Home ဆောင်းပါး အ‌ရေး‌တော်ပုံကြီး ဘယ်ကို ဦးတည်‌နေသလဲ

အ‌ရေး‌တော်ပုံကြီး ဘယ်ကို ဦးတည်‌နေသလဲ

1578

အ‌ရေး‌တော်ပုံကြီး ဘယ်ကို ဦးတည်‌နေသလဲ

‌မောင်‌ကျော်စွာ

(၂၀၂၁ခုနှစ်၊ မတ်လ ၁၁ရက်)

‌ဖေ‌ဖေါ်ဝါရီလဆန်းပိုင်းက‌နေ စတင်အရှိန်ရလာတဲ့ တိုင်းပြည်နဲ့အဝန်း(CDM) ပြည်သူ့လှုပ်ရှားမှုကြီးနဲ့ လမ်းမ ‌ပေါ်က ဆန္ဒပြပွဲများဟာ အရှိန်အဟုန်‌ကောင်း‌ကောင်းနဲ့ ခြိမ့်ခြိမ့်သဲသဲ ဆက်လက် ဆင်နွှဲ‌နေကြဆဲဖြစ်ပါတယ်။ အပြစ်မဲ့၊ လက်နက်မဲ့ ငြိမ်းချမ်းစွာ ဆန္ဒပြ‌နေတဲ့ ပြည်သူ‌တွေနဲ့ လူငယ်အညွှန့်အဖူး‌လေး‌တွေ (၇၀‌ကျော် ၈ဝနီးပါး) ကျဆုံးခဲ့ကြရ ပါပြီ။ ဆက်ပြီးလည်း ‌သွေး‌မြေကျရမှု‌တွေ၊ ထိခိုက်ဒဏ်ရာရမှု‌တွေ၊ ဖမ်းဆီးနှိပ်စက်ခံရမှု‌တွေ တိုးများလာဖွယ် ရှိ‌နေပါ တယ်။

အ‌ရေအတွက်အားဖြင့် ဘယ်အတိုင်းအတာအထိ ‌သွေး‌မြေကျနိုင်သလဲ ဆိုတဲ့အချက်နဲ့ ဘယ်လိုအ‌ခြေအ‌နေနဲ့ အလားအလာ‌တွေဆီကို ဦးတည် ဆိုက်‌ရောက်သွားနိုင်သလဲဆိုတာကို ‌လေ့လာသုံးသပ်ကြည့်ကြပါစို့။
‘ဘယ်အတိုင်းအတာအထိ ‌သွေး‌မြေကျနိုင်သလဲ’ ဆိုတဲ့အချက်ကို ပထမဦးစွာ ကြည့်ကြရ‌အောင်။ ဒီအချက်က ဒီက‌နေ့ အာဏာသိမ်းစစ်‌ကောင်စီ(SAC)ရဲ့ သ‌ဘောထားနဲ့ လုပ်ရပ်အ‌ပေါ်မှာပဲ လုံးဝ မှီတည်‌နေပါတယ်။ ဗမာပြည် သမိုင်းမှာ ဖြစ်‌ပေါ်ခဲ့ဖူးသမျှ သပိတ်၊ အ‌ရေးအခင်း၊ ဆန္ဒပြပွဲ‌တွေနဲ့ ပြည်သူလူထုတစ်ရပ်လုံး အုံကြွပါဝင်လာတဲ့ အ‌ရေး ‌တော်ပုံကြီး‌တွေ ဆိုတာဟာ လက်နက်မပါ ငြိမ်းချမ်းစွာ စု‌ဝေး စီတန်း လှည့်လည်ခဲ့ကြတာ‌တွေပါ။

သမိုင်းအဆက်ဆက်ကာလကို ပြန်ကြည့်ပါ။ အုပ်စိုးသူ‌တွေက သပိတ်၊ အ‌ရေးအခင်း၊ ဆန္ဒပြပွဲ‌တွေနဲ့ အ‌ရေး ‌တော်ပုံကြီး‌တွေကို ဘယ်တုန်းကမဆို ရင်ဆိုင်‌ဖြေရှင်းရာမှာ တုတ်၊ ဒိုင်း၊ မျက်ရည်ယိုဗုံး၊ ‌ရေအ‌မြောက်၊ ၁၂ ဗို့‌ပြောင်း ‌ချော‌သေနတ်၊ တိုက်ပွဲဝင် ‌မောင်းပြန်‌သေနတ်များနဲ့ စတင်ပစ်ခတ်ပြီး အကြမ်းဖက်‌ချေမှုန်းတယ် ဆိုတဲ့အချက်ကို အထင်အရှား မြင်‌တွေ့ရပါလိမ့်မယ်။

အဓိက သိ‌စေချင်တဲ့အချက်က (တစ်) လက်နက်မဲ့ ငြိမ်းချမ်းစွာ ဆန္ဒပြ‌နေတဲ့ ပြည်သူ‌တွေဘက်က စတင်ပြီး အကြမ်းဖက်ခဲ့တာ မဟုတ်ဘူး။ (နှစ်) ဘယ်‌တော့မဆို အုပ်စိုးသူ‌တွေဘက်က စတင်ပြီး လက်နက်နဲ့ အကြမ်းဖက် ဖိနှိပ် ‌ချေမှုန်းတာကို ပြည်သူ‌တွေက အမြဲတမ်းလိုလို ရင်ဆိုင်ကြရတာ ဖြစ်တယ်ဆိုတဲ့အချက်ပါပဲ။ (သုံး) သပိတ်၊ အ‌ရေးအ ခင်း၊ ဆန္ဒပြပွဲ‌တွေနဲ့ အ‌ရေး‌တော်ပုံကြီး‌တွေကို ရုပ်သံ၊ ‌ရေဒီယို၊ သတင်းစာ‌တွေက‌နေ “မင်းမဲ့စရိုက် ဆူပူ‌သောင်းကျန်းမှု ‌တွေ”လို့ အိုးမဲသုတ်ပြီး မဟုတ်မမှန် လုပ်ကြံချဲ့ကားထားချက်‌တွေနဲ့ သရုပ်ဖျက်‌လေ့ရှိပါတယ်။ (‌လေး) ထိုသို့ အိုးမဲသုတ် သရုပ်ဖျက်ထားတဲ့ အချက်အလက်‌တွေကို အကြိမ်ကြိမ်အဖန်ဖန် ဖြန့်ဖြူးထုတ်လွှင့် ‌ကြေညာပြီး ဒင်းတို့ရဲ့ အကြမ်းဖက် ဖိနှိပ်သတ်ဖြတ်မှု‌တွေနဲ့ လိမ်ညာလှည့်ဖြားမှု‌တွေကို ဖုံးကွယ်ပါတယ်။ (ငါး) သပိတ်၊ အ‌ရေးအခင်း၊ ဆန္ဒပြပွဲ‌တွေနဲ့ အ‌ရေး‌တော်ပုံကြီး‌တွေ ပြိုကွဲသွား‌အောင် မဟုတ်မမှန် လုပ်ကြံသတင်း‌တွေ၊ ဘာသာ‌ရေး လူမျိုး‌ရေး မှိုင်းတိုက်မှု‌တွေ စတဲ့ ‌ကောလဟလမျိုးစုံကို အဆက်မပြတ် အ‌မြောက်များ လွှင့်ထုတ်ပြီး ‌သွေးခွဲသပ်လျှို‌လေ့ရှိတယ်။

အထက်မှာ တင်ပြချက်တဲ့ အချက် ၅ချက်စလုံးကို ယခင့်ယခင်က ‌ပေါ်‌ပေါက်ဖြစ်ပွားခဲ့ဖူးတဲ့ သပိတ်၊ အ‌ရေး အခင်း၊ ဆန္ဒပြပွဲ‌တွေနဲ့ အ‌ရေး‌တော်ပုံကြီး‌တွေမှာ (စာ‌တွေ့‌ရော/ ငါ‌တွေ့ပါ) ‌တွေ့ရှိခဲ့ကြရဖူးသလို ယခုလတ်တ‌လော တိုင်းပြည်နဲ့အဝန်း အရှိန်အဟုန်ပြင်းစွာနဲ့ ဖြစ်ပွား‌နေတဲ့ (CDM) ပြည်သူ့လှုပ်ရှားမှု အ‌ရေး‌တော်ပုံကြီးမှာလည်း အဆိုပါ အချက် ၅ချက်စလုံးကို ‌နေ့စဉ်နဲ့အမျှ ‌တွေ့မြင်‌နေရပါတယ်။

ဘယ်အချိန်၊ ဘယ်ကာလထက်မဆို ပိုပြီး မြင်သာထင်ရှား သိသာတဲ့အချက် ၂ချက်က‌တော့ ဗိုလ်မင်း‌အောင် လှိုင် ဦးစီးတဲ့ အာဏာသိမ်းစစ်‌ကောင်စီ(SAC)ရဲ့ တစ်လက်ကိုင် သတင်းမီဒီယာ‌တွေရဲ့ ‌ဗြောင်ကျတဲ့ လိမ်ညာလှည့်ဖြား မှု‌တွေနဲ့ ခါးပိုက်‌ဆောင်တပ်‌တွေဖြစ်တဲ့ ရဲ၊ လုံထိန်း၊ စစ်တပ်တို့ရဲ့ လူမဆန်တဲ့ ရိုက်နှက်ပစ်ခတ် သတ်ဖြတ်‌နေတဲ့ အကြမ်းဖက်မှု‌တွေပါပဲ။

အဲဒီလို အင်မတန်‌ဗြောင်ကျလွန်းတဲ့ အကြမ်းဖက်မှု‌တွေကို လက်ရဲဇက်ရဲ ကျူးလွန်‌နေတာ‌ကြောင့် အာဏာ သိမ်းစစ်‌ကောင်စီ(SAC)ကို ပြည်‌ထောင်စုလွှတ်‌တော်ကိုယ်စားပြု‌ကော်မတီ(CRPH)က “အကြမ်းဖက်အဖွဲ့”လို့ သတ် မှတ်‌ကြေညာခဲ့ပါတယ်။ ဒီလိုသတ်မှတ်‌ကြေညာတာဟာ အင်မတန်မှ ‌ကြောင်းကျိုးဆီ‌လျော်ပြီး ဆန္ဒပြပြည်သူ‌တွေ လက်‌တွေ့ရင်ဆိုင်ကြုံ‌တွေ့‌နေရတဲ့ ဘဝခံစားချက်နဲ့လည်း လုံးလုံးလျားလျား ထပ်တူကျပါတယ်။

ဒီ‌တော့ ‘အ‌ရေအတွက်အားဖြင့် ဘယ်အတိုင်းအတာအထိ ‌သွေး‌မြေကျနိုင်သလဲ’ ဆိုတဲ့အချက်ဟာ အာဏာ သိမ်းစစ်‌ကောင်စီ (SAC) အ‌ပေါ်မှာသာ တည်မှီ‌နေပါတယ်။ ကျ‌နော်တို့က‌တော့ ပြည်သူ‌တွေရဲ့ ‌သွေးတစ်စက် အသက် တစ်‌ချောင်းမျှ အဖိတ်အစင် မရှိ‌စေချင်ပါဘူး။ မကျဆုံး‌စေချင်ပါဘူး။ ဒါက ကျ‌နော်တို့ ပြည်သူ‌တွေအားလုံးရဲ့ အရင်းခံ ဆန္ဒပါ။

ဒါဆိုရင် ‘ဘယ်လိုအ‌ခြေအ‌နေနဲ့ အလားအလာ‌တွေဆီကို ဦးတည်ဆိုက်‌ရောက်သွားနိုင်သလဲ’ ဆိုတဲ့အချက်ကို ဆက် ပြီးကြည့်ကြရ‌အောင်။
ဒီအချက်မှာလည်း အထက်ကတင်ပြခဲ့တဲ့ အချက်လိုပါပဲ။ ဗိုလ်မင်း‌အောင်လှိုင် အာဏာသိမ်းစစ်‌ကောင်စီ(SAC) ရဲ့ သ‌ဘောထားအ‌ပေါ်မှာသာ လုံးဝ တည်မှီ‌နေပါတယ်။
ကုလသမဂ္ဂနဲ့ ကမာ္ဘ့နိုင်ငံကြီး‌တွေ၊ အိမ်နီးချင်း တရုတ်ပြည်သူ့သမ္မတနိုင်ငံနဲ့ အာဆီယံတို့ရဲ့ သ‌ဘောထားအ ‌ခြေခံက အကြမ်းဖက်ပစ်ခတ်မှု‌တွေ ချက်ချင်းရပ်စဲပြီး ‌တွေ့ဆုံ‌ဆွေး‌နွေးညှိနှိုင်းကြဖို့ တိုက်တွန်း‌ဆော်ဩ‌နေပါတယ်။
ပြည်တွင်းက သံဃာ့မဟာနာယကအဖွဲ့ အပါအဝင် ဘာသာ‌ရေးအဖွဲ့များကလည်း အကြမ်းဖက်မှု‌တွေကို ရပ် တန်းက ရပ်‌စေလိုပြီး ‌တွေ့ဆုံ‌ဆွေး‌နွေးအ‌ဖြေရှာကြဖို့ အကြိမ်ကြိမ် ‌မေတ္တာရပ်ခံ တိုက်တွန်း‌နေပါတယ်။

အဓိက အဖွဲ့အစည်းနဲ့လူပုဂ္ဂိုလ်‌တွေဖြစ်တဲ့ သမ္မတကြီးဦးဝင်းမြင့်၊ နိုင်ငံ‌တော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ‌ဒေါ်‌အောင် ဆန်းစုကြည်တို့ဟာ ‘နိုင်ငံ‌ရေးပြဿနာကို နိုင်ငံ‌ရေးနည်းနဲ့ ‌တွေ့ဆုံ‌ဆွေး‌နွေးအ‌ဖြေရှာတဲ့ ယဉ်‌ကျေးမှု’ကို တစိုက်မတ် မတ် တည်ကြည်ခိုင်မြဲစွာ စွဲကိုင်လာခဲ့ကြသူ‌တွေမို့ ပြည်တွင်း/ပြည်ပက တိုက်တွန်း‌တောင်းဆို ‌မေတ္တာရပ်ခံ‌နေတာ‌တွေ ကို ဘယ်လိုနည်းနဲ့မှ လျစ်လျူရှုလိမ့်မယ်လို့ မထင်ပါဘူး။

ဒီလိုညှိနှိုင်းနိုင်ဖို့အတွက် ခြွင်းချက်မရှိ မဖြစ်မ‌နေ ‌ဆောင်ရွက်ရမယ့် ‌အောက်ပါအချက် ၂ချက်ကို ဗိုလ်မင်း ‌အောင်လှိုင်၏ အာဏာသိမ်းစစ်‌ကောင်စီ(SAC) က ချက်ချင်းထုတ်ပြန်‌ပေးဖို့ လိုအပ်မှာဖြစ်ပါတယ်။
(၁) သမ္မတကြီးဦးဝင်းမြင့်၊ နိုင်ငံ‌တော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ‌ဒေါ်‌အောင်ဆန်းစုကြည် အပါအဝင် ဖမ်းဆီးထား သူများ အားလုံးကို ခြွင်းချက်မရှိ ချက်ချင်းလွှတ်‌ပေးရန်နှင့် လုပ်ကြံစွပ်စွဲချက်မျိုးစုံဖြင့် ဖမ်းဆီးရန် ‌ကြေညာထားသူများ အားလုံးကို ခြွင်းချက်မရှိ ချက်ချင်း ပယ်ဖျက်‌ပေးရန်
(၂) ခါးပိုက်‌ဆောင်တပ်များက နိုင်ငံနဲ့အဝန်း အကြမ်းဖက်ဖိနှိပ် ပစ်ခတ်သတ်ဖြတ်‌နေမှုများ၊ ဝင်‌ရောက်စီးနင်း ‌နေမှုများကို ချက်ချင်း ရန်စဲရန်
(AA/ULA)လို လက်နက်ကိုင်အဖွဲ့အစည်းကိုပင် “အကြမ်းဖက်အုပ်စု”အဖြစ် အာဏာသိမ်းစစ်‌ကောင်စီ(SAC) က အလွယ်တကူ ဖယ်ရှား‌ပေးနိုင်တယ် မဟုတ်ပါလား။ ဒါဆိုရင် အထက်ပါအချက် ၂ရပ် လုပ်‌ဆောင်‌ရေးအတွက် ဘယ် လိုအခက်အခဲ‌တွေ ရှိနိုင်ပါသလဲ။

အထက်မှာ တင်ပြတဲ့ အချက် ၂ချက်ကို ဗိုလ်မင်း‌အောင်လှိုင် အာဏာသိမ်းစစ်‌ကောင်စီ (SAC)က လိုက်‌လျောခဲ့ ‌သော်(ခဲ့‌သော်) တစ်တိုင်းတစ်ပြည်လုံးနဲ့ ပြည်သူများရဲ့ အလားအလာဟာ ‌ကောင်းမွန်‌သော ‌ရှေ့ရှုချက်အဖြစ် ‌တောက်ပ လာနိုင်စရာရှိပါတယ်။

ယင်းသို့မဟုတ်မူဘဲ နိုင်ငံတကာအဖွဲ့အစည်းများ၊ ‌ဒေသတွင်းနိုင်ငံများရဲ့ တိုက်တွန်းချက်များနဲ့ ပြည်တွင်းက ‌မေတ္တာရပ်ခံချက်များကို အာဏာသိမ်းစစ်‌ကောင်စီ(SAC)က ‌ခေါင်းမာစွာနဲ့ လျစ်လျူရှု‌ကျောခိုင်းပြီး အကြမ်းဖက်မြဲ အကြမ်းဖက်မယ်ဆိုရင်‌တော့ ကျယ်ပြန့်ကြီးမားတဲ့ ပြည်တွင်းစစ်ကြီးတစ်ရပ်ဆီသို့ ဦးတည်သွားဖွယ်ရာ ရှိပါတယ်။

စစ်အာဏာရှင်စနစ်နဲ့ စစ်အာဏာသိမ်းမှု သံသရာကို လုံးဝ အကုန်အစင် ဖယ်ရှား ဖြတ်‌တောက်ပစ်နိုင်‌ရေးအ တွက် ပြည်သူများက‌တော့ ဘာဖြစ်ဖြစ် ‌နောက်မဆုတ်တမ်း ရင်ဆိုင်ကြဖို့ စိတ်ပိုင်းဖြတ်ထားပြီးကြပါပြီ။