Home ဆောင်းပါး အ‌ရေး‌တော်ပုံကြီး မဖြစ်မ‌နေ ‌ပေါင်းစပ်ရမယ့်အရာဟာ ဘာဖြစ်မလဲ

အ‌ရေး‌တော်ပုံကြီး မဖြစ်မ‌နေ ‌ပေါင်းစပ်ရမယ့်အရာဟာ ဘာဖြစ်မလဲ

1807

အ‌ရေး‌တော်ပုံကြီး မဖြစ်မ‌နေ ‌ပေါင်းစပ်ရမယ့်အရာဟာ ဘာဖြစ်မလဲ

‌မောင်‌ကျော်စွာ

(၂၀၂၁ခုနှစ်၊ မတ်လ ၂၁ရက်)

ယခင်တစ်ပတ်က ‌ဆောင်းပါးမှာ အ‌ရေး‌တော်ပုံကြီးဘယ်ကို ဦးတည်‌နေသလဲဆိုတဲ့ အလားအလာကို သိရှိသမျှ အချက်အလက်များအ‌ပေါ် အ‌ခြေခံပြီး သုံးသပ်တင်ပြခဲ့ပါတယ်။ ယခုတစ်ပတ်မှာလည်း အ‌ရေး‌တော်ပုံကြီး ဦးတည်‌နေ တဲ့ အလားအလာဟာ ယခင်ကထက် ပိုမို ရုပ်လုံးကြွ ‌ပေါ်လွင်လာတာနဲ့ အ‌ရေး‌တော်ပုံကြီးအတွင်းက သတိပြုမိတဲ့ ဖြစ် ရပ်‌တွေကို သုံးသပ် ‌ဖော်ပြ‌ရေးသားတင်ပြပါရ‌စေ။

ကျ‌နော်တို့တိုင်းပြည်မှာ ပြည်သူတစ်ရပ်လုံးက အုံကြွပါဝင်တဲ့ အ‌ရေး‌တော်ပုံကြီး‌တွေ ‌ပေါ်‌ပေါက်ဖြစ်ပွား‌လေ့ ရှိပါတယ်။ ဒီအချက်က ဘာကို အထင်အရှား ပြသ‌နေသလဲဆို‌တော့ ဖိနှိပ်မှု‌တွေ၊ ‌သွေးစုပ်မှု‌တွေ၊ အနိုင်ကျင့်မှု‌တွေ၊ မတရားမှု‌တွေ ရှိ‌နေတယ်။ ဒါ‌တွေကို ပြည်သူ‌တွေက ငုံ့မခံဘဲ အုံကြွ‌တော်လှန်‌လေ့ရှိတယ်ဆိုတဲ့ အချက်ကို ‌ဖော်ပြ‌နေပါ တယ်။

သမိုင်းကို ပြန်‌ပြောင်းကြည့်တဲ့အခါ ကိုလိုနီ‌ခေတ် ၁၉၃၈ခုနှစ်မှာ ‌ပေါ်‌ပေါက်ခဲ့တဲ့ ၁၃၀ဝပြည့် အ‌ရေး‌တော်ပုံ ကြီး၊ မဆလတစ်ပါတီ အာဏာရှင်စနစ်‌ခေတ် ၁၉၈၈ခုနှစ်မှာ ‌ပေါ်‌ပေါက်ခဲ့တဲ့ ရှစ်‌လေးလုံးအ‌ရေး‌တော်ပုံကြီး (၁၉၈၈ ဒီမို က‌ရေစီ အ‌ရေး‌တော်ပုံကြီး)နဲ့ ယခုလက်ရှိစစ်အုပ်စုရဲ့ ၂၀၀၈အ‌ခြေခံဥပ‌ဒေ‌အောက်မှာ အရှိန်အဟုန်ပြင်းစွာနဲ့ ‌ပေါ်‌ပေါက် ‌နေတဲ့ ပြည်သူ့အ‌ရေး‌တော်ပုံကြီး (၂၀၂၁ ခုနှစ်၊ ‌ဖေ‌ဖော်ဝါရီ) တို့ပဲဖြစ်ပါတယ်။

၁၃၀ဝပြည့်အ‌ရေး‌တော်ပုံကြီးက‌တော့ ဒုတိယကမာ္ဘစစ်ကြီးနဲ့အတူ တိုင်းပြည်လွတ်လပ်‌ရေးအထိ ဦးတည်သွား နိုင်ခဲ့ပါတယ်။ အကြမ်းဖျင်းအားဖြင့် ၁၃၀ဝပြည့်အ‌ရေး‌တော်ပုံကြီး ဖြစ်ပွားပြီးတဲ့‌နောက် ၁ဝနှစ်အကြာ ၁၉၄၈ခုနှစ်မှာ ကိုလိုနီလက်‌အောက်က‌နေ လွတ်လပ်‌ရေးရရှိခဲ့ပါတယ်။

၁၉၈၈ခုနှစ် ရှစ်‌လေးလုံးအ‌ရေး‌တော်ပုံကြီးက‌တော့ ၂၆နှစ် အုပ်စိုး‌နေခဲ့တဲ့ ဗိုလ်‌နေဝင်းစစ်အုပ်စုရဲ့ (မဆလ) ပါတီနဲ့ ၁၉၇၄ အ‌ခြေခံဥပ‌ဒေကို နိုင်ငံ‌ရေးစင်မြင့်‌ပေါ်က‌နေ ကန်ချနိုင်ခဲ့ကြ‌ပေမယ့် ဗိုလ်‌စော‌မောင် – ဗိုလ်ခင်ညွှန့် စစ်အုပ်စုက အ‌ရေး‌တော်ပုံကြီးကို အကြမ်းဖက်‌ချေမှုန်းအပြီး (နဝတ-နအဖ) စစ်အာဏာရှင်စနစ်ကို ပြည်သူတို့ ရင်ဆိုင် ခဲ့ကြရပြန်ပါတယ်။ ‌ပြောရမယ်ဆိုရင် ၁၉၈၈ အ‌ရေး‌တော်ပုံကြီးဟာ ဗိုလ်‌နေဝင်းစစ်အုပ်စု၊ (မဆလ)ပါတီ၊ ၁၉၇၄ အ‌ခြေ ခံဥပ‌ဒေတို့ကို ဖယ်ရှားဖျက်သိမ်းပစ်နိုင်ခဲ့‌ပေမယ့် စစ်မှန်တဲ့ပါတီစုံစနစ်နဲ့ စစ်မှန်တဲ့ ပြည်‌ထောင်စုတည်‌ဆောက်‌ရေးအ ထိ တချီထဲ တချိုးထဲ ‌အောင်ပွဲပန်းတိုင်အ‌ရောက် ဆက်လက် ချီတက်နိုင်ခဲ့ခြင်း မရှိခဲ့ပါ။

ဒါ‌ကြောင့် ယခု ၂၀၂၁ခုနှစ် ‌ဖေ‌ဖေါ်ဝါရီလဆန်းပိုင်းမှာ စတင်‌ပေါက်ကွဲအုံကြွလာတဲ့ (CDM) ပြည်သူ့လှုပ်ရှားမှုနဲ့ အစချီခဲ့တဲ့ လူတန်းစားလူ့အလွှာအသီးသီး တခဲနက် အုံကြွပါဝင်‌နေကြတဲ့ ပြည်သူ့အ‌ရေး‌တော်ပုံကြီးဟာ ၁၉၈၈ အ‌ရေး ‌တော်ပုံကြီးရဲ့ မပြီးပြတ်‌သေးတဲ့ သမိုင်း‌ပေးတာဝန်ကို ဆက်လက် သယ်ပိုးထမ်း‌ဆောင်တာပါလို့‌ပြောရရင်လည်း ရနိုင် ပါလိမ့်မယ်။

ဒီက‌နေ့ ဖြစ်ပွား‌နေတဲ့ အ‌ရေး‌တော်ပုံကြီးမှာ ‌ဖော်ပြ‌နေတဲ့အချက်အလက်များ ဖြစ်ရပ်များအနက် အထင်ရှား ဆုံး အ‌ပေါ်လွင်ဆုံး အချက် ၃ချက်က‌တော့ အ‌ရေး‌တော်ပုံကြီးရဲ့ ဦးတည်ရန်သူ၊ အ‌ရေး‌တော်ပုံကြီးရဲ့ ခိုင်မာပြတ်သား တဲ့ သန္နိဋ္ဌာန်နဲ့ အ‌ရေး‌တော်ပုံကြီးရဲ့ နယ်ပယ်အတိုင်းအတာကျယ်ပြန့်မှုတို့ပဲ ဖြစ်တယ်လို့ ကျ‌နော်က ယူဆပါတယ်။

– အ‌ရေး‌တော်ပုံကြီးရဲ့ ဦးတည်ရန်သူ – “ ဗိုလ်မင်း‌အောင်လှိုင် အကြမ်းဖက်အဖွဲ့”
– အ‌ရေး‌တော်ပုံကြီးရဲ့ ခိုင်မာပြတ်သားတဲ့သန္နိဋ္ဌာန် – “‌နောက်ဆုတ်လို့မဖြစ်ဘူး ဘာဖြစ်ဖြစ်ရင်ဆိုင်ကြမယ်”
– အ‌ရေး‌တော်ပုံကြီးရဲ့ နယ်ပယ်အတိုင်းအတာ ကျယ်ပြန့်မှု – “‌ဒေသတချို့မှအပ တစ်နိုင်ငံလုံး အတိုင်းအတာ‌ဆောင်မှု” (ပြည်ပနိုင်ငံအသီးသီးမှာ အ‌ခြေစိုက်‌နေကြရတဲ့ သဘာဝမြန်မာနိုင်ငံသားများအထိ ရိုက်ခတ်မှုနဲ့ တက်ကြွစွာ ပါဝင်လာ မှု)

အထက်က တင်ပြချက်‌တွေက အ‌ရေး‌တော်ပုံကြီး ‌ရေခံ‌မြေခံ‌ကောင်း‌တွေနဲ့ အ‌ရေး‌တော်ပုံကြီးက ‌မျှော်မှန်းထား တဲ့ ‌အောင်သီး‌အောင်နှံ‌တွေ ရရှိနိုင်‌စေ‌ရေးမှာ မရှိမဖြစ်လိုအပ်တဲ့ အ‌ခြေခံအချက်အလက်‌ကောင်းများ ဖြစ်ပါတယ်။

ဒါ့အပြင် အ‌ရေး‌တော်ပုံကြီး‌တွေနဲ့ လူထုလှုပ်ရှားမှု‌တွေ ‌ပေါ်‌ပေါက်လာတဲ့အခါ ဘယ်လိုမှ မ‌ရှောင်မလွှဲနိုင်တဲ့ ‌အောက်ပါအချက်‌တွေကိုလည်း ရင်ဆိုင်‌တွေ့ကြုံရတတ်ပါ‌သေးတယ်။

ပထမအချက်က အဖိတ်အစင် အတိုင်းအတာ ပမာဏအားဖြင့် မတူညီ‌စေကာမူ ဘယ်လိုမှ မလွှဲနိုင် မ‌ရှောင်နိုင် ဘဲ ရင်ဆိုင်ကြရစမြဲဖြစ်တဲ့ ‌သွေး‌မြေကျရမှုဖြစ်ပါတယ်။ ဒီ‌ဆောင်းပါး‌ရေးတဲ့‌နေ့ (၂ဝ မတ်)အထိ အကျအဆုံးဟာ (၂၃၃) ‌ယောက် ရှိသွားပြီလို့ “‌နွေဦး‌တော်လှန်‌ရေး အာဇာနည်များ စု‌ပေါင်းမှတ်တမ်း”တစ်ခုက ဆိုပါတယ်။ ထိခိုက်ဒဏ်ရာရရှိ သူ အ‌ရေအတွက်ကလည်း နှစ်‌ထောင်‌ကျော်သွားပြီလို့ သိရပါတယ်။

ဒုတိယအချက်က အာဏာရထားတဲ့ သို့တည်းမဟုတ် အာဏာသိမ်းထားတဲ့ အုပ်စိုးသူလူတန်းစားဟာ သူတို့ အုပ်စိုးမှုအာဏာကို အ‌သေအလဲ ထိန်းသိမ်းကာကွယ်ပြီး အရက်စက်ဆုံး၊ အယုတ်မာဆုံး၊ လူမဆန်နည်းလမ်း‌တွေ အဆက်မပြတ် အသုံးပြုပြီး အ‌ရေး‌တော်ပုံကြီး‌တွေနဲ့ လူထုလှုပ်ရှားမှု‌တွေကို အကြမ်းဖက် ဖြိုခွဲ‌လေ့ရှိတယ်ဆိုတဲ့ အချက်ပါပဲ။

တတိယအချက်က နိုင်ငံ‌ရေးပါတီများ၊ နိုင်ငံ‌ရေးအင်အားစုများ၊နိုင်ငံ‌ရေးလှုပ်ရှားသူများနဲ့ အုပ်စိုးသူ လူတန်းစား ဘက်က အပြန်အလှန် ဘက်‌ပြောင်းမှုပဲဖြစ်ပါတယ်။ ပြည်သူ‌တွေဘက်က အဖိနှိပ်ခံရသူများဘက်က သက်ဆိုင်ရာ လူမျိုးစု‌တွေဘက်က အချိန်ကာလတစ်ခုအထိ ရပ်တည်ခဲ့ကြသူ‌တွေဟာ မူလရပ်တည်ချက်ကို ‌သွေဖီ‌ကျောခိုင်းသွားပြီး အ‌ရေး‌တော်ပုံကြီးကို ‌ကျောခိုင်းသွားပြီး အုပ်စိုးသူလူတန်းစားဘက် ကူး‌ပြောင်းသွားတတ်ကြတာပါပဲ။

အပြန်အလှန် အားဖြင့် အုပ်စိုးသူကို အလုပ်အ‌ကျွေးပြုခဲ့သူတချို့ဟာလည်း အုပ်စိုးသူလူတန်းစားရဲ့ မတရားမှု၊ ရက်စက်ယုတ်မာမှု၊ လူမဆန်မှု‌တွေကို ဆက်လက်သည်းခံနိုင်စွမ်း မရှိ‌တော့ဘဲ ‌ကျောခိုင်းစွန့်ခွာလာပြီး ပြည်သူ‌တွေဘက် အ‌ရေး‌တော်ပုံကြီး ဘက်သို့ ‌ရှေ့ရှု မျက်နှာမူလာကြတဲ့ အ‌ပြောင်းအလဲ‌တွေပဲဖြစ်ပါတယ်။

အထက်ပါ အပြန်အလှန် ဘက်‌ပြောင်းကြတဲ့ အ‌ပြောင်းအလဲနှစ်ခုကိုကြည့်ရင် ‘သစ္စာ‌ဖောက်မှု ၂မျိုး’ကို ‌တွေ့ရ ပါတယ်။ တစ်ခုက ‘ပြည်သူကိုသစ္စာ‌ဖောက်တာ’နဲ့ အခြားတစ်ခုက ‘ဖိနှိပ်အုပ်စိုးသူလူတန်းစားကို သစ္စာ‌ဖောက်တာ’ပါ။ ‘ပြည်သူကိုသစ္စာ‌ဖောက်တာ’က‌တော့ အလင်း‌ရောင်ရှိတဲ့ဘက်က‌နေ မဲ‌မှောင်တဲ့အခြမ်းသို့ မိုက်မိုက်မဲမဲ ကူး‌ပြောင်းသွား တဲ့ ‌ဖောက်ပြန်တဲ့သစ္စာ‌ဖောက်မှု ဖြစ်ပါတယ်။ ‘ဖိနှိပ်အုပ်စိုးသူ လူတန်းစားကို သစ္စာ‌ဖောက်တာ’က‌တော့ ကြိုဆိုအပ်တဲ့ သစ္စာ‌ဖောက်မှု (ဝါ) အမှားနဲ့အ‌မှောင်ကို သိမြင်သ‌ဘော‌ပေါက်လာပြီး အမှန်နဲ့ အလင်းဘက်သို့ ကူး‌ပြောင်းလာမှု ဖြစ်ပါ တယ်။

ပြည်သူကို သစ္စာ‌ဖောက်‌ကျောခိုင်းတဲ့ အလင်း‌ရောင်ရှိတဲ့ဘက်က‌နေ မဲ‌မှောင်ညစ်ညမ်းတဲ့ဘက်သို့ မိုက်မိုက်မဲမဲ ကူး ‌ပြောင်းသွားတဲ့ ‌ဖောက်ပြန်‌ရေးရဲ့ ယ‌နေ့လက်‌တွေ့သာဓက‌တော့ ‘မန်းငြိမ်း‌မောင် – Jeng Phang ‌နော်‌တောင် – ‌အေးနုစိန် – စိုင်းလုံးဆိုင် – ‌စောဒန်နီယယ် – ဗညာ‌အောင်မိုး’တို့ရဲ့ လုပ်ရပ်ပဲ ဖြစ်ပါတယ်။

စတုတ္တအချက်က‌တော့ အ‌ရေး‌တော်ပုံကြီး‌တွေရဲ့ အကန့်အသတ်ဖြစ်ပါတယ်။ ‌ရောမဒဏ္ဍာရီလာ လူစွမ်း ‌ကောင်း အာခိလိမှာ ‘ဖ‌နောင့်အားနည်းချက်’ ပါရှိသလို အ‌ရေး‌တော်ပုံကြီး‌တွေမှာလည်း အကန့်အသတ် ပါရှိတတ်ပါ တယ်။ မ‌ကျော်လွှားနိုင်တဲ့ အကန့်အသတ်မျိုး‌တော့ မဟုတ်ပါဘူး။ မှန်ကန်တဲ့အ‌တွေးအ‌ခေါ်၊ ‌ပျော့‌ပြောင်းကျင်လည်တဲ့ ‌ခေါင်း‌ဆောင်မှုနဲ့ လုံ‌လောက်တဲ့ ‌သွေးစည်းညီညွတ်မှုသာရှိရင် အလွယ်တကူ ‌ကျော်လွှားနိုင်တဲ့ အကန့်အသတ်မျိုးသာ ဖြစ် ပါတယ်။

လက်ရှိဆင်နွှဲ‌နေတဲ့ ပြည်သူ့အ‌ရေး‌တော်ပုံကြီးဟာလည်း ‘အကန့်အသတ်ရဲ့လမ်းဆုံလမ်းခွ’ကို ‌ရောက်ရှိ‌နေ တယ်လို့ ကျ‌နော် သုံးသပ်ယူဆထားပါတယ်။ အဲဒါက‌တော့ အ‌ရေး‌တော်ပုံကြီးဟာ မင်း‌အောင်လှိုင်အကြမ်းဖက်အဖွဲ့က မီးကုန်ယမ်းကုန် သတ်ဖြတ်ဖို့ အမိန့်‌ပေး‌စေခိုင်းထားတဲ့ ခါးပိုက်‌ဆောင်တပ်‌တွေရဲ့ အကြမ်းဖက်‌ချေမှုန်းမှုကို လည်စင်းခံ မလား သို့တည်းမဟုတ် အ‌ရေး‌တော်ပုံကြီးရဲ့ လှံသွားအခန်းက ပါဝင်‌နေတဲ့လူငယ်ထုကို မှန်ကန်တဲ့ နိုင်ငံ‌ရေးအ‌တွေးအ ‌ခေါ်နဲ့ လက်နက်တပ်ဆင်‌ပေးမလားဆိုတဲ့ လမ်းဆုံလမ်းခွဖြစ်ပါတယ်။ ‘လှိုင်သာယာ – မုံရွာ – ‌အောင်ပန်း – မူးကမ်းကြီး ‌ကျေးရွာနဲ့ ဖလိုင်း‌တောင်‌ခြေ‌ကျေးရွာ’တို့က ရဲရင့်‌သောဖြစ်ရပ်‌တွေကိုသာ ‌သေနတ်နဲ့ ‌ပေါင်းစပ်‌ပေးလိုက်မယ်ဆိုရင် ဒီက‌နေ့ နိုင်ငံနဲ့အဝန်းပြည်သူ‌တွေအ‌ပေါ် အကြမ်းဖက် ရမ်းကားသတ်ဖြတ်‌နေတဲ့ ခါးပိုက်‌ဆောင်တပ်‌တွေ အမြီးကုပ် သွားကြပါလိမ့်မယ်။

ဆိုလိုချင်တာက‌တော့ ဒီက‌နေ့ အ‌ရေး‌တော်ပုံကြီးကို လက်နက်ကိုင်တိုက်ပွဲနဲ့ ချိန်ကိုက်‌ပေါင်းစပ်‌ပေးနိုင်ဖို့ပါပဲ။ ဒီလိုမှမဟုတ်ဘဲ (UN)အလာ (US)အလာကို လည်ပင်းသစ်ကုလားအုပ်လုပ်ကာ ‌မျှော်‌မော‌နေကြရင်း အချိန်‌နှောင်းသွား မယ်ဆိုရင်‌တော့ အ‌ရေး‌တော်ပုံကြီး ‌ရေစုန်‌မျောကာ ငြိမ်းချမ်းစွာ ဆန္ဒပြခဲ့ကြတဲ့ ပြည်သူ‌တွေကို မင်း‌အောင်လှိုင် အကြမ်းဖက်အဖွဲ့က ရက်ရက်စက်စက် လက်စား‌ချေတာ ခံကြရပါလိမ့်မယ်။

နိဂုံးချုပ် သုံးသပ်ရမယ်ဆိုရင်‌တော့ ဒီက‌နေ့ အ‌ရေး‌တော်ပုံကြီးရဲ့ တက်ကြွရဲရင့်တဲ့အပိုင်းဟာ မှန်ကန်တဲ့ နိုင်ငံ ‌ရေးအ‌တွေးအ‌ခေါ်နဲ့ လက်နက်တပ်ဆင်‌ပေးမှု ဆိုတဲ့ဘက်ကို တိမ်းညွှတ်‌နေတာ အထင်အရှား‌တွေ့မြင်‌နေရသလို ဒါဟာ အ‌ရေး‌တော်ပုံကြီးကို နည်းလမ်းပုံစံသစ်နဲ့ ဆက်လက် သယ်‌ဆောင်ဖြစ်ထွန်း‌စေတာပဲဖြစ်ပါတယ်။

‌အောင်ပွဲနဲ့ ပန်းတိုင်သို့ တစိုက်မတ်မတ် ချီတက်ကြတဲ့လမ်းမှာ ‘ကြံ့ခိုင်မှန်ကန် နိုင်ငံ‌ရေးအ‌တွေးအ‌ခေါ် ‌ခေါင်း ‌ဆောင်မှုနဲ့‌သေနတ် မရှိမဖြစ် လိုအပ်တယ်’ ဆိုတာကို မတူတဲ့အတိုင်းအတာနဲ့ ကျ‌နော်တို့အားလုံးဟာ သ‌ဘော‌ပေါက် နားလည်‌စေတာဟာ ယ‌နေ့အ‌ရေး‌တော်ပုံကြီးက လက်‌တွေ့သင်ကြား‌ပေး‌နေတဲ့ အချက်အလက်‌တွေထဲက တစ်ခုပဲ မဟုတ်ပါလား။