Home သတင်း လူထုအတွက် ‌ကေအဲန်ယူ ပြန်ဖွင့်သည့်လမ်း‌ကြောကို စစ်‌ကောင်စီပူး‌ပေါင်းတပ်များ ‌နေရာဝင်ယူကာ စစ်‌ရေးလှုပ်ရှား

လူထုအတွက် ‌ကေအဲန်ယူ ပြန်ဖွင့်သည့်လမ်း‌ကြောကို စစ်‌ကောင်စီပူး‌ပေါင်းတပ်များ ‌နေရာဝင်ယူကာ စစ်‌ရေးလှုပ်ရှား

6817

ဇူလိုင် ၁၅ရက်၊ ၂၀၂၁ခုနှစ်။ ‌ကေအိုင်စီ

‌ဒေသခံလူထု စားဝတ်‌နေ‌ရေးအတွက် ‌ကေအဲန်ယူ လက်‌အောက်ခံ၊ KNLA တပ်မဟာ(၅)က ပြန်ဖွင့်‌ပေးလိုက်သည့် ဖာပွန်-ကမ‌မောင်းလမ်း‌ကြောကို စစ်‌ကောင်စီနှင့် BGF ပူး‌ပေါင်းတပ်တို့က လုံခြုံ‌ရေးအ‌ကြောင်းပြုကာ ‌နေရာယူပြီး စစ်‌ရေးလှုပ်ရှားသဖြင့် နယ်‌မြေခံ KNLA တပ်ဖွဲ့နှင့် တိုက်ပွဲပြန်ဖြစ်ပွားခြင်းရှိသည်ဟု KNU တပ်မဟာ(၅)ဘက်က ‌ပြောသည်။

နယ်‌မြေမတည်ငြိမ်သည့်အတွက် ‌ကေအဲန်ယူထိန်းချုပ်နယ်‌မြေအတွင်းရှိ ဖာပွန်-ကမ‌မောင်း လမ်းမကြီးကို KNLA တပ် မဟာ(၅)ဘက်က ယာယီပိတ်ထားခဲ့ပြီး‌နောက် ‌ဒေသခံများ၏ စားဝတ်‌နေ‌ရေးအတွက် ပြီးခဲ့သည့် ဇွန်လ (၉)ရက်‌နေ့ တွင် လမ်းကို ပြန်လည်ဖွင့်‌ပေးခဲ့ခြင်းဖြစ်သည်။

ထိုအ‌ခြေအ‌နေကို အခွင့်‌ကောင်းယူကာ စစ်‌ကောင်စီနှင့် BGF ပူး‌ပေါင်းတပ်ဖွဲ့က အဆိုပါလမ်းမကြီး‌ပေါ် ‌နေရာယူပြီး ဝင် ‌ရောက်လှုပ်ရှားလာသည့်အတွက် တိုက်ပွဲ ထပ်မံ ဖြစ်ပွားလာခြင်းဖြစ်သည်ဟု KNU တပ်မဟာ(၅) ‌ပြောခွင့်ရ ဒုတိယ ဗိုလ်မှူးကြီး‌စောကလယ်ဒို့က ယခုလို ‌ပြောသည်။

“တိုက်ပွဲဖြစ်တဲ့ အ‌ကြောင်းရင်းက လူထုစားဝတ်‌နေ‌ရေးအတွက် လမ်းပြန်ဖွင့်‌ပေး‌တော့ စစ်‌ကောင်စီနဲ့ BGF တပ်က အခွင့်‌ကောင်းယူပြီး လူထုလုံခြုံ‌ရေး အ‌ကြောင်းပြုပြီး‌တော့ လမ်းမကြီး‌တွေ‌ပေါ်မှာ သွားလာလှုပ်ရှားတာ များလာတယ်။ ပြီး‌တော့ အဲဒီလမ်းမကြီး‌ဘေးမှာ အင်အားတိုးချဲ့များလာတာလည်း ရှိတယ်။ အဲဒါ‌တွေမကဘဲ မြစ်အနားမှာလည်း BGF က ဂိတ်တစ်ခုပြန်ချပြီး သွားလာတဲ့‌လှေ‌တွေ တစ်စီး ၁၀၀၀(ကျပ်)ကျ ‌တောင်းတာရှိတယ်။ အဲလိုလုပ်‌တော့ လူထုအ တွက် အခက်အခဲဖြစ်‌စေတယ်။”ဟု ဒုဗိုလ်မှူးကြီး‌စောကလယ်ဒို့က ‌ကေအိုင်စီသို့ ‌ပြောသည်။

ယင်းသို့ စစ်‌ကောင်စီနှင့် BGF ပူး‌ပေါင်းတပ်များ ‌နေရာတိုးချဲ့ လှုပ်ရှားလာမှု‌ကြောင့် နယ်‌မြေခံ KNLA တပ်မဟာ(၅)နှင့် တင်းမာမှုဖြစ်ပွားလာပြီး ဇူလိုင်လ ၁၂ရက်နှင့် ၁၃ရက်‌နေ့ နှစ်ရက်အတွင်း ပစ်ခတ်မှု (၈)ကြိမ် ဖြစ်ပွားခဲ့ရာ စစ်‌ကောင်စီ နှင့် BGF ပူး‌ပေါင်းတပ်ဘက်မှ ၁၁ဦး ကျဆုံးသွားသည်ဟုလည်း ၎င်းက ထပ်မံ‌ပြောဆိုသည်။

ဒုဗိုလ်မှူးကြီး‌စောကလယ်ဒို့က “BGF က စစ်‌ကောင်စီလက်‌အောက်မှာရှိ‌တော့ အ‌ပေါ်က လမ်းညွန်တဲ့အတိုင်း သူတို့ လုပ်‌နေရလို့ သူတို့မှာ အခက်အခဲရှိတာကို ကျ‌နော်တို့ နားလည်‌ပေးတာရှိတယ်။ ဒါ‌ပေမယ့် ကျ‌နော်တို့က နားလည်‌ပေး ပြီး သူတို့ဘက်က စစ်‌ကောင်စီတပ်အတွက် အမြဲလုပ်‌ပေး‌နေတယ်ဆို‌တော့ ကျ‌နော်တို့လည်း ဆက်လက် နားလည်‌ပေး ဖို့က အဆင်မ‌ပြေ‌တော့ဘူး။”ဟု ‌ပြောသည်။

‌ကေအဲန်ယူ မူတ‌ရော်(ဖာပွန်)ခရိုင်၊ တပ်မဟာ(၅) ထိန်းချုပ်နယ်‌မြေတွင် လစဉ် နှစ်ဖက်တိုက်ပွဲဖြစ်ပွားမှု‌ပေါင်း အကြိမ် ရာနှင့်ချီ ဖြစ်ပွားခဲ့ပြီး ပြီးခဲ့သည့် ‌မေလမှစ၍ ဇွန်လကုန်အထိ နှစ်လအတွင်း တိုက်ပွဲ‌ပေါင်း ၄၄၇ကြိမ်ဖြစ်ကာ စစ်‌ကောင် စီဘက်မှ ‌သေဆုံးသူ ၃၃၀‌ကျော်ရှိသွားပြီဖြစ်‌ကြောင်း KNU တပ်မဟာ(၅)၏ လစဉ် တိုက်ပွဲဖြစ်ပွားမှု မှတ်တမ်းစာရင်း အရ သိရသည်။

‌ကေအဲန်ယူ မူ‌တြော်ခရိုင်၊ တပ်မဟာ-၅ နယ်‌မြေရှိ သီးမူထာ့နှင့် ‌သောလယ်ထာ့ စစ်‌ကောင်စီတပ်စခန်း ၂ခုကိုလည်း ကရင်အမျိုးသားလွတ်‌မြောက်‌ရေးတပ်မ‌တော် (KNLA) တပ်မဟာ ၅က မတ်လ(၂၇)၊ စစ်‌ကောင်စီက တပ်မ‌တော်‌နေ့ ကျင်းပသည့်ရက်တွင် တက်‌ရောက်တိုက်ခိုက် သိမ်းယူထားခဲ့သည်။

တပ်စခန်း ၂ခု အသိမ်းခံရပြီး‌နောက်ပိုင်းတွင် KNU ထိန်းချုပ်နယ်‌မြေ တပ်မဟာ(၅)တွင် တိုက်ပွဲများ အဆက်မပြတ် ဖြစ်လာကာ စစ်‌ကောင်စီတပ်ဘက်မှ ‌ကျေးရွာအတွင်း လက်နက်ကြီးများနှင့် ပစ်ခတ်သည့်အပြင် တိုက်‌လေယာဉ်အသုံး ပြုကာ ဗုံးကြဲတိုက်ခိုက်မှုများ လုပ်‌ဆောင်ခဲ့သည့်အတွက်‌ကြောင့် ‌သောင်းနှင့်ချီ‌သော ‌ဒေသခံလူထုမှာ ယခုအချိန်ထိ ‌တော‌တောင်အတွင်း ထွက်‌ပြေးခိုလှုံ‌နေရပြီး မြိုင်ကြီးငူတွင်လည်း စစ်‌ဘေး‌ရှောင် ၄၀၀၀‌ကျော် သွား‌ရောက်ခိုလှုံ‌နေထိုင် လျက်ရှိသည်။

ထို့အပြင် တပ်မဟာ(၅)နှင့် နယ်နိမိတ်ထိစပ်သည့် တပ်မဟာ(၁)နယ်‌မြေတွင်လည်း ဧပြီလမှစတင်၍ စစ်‌ကောင်စီတပ် ဘက်မှ အင်အားတိုးချဲ့မှု လုပ်‌ဆောင်သည့်အတွက် နယ်‌မြေခံ KNLA တပ်မဟာ(၁) တပ်ဖွဲ့ဝင်များနှင့် ထိပ်တိုက်ပစ်ခတ် မှု မကြာခဏရှိခဲ့ရာ စစ်‌ကောင်စီတပ်က လက်နက်ကြီးအသုံးပြုကာ ‌ကျေးရွာအတွင်း ရမ်းသမ်းပစ်ခတ်မှုရှိသည့်အတွက် ‌ဒေသခံရွာသူရွာသားများ ထိခိုက်ဒဏ်ရာရရှိသလို လူ‌နေအိမ်တချို့လည်း ပျက်စီးသွား‌ကြောင်း KNLA တပ်မဟာ(၁) တာဝန်ရှိသူများ၏ ‌ပြောဆိုချက်အရ သိရသည်။