မွန်ပြည်နယ်၊ သထုံခရိုင် ၊ သထုံမြို့နယ်၊ ပိန္နဲတောကျေးရွာအနီး တလာအောဖိုးကလားတွင် KNU ကရင်မျိုးသားအစည်းအရုံး၏ ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် တပ်မဟာ ၁၊ တပ်ရင်း ၂ တပ်ဖွဲ့နှင့် စစ်ကောင်စီတပ်တို့အကြား ယနေ့ ( ဧပြီ ၂ရက်) ည ၈နာရီခန့်တွင် ပစ်ခတ်မှု ဖြစ်ပွားခဲ့သည်ဟု ဒေသခံရွာသားတစ်ဦးက ကေအိုင်စီသို့ ပြောသည်။
အဆိုပါ ရွာသားက တလာအောဖိုးကလားမှာဖြစ်တယ်။ လက်နက်ကြီးလက်နက်ငယ်တွေနဲ့ ပစ်တယ်။ မိနစ် ၂၀လောက်ဖြစ်တယ်။ လက်နက်ကြီးတွေနဲ့ ရွာတွေမှာ လှမ်းထုတာ နေအိမ်များထိလားမသိဘူး) ဟု ကေအိုင်စီသို့ ပြောသည်။
ယခုလ ဧပြီ ၁ရက်နေ့မှ ၃ဝရက်နေ့အထိ တလတာ အပစ်အခတ်ရပ်စဲမည်ဟု ပြီးခဲ့သည့် မတ်လ ၃၁ရက်နေ့တွင်စစ်ကောင်စီက သတင်းထုတ်ပြန်ထားသည်။
–



















