Home သတင်း စစ်‌ကောင်စီလက်နက်ကိုင်တပ်ဖွဲ့က ရွာအတွင်းသို့ လက်နက်ကြီး ပစ်ချ‌သော‌ကြောင့် လူ‌နေအိမ်အချို့ ထိခိုက်ပျက်စီး

စစ်‌ကောင်စီလက်နက်ကိုင်တပ်ဖွဲ့က ရွာအတွင်းသို့ လက်နက်ကြီး ပစ်ချ‌သော‌ကြောင့် လူ‌နေအိမ်အချို့ ထိခိုက်ပျက်စီး

1542

ဇူလိုင် ၉ ရက်၊ ၂၀၂၁ခုနှစ်။ ‌ကေအိုင်စီ

‌ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံး သထုံခရိုင်၊ ဘီးလင်းမြို့နယ်၊ မြစ်ကျိုး‌ကျေးရွာအုပ်စု၊ ‌လေး‌ကေ ‌ကျေးရွာတွင် တပ်စွဲထားသည့် စစ်‌ကောင်စီတပ်နှင့် နယ်ခြား‌စောင့်တပ် (BGF) တပ်ဖွဲ့တို့သည် ‌ကျေးရွာအ တွင်းသို့ လက်နက်ကြီးများဖြင့် ပစ်ခတ်‌သော‌ကြောင့် လူ‌နေအိမ်အချို့ ထိခိုက်ပျက်စီးခဲ့သည်ဟု ‌ဒေသခံများက ‌ပြောသည်။

ယ‌နေ့မွန်းလွဲပိုင်း ၁ နာရီအချိန်တွင် ‌လေး‌ကေ‌ကျေးရွာတွင် တပ်စွဲထားသည့် BGF-စစ်ကွပ်ကဲ‌ရေးအဖွဲ့-၉၉၉ စခန်းရှိ စစ်‌ကောင်စီလက်နက်ကိုင်တပ်ဖွဲ့ဝင်များကို နယ်‌မြေခံ KNLA- ကရင်အမျိုးသားလွတ်‌မြောက်‌ရေး တပ်မ‌တော်မှ သွား‌ရောက်ပစ်ခတ်မှုလုပ်‌ဆောင်ရာတွင် စခန်းရှိ စစ်‌ကောင်စီတပ်ဖွဲ့နှင့် BGF ပူး‌ပေါင်း တပ်ဖွဲ့က ‌ကျေးရွာအတွင်းသို့ လက်နက်ကြီး၊ လက်နက်ငယ်များဖြင့် ၁၅ မိနစ်ကြာ ပစ်ခတ်မှုလုပ်‌ဆောင်ခဲ့ ခြင်းဖြစ်သည်။

အဆိုပါ ပစ်ခတ်မှု‌ကြောင့် ‌ကျေးရွာသူ၊ ရွာသားများကို ထိခိုက်ဒဏ်ရာရရှိမှု မရှိ‌သော်လည်း လူ‌နေအိမ် ၄ လုံးလက်နက်ကြီးကျည်ထိမှန်၍ ‌နေအိမ်အတွင်းရှိ ပစ္စည်းများ ထိခိုက်ပျက်စီးမှုရှိပြီး ထိုသို့ လက်နက်ကြီး ပစ်ခတ်မှု‌ကြောင့် ရွာသူရွာသားအချို့မှာ ‌ဘေးလွတ်ရာသို့ တိမ်း‌ရှောင်သွားကြရသည်ဟု ‌ဒေသခံတစ်ဦးက ‌ကေအိုင်စီသို့ ‌ပြောသည်။

ထို့အတူ ပြီးခဲ့သည့် ဇူလိုင်လ ၁ရက်‌နေ့တွင်လည်း ‌ကေအဲန်ယူ သထုံခရိုင်၊ ဖားအံမြို့နယ် ‌ညောင်ကုန်းရွာအနီးအနားရှိ စစ်‌ကောင်စီ ခမရ (၄၀၆) တပ်ရင်းက ‌ကျေးရွာထဲသို့ လက်နက်ကြီး ၈ လုံးပစ်ချရာတွင် လူ‌နေအိမ်တစ်လုံး ထိခိုက်ပျက်စီးခဲ့သည့်အပြင် ဇူလိုင်လ ၂ ရက်‌နေ့တွင်လည်း သထုံမြို့နယ် ဝမ်းဘဲအင်း‌ကျေးရွာရှိ စကခ(၈) စစ်‌ကြောင်းမှူး ‌ဝေယံဦး ဦး‌ဆောင်သည့် စစ်‌ကောင်စီအဖွဲ့က လူထု‌နေထိုင်သည့် ‌ကျေးရွာထဲသို့ (၆ဝ မမ) ၇ လုံး ရမ်းသမ်းပစ်ခတ်မှု လုပ်‌ဆောင်ခဲ့သည်ဟု ‌ကေအဲန်ယူက သတင်းထုတ်ပြန်ထားသည်။

‌ကေအဲန်ယူ သထုံခရိုင် အုပ်ချုပ်နယ်‌မြေအတွင်း ဝင်‌ရောက်လှုပ်ရှားသည့် စစ်‌ကောင်စီတပ်ဖွဲ့ဝင် များသည် လူထုများ‌နေထိုင်ရာ ‌ကျေးရွာထဲသို့ လက်နက်ကြီးဖြင့် ရမ်းသမ်းပစ်ခတ်မှုများ လုပ်‌ဆောင်သည့်အပြင် တပ်အင်အားတိုးချဲ့မှုနှင့် စစ်‌ရေးလှုပ်ရှားမှုများ ပိုမိုလုပ်‌ဆောင်လာ သည့်အတွက် နယ်‌မြေခံ (KNLA) တပ်ဖွဲ့ဝင်များနှင့် ထိပ်တိုက်ပစ်ခတ်မှုများ မကြာခဏဖြစ်ပွား လျက်ရှိသည်ဟု ‌ကေအဲန်ယူ သထုံခရိုင် (တပ်မဟာ ၁) က ‌ပြောဆိုသည်။