Home သတင်း စစ်‌ကောင်စီတပ်မှ လက်နက်ကြီး ရမ်းသမ်းပစ်ခတ်မှု‌ကြောင့် ထိခိုက်ဒဏ်ရာရမှုနှင့် ပျက်စီးမှုရှိဟု KNU သတင်းထုတ်ပြန်

စစ်‌ကောင်စီတပ်မှ လက်နက်ကြီး ရမ်းသမ်းပစ်ခတ်မှု‌ကြောင့် ထိခိုက်ဒဏ်ရာရမှုနှင့် ပျက်စီးမှုရှိဟု KNU သတင်းထုတ်ပြန်

2180
Photo: စစ်အာဏာရှင် အလိုမရှိ‌ကြောင်း ပြီးခဲ့သည့် ‌ဖေ‌ဖော်ဝါရီလတုန်းက ဆန္ဒထုတ်‌ဖော်ကြသည့် သထုံခရိုင်မှ ‌ဒေသခံ ကရင်တိုင်းရင်းသားများ။ Photo__CJ

ဧပြီ ၃ ရက်၊ ၂၀၂၁ခုနှစ်။ ‌ကေအိုင်စီ

‌ကေအဲန်ယူ- ကရင်အမျိုးသားအစည်းအရုံး သထုံခရိုင် နယ်‌မြေအတွင်း စစ်‌ကောင်စီတပ် လက်‌အောက်ခံ (စကခ-၈) ‌ရှေ့တန်းတပ်မဌာနချုပ်မှ ဧပြီ ၂ ရက် ည ၈နာရီတွင် ပြည်သူများ‌နေထိုင်ရာ‌ဒေသများသို့ လက် နက်ကြီး (၁၂ဝ မမ) (၅)လုံးဖြင့် ရမ်းသမ်းပစ်ခတ်မှု‌ကြောင့် ‌ဒေသခံရွာသူ တစ်ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ပြီး လူ‌နေအိမ်၊ ‌ကျေးလက်‌ဆေး‌ပေးခန်းများ ပျက်စီးဆုံးရှုံးခဲ့သည်ဟု ‌ကေအဲန်ယူ ပြန်ကြား‌ရေးဌာန သူး‌လေသတင်းစဉ်က သတင်းထုတ်ပြန်ခဲ့သည်။

အဆိုပါ ရမ်းသမ်းပစ်ခတ်မှု‌ကြောင့် သထုံမြို့နယ် မတ်ချ‌ကျေးနယ်အုပ်စု၊ ဖာပိန်‌ကျေးရွာမှ အသက်(၂၈)နှစ်ရှိ ရွာသားတစ်ဦး၏ ‌နောက် ‌ကျောလက်ပြင်အား လက်နက်ကြီး အပိုင်းအစ ထိမှန်ခဲ့ပြီး ‌ကျောက်‌တောင်‌ကျေးနယ်အုပ်စု၊ ‌ကျောက်‌တောင်ရွာ‌လေး ရွာရှိ ‌ဆောက်လုပ်‌နေဆဲ လူ‌နေအိမ်တစ်လုံး၏ ‌ခေါင်မိုးမှာလည်း လက်နက်ကြီးထိမှန်ကာ ပျက်စီးသွားခဲ့သည်ဟု ဆိုသည်။

၎င်းအပြင် ‌ကျောက်‌တောင်ရွာ‌လေးရှိ ‌ကေအဲန်ယူ- ကျန်းမာ‌ရေးနှင့်ကယ်ဆယ်‌ရေးဌာနမှ ပြည်သူများအား ကျန်းမာ‌ရေးဝန်‌ဆောင်မှု‌ပေးလျက်ရှိသည့် ‌ကျောက်‌တောင်ရွာ‌လေး ‌ကျေးလက်‌ဆေး‌ပေးခန်း အ‌ဆောက်အဦး၏ ‌ခေါင်မိုး၊ နံရံ၊ ပစ္စည်းကိရိယာများမှာလည်း လက်နက်ကြီးထိမှန်မှု‌ကြောင့် ပျက်စီးဆုံးရှုံးမှုများရှိခဲ့သည်။ ထိုဖြစ်စဉ်‌ကြောင့် ‌ဒေသမှ ‌ဒေသခံများမှာ ထိတ်လန့်‌ကြောက်ရွံ့‌နေ‌ကြောင်းလည်း သူး‌လေသတင်းစဉ်တွင် ‌ဖော်ပြထားသည်။

ယခုလ ဧပြီ ၁ ရက်မှ ၃ဝရက်‌နေ့အထိ တလတာ အပစ်အခတ်ရပ်စဲ‌ကြောင်း ပြီးခဲ့သည့် မတ်လ ၃၁ ရက်‌နေ့တွင် စစ်‌ကောင်စီဘက်က သတင်းထုတ်ပြန်ထားသည်။