Home သတင်း မြဝတီမြို့အထက(၁)‌ကျောင်းတွင် ဆရာမ ၁ ဦးနှင့် ‌ကျောင်းသား ၂ ဦး၌ ကိုဗစ်ပိုး‌တွေ့ရှိ

မြဝတီမြို့အထက(၁)‌ကျောင်းတွင် ဆရာမ ၁ ဦးနှင့် ‌ကျောင်းသား ၂ ဦး၌ ကိုဗစ်ပိုး‌တွေ့ရှိ

1155

ဇွန် ၂၉ ရက်၊ ၂၀၂၁ခုနှစ်။ ‌ကေအိုင်စီ

ကရင်ပြည်နယ် မြဝတီမြို့ အမှတ် ၄ ရပ်ကွက် ဘုရင့်‌နောင်လမ်းမကြီး အထက(၁)‌ကျောင်းမှ အလယ်တန်းပြ ဆရာမတစ်ဦး၊ သတ္တမတန်း နှင့် Gread(1) မှ ‌ကျောင်းသား ၂ ဦးထံ Covid- 19 ‌ရောဂါပိုး‌တွေ့ရှိရ‌ကြောင်း သိရသည်။

အဆိုပါ အလယ်တန်းပြ ဆရာမနှင့် ‌ကျောင်းသား ၂ ဦးတို့သည် ယမန်‌နေ့ ဇွန် ၂၈ ရက်‌နေ့၌ မြဝတီခရိုင်‌ဆေးရုံ၏ ‌ဆေးစစ်ချက်အရ Covid-19 ‌ရောဂါပိုး ‌တွေ့ရှိခဲ့ခြင်းဖြစ်သည်။

“ကိုဗစ် ပိုး ‌တွေ့ရှိတဲ့ အလယ်တန်းပြ ဆရာမက ပြီးခဲ့တဲ့ တပတ်ခန့်‌လောက် ကတည်းက ‌နေမ‌ကောင်းဖြစ်လို့ ခွင့်ယူ‌နေတာပါ။ ဇွန်လ ၂၈ ရက်‌နေ့ မြဝတီခရိုင်‌ဆေးရုံ၏ ကျန်းမာ‌ရေး စစ်‌ဆေးမှုအရ Covid-19 ‌ရောဂါပိုး ‌တွေ့ရှိရတာပါ။ သတ္တမတန်းနဲ့ Gread-1 ‌ကျောင်းသား ၂ ဦး မှာ ကိုဗစ်ပိုး‌တွေ့ရှိခဲ့တယ်”ဟု အထက(၁)‌ကျောင်းအုပ်ဆရာမကြီးက ‌ပြောသည်။

‌ကျောင်းတွင် ကိုဗစ်ပိုး‌တွေ့ လူနာရှိ‌သော်လည်း လက်ရှိတွင် ‌ကျောင်းပိတ်ထားခြင်း မရှိ‌သေးဘဲ လူနာများနှင့် အနီးကပ်ထိ‌တွေ့နိုင်သည့်သူများကိုမူ ကျန်းမာ‌ရေး ‌စောင့်ကြည့်မှုသာ ပြုလုပ်လျက်ရှိသည်ဟု သိရသည်။

ထိုသို့ မြဝတီမြို့ အထက (၁) ‌ကျောင်းတွင် ကိုဗစ်‌ရောဂါပိုး‌တွေ့ရှိမှု နှင့် ပတ်သက်၍ ‌ကျောင်းသားမိဘ တစ်ဦးက “ဒီ‌လောက် ကိုဗစ် ဖြစ်‌နေတာ‌တောင် သတင်းအ‌မှောင်ချပြီး ‌ကျောင်းက ဖွင့်တုန်းပဲ။ ပညာ‌ရေးကအ‌ရေးကြီးတယ်ဆို‌ပေမယ့်လည်း ကိုယ့်ရဲ့သားသမီး ကျန်းမာ‌ရေးအတွက် စိတ်မချရတဲ့ အ‌ခြေအ‌နေမို့ ခ‌လေး‌တွေကို လတ်တ‌လောမှာ ‌ကျောင်း‌ပေး မသွား‌တော့ဘူး “ဟု ‌ပြောသည်။

ကရင်ပြည်နယ် မြဝတီမြို့တွင် လက်ရှိ Covid-19 အတည်ပြုလူနာ ၅ဝ ဝန်းကျင်ခန့် ရှိ‌ကြောင်း သိရသည်။