Home သတင်း မြဝတီမြို့ ထိုင်း-မြန်မာ အမှတ် ၂ တံတား‌အောက် ဗုံး‌ပေါက်ကွဲမှုဖြစ်ပွား၍ ရဲတပ်သား ၁ ဦးဒဏ်ရာရ

မြဝတီမြို့ ထိုင်း-မြန်မာ အမှတ် ၂ တံတား‌အောက် ဗုံး‌ပေါက်ကွဲမှုဖြစ်ပွား၍ ရဲတပ်သား ၁ ဦးဒဏ်ရာရ

1851

ဧပြီလ ၂ ရက် ၂၀၂၁ခုနှစ်။ ‌ကေအိုင်စီ

ကရင်ပြည်နယ် မြဝတီမြို့ အမှတ် ၅ ရပ်ကွက် ‌ရေပူရွာအနီးရှိ ထိုင်း-မြန်မာ အမှတ် ၂ ချစ်ကြည်‌ရေး တံတား‌အောက်‌နေရာတွင် ဗုံး‌ပေါက်ကွဲမှုဖြစ်ပွားခဲ့ပြီး ရဲတပ်သားတစ်ဦး ထိခိုက်ဒဏ်ရာ ရရှိခဲ့‌ကြောင်း သိရသည်။

ယ‌နေ့ ဧပြီလ ၂ ရက် ည ၇း၃ဝ အချိန်ခန့် မြဝတီမြို့ ထိုင်း-မြန်မာ အမှတ် ၂ ချစ်ကြည်‌ရေးတံတား ‌အောက်ရှိ ရဲကင်းစခန်းကို ဆိုင်ကယ်စီး လူ နှစ်‌ယောက်က လက်ပစ်ဗုံး နဲ့ ပစ်‌ပေါက်သွားခဲ့ခြင်းဖြစ်သည်ဟု ဆိုကြသည်။

အဆိုပါ ဗုံး‌ပေါက်ကွဲမှု‌ကြောင့် ရဲတပ်သားတစ်ဦး ညာ လက်ပြင် ဗုံးစထိမှန် ဒဏ်ရာ (မစိုးရိမ်ရ)ရရှိခဲ့သဖြင့် သကင်္န်းညီ‌နောင်စစ်‌ဆေးရုံတွင် ‌ဆေးဝါးကုသမှု ခံယူ‌နေ‌ကြောင်း ရဲသတင်းဌာနနှင့် နီးစပ်သူတစ်ဦးထံမှ သိရသည်။

ထိုသို့ အလားတူပင် ယ‌နေ့ ဧပြီလ ၂ ရက် ည ၇ နာရီဝန်းကျင်ခန့်က မြဝတီမြို့ ဘုရင့်‌နောင်‌ဈေးကုန်းအနီး နှင့် အမှတ် ၃ ရပ်ကွက် ဓိဌာန်‌အောင် ဘုရားကုန်းအနီးတို့တွင်လည်း ဗုံး‌ပေါက်ကွဲသံကဲ့သို့ ကျယ်‌လောင်‌သော‌ပေါက်ကွဲသံ တစ်ချက်စီ ကြားလိုက်ရ‌ကြောင်း မြို့ခံပြည်သူများက ‌ပြောဆို‌နေကြသည်။
#KIC.