွေ အများကြီးဖြစ် လာတယ်။ အများကြီးဖြစ်လာ‌တော့ အဲ့ဒီမှာ ကရင်‌တွေကလည်း မခံနိုင်‌တော့ဘူး‌လေ။ ဘာ‌ကြောင့်လဲဆို‌တော့ ဂျပန်‌ခေတ်က BIA ‌တွေက ကရင်‌တွေကို သတ်ဖြတ်ညှင်းဆဲထားတာ အများကြီးရှိခဲ့တာကိုး။ အဲ့ဒါနဲ့ကလဲ့စား‌ချေတဲ့ သ‌ဘော‌ပေါ့ဗျ။ ပြန်ပြီးတိုက်ရ၊ ခိုက်ရ၊ လုပ်ရ‌တော့ အဲ့ဒီမှာ KNDO က‌တော့ တစ်နည်းအားဖြင့်‌တော့ နာမည်ပျက်တာ‌ပေါ့။ ဒါ‌ပေမယ့် အဲ့လို ကရင်‌ကျေးရွာ‌တွေကို မကာကွယ်ရင် လည်း ကရင်‌ကျေးရွာ‌တွေက ကုန်ပြီး။ အဲ့ဒီအချိန်က အဲ့ဒါ‌ကြောင့်လုပ်‌တော့ KNDO ‌တွေကို ဖဆပလ အစိုးရက လက်နက်ပြန်အပ်ပါဆိုပြီး ‌ပြောတယ်။ KNDO ‌တွေက လက်နက်မအပ်ဘူး။ မအပ်ဘဲနဲ့ ဆက်သွား‌တော့ ‌နောက်ဆုံးကျ‌တော့ KNDO တရားမဝင်အသင်းအဖြစ်နဲ့ ‌ကြေညာလိုက်တဲ့အချိန်မှာ အဲ့ဒါက ဒီဇန်နဝါရီလ ၃၀၊ ၃၁ ရက်ကျ‌တော့ ကျ‌နော်တို့ ကရင့်‌တော်လှန်‌ရေး ‌ပေါ်‌ပေါက်လာတာ။

အဲ့‌တော့ အဲ့ဒီ‌တော်လှန်‌ရေး ‌ပေါ်‌ပေါက်ပြီးတဲ့ ‌နောက်ပိုင်းမှာကျ‌တော့ KNDO ‌တွေသာမက‌တော့ဘူး။ တခြားအစိုးရ တပ်ထဲမှာရှိတဲ့ Karen Rifle တို့ ၊ Burma Rifle တို့ UMP တို့၊ ‌နောက် ရဲအဖွဲ့‌တွေ‌ပေါ့။ အဲ့ဒါ‌တွေကလည်း ‌တောခိုပြုကြတဲ့အခါကျ‌တော့ အဲ့ဒီမှာ ကျ‌နော်တို့ ဦးဆုံး‌တော်လှန်‌ရေးနဲ့ ကရင်အမျိုးသားကို ကာကွယ်အ‌ရေးပြုတာက‌တော့ KNDO ပဲ။ KNDO ကို ကျ‌နော်တို့ ပစ်ပယ်လို့မရဘူး။ သမိုင်းမှာ‌တော့ မှတ်တမ်းရှိတယ်။ အဲ့‌တော့ ‌နောက်ပိုင်းကျမှ ကျ‌နော်တို့ မြို့‌တွေ၊ ရွာ‌တွေသိမ်းပြီး ၁၉၅ဝ ‌လောက်ကျ‌တော့ ကျ‌နော်တို့ ပြန်ဆုတ်ရတဲ့အချိန်အခါမှာကျမှ ကျ‌နော်တို့က ကရင့်အမျိုးသားတပ်မ‌တော်ကို ပြန်ဖွဲ့တာ‌ပေါ့။ အဲ့အချိန်ကျ‌တော့ KNDO က နဲနဲ‌မှေးမိန်သွားတယ်။ ‌မှေးမိန်သွားပြီးမှ ကရင့်တပ်မ‌တော်က အားကြီးလာတာ‌ပေါ့‌နော်။

KNDO ‌တွေက ‌နောက်ပိုင်းကျ‌တော့ ဘာဖြစ်သွားလဲဆို‌တော့ ‌ကျေးရွာကာကွယ်‌ရေးအဆင့်‌တွေ ပဲဖြစ်သွား‌တော့ တယ်။ အ‌ရှေ့တိုင်းမှာဆိုလို့ရှိရင်‌တော့ တိုက်နယ်မှူး‌တွေရဲ့အိမ်မှာ ‌ရေခပ်ထမင်းချက်‌တွေလိုပဲ ‌နေရတာကိုး။ ‌နေရ‌တော့ ‌နောက်ကျ‌တော့ ကျ‌နော်တို့ ဗိုလ်ချုပ်မြ‌မောင်က ဘယ်လိုဖြစ်လာလဲဆို‌တော့ ဒီအတိုင်းဆိုမဖြစ်ဘူး။ တို့ KNDO ‌တွေက ဂုဏ်သိက္ခာ ကျဆင်းတယ်‌ပေါ့‌လေ။

တကယ့်ကရင့်‌တော်လှန်‌ရေးမှာ သမိုင်းဝင်ဖြစ်ခဲ့တဲ့ KNDO ဟာ ‌နောက်ဆုံးကျ‌တော့ တိုက်သူကြီးအိမ်မှာပဲ ‌ရေခပ်ထမင်းချက်ဆိုတာက မဖြစ်ဘူးဆိုပြီး‌တော့မှ အဲ့ဒီမှာ ၁၉၈ဝ ‌ကျော်ပဲ အဲ့ခါကျမှ KNDO ကိုပြန်ပြီးမှ ကျ‌နော်က အဲ့တုန်းက တင်ပြတာက KNDO က သမိုင်းဝင်ဖြစ်‌တော့ အားလုံးရဲ့ကာကွယ်‌ရေး ကရင်အမျိုးသားကာကွယ်‌ရေးအတွက် ဦးစီးဌာန အဲ့ဒီ‌အောက်မှာမှ KNLA တို့ ဘာတို့က ရှိဖို့တင်ပြ‌ပေမယ့် ‌ခေါင်း‌ဆောင်ကြီး‌တွေက မရဘူး။ KNDO တပ်အ‌နေနဲ့ ထားရမယ်ဆို‌တော့ အဲ့ဒါနဲ့ KNDO ကိုလည်း တပ်အဖြစ်နဲ့ထား‌ပေးပြီးမှ ကာကွယ်‌ရေးဌာနရဲ့ ‌အောက်မှာ KNLA ကို‌ကော၊ KNDO ကို‌ကော ပြန်ထားတာ။ တကယ်ဆိုရင်‌တော့ KNDO ရဲ့အဆင့်က‌တော့ တကယ့်ကရင်အမျိုးသားကာကွယ်‌ရေး Karen National Defense Organization ဆိုကတည်းက သူက ကာကွယ်‌ရေးဌာနကြီးပဲ။ အဲ့ဒါထားရမယ့်အစား တပ်အ‌နေနဲ့ထားလိုက်‌တော့ တပ်က ၂ ခုဖြစ်သွားတာ‌ပေါ့။ KNLA တစ်တပ်နဲ့ KNDO တစ်တပ် အဲ့လိုမျိုးဖြစ်သွားတာ‌ပေါ့‌နော်။ ဒါ‌ကြောင့်မို့ အဲ့ဒါက အခုထက်ထိပဲ ဖြစ်‌ပေါ်လာတာ။ အဲ့ကြားမှာ‌တော့ ကျ‌နော်ကလည်း ဒီလိုဗြုန်းကနဲဒိုင်းကနဲဆို‌တော့ တချို့ KNDO ဌာနကို‌ပေါ့‌လေ တာဝန်ယူခဲ့တဲ့ လူ‌တွေတချို့ ‌မေ့သွားပြီး။ ‌နောက်ကျ‌တော့ ကာကွယ်‌ရေးတပ်လုပ်ပြီးတဲ့ ‌နောက်ပိုင်းမှာကျ‌တော့ ကျ‌နော်တို့ ဗိုလ်ချုပ်‌ကျော်‌သောင်းက KNDO ဦးစီးပြန်လုပ်တာ။ ဗိုလ်ချုပ်‌ကျော်‌သောင်းပြီးမှ ‌နောက်ကျ‌နော်‌မေ့‌နေ(ဗိုလ်ချုပ်မန်း‌ကျော်‌ဖေ)တယ်။ အဲ့ဒီလူပြီးမှ နယ်ဒါးမြ ဖြစ်လာတာ‌ပေါ့‌နော်။ အဲ့လိုမျိုးဖြစ်လာ‌တော့ အခုက‌တော့ ခင်ဗျားတို့သိတဲ့ အတိုင်းပဲ ပြဿနာ‌လေး‌တွေရှိ‌တော့ ပြဿနာ‌လေး‌တွေကို ရှင်းရမှာ‌ပေါ့။ ဒါ‌ပေမယ့် KNDO ရဲ့ ဂုဏ်သိက္ခာကို ကျဆင်း‌အောင်‌တော့ ကျ‌နော်တို့ လုံးဝမလုပ်သင့်ဘူး။ KNDO ရဲ့တပ်သားဟာ ကရင့်အမျိုးသားနဲ့ ကရင့်‌တော်လှန်‌ရေးသမိုင်းမှာ သူက KNU ပြီးရင် KNDO က ဒုတိယတာဝန်အရှိဆုံးဌာနပဲ‌နော်။ အဲ့ဒါက‌တော့ အကျဉ်းချုပ်အားဖြင့် KNDO ကျ‌နော်တို့ ဒါKNDO အ‌ကြောင်းကို အကျဉ်းချုပ် ‌ပြောတာပါပဲ‌နော်။

ဒါနဲ့ ဆက်‌ပြောရဦးမယ်ဆိုလို့ရှိရင် ကျ‌နော်တို့ ဒီ KNU ကို ပါတီအဖြစ်နဲ့ ကျ‌နော်တို့ လုပ်လိုက်ပြီး ၁၉၅၆ ‌ပေါ့‌နော် ၊ ပါတီအဖြစ်နဲ့ လုပ်ခဲ့တဲ့အချိန်ကာလမှာကျ‌တော့ ကျ‌နော်တို့ တပ်မ‌တော်ကို ၃ ရပ် ထားတာ‌ပေါ့။ တပ်မ‌တော် ၃ ရပ်ထား‌တော့ အမြဲတမ်း တပ်မ‌တော်က KNLA က ဒါအမြဲတမ်းတပ်မ‌တော်၊ လှုပ်ရှားတပ်မ‌တော်၊ ‌နောက်ပြီးမှ ကျ‌နော်တို့ KPGF ဆိုတဲ့ ‌ပြောက်ကျားတပ်၊ အဲ့ဒီ‌ပြောက်ကျားတပ်က ဌာနီတပ်၊ ဌာနီတပ်လုပ်ပြီးမှ ‌ကျေးရွာ ကာကွယ်‌ရေးတပ်ဆိုပြီး KNDO က ဟို‌အောက်ပြန်‌ရောက်သွားတယ်။ ‌အောက်ပြန်‌ရောက်သွားလို့လည်း ဒီတိုက်သူကြီး‌တွေရဲ့ဆီမှာ ‌ရေခပ်ထမင်းချက်ဖြစ်သွားတာ။ ဒါ‌ကြောင့် အဲ့ဒီဂုဏ်သိက္ခာ ကျ‌နော်တို့ကလည်း အထက်က‌ခေါင်း‌ဆောင်‌တွေကလည်း ဘယ်လိုစီစဉ်ကျမလဲမှန်း မသိပဲကိုး။ KNDO ဆိုတဲ့ နဖူးစည်းလက္ခဏာက ဘယ်‌လောက်အ‌ရေးပါလဲ။ ဘယ်‌လောက်သမိုင်းဝင်တယ်ဆိုတာမှ မသိကြပဲ။ အဲ့ဒါက‌နေမှ ဗိုလ်ချုပ်မြ‌မောင် လက်ထက်ကြမှ ပြန်ပြီးတင်လိုက်ပြီး KNDO က တပ်မ‌တော်တစ်ရပ်အ‌နေနဲ့ ပြန်‌ပေါ်‌ပေါက်လာတာ အခုထက်ထိ‌ပေါ့‌နော်။ အဲ့ဒါပါပဲ အချုပ်က။ KNDO ရဲ့တပ်ဖွဲ့‌မျှော်မှန်းချက်က‌တော့ ကရင်အမျိုးသား‌တွေကို ကာကွယ်ဖို့ပဲ။ အချုပ်ကဒါပဲ။ ကရင်အမျိုးသား‌တွေကို ကာကွယ်ဖို့က အဓိကကျတယ်။ အဲ့‌တော့ KNU ရဲ့‌ခေါင်း‌ဆောင်မှု‌အောက်မှာ သူလက်ခံတယ်၊ လိုက်နာတယ်‌နော်။ အဲ့ဒါက‌တော့ KNLA နဲ့အတူတူပဲ။ KNLA လည်း KNU ရဲ့ ဦး‌ဆောင်မှု‌အောက်မှာ နာခံတဲ့ တပ်မ‌တော်တစ်ရပ်ပဲ။ KNDO လည်း KNU ရဲ့ဦး‌ဆောင်မှု‌အောက်မှာ နာခံတဲ့ တပ်မ‌တော်တစ်ရပ်ဖြစ်တယ်။ သူ့တာဝန်က‌တော့ ကရင်အမျိုးသားအားလုံးကို ကာကွယ်ဖို့သူ့မှာ တာဝန်ရှိတယ်။ KNU ရဲ့ လမ်းညွှန်မှုကို လက်ခံတယ်။

‌မေး-စစ်အာဏာသိမ်းပြီး‌နောက် ဖြစ်‌ပေါ်လာတဲ့ မြန်မာ့နိုင်ငံ‌ရေးရဲ့အခင်းအကျင်းမှာ ကရင်လက်နက်ကိုင် အဖွဲ့အစည်း‌တွေအ‌နေနဲ့ ဘယ်လိုရပ်တည်သင့်သလဲ။
ဒီဟာက ‌ပြောရမယ်ဆိုရင် ၂ ပိုင်းထားရမယ်။ ကျ‌နော်တို့အခု စစ်အာဏာသိမ်းအစိုးရက ကျ‌နော်တို့မတိုင်မီက ဆိုလို့ရှိရင် ၂၀၁၅ ‌အောက်တိုဘာ ၁၅ ရက်‌နေ့မှာ တပြည်လုံးအပစ်အခတ်ရပ်စဲ‌ရေး(NCA) လက်မှတ် ထိုးထားတာကိုး။ ကျ‌နော်တို့ အဲ့ဒါထိုးထားတယ်။ အဲ့‌တော့ ကျ‌နော်တို့ဟာ ဘာမဆိုကျ‌နော်တို့ဟာ စစ်‌ရေးနဲ့ တိုက်လို့မရ‌တော့ဘူး။ မရ‌တော့ဘဲနဲ့ နိုင်ငံ‌ရေးအရ စားပွဲခုံ‌ပေါ်မှာတင် ‌ဆွေး‌နွေးဖို့ပဲ။ အဲ့ဒါ‌ကြောင့်မို့ ကျ‌နော်တို့ ပြည်‌ထောင်စု ငြိမ်းချမ်း‌ရေးညီလာခံ ၂၁ ရာစု ပင်လုံညီလာခံမှာ ကျ‌နော်တို့ စကား‌ပြောဖို့ပဲ ရှိ‌တော့တယ်။

KNLA တို့ KNDO တို့ဆိုတဲ့ လက်နက်ကိုင်တပ်‌တွေက‌တော့ ကရင်အမျိုးသားကို အမြဲတမ်း ကာကွယ်‌စောင့်‌ရှောက်ဖို့က ကျ‌နော်တို့ တာဝန်ရှိတာကိုး။ ဒါ သူက တပ်ဆို‌တော့ တပ်အ‌နေအထားနဲ့ အမြဲတမ်း‌တော့ အဆင်သင့်ရှိရမယ်။ ဒါ‌ပေမယ့် ဒါ‌တွေက ဟိုစခန်းဝင်တိုက်၊ ဒီစခန်းဝင်တိုက်‌တော့ မလုပ်ရဘူး။ အဲ့‌တော့ အဲ့ဒီစည်းမျဉ်းစည်းကမ်းက ‌တော့ ကျ‌နော်တို့က‌နေစပြီး ဘယ်‌တော့မှ မ‌ဖောက်ဘူး။ ‌အေတစ်ဖက်လူက ‌ဖောက်လာပြီးဆိုရင်‌တော့ ပြန်လုပ်ရမှာ‌ပေါ့ဗျာ။ ဒါတည့်တည့်ပဲ။ အခုဖြစ်‌နေတဲ့ပြဿနာ‌တွေက တစ်ဖက်က‌ဖောက်လို့ ဖြစ်ရတဲ့ကိစ္စ‌တွေကိုး။ ‌ဖောက်လို့မဖြစ်ရဘူး။ ဖြစ်တာမဟုတ်ဘူး‌နော်။ အဲ့‌တော့ ကျ‌နော်တို့က ဒါကိုရပ်တည်ပြီး‌တော့မှ ဒါ‌ပေမယ့် ကျ‌နော်တို့ရဲ့ KNU ရဲ့ သ‌ဘောထားက‌တော့ ကျ‌နော်တို့ အာဏာရှင်ဆိုရင် စစ်အာဏာရှင်ပဲဖြစ်ဖြစ်၊ အရပ်သားအာဏာရှင်ပဲဖြစ်ဖြစ် ဘယ်အာဏာရှင်ကိုမှ ကျ‌နော်တို့ လက်မခံဘူး။ ဒါကို‌တော့ ကျ‌နော်တို့ ဆန့်ကျင်ရမယ်။ ဆန့်ကျင်မှုအ‌ပေါ်မှာ‌တော့ ကျ‌နော်တို့ဆန့်ကျင်တဲ့လူ‌တွေကို ကျ‌နော်တို့က အား‌ပေးရမှာပဲ။

တဖက်ကလည်း တပ်မ‌တော်ကိုလည်း ကျ‌နော်တို့ကJMC(Joint Ceasefire Monitoring Committee) ဆိုတဲ့ ပါထားလာတာ နယ်‌မြေပြဿနာ‌တွေမှာ အရှုပ်အ‌ထွေးရှိရင် ပြန်လည်ညှိနှိုင်း‌ဆွေး‌နွေးဖို့ရှိ‌တော့ တပ်မ‌တော်ကို ကျ‌နော်တို့ ပစ်ပယ်လို့မရဘူး။ ဒါ‌ကြောင့်မို့ ဒီဟာသူများ‌တော်‌တော်‌လေး နားရှုပ်တယ်။ ကျ‌နော်တို့ဟာ စစ်အာဏာရှင်ကို ကျ‌နော်တို့ဆန့်ကျင်တာ အမှန်ပါပဲ။ ဒါ‌ပေမယ့် တပ်မ‌တော်နဲ့ ပတ်သက်လာရင် ကျ‌နော်တို့ရဲ့ နယ်‌မြေပြဿနာတို့ တခြားကိစ္စ‌တွေမှာ ကျ‌နော်တို့ ‌ဆွေး‌နွေးဖို့အတွက်က ကျ‌နော်တို့အမြဲတမ်း အဆင်သင့်ရှိတယ်။ ဒါ နှစ်ပိုင်းထားတယ်။ သူများ‌တွေက တချို့ နားမလည်ဘူး။ ဒီက‌နေ့ globalization ‌ခေတ်မှာ ပထဝီနိုင်ငံ‌ရေး‌ပေါ့‌နော် ၊ အဲ့ဒါ‌ခေတ်မှာ ကျ‌နော်တို့က ဒါ‌တွေက ပြင်ဆင်ပြီး ကျ‌နော်တို့ပြန်လုပ်သွားဖို့လိုတယ်။ တပ်မ‌တော်ကလည်း ကျ‌နော်တို့က တခါထဲ ဟိုဟာ‌ပေါ့ CDM ‌တွေ လက်ခံထားလို့ NUG ကို လက်ခံထားလို့ ဆိုပြီး ကျ‌နော်တို့ကို အမြဲတမ်း ရန်လို‌နေတယ်။ ဒါက ကျ‌နော်တို့က မဟုတ်ဘူး။ ဒါက လူမှု‌ရေးအရ လူသားချင်းစာနာမှုနဲ့လုပ်တာ။ ကျ‌နော်တို့က ဘာမှသူတို့ကို အား‌ပေးတာလည်း မဟုတ်ဘူး။ သူတို့ကို မ‌ထောက်ခံ ဘူးလို့လည်း ကျ‌နော်တို့မ‌ပြောဘူး။ အား‌ပေးတာလည်း ကျ‌နော်တို့မလုပ်ဘူး။ အဲ့ဒါကျ‌နော်တို့ ထားတာပဲ။ သူတို့ပြဿနာက‌တော့ သူတို့ရှင်း။ ဒါ‌ပေမယ့် ကျ‌နော်တို့ နယ်‌မြေထဲမှာ‌တော့ သူတို့ရဲ့ဥပ‌ဒေစိုးမိုး‌ရေး‌တော့ လာလုပ်လို့မရဘူး။ သူတို့တပ်‌တွေကလည်း ကျ‌နော်တို့ ‌မြေထဲမှာ‌တော့ တိုက်ခိုက်‌ရေးတပ်‌တွေ လှုပ်ရှားလို့မရဘူး။ သူတို့က PDF က ပြည်တွင်းသွား ဒီမှာကျ‌နော်တို့ဆီမှာ‌တော့ လက်မခံဘူး။

ဘာ‌ကြောင့်မို့လဲဆို‌တော့ ဒါကလည်း သမိုင်းကို‌ပြောရဦးမယ်။ ‌နောက်‌ပေါက် လူငယ်‌တွေက ဘာမှမသိဘူး။ မသိလို့‌ပြောရတာ။ ကျ‌နော်တို့ ပြည်ချစ်ပါတီ အရင်တုန်းက‌ပေါ်‌ပေါက်လာတဲ့အခါကျ‌တော့ ပြည်ချစ်တပ်မ ‌တော်ကြီး ‌ပေါ်‌ပေါက်လာတဲ့အချိန်မှာ ကျ‌နော်တို့နယ်ထဲမှာပဲ ‌နေတယ်။ ‌နေရင်း‌နေရင်းနဲ့ ‌နောက်ကျ‌တော့ နယ်‌မြေ‌တွေလု‌ကော။ နယ်‌မြေ‌တွေလု‌တော့ တိုက်ပွဲ‌တွေ ဖြစ်ရတယ်။ အဲ့လိုမျိုး‌တွေက ရှိခဲ့ပြီးပြီး။ အခုလည်းသူတို့ ဒီတပ်ကြီးက ကျ‌နော်တို့ထဲမှာ ဌာနချုပ်လည်းထားမယ်။ တခါထဲသူ့တပ်ရင်းခွဲ‌တွေနဲ့ ‌နေရာချထားမယ်ဆို အဲ့ဒါက နယ်‌မြေပြဿနာမှာ လူထုနဲ့ အရှုပ်အ‌ထွေးဖြစ်လာရင် KNU နဲ့အရှုပ်အ‌ထွေးပဲ အဲ့ဒါ။ ဒီပြဿနာ‌တွေကများလို့ ကျ‌နော်တို့က ကြုံခဲ့ရလို့ အဲ့ဒါ‌ကြောင့်မို့ သူတို့ကို‌တော့ ခင်များတို့ကအခုသွားပါ။ ပြည်တွင်းကိုသွားပါ။

အခုလည်းရှိတာပဲ‌လေ။ မုံရွာဘက်က ကရင်နီတို့ ဘာတို့က တိုက်‌နေတာပဲ။ ဒါ PDF ‌တွေ သူတို့အဲ့ဒီဘက်ကို အာရုံမစိုက်ပဲနဲ့ ဒီမှာပဲလာအာရုံစိုက်‌နေတယ်။ ဒီ‌နေရာက ဘယ်သူကမှ လာမ‌နှောင့်ယှက် ‌သေးပဲကိုး အာရုံစိုက်‌နေ တာ‌ပေါ့။ ဟို‌နှောင့်ယှက်တဲ့‌နေရာသွားပါလား။ မသွားရဲတဲ့ဗိုလ်ချုပ် ဘာသွားလုပ်မလဲဗျာ။ အဲ့ဒါကျ‌နော် ပွင့်ပွင့်လင်း လင်းပဲ ‌ပြောမယ်။ သူ့အတွင်းမှာအများကြီး အခုရှိ‌နေပြီး။ အဲ့ဒါ‌တွေကို ပြန်ပြီးမှ control လုပ်နိုင်‌အောင် ညွန်ကြားချက်‌ပေးနိုင်‌အောင် လုပ်ပါ။ ဒါ အ‌ရေးအကြီးဆုံး။ အဲ့ဒီက‌နေဆင့်မှ ‌ပေါက်ပွားလာမှာ ကျ‌နော်တို့လည်း အားရှိတာ‌ပေါ့။ အခုက ကျ‌နော်တို့က အကုန်လုံးပူပန်‌နေရတာ။ ဘယ်‌နေ့လာထိုးမလဲ စစ်တပ်က ဘယ်‌နေ့လာထိုးမလဲ အကုန်လုံခြုံ‌ရေး‌တွေ ဘာ‌တွေ ‌ပေး‌နေရတာ အဲ့လိုမျိုး။ ကျ‌နော်တို့ကလည်း တဖက်ကလည်း NCA စာချုပ်ရှိတယ်။ အဲ့ဒီကြားထဲမှာ ကျ‌နော်တို့က စဉ်းစား‌နေရတာ အမျိုးမျိုးနဲ့။ ဒါ‌ကြောင့်မို့ သူတို့ကလည်း ဟိုဟာ‌ပေါ့‌လေ တိုင်းပြည်အုပ်ချုပ်မှု မင်းလုပ်ချင်တဲ့သူက‌တော့ သူတို့ ဒီပြဿနာ‌တွေကို သူတို့ရှင်းနိုင်ရင် ပို‌ကောင်းတယ်။ ကျ‌နော်တို့လည်း သူတို့အ‌ပေါ် ဆရာမလုပ်ချင်ဘူး။ ကျ‌နောက်က‌တော့ ပွင့်ပွင့်လင်းလင်း ‌ပြောတာပဲ။ ဆရာမလုပ်ချင်ဘူး။ နယ်‌မြေတစ်ခုထဲမှာ KNLA လည်း ရှိတယ်။ PDF လည်းရှိတယ်ဆို ဒါကမရဘူး။ PDF ကသူ့‌နေရာသူသွား။ အဲ့ဒါပဲ။ ‌နောက်ပြီးမှ ဌာနချုပ်‌တွေချမယ်။ တပ်ရင်း‌တွေချမယ်။ ဘာချမယ်ဆို လူထုနဲ့ ပြဿနာတက်‌ရော။ တက်ပြီးဆို KNU နဲ့ပြဿနာ်တက်တာပါပဲ။ ဒါမျိုး‌တွေ ရှိတာကိုး‌နော်။ အဲ့ဒါ‌တော့ ကျ‌နော် ပွင့်ပွင့်လင်းလင်းပဲ ‌ပြောတယ်။ ‌ထောက်ခံတယ် မ‌ထောက်ခံတာမဟုတ်ဘူး။ ဒါ‌ပေမယ့် နယ်‌မြေအရ ရှင်းရှင်း လင်းလင်း ကွဲကွဲပြားပြား သူ့တာဝန် ကိုယ့်တာဝန်နားလည်ပါ။ ဒါအ‌ရေးကြီးဆုံးပဲ အဲ့ဒါပဲ ကျ‌နော်‌ပြောချင်တယ်။

‌မေး- လတ်တ‌လော ကရင်‌ဒေသအချို့အပါအဝင် မြန်မာနိုင်ငံ‌နေရာ‌တော်‌တော်များများမှာ စစ်အာဏာသိမ်းပြီး ‌နောက်ပိုင်း ဖြစ်‌ပေါ်‌နေတဲ့ လက်နက်ကိုင် ပဋိပက္ခအ‌ခြေအ‌နေနဲ့ပတ်သက်ပြီး အဖူးအ‌နေနဲ့ ဘယ်လို သုံးသပ်မိပါသလဲ။
ဗိုလ်ချုပ်မှူးကြီးမင်း‌အောင်လှိုင်က အရင်ကလည်းကျ‌နော်‌ပြောပြီးပြီး‌လေ။ သူက ‌တော့ ဆိုးသွမ်းတဲ့‌နေရာမှာ ဗမာစကားမှာ ‌ဝေါဟာရ‌တောင် ရှာမ‌တွေ့‌အောင်ဆိုးတာကိုး။ သူကပဲလိုက်သတ် သူကပဲလိုက်လုပ်‌တော့ တဖက်လူကမခံနိုင်‌တော့ ပြန်ချတာ‌ပေါ့ဗျာ။ ‌တောပုန်းနဲ့ချလို့ချ ဓားမနဲ့ခုတ်လို့ခုတ်ကိုး ။ သူတို့ကလည်း ခုတ်ပြီး ပြန်တိုက်‌တော့ ဟိုကလည်းအားစုပြီးပြန်ချ အဲ့‌တော့သူတို့တတ်တဲ့ပညာနဲ့ မိုင်း‌တွေ‌ထောင် ဘာ‌ထောင် လုပ်ကြ‌တော့တာ‌ပေါ့။ အဲ့ဒါကို ဒီပြည်သူလူထုက စစ်အာဏာသိမ်းအစိုးရကို ပြန်လည်ဆန့်ကျင် တိုက်ခိုက်တာကို ကျ‌နော်ဘာမှ အပြစ်မမြင်ဘူး။ သူတို့က အရင်ဆိုးထားတာကိုး။ သူတို့ကအရင်ဆိုးထား‌တော့ ဒီ‌လောက် ခံရတာလူ‌တွေက ရက်ရက်စက်စက် ‌နောက်လူကို ဖမ်းသွားမနက်ကျရင်‌သေပြီး အ‌လောင်းပြန်ယူခိုင်း ဒါမျိုး‌တွေက အစိုးရတစ်ရပ်လုပ်ရတဲ့ဟာလား။ ခင်များ ဒီအတိုင်းသာသွား စစ်အာဏာရှင် အုပ်ချုပ်‌ရေး‌ကောင်စီက အဲ့ဒီအတိုင်းသာဆက်လုပ် ဒီ‌ကောင်‌တွေ မဲတစ်မဲမှ မရဘူး။ ပြည်ခိုင်ဖြိုးမဲ လုံးဝရ‌တော့မှာမဟုတ်ဘူး။ အခု ပြန်လည်ပြီး သူတို့ ‌ရွေး‌ကောက်ပွဲပြန်လုပ်ပါ။ အဲ့‌တော့ လုပ်‌တော့ ကျ‌နော်တို့ကတွက်ထားတာက NLD နိုင်‌တော့နိုင်မယ် မဲက‌တော့ ၂၀၁၅ ‌လောက် ရမှာမဟုတ်ဘူး ထင်ထားတာ ပိုရလာတာ။ ပိုရလာ‌တော့ တဖက်ကလည်း မဲလိမ်တယ် မဲခိုးတယ် လုပ်‌တော့ မဲကိုပြန်စစ်‌ဆေး‌ပေးပါ‌ပြောတယ်။ သမ္မတဦးဝင်းမြင့်က‌တော့ ‌ပြောတယ် ပြန်စစ်‌ဆေးပါ။ ဒါ‌ပေမယ့် နိုင်ငံ‌တော် အကြံ‌ပေးကြီးနဲ့ ‌ရွေး‌ကောက်ပွဲ‌ကော်မရှင်က တလုံးမှမ‌ပြောဘူး။ အဲ့ဒါနဲ့စစ်တပ်က အာဏာသိမ်းတာ။ အာဏာသိမ်းလိုက်တဲ့အခါကျ‌တော့ အခုသူလုပ်ပုံဆိုရင် ‌နောက်ထပ်သူ‌ခေါ်တဲ့ ‌ရွေး‌ကောက်ပွဲပြန်လုပ်ရင် စစ်တပ်က‌တော့ ဘာရ‌တော့မှာမဟုတ်‌တော့ဘူး။ NLD ပဲ မဲပုံ‌ပေးမှာ။ ‌အေ စိုးရိမ်ရ တာက NLD ကလည်း ဒီတခါနိုင်ပြီးဟဆိုပြီးမှ ဖွဲ့စည်းပုံ‌တွေ‌ရေးဆွဲတဲ့‌နေရာမှာ သူနာ‌စေ၊ ကိုယ်သာ‌စေလုပ် ရင်‌တော့ သူ့ကိုလည်းလူထုက ပြန်ဆန့်ကျင်မှာပဲ။ ကျ‌နော်ပွင့်ပွင့်လင်းလင်းပဲ ‌ပြောပါရ‌စေ။

ဘာ‌ကြောင့်မို့လဲဆို‌တော့ အမျိုးသားရင်ကြား‌စေ့‌ရေး ကို ရင်ကြားမ‌စေ့နိုင်လို့ ၂၀၀၈ ဖွဲ့စည်းပုံကိုမပြင်နိုင် တာ‌ပေါ့ဗျာ၊ ရှင်းရှင်း‌လေးပဲဟာ။ တကယ်အမျိုးသား ရင်ကြား‌စေ့‌ရေးကို တကယ်လုပ်နိုင်ရင် ၂၀၀၈ ဖွဲ့စည်းပုံကို အားလုံးမပြင်နိုင်‌တောင် တစ်ခု‌လောက်‌တော့ ပြင်နိုင်ရမယ်။ အခု တစ်ခုမှ မပြင်နိုင်ဘူး။ ဟိုစကားအသုံးအနှုန်း ‌လေးတစ်ခုပဲ ဒါကအဓိပ္ပါယ်မရှိဘူး။ အဲ့လိုမျိုးဖြစ်တာကိုး။ အဲ့ဒါ‌ကြောင့်မို့ ကျ‌နော်အခုကြည့်‌နေတယ်၊ ဗမာပြည်ရဲ့အ‌ခြေအ‌နေက ကိုယ်က အာဏာရလာရင် သူနာ‌စေ၊ ကိုယ်သာ‌စေ ဥပ‌ဒေ‌ရေးဆွဲတယ်။ တဖက်ကလည်း အာဏာရလာရင် သူနာ‌စေ ကိုယ်သာ‌စေ ဥပ‌ဒေ‌ရေးဆွဲကြတယ်။ ဒီလို‌ရေးဆွဲလို့က‌တော့ ဘတစ်ပြန် ကျားတစ်ပြန် ၊ ငါးပျံတစ်လှည့် ဗုံလုံတစ်လှည့် အဲ့လိုပဲ လှိမ့်ပြီးပတ်ပြီးမှ တိုင်းပြည်ဟာကျဆင်း သွား‌တော့မယ်။ ကျ‌နော်အမြဲ‌ပြော‌နေတယ် ဗိုလ်ချုပ်‌အောင်ဆန်း ‌ပြောတဲ့နိုင်ငံဖြစ် ‌တော့မယ်။ တချို့တပိုင်းဖြစ် ‌နေပြီး။ အဲ့ဒါကို စဉ်းစားဖို့လိုတယ်။ အာဏာကိုမက်‌မော‌ပေမယ့် တိုင်းပြည်အကျိုး ၊ ပြည်သူလူထုအကျိုးအတွက်ကို မျက်နှာမူပြီးကြည့်ရင် ဖွဲ့စည်းပုံဟာ‌ရေးဆွဲတဲ့‌နေရာမှာ တိုင်းပြည်တိုးတက်ဖွံ့ဖြိုး ဖို့အတွက် ဥပ‌ဒေ‌ရေးဆွဲရမယ်။ ပြည်သူလူထု‌တွေ ငြိမ်းချမ်းသာယာဖို့ ဖွံ့ဖြိုးတိုးတက် ဖို့အတွက် ‌ရေးဆွဲရမယ်။ အခုဟာက တစ်‌ယောက်မှအဲ့လိုမှအ‌ရေးဆွဲပဲဟာ။ သူနာ‌စေ၊ ကိုယ်သာ‌စေ ဒီပုံစံကြီးပဲ ငါးပျံတစ်လှည့် ဗုံလုံတစ်လှည့် လုပ်‌နေ‌တော့ ဘယ်ရမလဲ။ အဲ့ဒါဆို ဒီတိုင်းပြည်က ဘယ်လို‌ကောင်းစားမလဲ။ ဗိုလ်ချုပ်‌အောင်ဆန်း‌ပြောတဲ့နိုင်ငံဖြစ်မှာပဲ။

အဲ့ဒါကို‌တော့ သူတို့‌ပြောရင် သူတို့ထက်တိုင်းပြည်ချစ်တာ ဘယ်သူမှမရှိဘူး။ NLD ကလည်း သူတို့မှ တကယ့်တိုင်းပြည်ချစ်တာ။ ဟိုစစ်‌ကောင်စီကလည်း သူတို့မှ တိုင်းပြည်ချစ်တာ။ တိုင်းပြည်ချစ်တဲ့‌ကောင်‌တွေ လုပ်တာနဲ့ တိုင်းပြည်လည်းနာ၊ လူထုလည်းနာ အဲ့ဒါကို အားလုံးစဉ်းစားဖို့လိုတယ်။ EAO ‌တွေကလည်း ဒီတိုင်းပဲ။ ဒီလိုအခွင့်‌ကောင်းမှာ သူတို့ကလည်း အကွက်ယူချင်တယ်။ ဒါမရဘူး။ အဲ့‌တော့ အခုကျ‌နော်တို့ အားလုံးသ‌ဘောတူ ထားတယ်၊ NLD လည်း သ‌ဘောတူထားတယ်၊ တပ်မ‌တော်ကလည်း သ‌ဘောတူထားတယ် ၊ ကျ‌နော်တို့ EAO ကလည်း သ‌ဘောတူထားတာဘာလဲ ဖက်ဒရယ်ဒီမိုက‌ရေစီနိုင်ငံ တည်‌ဆောက်ဖို့ အဲ့ဒီသ‌ဘောတူတဲ့‌နေရာမှာ ဒီဖက်ဒရယ်ဒီမိုက‌ရေစီကို ဒီက‌နေ့ထဲက ပွဲမဝင်ခင် အပြင်က ကျင်းပပုံစံနဲ့လုပ်သွားဖို့လိုတယ်။

အခုကျ‌နော် ကြည့် ကြည့်‌နေတာ သူတို့က အမိန့်ထုတ်လိုက်တယ်ဆိုရင် ဗဟိုချုပ်ကိုင်မှုရှိတဲ့နိုင်ငံအ‌နေနဲ့ပဲ အဲ့လိုပဲလုပ်တာကိုး၊ အခုလာပြန်တယ်‌လေ ဇူလိုင်လ သစ်ပင်စိုက်တဲ့‌နေ့ ဟိုတပ်မ‌တော်ဘက်က သစ်ပင်စိုက်ဖို့ လာတယ်တဲ့။ ဒါ‌ပြော‌တော့လည်း ဖက်ဒရယ်ဒီမိုက‌ရေစီနိုင်ငံကို ထူ‌ထောင်ဖို့ အဲ့ဒါပွဲမဝင်ခင် အပြင်ကကျင်း ပတယ်။ ခင်ဗျားတို့လည်း သစ်ပင်စိုက်ကြပါ။ ကျ‌နော်တို့လည်း ဘယ်မှာစိုက်မလဲ ဒါရတာ‌ပေါ့။ အခုက သူတို့ကိုယ် တိုင်က ကိုယ့်နယ်ထဲဝင်ပြီး စိုက်မယ်ဆို‌တော့ ဒါတပြည်‌ထောင်စနစ်ပုံစံပဲ။ အဲ့ဒါ‌တွေက ကျ‌နော်တို့ လက်မခံနိုင် ဘူး။ ‌ပြော‌တော့တစ်မျိုးလုပ်‌တော့တစ်မျိုး ဒါကနှစ်ဖက်စလုံးကို ကျ‌နော်‌ပြောချင်တာ‌နော်။ တဖက်ကလူ‌တွေက ဒီအတိုင်းပဲ အဲ့ဒါ‌ကြောင့်မို့ဗျာ တိုင်းပြည်က‌တော့ ဝိုင်းဝန်းစဉ်းစားတာ‌ပေါ့ဗျာ။ ပြည်သူ‌တွေလည်း စဉ်းစားကြပါ။ အားလုံး တပ်မ‌တော်‌ကော၊ NLD ‌ကော၊ EAO ‌ကော တခြားနိုင်ငံ‌ရေး ပါတီအဖွဲ့အစည်း‌တွေ တိုင်းချစ်ပြည်ချစ် ပုဂ္ဂိုလ်‌တွေအားလုံး ဝိုင်းဝန်းစဉ်းစားကြပါ။ ဒါမှ ဒီတိုင်းပြည်က တိုးတက်ဖွံ့ဖြိုးမှာ အဲ့လိုပဲ သူအာဏာရ ကိုယ်မနာလို၊ ကိုယ်အာဏာရ သူမနာလို လုပ်‌နေရင်‌တော့ ဗိုလ်ချုပ်‌အောင်ဆန်း‌ပြောတဲ့ နိုင်ငံဖြစ်မှာပဲ။ ဒီ‌ခေတ် စကားနဲ့ဆိုရင်‌တော့ ကျဆုံးတဲ့နိုင်ငံ‌ပေါ့ဗျာ။ ကျ‌နော် အဲ့ဒီစကားမ‌ပြောချင်ဘူး။ ဗိုလ်ချုပ်‌အောင်ဆန်းက ဟိုအ‌စောကြီးထဲက‌ပြောခဲ့တာ။ အဲ့ဒါ‌ကြောင့်မို့ အဲ့ဒီနိုင်ငံမဖြစ်‌အောင် စိုးရိမ်ကြပါ။ ကြိုးစားကြပါလို့ ကျ‌နော်တိုက်တွန်း နှိုး‌ဆော်လိုပါတယ်။ ဒီ‌လောက်ပါပဲ။

‌မေး – မျိုးဆက်သစ် ကရင်လူငယ်‌တွေ ကရင့်လက်နက်ကိုင်‌တော် လှန်‌ရေးလမ်းစဉ် သမိုင်းကို သိရှိနားလည်ပြီး ‌လေးစားတန်ဘိုးထားနိုင်ဖို့အတွက် ဒီ KNDO ‌နေ့ အထိမ်းအမှတ်မှာ ဘယ်လို အား‌ပေးစကား‌ပြောချင်သလဲ။
KNDO ‌နေ့မှာ အား‌ပေးစကား‌ပြောသင့်တာက‌တော့ ကျ‌နော်တို့ KNDO ‌နော် ကရင်အမျိုးသားကာကွယ်‌ရေး အဖွဲ့အစည်း‌ပေါ့‌နော်။ ဒီအဖွဲ့အစည်းကြီးဟာ ကျ‌နော်တို့ ကရင်တစ်မျိုးသားလုံးနဲ့သက်ဆိုင်တယ်‌လေ။ အဲ့ဒီဟာ ကျ‌တော့ KNU တင်မက‌တော့ဘူး။ ကရင်တစ်မျိုးသားလုံးနဲ့သက်ဆိုင်တဲ့ဟာ‌တွေ အဲ့‌တော့ ကရင်လူငယ်‌တွေက ဒီ‌နေရာမှာ ကိုယ်တတ်တဲ့ပညာနဲ့ ကရင်အမျိုးသား‌တွေကို ကာကွယ်နိုင်‌အောင် လုပ်ကြဖို့ပဲ ကျ‌နော်တိုက် တွန်းချင်တယ်။ တချို့က စစ်မတိုက်ရဲဘူး‌ကြောက်တယ်။ ရတယ် စစ်မတိုက်ရဲ‌ပေမယ့်လည်း ကိုယ်တတ်တဲ့ ပညာရှိတယ်။ နည်းပညာ‌တွေအမျိုးမျိုးရှိတယ်၊ ရှု‌ထောင့်က‌နေ အကုန်လုံးက အမျိုးသား ကာကွယ်ဖို့ ကျ‌နော်တို့လုပ်‌ဆောင်သွားဖို့က အထူးတိုက်တွန်းလိုတယ်။

ကရင်လူငယ်‌လေး‌တွေကို ကျ‌နော် စိတ်ညစ်တယ်ဗျာ။ ဟိုမှာ ကျ‌နော် KYO သင်တန်းမှာသူတို့ စွမ်းအားမြင့်သင်တန်းမှာ သွား‌တော့ ခင်များတို့ KNU အ‌နေနဲ့လူငယ်‌တွေကို ‌မြေ‌တောင်‌မြောက်သင့်တယ်‌ပေါ့။ ဗိုလ်ချုပ်‌အောင်ဆန်းဆို အသက်ငယ်ငယ်‌လေးနဲ့ ‌ခေါင်း‌ဆောင်ဖြစ်တာ ကျ‌နော်‌ပြောတယ် ဗိုလ်ချုပ်‌အောင်ဆန်းက စာဖတ်တယ်။ အားကြီးဖတ်တဲ့လူစာ ‌နောက်ပြီးမှ သူက အရက်မ‌သောက်ဘူး၊ တ‌နေကုန်တ‌နေခမ်းသူက တိုင်းပြည်ကို ဘယ်လိုလွတ်လပ်‌ရေးရ‌အောင် လုပ်ရမလဲ၊ ဘာလဲ ဒါပဲစဉ်းစား‌နေတဲ့လူ‌လေ။ အခုကျ‌နော်တို့ ကရင်လူငယ်‌တွေက ‌ပြောကြတယ် ‌နေရာ‌ပေးပါ။ ဘာ‌ပေးပါ။ ခင်ဗျားစာကိုလုံးဝမဖတ်ဘူး။ ကရင်သမိုင်းကို ကျ‌နော်အာ‌ပေါက်‌နေပြီး နှစ်‌ပေါင်းများစွာသင်ခဲ့တာ ဘာမှ မမှတ်မိဘူး၊ အရက်ပဲ‌သောက်‌နေတယ်။ ‌အော် ဝိုင်းလက်ခုပ်တီးကြတာ၊ အဲ့ဒါ‌ကြောင့်မို့ ကာကွယ်ဖို့ဆိုတာက ကရင်လူငယ်‌တွေဟာ တစ်ဦးချင်း ကိုယ့်ကိုကိုယ် ပြင်ရမှာ‌ပေါ့ဗျာ။ ဒီလိုပဲ ‌ပျော်လိုက်ပါးလိုက်နဲ့ သင်တန်း‌တွေသာ တက်သာတက်တယ်။ သင်တန်းကပညာကို ဘာမှလည်း ပြန်မမှတ်မိဘူး၊ ကျ‌နော်အခုစာအုပ်‌တွေ အများကြီး ‌ဝေထားတယ်။ ကျ‌နော်‌လျှောက်ပြီးမှ အလှူခံနဲ့‌ငွေနဲ့ ‌ပေးထားတယ် စာမဖတ်ဘူးဗျာ။ စာမဖတ်ဘူး အ‌မေးသက်သက်ပဲ။ ကျ‌နော်လည်း ကြာလာ‌တော့ စိတ်တိုတာ‌ပေါ့ဗျ။ ပုထုဇဉ်လူသားပဲဟာ။ အားမရဘူးဗျာ တည့်တည့်‌ပြောရရင် အားရ‌အောင်လည်း မလုပ်ကြဘူး။ အားရ‌အောင်လုပ်တာ လူတစ်ရာမှာ ငါး‌ယောက်‌လောက်ပဲ လုပ်တယ်။ ကျန်တဲ့‌ကောင်‌တွေက ‌ပေါ‌လော‌ပေါ‌လော။ ဒါ‌ပေမယ့်လည်း အပြစ်ဆိုလို့မရဘူး။ အရက်‌သောက်တဲ့ ‌ကောင်‌တွေကလည်း ကြိတ်ကွင်းနှိပ်ကွင်းဆိုရင်လည်း အားကိုရပြန်‌ကော။ ဒါက ကျ‌နော်ပွင့်ပွင့်လင်းလင်းပဲ ဒီမှာ ‌ပြောတာ၊ အဲ့ဒီလူ‌တွေ အဲ့ဒီ‌နေရာမှာ အားကိုးရတယ်။

ဒါ‌ကြောင့်မို့ အားလုံးက ဝိုင်းဝန်းကြိုးစားကြပါ။ ဒီပညာ‌ရေးနဲ့ နိုင်ငံ‌ရေးအသိကို‌တော့ ‌မြေ‌တောင်‌မြောက်ရတာ အားကြီးခက်တယ်။ ကျ‌နော်လည်း ‌မြောက်လာတာများပြီး။ ဒါ‌ပေမယ့် ဒီ‌ပြောမရ ဆိုမရလူဆိုတာကလည်း သူတို့ကို ကျ‌နော်‌တော့ မပြစ်ပယ်ဘူးဗျ။ အ‌ရေးအ‌ကြောင်းကြုံရင်လည်း ဒီလူ‌တွေမှ အားကိုးရတာ။ တခြားလူ ‌တွေ အားမကိုးရဘူး။ ဒီလူ‌တွေပဲ အားကိုးရတယ် အဲ့လိုမျိုး။ အဲ့လိုမျိုးသူများက မြင်ပြီးမှ လူငယ်‌တွေကို ‌မြေ‌တောင်မ‌မြောက်ဘူး ထင်ကြတာကိုး။ တကယ်က ‌မြေ‌တောင်‌မြောက်‌ပေးတယ် အားလုံးပဲ ‌မြောက်‌ပေးတယ်။ သူ့စရိုက်နဲ့သူသွားတဲ့အခါကျ‌တော့ သူသန်ရာသန်ရာမှာ‌တော့ အားကိုးတာ‌ပေါ့။ သူတို့က အ‌ရေးကြုံတုန်း အခက် အခဲကြုံလာရင် သူတို့က အ‌သေခံချတဲ့လူ‌တွေ။ အဲ့ဒီကျမှပဲ သူတို့ကို အားကိုးရတာ။ သာမန်အ‌ခြေအ‌နေမှာဆိုရင် ‌ပြောလို့လည်း နားမ‌ထောင်ဘူး။ သင်တန်း‌တွေ‌ပေးလည်း နားမဝင်ဘူး။ နားဝင်တဲ့လူက နည်းနည်းပဲ ရှိတယ်။ မရှိတာမဟုတ်ဘူး။ အဲ့ဒါ‌ကြောင့်မို့ ကျ‌နော်က‌တော့ ‌ကောင်းတာလည်း ‌ပြောတယ်။ ဆိုးတာလည်း ‌ပြောတယ်။ feedback ‌တွေ ဘယ်လို‌တွေလာမယ်‌တော့ ကျ‌နော်လည်းမသိဘူး။ ကျ‌နော်က‌တော့ မြင်တာက‌တော့ ကျ‌နော် လည်း အရမ်းကာ‌ရော ‌ပြောတာမှမဟုတ်ပဲ။ နှစ်‌ပေါင်းများစွာ ကျ‌နော်လုပ်လာတဲ့အလုပ် ကျ‌နော် သိတာ‌ပေါ့။ တချို့က မရဘူး ဟို့အ‌ပေါ်က‌နေ တက္ကသိုလ်ကြီးက‌နေ ‌လျှောက်လုပ်‌နေပြီး‌တော့မှ ဘာလုပ်ရမယ် ညာလုပ်ရမယ်။ တစ်အချက် ၊ နှစ်အချက်‌တွေ ကျ‌နော်က လက်‌တွေ့လုပ်‌နေတဲ့‌ကောင် ကွင်းထဲမှာ လုပ်‌နေတဲ့‌ကောင် ဟိုးသစ်ပင် ‌အောက်မှာလည်း သင်တန်း‌ပေးတာပဲ။ ကျ‌နော်တို့က ဒါမျိုး‌ပေး‌တော့ ‌ကောင်း‌ကောင်းသိတယ်၊

တခြား လူမျိုး‌တွေနဲ့ ဗမာလူမျိုး‌တွေဆို က‌လေး‌တွေဟာ သွက်တယ် ဒီလူ‌တွေက၊ ‌ပြောရင်လည်း အဲ့ဒါ ကရင်‌လေး‌တွေက ကြိုက်မှာမဟုတ်ဘူး။ ဒီလူ‌တွေက တချက်ရှင်းပြလိုက်ရင် ‌တောက်ကနဲ ‌တောက်ကနဲ နဲ့ သိတယ်။ သူသမိုင်း‌တောင်မှ သိလို့ ကိုယ့်ပြန်‌မေးခွန်းထုတ်တာ‌တွေ ‌ဖြေရတယ်။ ‌မေးခွန်းထုတ်ပြီး ‌ဖြေရတာ ပိုပြီး အကျိုးရှိတယ်။ သူ့အတွက်အကျိုးရှိသလို ကျ‌နော်အတွက်လည်း အကျိုးရှိတယ်။ အဲ့ဒါ ကရင်‌လေး‌တွေ သင်ရတာက တခါတ‌လေ ‌တော်‌တော်စိတ်ညစ်တယ်။ အခုဒါ‌ပေါ့ တပ်ထဲဝင်ဖို့ တပုံကြီး ကြာကြာ‌နေ‌တော့ ပျင်းပြီး‌တော့ ထွက်ကုန်ကြပြန် ‌ရော။ အဲ့လိုမျိုးပဲ ဖြစ်‌နေ‌တော့ တစ်ပွဲထိုး တစ်ပွဲထိုး‌လေး‌တွေပဲ ရတယ်‌လေ။ တစ်ပွဲထိုးနဲ့ အလုပ် လုပ်လို့မရဘူး အမျိုးသားအတွက်ဆိုတာ။ အခုကြည့်‌ပေါ့ ကျ‌နော်တို့နဲ့ သက်တူရွယ်တူ‌တွေ ဘယ်မှာကျန်‌တော့လို့လဲ တတိယ နိုင်ငံကို ထွက်သွားတာ။ ကျ‌နော်က‌တော့ ‌သေတဲ့အထိလုပ်မယ်။ စဝင်ထဲက ကျ‌နော်ဘယ်မှာမှ မသွားခဲ့ဘူး၊ မ‌ရွေ့ ခဲ့ဘူး။ ကျ‌နော့်မှာ ဒီက‌နေ့ ကျ‌နော်မှတ်ပုံတင်ရှိတယ်။ ကျ‌နော် ပတ်ပို့စ်မရှိဘူး။ ပတ်ပို့စ် သက်သက်ကို မလုပ်တာ ကျ‌နော်။ ကျ‌နော်အမြဲ‌ပြော‌နေတဲ့စကားရှိတယ်။ တိုက်ကြက်‌ကောင်းတို့မည်သည်မှာ မျက်လုံးပဲ ကန်းကန်း၊ ရင်ဘတ်ပဲကွဲကွဲ စည်းဝိုင်းအပြင် ဘယ်‌တော့မှ မထွက်ဘူး ဒါပဲ။

‌မေး- မြန်မာပြည်မှာ ဖြစ်‌ပေါ်‌နေတဲ့ နိုင်ငံ‌ရေးအကြပ်အတည်း၊ ပဋိပက္ခ‌တွေကို အဆုံးသတ်ပြီး ပြည်သူလူထု‌တွေ ပူပင်‌သောက ကင်းပြီး ‌အေးချမ်းစွာ‌နေထိုင်နိုင်ဖို့ သက်ဆိုင်သူအားလုံးက ဘယ်လို အ‌ဖြေရှာသင့်သလဲ။ အ‌တွေ့အကြုံ ဖြတ်သန်းမှုနဲ့ ယှဉ်ပြီး‌တော့ ‌ပြော‌ပေးပါ။
အခုက တကယ်က ဦးဆုံးက‌တော့ NLD ဘက်ကလည်း အင်မတန်မြင့်မား‌နေတဲ့ မာနကြီးတစ်ခွဲသားကို ‌လျှော့ဖို့ လိုတယ်။ ဒီဘက်စစ်‌ကောင်စီဘက်ကလည်း အင်မတန်းကြီးမား‌နေတဲ့ မာနကြီးတစ်ခွဲသားကို ‌လျှော့ဖို့ လိုတယ်။ ဒါဦးဆုံး ‌လျှော့ပဲ။ ‌လျှော့ပြီးမှ ဒါကို ကျ‌နော်တို့က လုပ်ပြီးမှ တိုင်းပြည်အကျိုး ပြည်သူလူထု အကျိုးကို မျက်နှာမူရမယ်။ ငါ့အကျိုးကို မျက်နှာမူလို့မရဘူး။ အဲ့ဒါပဲ ကျ‌နော်‌ပြောချင်တာ။ ကျ‌နော်တို့ EAO ‌တွေကလည်း တခါတည်း အမျိုးမျိုးပဲဗျာ့။ အ‌ခြေအ‌နေအရ သိပ်မဟန်ဘူးဆိုရင် ပြည်‌ထောင်စုထဲမှ မခွဲထွက်ဘူး။ အ‌ခြေ‌နေဟန်လို့ရှိရင် ပြည်‌ထောင်စုက ခွဲထွက်မယ်။ အ‌တွေးအ‌ခေါ်က ‌ပြောင်း‌ရွေ့‌နေတာ အ‌ရွေ့အ‌ကြောင်းနဲ့ တခါတည်း ဖြစ်‌နေတဲ့ ဟာမျိုး‌တော့ ဒီအ‌တွေးအ‌ခေါ်‌တော့ မရှိ‌စေချင်ဘူး။ အဲ့ဒါ‌တွေကို ကျ‌နော်တို့က ဦးဆုံးက ‌တော့ ဖက်ဒရယ်ပုံစံပဲ ကျ‌နော်တို့က လုပ်ပြီးမှ အာဏာခွဲ‌ဝေမှု‌တွေ ဘာ‌တွေလုပ်မယ်ဆိုရင်ဖြစ်တယ်။ အဲ့ဒါကို‌တော့ ကျ‌နော်တို့က ဘယ်လိုဖြစ်‌စေချင်လဲ ‌ပြောတာထက် ကာယကံရှင်‌တွေက သူတို့ကိုယ်သူတို့ပြင်မှ ရ‌တော့မှာ‌ပေါ့။ ကျ‌နော်‌ပြောချင်တယ် NLD လည်း အမြင့်တက်‌နေတဲ့ မာနကြီးကို ‌အောက်ကိုချဖို့လိုတယ်။ စစ်‌ကောင်စီကလည်း မြင့်မား‌နေတဲ့ မာနကြီးကို ‌အောက်ကိုချဖို့လိုတယ်။ ဒါဦးဆုံးပဲ ဒါပဲ။ ကျန်တာ‌တွေ ကျ‌နော်တို့‌ဆွေး‌နွေးလို့ ရတယ်။

‌မေး- ဒီ KNDO ‌နေ့အထိမ်းအမှတ်အ‌နေနဲ့ အခုလို အကြပ်အတည်းမျိုးစုံကာလမှာ မြန်မာနိုင်ငံမှာရှိတဲ့ ပြည်သူလူထု‌တွေကို ကရင်အမျိုးသား‌ခေါင်း‌ဆောင်တစ်ဦး အ‌နေနဲ့ ဘယ်လိုသတင်းစကား၊ အား‌ပေးစကား‌တွေ ‌ပြောချင်လဲ။
တပြည်လုံးရဲ့အ‌နေအထားကို ‌ပြောရမယ်ဆိုရင်‌တော့ စစ်‌ကောင်စီက ကြမ်းတာကိုးဗျာ့။ စစ်‌ကောင်စီက ကြမ်း‌တော့ အခု‌ငွေ‌တောင်မှာ ဘဏ်မှာသွားထုတ်တာ မနက်ကသွားတန်းစီတာ ဟိုည‌နေ ‌လေးနာရီ‌လောက်မှ ထုတ်ခွင့်ရတာ‌တွေ ရှိတာကိုး။ ဒီလိုအ‌နေအထားမျိုး‌တွေက အကုန်ဖြစ်ကုန်‌တော့ စစ်‌ကောင်စီ‌တွေက အရင်ဦးဆုံးပြင်ရမှာ‌ပေါ့။ ပြည်သူလူထုက ဒီစိတ်ဓာတ်ကာ တိုင်းပြည်ငြိမ်းချမ်း‌ရေးရရှိဖို့ စိတ်ဓာတ်က ရှိဖို့ ဇွဲမ‌လျှော့ဖို့ လူငယ်‌တွေ ဒီက‌နေ့‌ပြောတဲ့ လူငယ်‌တွေ စစ်အာဏာရှင်ဆိုရင် ဘယ်‌တော့မှ လက်မခံ‌တော့ဘူးဆိုတဲ့ ဇွဲမျိုးက ‌တောက်‌လျှောက်ရှိဖို့လိုတယ်။ ဒါ‌ပေမယ့် သူတို့ကိုလည်း ‌ပြောချင်တာက စစ်အာဏာရှင်တင်မကဘူး ၊ အရပ်သားအာဏာရှင်ကိုလည်း လက်မခံဖို့ကို သူတို့ရှိ‌စေချင်တယ်။ ‌နောက်ပြီးမှလည်း ပြည်သူလူထုကလည်း ကျ‌တော်တို့လူပုဂ္ဂိုလ်ကို ယုံကြည်အားကိုးပြီး လူပုဂ္ဂိုလ်ကိုးကွယ်မှုကို ‌လျှော့ချဖို့လိုတယ်လို့ ကျ‌နော်အ‌နေနဲ့ ‌ပြောလိုတယ်။ ဒါဆိုကျ‌နော်တို့ ရကြမှာပဲ။ ဟုတ်ကဲ့ ဒီ‌လောက်ပါပဲ။