Home သတင်း မြန်မာ့ ငြိမ်းချမ်း‌ရေး ဖြစ်စဉ်အ‌ပေါ် ဆန်းစစ်‌လေ့လာထားသည့် စာ‌စောင်များမိတ်ဆက်

မြန်မာ့ ငြိမ်းချမ်း‌ရေး ဖြစ်စဉ်အ‌ပေါ် ဆန်းစစ်‌လေ့လာထားသည့် စာ‌စောင်များမိတ်ဆက်

2473

ဒီဇင်ဘာ ၁၁ ရက်၊ ၂၀၂ဝပြည့်နှစ်။ စအိုင်ဆူး

၂၀၂ဝခုနှစ်အတွင်း ထွက်ရှိခဲ့‌သော မြန်မာ့ ငြိမ်းချမ်း‌ရေးလုပ်ငန်းစဉ်အ‌ပေါ် ဆန်းစစ်‌လေ့လာထားသည့် စာ ‌စောင်များ မိတ်ဆက်ခြင်းအစီအစဉ်ကို နိုင်ငံတကာ မြန်မာ့သတင်း (BNI) ၏ မြန်မာ့ ငြိမ်းချမ်း‌ရေး ‌စောင့်ကြည့် ‌လေ့လာ‌ရေး စီမံကိန်း(MPM)က ဦး‌ဆောင်၍ ယ‌နေ့ (ဒီဇင်ဘာလ ၁၁ရက်)တွင် အွန်လိုင်းစကားဝိုင်းတစ်ခုဖြင့် ပြုလုပ်ခဲ့သည်။

အဆိုပါ ‌လေ့လာဆန်းစစ်မှု စာ‌စောင်များအရ အစိုးရ ၊ တပ်မ‌တော် နှင့် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့ အ စည်းများအကြား ‌ဖော်‌ဆောင်‌နေသည့် ငြိမ်းချမ်း‌ရေး လုပ်ငန်းစဉ်များနှင့် ငြိမ်းချမ်း‌ရေး လုပ်ငန်စဉ်မှ လိုက်ပါ ဖြစ်‌ပေါ်ခဲ့သည့် ဖွံ့ဖြိုး‌ရေးလုပ်ငန်းစဉ်၏ အကျိုးအပြစ်များ၊ ရခိုင်နှင့် ချင်းပြည်နယ်အတွင်းဖြစ်ပွားသည့် စစ်‌ရေး ပဋိပက္ခများ၊ ကချင်ပြည်နယ်၏ တ‌ကျော့ပြန်စစ်ပွဲ အ‌ခြေအ‌နေနှင့် ရှမ်းပြည်နယ်အတွင်း စစ်‌ရေးငြိမ်းချမ်း‌ရေး အ‌ခြေအ‌နေများကို ‌လေ့လာဆန်းစစ်ထားသည့် စာ‌စောင်များဖြစ်သည်။

ပထမဦးဆုံး ဆန်းစစ်‌လေ့လာမှု စာ‌စောင် (၁)ကို ကရင်ပြည်နယ်အတွင်းရှိ ‌ရွှေကုက္ကိုလ်မြို့သစ်စစ်မံကိန်းအ‌ပေါ် အဓိကထားဆန်း စစ်‌လေ့လာထားသည့် “ ငြိမ်းချမ်း‌ရေး နှင့် ဖွံ့ဖြိုးတိုးတက်‌ရေး အကျိုး၊ အပြစ်အချိုး” ‌ခေါင်းစဉ် ဖြင့် ဧပြီလတွင် စတင်ထုတ်‌ဝေခဲ့ပြီး ဒုတိယအကြိမ်ဖြင့် ရခိုင်နှင့် ချင်းပြည်နယ်အတွင်း စစ်‌ရေး နိုင်ငံ‌ရေးအား ပြိုင်မှု အ‌ခြေအ‌နေများကို အဓိက ဆန်းစစ်‌လေ့လာထားသည့် “ရခိုင်နှင့် ချင်း‌ဒေသမှ စစ်‌ရေး-နိုင်ငံ‌ရေး အားပြိုင်မှုများနှင့် အနာဂတ် မြန်မာ” ‌ခေါင်းစဉ်ဖြင့် ဇွန်လတွင် ထုတ်‌ဝေခဲ့သည်။

ထို့‌နောက် ၁၇နှစ်ကြာ အပစ်ရပ်ပြီး‌နောက် တ‌ကျော့ပြန် ပြန်လည်ဖြစ်ပွားခဲ့သည့် ကချင်ပြည်နယ်အတွင်း စစ်‌ရေး ပဋိပက္ခအ‌ခြေအ‌နေများနှင့် ‌နောက်ဆက်တွဲ ပြဿနာများကို ဆန်းစစ်ထားသည့် “ကချင်တစ်‌ကျော့ပြန် စစ်နှင့် ငြိမ်းချမ်း‌ရေး လမ်းကို ဆန်းစစ်ခြင်း”ကို နိုဝင်ဘာတွင် ထုတ်‌ဝေခဲ့ပြီး ရှမ်းပြည်နယ် အတွင်းစစ်‌ရေး၊ တရား ဥပ‌ဒေ စိုးမို‌ရေး နှင့် ငြိမ်းချမ်း‌ရေးအ‌ပေါ် ဆန်းစစ်ထားသည့် “စစ်၊ ငြိမ်းချမ်း‌ရေး ၊ တရားဥပ‌ဒေ စိုးမိုး‌ရေး နှင့် ရှမ်းပြည်နယ်၏လာရာ” စသည့်‌ခေါင်းစဉ်ဖြင့် ယခုလအတွင်းထွက်ရှိ စီစဉ်ထားသည့် စာ‌စောင်များပါဝင်သည်။

ယ‌နေ့ ပြုလုပ်သည့် စာ‌စောင်မိတ်ဆက်ပွဲအစီအစဉ်အရ ထွက်ရှိခဲ့‌သော စာ‌စောင်များနှင့် ပတ်သက်ပြီး သက် ဆိုင်ရာစီစဉ်ဦး‌ဆောင်သူမှ အကျဉ်းချုံး ‌ဆွေး‌နွေးပြခဲ့ပြီး‌နောက် ‌ဒေသအလိုက် ပဋိပက္ခနှင့် ငြိမ်းချမ်း‌ရေးဆိုင်ရာ အ‌ခြေအ‌နေများကို ကရင်၊ ရှမ်း၊ ချင်း၊ ကချင် နှင့် ရခိုင်ပြည်နယ် နိုင်ငံ‌ရေးပါတီ၊ အရပ်ဖက်၊ ပညာရှင် (၅)ဦး ပါဝင်သည့် ‌ဆွေး‌နွေးဝိုင်းလည်း ပါဝင်ခဲ့သည်။

အဆိုပါ ‌ဆွေး‌နွေးပွဲအတွက် ကရင်ပြည်နယ်မှ ‌စော‌ကျော်စွာ (Steering Committee Member – Karen Peace Support Network) ၊ ကချင်ပြည်နယ်မှ Dr. Hkalen Tu Hkawng (Independent Researcher) ၊ ချင်းပြည် နယ်မှ ချယ်ရီဇာ‌ဟောင်(ချင်းအမျိုးသားဒီမိုက‌ရေစီအဖွဲ့ချုပ်ပါတီ ဗဟို‌ကော်မတီဝင်)၊ ရခိုင်ကိုယ်စားလှယ်အဖြစ် ၂၀၂ဝပြည့်နှစ် ‌ရွေး‌ကောက်ပွဲအနိုင်ရ ရန်ကုန်တိုင်း ‌ဒေသကြီး ရခိုင်တိုင်းရင်းသား ‌ရေးရာဝန်ကြီး ‌ဒေါ်ထု‌မေ နှင့် အမျိုးသမီးများအဖွဲ့ချုပ်(မြန်မာ) တွဲဖက်အ‌ထွေ‌ထွေ‌ရေးမှူး(၂) ဖြစ်သူ ‌လွေပိုးငယ်တို့မှ အဓိက ပါဝင် ‌ဆွေး‌နွေးခဲ့ကြသည်။