Home သတင်း KNU တပ်မဟာ(၅) ထုတ်ပြန်ချက်အ‌ပေါ် စာနာ‌ကြောင်း CRPH သ‌ဘောထားထုတ်ပြန်

KNU တပ်မဟာ(၅) ထုတ်ပြန်ချက်အ‌ပေါ် စာနာ‌ကြောင်း CRPH သ‌ဘောထားထုတ်ပြန်

1674

ဧပြီ ၂ရက်၊ ၂၀၂၁ခုနှစ်။ ‌ကေအိုင်စီ

မတ်လ ၃ဝရက်‌နေ့က ထုတ်ပြန်ခဲ့သည့် ကရင်အမျိုးသားအစည်းအရုံး-KNU တပ်မဟာ(၅)၊ မူ‌တြော်(ဖာပွန်)ခရိုင် ထုတ်ပြန်ချက်နှင့်ပတ်သက်ပြီး နာလည်းစာနာ‌ကြောင်း ပြည်‌ထောင်စု လွှတ်‌တော်ကိုယ်စားပြု ‌ကော်မတီ(CRPH) က ယ‌နေ့ (ဧပြီ ၂) ရက်စွဲဖြင့် သ‌ဘောထားထုတ်ပြန်ခဲ့သည်။

အကြမ်းဖက် စစ်‌ကောင်စီ၏ မတ်လ ၂၇ရက်‌နေ့ညမှစ၍ ၃ဝ ရက်‌နေ့အထိ ဆိုးရွာ‌သော ‌လေ‌ကြောင်း တိုက်ခိုက်ခံရမှု နှင့်ပတ် သက်ပြီး မတ်လ ၃ဝ ရက်‌နေ့ က ထုတ်ပြန်‌သော KNU ထုတ်ပြန်ချက်အ‌ပေါ် CRPH မှ ယခုလို စာနာ‌ကြောင်း သ‌ဘောထား ထုတ်ပြန်ခြင်းဖြစ်သည်။

မတ်လ ၂၇ရက်‌နေ့မှစ၍ KNUနယ်‌မြေအတွင်း ‌နေ့စဉ်ရက်ဆက် ဗုံးကြဲတိုက်ခိုက်ခံရမှု‌ကြောင့် အရပ်သား ထိခိုက် ‌သေဆုံးရမှု နှင့် စစ်‌ဘေးဒုက္ခကြုံ‌တွေ့သည့် အရပ်သားများ ‌တော‌တောင်ထဲတွင် လိုက်လံ ပုန်း‌ရှောင်‌နေရမှုအ‌ပေါ် ဝမ်းနည်းမိ‌ကြောင်း CRPHက ဆိုသည်။

ထို့အပြင် အကြမ်းဖက်စစ်‌ကောင်စီစ၏ ညအချိန် အမျိုးသမီးများ၊ သက်ကြီးရွယ်အိုများ၊ က‌လေးများ အပါအဝင် အပြစ်မဲ့ပြည်သူများအား သတ်ဖြတ်ရန်၊ အန္တရာယ်ပြုရန်၊ အကြမ်းဖက်ရန် အားထုတ်မှု ပြင်းထန်စွာ ရှုတ်ချ‌ကြောင်း ဆိုခဲ့ပြီး မြန်မာပြည်သူများ၊ အိမ်နီးချင်းနိုင်ငံများအပါအဝင် နိုင်ငံတကာ မိသားစုများအ‌နေဖြင့် စစ်‌ကြောင့်ထိခိုက် ခံစားခဲ့ရသူများအတွက် လူသားချင်းစာနာ ‌ထောက်ထားမှု အကူအညီများ ‌ပေးအပ်ရန်လည်း ‌မေတ္တာရပ်ခံခဲ့ သည်။

KNUတပ်မဟာ (၅) အ‌နေဖြင့် ၎င်းတို့၏ နယ်‌မြေ၊ ကရင်လူထုနှင့် ကိုယ်ပိုင်ဆုံးဖြတ်ခွင့်ကို ကာကွယ်ရန် အကြမ်းဖက်စစ်‌ကောင်စီကို ရင်ဆိုင်သွားမည် ဆိုသည့် ထုတ်ပြန်ချက်ပါ ‌ဖော်ပြချက်အ‌ပေါ်တွင်လည်း CRPH အ‌နေဖြင့် ‌ကောင်းစွာနားလည်သ‌ဘော ‌ပေါက်‌ကြောင်း ၎င်းတို့၏ ထုတ်ပြန်ချက်၌ ဆက်လက်‌ဖော်ပြထားသည်။

KNU တပ်မဟာ (၅)အ‌နေဖြင့် ၎င်းတို့နယ်‌မြေသို့ အရပ်‌လေးမျက်နှာမှ အကြမ်းဖက်စစ်‌ကောင်စီတပ်များ ဝင်‌ရောက်ကျူး‌ကျော်လာပြီးဖြစ်‌ကြောင်း ၎င်းတို့၏ နယ်‌မြေ၊ လူထု နှင့် ကိုယ်ပိုင်ဆုံးဖြတ်ခွင့်ကို ကာကွယ်ရန် အကြမ်းဖက်စစ်‌ကောင်စီကို ရင်ဆိုင်သွားရန်မှ တပါး ‌ရွေးချယ်စရာမရှိ‌ကြောင်း မတ်လ ၃ဝ ရက်‌နေ့ ထုတ်ပြန် ချက်၌ ဆိုထားသည်။

CRPH အ‌နေဖြင့် လူသားမျိုးနွယ်များအ‌ပေါ် ရာဇဝတ်မှု ကျူးလွန်လျက်ရှိသည့် စစ်အုပ်စုအား ဆန့်ကျင်‌ရေးနှင့် ဖက်ဒရယ်ဒီမိုက ‌ရေစီပြည်‌ထောင်စု တည်‌ဆောက်နိုင်‌ရေး ရည်ရွယ်ပြီး ညီ‌နောင် တိုင်းရင်းသား အင်အားစုများ အားလုံးနှင့် လက်တွဲ ကြိုးပမ်းသွားမည်ဖြစ်‌ကြောင်းလည်း ထပ်‌လောင်း‌ဖော်ပြထားသည်။

မတ်လ ၂၇‌နေ့က အကြမ်းဖက် စစ်‌ကောင်စီ၏ သီးမူထာ အ‌ခြေစိုက် စခန်းကို KNU တပ်မဟာ (၅)မှ တိုက်ခိုက် သိမ်းပိုက်ပြီး‌နောက် ထို‌နေ့ ညပိုင်းတွင် စစ်‌ကောင်စီတပ်ဖွဲ့ဝင်များမှ ‌လေ‌ကြောင်းဖြင့် စတင် ဗုံးကြဲ တိုက်ခိုက် ခဲ့သည်။ အလားတူ တပ်မဟာ (၃) နယ်‌မြေပါ ဗုံးကြဲ တိုက်ခိုက်ခံခဲ့ရပြီး မတ်လ ၃ဝ ရက်‌နေ့အထိ အရပ်သား ၂ဝဦးခန့် ‌သေဆုံးခဲ့ပြီး အများအပြားထိခိုက်ဒဏ်ရာရရှိခဲ့ကာ တစ်‌သောင်း‌ကျော် အိုးအိမ်စွန့်ခွာ ထွက်‌ပြေး ‌နေကြ ရသည်။

ယခင် NLDပါတီ အစိုးရ လက်ထက်တွင် ဖြစ်‌ပေါ်ခဲ့သည့် ရခိုင်အပါအဝင် တိုင်းရင်းသား‌ဒေသအတွင်း စစ်တပ် ၏ တိုက်ခိုက်မှုနှင့် အရပ်သားထိခိုက်‌သေဆုံးမှု ရှိခဲ့ခြင်းအ‌ပေါ် တစ်စုံတစ်ရာ သ‌ဘောထား ထုတ်ပြန်ခဲ့ဖူးခြင်းမရှိ ‌သော်လည်း လက်ရှိ ၂၀၂ဝ ‌ရွေး‌ကောက်ပွဲမှ အနိုင်ရ NLD လွှတ်‌တော်ကိုယ်စားလှယ်အများစုဖြင့် ဖွဲ့စည်းထား သည့် CRPHမှ ပထမဦးဆုံး စာနာ‌ကြောင်းသ‌ဘောထား ထုတ်ပြန်ခြင်းဖြစ်သည်။