Home သတင်း ကြာအင်းဆိပ်ကြီးမြို့နယ် ပညာ‌ရေးဝန်ထမ်း ၂၀ဝ ‌ကျော် တာဝန်မှ ယာယီရပ်ဆိုင်းခံရ

ကြာအင်းဆိပ်ကြီးမြို့နယ် ပညာ‌ရေးဝန်ထမ်း ၂၀ဝ ‌ကျော် တာဝန်မှ ယာယီရပ်ဆိုင်းခံရ

2445

‌မေလ ၁၄ ရက်၊ ၂ဝ၂၁ ခုနှစ်၊ ‌ကေအိုင်စီ

ကရင်ပြည်နယ်၊ ကြာအင်းဆိပ်ကြီးမြို့နယ် ပညာ‌ရေးဌာနမှ ဝန်ထမ်း ၂ဝဝ ‌ကျော်အား ခွင့်စည်းကမ်းနှင့် တာဝန်ချိန် ပျက်ကွက်မှု ‌ကြောင့် ဝန်ထမ်းနည်းဥပ‌ဒေအရ ၎င်းတို့ကို တာဝန်မှ ယာယီရပ်ဆိုင်းလိုက်‌ကြောင်း ပြည်နယ်ညွှန်ကြား‌ရေးမှူး လက်မှတ်ဖြင့် ‌မေလ ၁၁ ရက်‌နေ့က အသိ‌ပေးထုတ်ပြန်လိုက်‌ကြောင်း သိရသည်။

အ‌ခြေခံပညာ‌ကျောင်းများမှ သင်ကြား စီမံဝန်ထမ်း ၂၀၂ ဦးကို နိုင်ငံဝန်ထမ်း နည်းဥပ‌ဒေ ၁၇ဝ (က) အရ တာဝန်မှ ယာယီ ရပ်ဆိုင်းလိုက်ခြင်းဖြစ်ပြီး တာဝန်ရပ်ဆိုင်းခံရသူများအ‌နေဖြင့် ပညာ‌ရေးဌာနသို့ သွား‌ရောက်‌ဖြေရှင်းချက် ‌ပေးရမည်ဟု အမည်မ‌ဖော်လိုသည့် ‌ကျောင်းဆရာတစ်ဦးက ‌မေလ ၁၃ ရက်‌နေ့ ‌ကေအိုင်စီ သို့‌ပြောသည်။

“ တာဝန်ပျက်ကွက်လို့ ရပ်ဆိုင်းခိုင်းလိုက်တယ်လို့ ‌ပြောတာပဲ။ CDM ဝင်ထားပြီးကတည်းက လစာလည်း မယူ‌တော့ဘူး။ ရုံး လည်းမသွား၊ လက်မှတ်လည်း မထိုး‌တော့ဘူး‌လေ။ ဒီလိုဖြစ်လာမယ်ဆိုတာ ကြို‌တွေးထားပြီးသားပါ။ ‌နောက်ပြန်ဆုတ်ဖို့ မရှိ ‌တော့ဘူး။ လူထုအာဏာ လူထုလက်ထဲပြန်‌ရောက်ဖို့ ‌မြေဖြူကိုင်တဲ့လက်‌တွေနဲ့ ‌ရှေ့ဆက်‌တော်လှန်သွားမယ်” ဟု တာဝန်မှ ရပ်ဆိုင်းခံရသူ ‌ကျောင်းဆရာ ‌စောထိခလိတ်က ‌ကေအိုင်စီသို့ ‌ပြောသည်။

ကြာအင်းဆိပ်ကြီးမြို့နယ်တွင် CDM ဝင်ထားသည့် ပညာ‌ရေးဝန်ထမ်း ၅ဝဝ ‌ကျော်ရှိပြီး အခက်အခဲအမျိုးမျိုး‌ကြောင့် အချို့မှာ ပြန်လည်ပြီး တာဝန်ထမ်း‌ဆောင်ကြသူများရှိသလို ဖမ်းဝရမ်းထုတ်ခံရခြင်းနှင့် ထွက်‌ပြေးတိမ်း‌ရှောင်‌နေရသူများလည်း ရှိ‌ကြောင်း CDM ဝင်သူများ ကူညီ‌စောင့်‌ရှောက်‌ရေးအဖွဲ့ထံမှ သိရသည်။