Home သတင်း KNU နှင့် တပ်မ‌တော်တို့ စစ်‌ရေးတင်းမာမှုများ‌ကြောင့် မဲဝိုင်‌ဒေသခံရာချီ တိမ်း‌ရှောင်‌နေရ

KNU နှင့် တပ်မ‌တော်တို့ စစ်‌ရေးတင်းမာမှုများ‌ကြောင့် မဲဝိုင်‌ဒေသခံရာချီ တိမ်း‌ရှောင်‌နေရ

5804
( ၂၀၂ဝပြည့်နှစ်၊ ‌မေလ ၆ ရက်‌နေ့က ဖြစ်ပွားခဲ့သည့် KNU တပ်မဟာ ၅နှင့် တပ်မ‌တော်တို့ကြား ပစ်ခတ်မှုများ‌ကြောင့် ဖာပွန်မြို့နယ် ဝါသိုခို‌ကျေးရွာမှ ရွာသားများတိမ်း‌ရှောင်ခဲ့ကြရသည့်ပုံ။)

ဒီဇင်ဘာလ ၁ဝ ရက်၊ ၂၀၂ဝ ခုနှစ်။ ‌ကေအိုင်စီ

‌ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံး၏ ကရင်အမျိုးသားလွတ်‌မြောက်‌ရေးတပ်မ‌တော် -KNLA တပ်ဖွဲ့ဝင် များနှင့်မြန်မာ့တပ်မ‌တော်တပ်ဖွဲ့ဝင်များအကြား နှစ်ဖက်စစ်‌ရေးတင်းမာမှုများ‌ကြောင့် ကရင်ပြည်နယ်၊ ဖာပွန်မြို့နယ်အတွင်းရှိ မဲဝိုင်ရွာသားရာနှင့်ချီပြီး ဘီးလင်းဘက်သို့ တိမ်း‌ရှောင်မှုများဖြစ်‌ပေါ်‌နေ‌ကြောင်း သိရ သည်။

မဲဝိုင်‌ကျေးရွာအတွင်း မြန်မာတပ်မ‌တော်မှ တပ်စွဲထားသည့်စခန်းနှင့်ပတ်သက်၍ KNLA နှင့်နှစ်ဖက် အဆင်မ‌ပြေမှုများ‌ကြောင့် ဒီဇင်ဘာလဆန်းပိုင်းက အဆိုပါ‌နေရာအနီးတဝိုက်တွင် မိနစ်အနည်းငယ်အကြာ အပြန်အလှန် ပစ်ခတ်မှု များဖြစ်‌ပေါ်ခဲ့ပြီး တိုက်ပွဲအထိဆက်လက်ဖြစ်ပွားမည်ကိုစိုးရိမ်သည့်အတွက် ‌ဘေးလွတ် ရာ‌ပြောင်း‌ရွှေ့‌နေရခြင်းဖြစ် ‌ကြောင်း ‌ဒေသခံများက‌ပြောသည်။

မဲဝိုင်‌ဒေသခံတစ်ဦးက “ပြဿနာက ‌ဒေသခံ‌တွေရှိတဲ့‌နေရာမှာ တပ်စွဲထားတဲ့စခန်းဆုတ်‌ပေးဖို့ KNU ဘက်က ‌ပြောထားတာတပ်ဘက်က လုံးဝမဆုတ်‌ပေးဘူး‌ပြောတယ်။ နှစ်ဖက် အပစ်အခတ်‌လေးဖြစ်ခဲ့တာ‌ပေါ့။ အခုမဲဝိုင် ‌အောက်စုက‌တော့ စစ်တပ်နဲ့ကပ်လျက်‌ပေါ့။ အိမ်‌ခြေ ၅ဝ ‌လောက်ရှိမယ်။ အခု ၄ အိမ်‌လောက်ပဲ အိမ်‌စောင့် အ‌နေနဲ့အလွန်ဆုံး ၁ဝ ‌ယောက်‌လောက်ပဲကျန်မယ်။ အထက်စုမှာ‌တော့ တစ်ဝက်‌လောက် က‌ရှောင်သွား ကြပြီ”ဟု ‌ကေအိုင်စီသို့ ‌ပြောသည်။

တပ်စခန်းဆုတ်‌ပေး‌ရေးနှင့်ပတ်သက်၍ နှစ်ဖက်တင်းမာမှုများ‌ကြောင့် ‌ရှောင်‌ပြေး‌နေရသည့် မဲဝိုင်‌ဒေသခံရွာသား သုံးပုံနှစ်ပုံခန့်ရှိကာ အ‌ရေအတွက်အားဖြင့်ရာဂဏန်းနှင့်ချီရှိ‌နေပြီး ၎င်းတို့အ‌နေဖြင့်ပြီးခဲ့သည့် ၄ ရက်ခန့်မှစတင် ကာ ဘီလင်းမြို့နှင့် အချို့မှာ ‌ဘေးလွတ်နိုင်သည့် အနီးအနား‌ကျေးရွားများရှိ ‌ဆွေမျိုးအိမ်များသို့ ‌ပြောင်း ‌ရွှေ့ခိုလှုံ‌နေရသည်ဟုလည်း အဆိုပါ‌ဒေသခံက ဆက်‌ပြောသည်။

အဆိုပါ ကိစ္စနှင့်ပတ်သက်၍ KNU တပ်မဟာ ၅ ‌ပြောခွင့်ရ ဗိုလ်မှူး ‌စောကလယ်ဒို့က “ ဖြစ်စဉ်က မှန်တယ်။ ဆိုလိုတာက အဲဒီမှာရှိတဲ့ စစ်တပ်က အရင်က ထက်ပိုပြီး လှုပ်ရှားလာတယ်။ ပိုဆိုးတာက ညဘက်ပိုင်းမှာ ပိုမိုလှုပ်ရှားလာတာ ‌တွေ့ရတယ်။ ဒါကို ‌ရှေ့တန်းက ကျ‌နော်တို့တပ်ဖွဲ့က ညဘက်မှာ လှုပ်ရှားမှု‌တွေမလုပ်ဖို့ ‌ပြောတယ်။ အ‌ရေးအ‌ကြောင်းရှိရင် ကြိုတင် အသိ‌ပေးဖို့‌ပြောတယ်။ ဒါကို စစ်တပ်က ဂရုမစိုက်ဘဲ ဆက် လှုပ်ရှားမြဲ။ ဒါကို ကျ‌နော်တို့အဖွဲ့နဲ့ ပစ်ခတ်မှု‌တွေဖြစ်ပွားတာ‌တွေရှိတယ်။ အဲဒါ‌ကြောင့် ရွာသား‌တွေက ဒီအ‌ခြေအ‌နေကို စိုးရိမ်ပြီး ‌ဆွေမျိုး‌တွေဆီကို သွားပြီး ‌ရှောင်တိမ်းတဲ့သ‌ဘောပါ။ ”ဟု ‌ပြောသည်။

မဲဝိုင်ရွာမှာ အစိုးရသတ်မှတ်ချက်အရ ကရင်ပြည်နယ်၊ ဖာပွန်မြို့နယ်အတွင်း တည်ရှိပြီး ကရင်အမျိုးသား အ စည်းအရုံး KNU ၏နယ်‌မြေသတ်မှတ်မှုများအရ မူ‌တြော်ခရိုင်(ဖာပွန်)၊ ဒွယ်လိုးမြိုကနယ်အတွင်းပါဝင်ကာ အိမ် ‌ခြေအားဖြင့် ၁၅ဝ ခန့်ရှိပြီး ရှမ်းလူမျိုးအများစု‌နေထိုင်သည့် ‌ကျေးရွာတစ်ရွာလည်းဖြစ်သည်။

ယခုကိစ္စနှင့်ပတ်သက်၍ သက်ဆိုင်ရာ တပ်မ‌တော်တာဝန်ရှိသူများဘက်ကို ‌ကေအိုင်စီအ‌နေဖြင့် ဆက်သွယ်‌မေးမြန်း၍ မရရှိ‌ပေ။ လက်ရှိတွင် အဆိုပါမဲဝိုင်‌ကျေးရွာအပါအဝင် အနီးတဝိုက်‌ကျေးရွာများတွင် ငြိမ်သက်‌နေသည့်အ‌ခြေအ‌နေရှိပြီး နှစ်ဖက်တပ်ဖွဲ့အ‌နေဖြင့် အင်အားဖြည့်တင်းမှုများပြုလုပ်ကာ အပြန်အလှန်‌စောင့်ကြည့်‌နေသည့် အ‌နေအထားတွင်ရှိ‌ကြောင်းလည်း ‌ဒေသခံများ၏ ‌ပြောပြချက်များအရသိရသည်။

ယခုမြန်မာ့တပ်မ‌တော်မှ စခန်းချထားသည့်တပ်စခန်းမှာ မဲဝိုင်ရွာလယ် ဘုန်းကြီး‌ကျောင်း အနီးတွင်ဖြစ်သည်ဟု သိရပြီး ၎င်းစခန်းအပါအဝင် KNU သတ်မှတ်နယ်‌မြေများအတွင်းရှိ ‌ဒေသခံလူထုနှင့်နီးကပ်သည့် တပ်စခန်း များအား ယခုနှစ်ကုန်တွင် အပြီးရုပ်သိမ်း‌ပေး‌ရေးအတွက် KNLA -ကရင်အမျိုးသားလွတ်‌မြောက်‌ရေး တပ်မ‌တော်က ဒီဇင်ဘာလ ၁ ရက်‌နေ့ ရက်စွဲဖြင့် ထုတ်ပြန်ချက်တစ်‌စောင်ထုတ်ပြန်ခဲ့‌သေးသည်။

တပ်စခန်းရုပ်သိမ်း‌ရေးနှင့်ပတ်သက်ပြီး အစပြုခဲ့သည့် နှစ်ဖက်အဆင်မ‌ပြေမှုများ‌ကြောင့် ဒီဇင်ဘာလ ၁ ရက်‌နေ့ က ဒွယ်လိုးမြို့နယ်အတွင်းရှိ ဝါသို‌လောနှင့် ထီး‌ကေ‌လော‌ကျေးရွာအနီးတဝိုက် KNU တပ်မဟာ ၅ လက် ‌အောက်ခံ KNLA တပ်ရင်း ၁၀၂ နှင့် မြန်မာ့တပ်မ‌တော် ခမရ ၃၃၉ တပ်ဖွဲ့ဝင်တို့ ပစ်ခတ်မှုဖြစ်ပွားခဲ့‌သေးသည်။