Home သတင်း ကိုဗစ်ကူးစက်သူ ‌တွေ့ရှိ၍ ‌လေး‌ကေ‌ကော် မြို့သစ်အထက်တန်း‌ကျောင်း ယာယီပိတ်ထားရ

ကိုဗစ်ကူးစက်သူ ‌တွေ့ရှိ၍ ‌လေး‌ကေ‌ကော် မြို့သစ်အထက်တန်း‌ကျောင်း ယာယီပိတ်ထားရ

2211
Photo: CJ

ဇွန်လ ၂၅ ရက်၊ ၂၀၂၁ခုနှစ်။ ‌ကေအိုင်စီ

ကိုဗစ်ပိုးကူးစက်သူ ‌တွေ့ရှိ၍ ကရင်ပြည်နယ်၊ မြဝတီမြို့နယ်အတွင်းရှိ ‌လေး‌ကေ‌ကော်မြို့သစ် အထက်တန်း‌ကျောင်းကို ပြီးခဲ့သည့် ဇွန်လ ၂၃ ရက်‌နေ့မှစ၍ ယာယီ ပိတ်သိမ်းထားရ‌ကြောင်း မြို့သစ် တာဝန်ရှိသူများထံမှ သိရသည်။

မြို့သစ်အတွင်း ဝင်ထွက်သွားလာသူ တစ်ဦးကို ပြီးခဲ့သည့် ဇွန်လ ၂၂ ရက်‌နေ့က ကိုဗစ်ပိုးကူးစက်ခံရ‌ကြောင်း ‌တွေ့ရှိပြီး ‌နောက် မြို့သစ်အတွင်း‌နေထိုင်သည့် ၎င်း၏ မိသားစုဝင်တစ်ဦးကိုပါ ယမန်‌နေ့က ကိုဗစ်ကူးစက်ခံရ‌ကြောင်း ထပ်မံ‌တွေ့ရှိရ၍ ‌ကျောင်းကို ယာယီ ပိတ်ထားရခြင်းဖြစ်သည်ဟု မြို့သစ် ဥက္ကဋ္ဌဖြစ်သူ ‌စော‌ဌေးမြင့်‌အောင် က ယခုလို‌ပြောသည်။

“အဲ့လူက ဖားအံနဲ့ ဒီကို အဝင်အထွက် သွားလာသူဖြစ်တယ်။ ဒီမှာက သူ့အိမ်ရှိတယ်။ သူ‌နေမ‌ကောင်းလို့ သွားပြ‌တော့ ‌ဆေးဆရာက သံသယဖြစ်တာနဲ့ စစ်ကြည့်တာ ကိုဗစ်ဖြစ်‌နေတယ်။ ‌နောက်ပြီး ပြဿနာက ၂၁ ရက်‌နေ့ တုန်းကလည်း အိမ်မှာ ပြန်အိပ်ထားတာ‌ကြောင့် သူအိမ်မှာက လူ ၉‌ယောက်‌လောက်ရှိတယ်။ အဲ့ဒါနဲ့ အဲ့ ၉ ကိုထပ်စစ်‌တော့ တစ်‌ယောက် ထပ်‌တွေ့တယ်။ အဲ့ဒါ‌ကြောင့် ‌ကျောင်းကို ယာယီပိတ်ထားလိုက်ရတယ်။” ဟု ‌ကေအိုင်စီသို့ ‌ပြောသည်။

အဆိုပါ ကိုဗစ်ပိုး‌တွေ့ရှိသူနှင့် နီးစပ်သူများကို မြို့ပြင်ရှိ ယာယီလူ‌နေအိမ်တွင် ကန့်သတ်ထားရှိထားပြီး ‌ကျောင်းကိုလည်း ယခုဇွန်လကုန်အထိ ယာယီပိတ်ထားမည်ဖြစ်ကာ လာမည့် ဇူလိုင်လ ၁ ရက်‌နေ့တွင် ပြန်လည်ဖွင့်လှစ် သွားမည်ဟုလည်း ‌စော‌ဌေးမြင့်‌အောင်က ဆက်‌ပြောသည်။

‌ကျောင်းသူ၊ ‌ကျောင်းသား ၄၀ဝ ‌ကျော် ပညာသင်ယူ‌နေသည့် ‌လေး‌ကေ‌ကော် အထက်တန်း‌ကျောင်း၌ လက်ရှိကာလတွင် အဂင်္လိပ်စာ နှင့် ကွန်ပျူတာကိုသာ သင်ကြား‌ပေး‌နေပြီး သက်ဆိုင်ရာ ‌ကျောင်းသုံး ဘာသာရပ် များကို သင်ကြား‌ပေးခြင်းမရှိ ‌သေး‌ကြောင်း သိရသည်။

‌လေး‌ကေ‌ကော်မြို့သစ်တွင်‌နေထိုင်သူ တစ်ဦးက “ရပ်ကွက် (၁)က ‌တွေ့တာ။ ‌တွေ့‌တော့ အခုက အဲ့ရပ်ကွက်ကိုလည်း lock down ချထားသလို စား‌သောက်ဆိုင်တချို့ကိုလည်း ပိတ်ခိုင်းထားတယ်။ ဒါ‌ပေမဲ့ အသွားအလာကို‌တော့ ကန့်သတ်ထား တာမျိုးမရှိဘူး။ ဂရုစိုက်ပြီးသွားလာခိုင်းတာပဲရှိတယ်” ဟု ‌ကေအိုင်စီသို့‌ပြောသည်။

မြန်မာနိုင်ငံတွင် စစ်အာဏာသိမ်းပြီး‌နောက် စစ်အာဏာသိမ်းမှုကို လက်မခံသည့် ကျန်းမာ‌ရေး ဝန်ထမ်းများ အာဏာဖီဆန် ‌ရေးလှုပ်ရှားမှုတွင် အများအပြားပါဝင်လာပြီး ကျန်းမာ‌ရေးစနစ်နှင့် ကိုဗစ်ထိန်းချုပ်ကာကွယ်‌ရေး လုပ်ငန်းစဉ်များ ရပ်တန့် သွားခြင်း‌ကြောင့် ကိုဗစ်ကူးစက်ပျံ့နှံ့မှု စာရင်းထုတ်ပြန်မှုများ ပုံမှန်လည်ပတ်နိုင်ခြင်း မရှိ‌ကြောင်း ‌တွေ့ရသည်။ လက်ရှိတွင်လည်း မြန်မာနိုင်ငံ‌ဒေသတချို့တွင် ကိုဗစ်ကူးစက်ခံရသူများရှိ‌ကြောင်းလည်း သတင်းထုတ်ပြန်မှုများ ‌တွေ့ရသည်။