Home သတင်း ကရင်ပညာ‌ရေးဌာန ထိန်းချုပ်မှု‌အောက်ရှိ စာသင်‌ကျောင်းများတွင် ယခုနှစ်‌ကျောင်းသားဦး‌ရေ ‌ထောင်ချီတိုးလာ

ကရင်ပညာ‌ရေးဌာန ထိန်းချုပ်မှု‌အောက်ရှိ စာသင်‌ကျောင်းများတွင် ယခုနှစ်‌ကျောင်းသားဦး‌ရေ ‌ထောင်ချီတိုးလာ

2519

ဇွန်လ ၂၅ ရက်၊ ၂၀၂၁ ခုနှစ်။ ‌ကေအိုင်စီ

‌ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံး ထိန်းချုပ်နယ်‌မြေအတွင်း ကရင်ပညာ‌ရေးနှင့် ယဉ်‌ကျေးမှုဌာန (KECD) ထိန်းချုပ်မှု‌အောက်ရှိ ကရင်စာသင်‌ကျောင်းများတွင် ယခုနှစ် ၂၀၂၁-၂၀၂၂ ပညာသင်နှစ်တွင် ‌ကျောင်းသူ၊ ‌ကျောင်းသား ဦး‌ရေ ‌ထောင်နှင့်ချီ၍တိုးလာသည်ဟု သိရသည်။

လတ်တ‌လော နိုင်ငံ‌ရေးအ‌ခြေအ‌နေ‌ကြောင့် အချို့‌သော‌ကျောင်းသားမိဘများသည် ၎င်းတို့သားသမီးများကို (KECD) လက်‌အောက်ခံ‌ကျောင်းများတွင် ‌ကျောင်းပြန်ထားသည့်အတွက် ‌ကျောင်းသားဦး‌ရေ တိုးလာရခြင်းဖြစ်ပြီး လက်ရှိအချိန်တွင် စုစု‌ပေါင်း ‌ကျောင်းသူ၊ ‌ကျောင်းသားဦး‌ရေ ၅,၀၀ဝ (ငါး‌ထောင်) ‌ကျော် တိုးလာသည်ဟု ကရင် ပညာ‌ရေးနှင့် ယဉ်‌ကျေးမှုဌာန (KECD) ဗဟိုမှ အတွင်း‌ရေးမှူး ‌စော‌လောအယ်မူးက ‌ကေအိုင်စီသို့‌ပြောသည်။

၎င်းက“ ‌ကျောင်းသားများလာတဲ့အတွက် လိုအပ်ချက်‌တွေလည်းများလာတယ်၊ ‌ကျောင်းဆရာ/ဆရာမ‌တွေလည်း ကျ‌နော်တို့မှာရှိတယ်။ ဒါ‌ပေမယ့်တချို့‌ကျောင်း‌တွေမှာ ‌ကျောင်းသားဦး‌ရေများ‌တော့ ရှိတဲ့‌ကျောင်းဆရာ/မ ဦး‌ရေနဲ့ မကိုက်တာလည်း ရှိတယ်။ ဒီအပတ်ဘဲ ‌ကျောင်းပြန်ဖွင့်တယ်ဆို‌တော့ လိုအပ်ချက်‌တွေကိုလည်း ကျ‌နော်တို့ စာရင်း‌ကောက်ဖို့လို‌သေးတယ်။ အဲဒါမှ ဖြည့်‌ပေးလို့ရမယ် ” ဟု ‌ပြောသည်။

စာသင်‌ကျောင်းအများစုတွင် ခန့်မှန်းလျာထားချက်ထက် ‌ကျောင်းသားဦး‌ရေတိုးလာသည့်အတွက် ‌ကျောင်း ‌ဆောင်များ၊ ‌ကျောင်းသုံးပရိ‌ဘောဂပစ္စည်းများနှင့် သင်‌ထောက်ကူပစ္စည်းများလည်း လုံ‌လောက်မှုမရှိသည့်အပြင် ကိုဗစ်ကာလဖြစ်သည့်အတွက် ‌ကျောင်းကျန်းမာ‌ရေးဆိုင်ရာ ကာကွယ်မှုအပိုင်းတွင်လည်း လိုအပ်ချက်ရှိသည်ဟု ‌စော‌လောအယ်မူးက ဖြည့်စွက်‌ပြောသည်။

ထို့အပြင် အချို့‌ကျေးရွာများတွင် ‌ကျေးရွာရပ်မိရပ်ဖများ ဦး‌ဆောင်၍ ကိုယ်ထူကိုယ်ထ ‌ကျောင်းများ ပြန်လည် ဖွင့်လှစ်လာသည့်အပြင် ‌ကျောင်းအဆင့်တိုးပြီး ဖွင့်လှစ်ထားသည့် စာသင်‌ကျောင်းလည်း တိုးလာသည်ဟု သိရ သည်။

ပူး‌ရေး‌ကျေးရွာရှိ ကိုယ်ထူကိုယ်ထ အထက်တန်း‌ကျောင်းအုပ် ‌စော‌ဂေဒို့က “ကျ‌နော်တို့‌ကျောင်းဖွင့်‌တော့ ‌ကျောင်း လာထားတဲ့လူ‌တွေလည်း များလာတယ်။ လက်မခံလို့လည်း မရဘူး။ ကျ‌နော်တို့‌ကျောင်းက အလယ်တန်း အဆင့် ဘဲ ထားမယ်လို့ စဉ်းစားထားတယ်။ ဒါ‌ပေမယ့် အထက်တန်းတက်ရမယ့် ‌ကျောင်းသား‌တွေက နိုင်ငံ‌ရေး အ‌ခြေ အ‌နေ ၊ ‌ရောဂါအ‌ခြေအ‌နေ‌ကြောင့် ထားမယ့်‌နေရာမရှိ‌တော့ အထက်တန်းအဆင့် တိုးဖွင့်ရတာ‌ပေါ့။ ‌ကျောင်း ဖွင့်‌တော့ အခြား‌ဒေသကလူ‌တွေလည်း လာတက်‌တော့ လက်ခံရတာ‌ပေါ့” ဟု ‌ကေအိုင်စီသို့ ‌ပြောသည်။

ယခုလို စာသင်‌ကျောင်းဖွင့်လှစ်ခြင်းသည် စစ်‌ကောင်စီကို ‌ထောက်ခံ‌နေခြင်းမဟုတ်သလို NUG(အမျိုးသားညီညွတ်‌ရေးအစိုးရ) နှင့် CDM (အာဏာဖီဆန်‌ရေးလှုပ်ရှားမှု) လုပ်သည့် ‌ကျောင်းဆရာ/မများကိုလည်း ဆန့်ကျင်ခြင်းမဟုတ်ဘဲ မိမိ‌ဒေသအတွင်း မျိုးဆက်သစ်က‌လေးများ အနာဂတ် အတွက် လုပ်‌ဆောင်ခြင်းသာဖြစ်သည်ဟု KECD ဗဟိုမှ အတွင်း‌ရေးမှူး ‌စော‌လောအယ်မူးက ‌ပြောသည်။

လက်ရှိအချိန် အချို့‌နေရာများတွင် အကြမ်းဖက်ဆန်ဆန် ပညာ‌ရေးကို ထိခိုက်‌စေသည့် လုပ်‌ဆောင်မှုမျိုးလည်း မြင်‌တွေ့ရသည့်အတွက် ယင်းလုပ်‌ဆောင်ချက်များကို လုံးဝမလုပ်‌ဆောင်ရန်နှင့် အား‌ပေးအား‌မြောက်ခြင်း မှုမပြုရန် မိမိခရိုင်အတွင်းရှိ မြို့နယ်အတွင်း ပညာ‌ရေးဆိုင်ရာဝန်ထမ်းများကို အသိ‌ပေးရန် KECD ဗဟိုမှ ခရိုင်အသီးသီးထံ ဇွန်လ ၄ ရက်‌နေ့တွင် သတိ‌ပေးစာ‌ပေးပို့ထားသည်။

ကရင်ပညာ‌ရေးနှင့် ယဉ်‌ကျေးမှုဌာန (KECD) ၏ ၂၀၂၀-၂၀၂၁ ပညာသင်နှစ်စာရင်းအရ ‌ကေအဲန်ယူ ထိန်းချုပ်နယ် ‌မြေအတွင်း KECD ထိန်းချုပ်မှု‌အောက်ရှိ အ‌ခြေခံပညာအဆင့် စာသင်‌ကျောင်း‌ပေါင်း (၁,၃၆၁) ‌ကျောင်းနှင့် ‌ကော လိပ်အဆင့် အထက်တန်းလွန်‌ကျောင်း (၅)‌ကျောင်းရှိပြီး ‌ကျောင်းဆရာ၊ ဆရာမ ဦး‌ရေ ၃,၉၀ဝ ဦးနှင့် ‌ကျောင်းသူ ‌ကျောင်းသား‌ပေါင်း ၁ သိန်း‌ကျော်ရှိသည်။