Home သတင်း မြဝတီမြို့တွင် ခရိုင်/မြို့နယ်အဆင့် ဌာနဆိုင်ရာရုံးများအနီး နှစ်ည ဆက်တိုက် ဗုံး‌ပေါက်ကွဲမှုများဖြစ်ပွားခဲ့

မြဝတီမြို့တွင် ခရိုင်/မြို့နယ်အဆင့် ဌာနဆိုင်ရာရုံးများအနီး နှစ်ည ဆက်တိုက် ဗုံး‌ပေါက်ကွဲမှုများဖြစ်ပွားခဲ့

1449

ဇွန်လ၂၈ ရက်၊၂၀၂၁ခုနှစ်။‌ကေအိုင်စီ

ကရင်ပြည်နယ် မြဝတီမြို့တွင် ခရိုင်/မြို့နယ်အဆင့် ဌာနဆိုင်ရာရုံးများအနီး ၂ ည ဆက်တိုက် ဗုံး‌ပေါက်ကွဲမှုများ ဖြစ်ပွားခဲ့‌ကြောင်း သိရသည်။

မ‌နေ့က ဇွန်လ ၂၇ ရက် ည ရး၄ဝ အချိန်ခန့်နှင့် ည ၉း၄ဝ အချိန်တို့မှာ မြဝတီခရိုင်အ‌ထွေ‌ထွေအုပ်ချုပ်‌ရေး ဦးစီးဌာနရုံး‌ဟောင်းနှင့် ထပ်ဆင့်ရုပ်သံလွှင့်ရုံးအနီး ဗုံး ‌ပေါက်ကွဲမှုများ ဖြစ်သွားခဲ့သလို ယ‌နေ့ည ၈း၁ဝ အချိန်ခန့်တွင်လည်း မြဝတီမြို့နယ် တရားရုံးနှင့် ရဲစခန်းအနီး ဗုံး‌ပေါက်ကွဲမှုများ ဖြစ်ပွားခဲ့သည်။

ယ‌နေ့ ည ၈ နာရီ ၁ဝမိနစ်အချိန်ခန့် ‌ပေါက်ကွဲမှုဖြစ်စဉ်မှာ
မြဝတီမြို့ အမှတ် ၅ ရပ်ကွက် ၊ ဦး‌အောင်‌ဇေယျလမ်း၊ မြို့နယ်တရားရုံးနှင့် မြို့နယ်အုပ်ချုပ်‌ရေးမှူး‌နေအိမ်‌ရှေ့ အကြား ဆိုင်ကယ်စီးသူ ၂ ဦးက ပစ်ချခဲ့သည့် လက်လုပ်အသံမိုင်း ‌ပေါက်ကွဲခြင်းဖြစ်သည်ဟု တာဝန်ရှိသူ တစ်ဦးက ‌ပြောသည်။

ထိုသို့ ဗုံး‌ပေါက်ကွဲမှုများ ဖြစ်ခဲ့ပြီး‌နောက် စစ်‌ကောင်စီအဖွဲ့မှ မြို့တွင်း နှင့် မြို့အဝင်‌နေရာများတွင် လုံခြုံ‌ရေးတင်းကြပ်ကာ ရှာ‌ဖွေ စစ်‌ဆေးမှုများပြုလုပ်လျက် ရှိသည်။

စစ်အာဏာသိမ်းပြီး‌နောက် မြဝတီမြို့နယ်အတွင်း ဗုံး‌ပေါက်ကွဲမှုဖြစ်စဉ် ၁ဝ ကြိမ်ထက် မနည်း ဖြစ်ပွားခဲ့‌သော်လည်း မည်သူတစ်ဦးမျှ ထိခိုက်ဒဏ်ရာရခြင်း မရှိခဲ့‌ကြောင်း သိရသည်။