Home သတင်း ကြာအင်းဆိပ်ကြီးမြို့နယ်ရှိ စစ်တပ်ပိုင် Mytel ဖုန်း‌အော်ပ‌ရေတာလိုင်း ၄ ခု တစ်ပြိုင်ထဲ မီးရှို့ခံရ

ကြာအင်းဆိပ်ကြီးမြို့နယ်ရှိ စစ်တပ်ပိုင် Mytel ဖုန်း‌အော်ပ‌ရေတာလိုင်း ၄ ခု တစ်ပြိုင်ထဲ မီးရှို့ခံရ

5442

ဇွန် ၂၅ ရက်၊ ၂ဝ၂၁ ခုနှစ်၊ ‌ကေအိုင်စီ

ကရင်ပြည်နယ်၊ ကြာအင်ဆိပ်ကြီးမြို့နယ် ဝင်း‌ရော်‌ဒေသရှိ စစ်တပ်ပိုင် Mytal ဖုန်း‌အော်ပ‌ရေတာ ဆက်သွယ်‌ရေး လိုင်း ၄ ခုကို ဇွန်လ ၂၄ ရက် ည ၁၁ နာရီဝန်းကျင်အချိန်တွင် မီးရှို့ခံခဲ့ရသည်ဟု ‌ဒေသခံများထံမှ သိရသည်။

ဝင်း‌ရော်‌ဒေသ ‌တောင်ဒီး၊ ထီမံထို၊ ကျုံခဝန်၊ ဖားပြရွာရှိ တည်‌ဆောက်ထားသည့် ဖုန်းတိုင်များတွင် Mytel(မိုင်တဲလ်)၊ ‌အော်ရီဒူး၊ တယ်လီ‌နော၊ MPT ဆက်သွယ်‌ရေး ‌အော်ပ‌ရေတာလိုင်းများ တပ်ဆင်ထား လျက်ရှိပြီး တပ်ဆင်ထားသည့် စက်ပစ္စည်းများ မီးရှို့ခံရမှု‌ကြောင့် ဆက်သွယ်‌ရေးပြတ်‌တောက်မှုများ ဖြစ်‌ပေါ်‌နေဟု ‌ကျေးရွာတာဝန်ရှိသူများထံမှ သိရသည်။

“ ည ၁၁ နာရီအချိန်မှာ ဖုန်းတိုင်‌အောက်မှာ တပ်ဆင်ထားတဲ့ စက်‌တွေ မီး‌လောင်တာ‌ပေါ့‌နော်။ စက်စ္စည်း‌တွေ မိုင်တဲလ်ဖုန်းလိုင်းနဲ့ ‌အော်လီဒူးလိုင်း‌တွေ ခုထိဆက်လို့မရ‌သေးဘူး။ ၄ ‌နေရာ‌လောက် မီးရှို့ခံရတယ် ” ဟု အမည်မ‌ဖော်လိုသည့် ဝင်း‌ရော်‌ဒေသခံတစ်ဦးက ယ‌နေ့ ဇွန် ၂၅ ရက်‌နေ့တွင် ‌ကေအိုင်စီ သို့‌ပြောသည်။

ဆက်သွယ်‌ရေး ဖုန်းတာဝါတိုင်မီး‌လောင်မှု‌ကြောင့် စက်ယန္တရားနှင့် ဆက်သွယ်‌ရေး ကိရိယာသို‌လှောင်ခန်း မီး‌လောင်ပျက်စီးသွားသည့်အ‌ပေါ် နယ်‌မြေရှိ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့မှလည်း ယခုဖြစ်စဉ်အ‌ပေါ် စုံစမ်းမှုများ ပြုလုပ်လျက်ရှိ‌ကြောင်း အမည်မ‌ဖော်လိုသည့် ‌ကျေးရွာတာဝန်ရှိသူတစ်ဦးထံမှ သိရသည်။