Home ဆောင်းပါး အသိတရားဖြင့် သတိ်ထားကြ‌စေချင် (‌ဆောင်းပါး)

အသိတရားဖြင့် သတိ်ထားကြ‌စေချင် (‌ဆောင်းပါး)

2011

အသိတရားဖြင့် သတိ်ထားကြ‌စေချင်

ဆရာ‌မောင်(ပန်းတ‌နော်)

( စက်တင်ဘာ ၉ ရက်၊ ၂၀၂၀၊ )

၂၀၂ဝ ပြည့်နှစ်၊ အ‌ထွေ‌ထွေ‌ရွေး‌ကောက်ပွဲလည်းနီးလာပြီ။ ‌ရွေး‌ကောက်ပွဲဝင်ကြမည့် ပါတီ‌တွေ၊ လူ
ပုဂ္ဂိုလ်‌တွေလည်း လှုပ်လှုပ်ရွရွဖြစ်လာကြသည်။ မဲနိုင်ရန် အပြိုင်အဆိုင် နည်းအမျိုးမျိုးနှင့် ကြိုးစား‌နေကြ
သည်ကို ‌တွေ့မြင်‌နေရသည်။ ဤကဲ့သို့အ‌ခြေအ‌နေ၊ အချိန်အခါမျိုးတွင် တိုင်းရင်းသားပါတီများသည်လည်း အများနည်းတူ တိုင်းရင်းသားအခွင့်အ‌ရေး ရယူ‌ပေးမည်ဟု ကတိ‌တွေ‌ပေးပြီးစည်းရုံးလှုံ့‌ဆော်‌နေကြသည်ကို
လည်း‌တွေ့မြင်ကြားသိ‌နေရပါသည်။ ဤအလုပ်မျိုးသည် လုပ်ရိုးလုပ်စဉ်ဖြစ်၍ လုပ်‌နေကြသည်မှာ အစဉ်အ
လာပင်ဖြစ်ပါသည်။

သို့‌သော်လည်း ‌ရွေး‌ကောက်ပွဲမှာ မဲ‌ပေးကြရမည့် မဲဆန္ဒရှင်တိုင်းရင်းသားများ၏ မဲ‌ပေးနိုင်မည့်အခွင့်
အလမ်း၊ အခွင့်အ‌ရေးနှင့် ပကတိအ‌ခြေအ‌နေများကိုမူ သတိမထားမိကြသည်ကို ဝမ်းနည်းစွာ‌တွေ့ရပါသည်။
မဲစာရင်းတွင် မှားယွင်းမှုမျိုး၊ မဲစာရင်းတွင်မပါဝင်ဘဲ ကျန်ရှိမှုမျိုး၊ လွှတ်‌တော်(၃)ရပ်မဲစာရင်းတွင် ပါဝင်‌သော်
လည်း တိုင်းရင်းသားလူမျိုးလွှတ်‌တော်မဲစာရင်းတွင် မပါဘဲကျန်ခဲ့ရသည်များကို ‌သေချာစွာကြည့်ရှုစိစစ်မှု
များကို သတိမထားခြင်းမျိုးကို ဆိုလိုခြင်းဖြစ်ပါသည်။

ကျွန်ုပ်တို့ တိုင်းရင်းသားများသည် ‌ရွေး‌ကောက်ပွဲကို (၂)ကြိမ်တိုင်‌တွေ့ကြုံခဲ့ကြပြီးဖြစ်သည်။
‌ရွေး‌ကောက်ပွဲအရ ဖြစ်လာသည့်အစိုးရနှစ်ရပ်နှင့်လည်း ရင်းနှီးကျွမ်းဝင် ဆက်ဆံခဲ့ဖူးကြပြီ။ ထိုအ‌တွေ့အကြုံ
အရ အသိတရားများ၊ သတိထားစရာများကိုလည်း အ‌တော်အသင့်သိရှိကြပြီဖြစ်ပါသည်။ သို့‌သော်လည်း
ထိုအ‌တွေ့အကြုံများက ‌ရွေး‌ကောက်ပွဲအ‌ပေါ် အားငယ်စိတ်ပျက်မှုများ၊ စိတ်မဝင်စားမှုများ ဖြစ်‌ပေါ်‌စေသည်
ဟုပင် ထင်မြင်လာရသည်။ မဲဆန္ဒရှင် လုပ်သားပြည်သူများရင်ထဲတွင် နိုင်ငံ‌ရေးသည် မိမိတို့နှင့်မသက်ဆိုင်၊
မည်သည့်ပါတီ၊ မည်သည့်အစိုးရတက်တက် တို့က‌တော့ ဒုံရင်းပါပဲ ဟု‌ပြောဆိုမှုများကိုလည်းကြား‌နေရပြန်
သည်။ ထိုသူတို့အထဲတွင် တိုင်းရင်းသားသည် အများအပြားပါဝင်လိမ့်မည်ဟု ထင်မြင်မိပါသည်။ ၎င်းအပြင်
ပါတီအသီးသီးတွင် တိုင်းရင်းသားများသည် ‌နေသားတကျပါဝင်‌နေခဲ့ကြသည်။ ထိုအ‌ခြေအ‌နေမျိုးတွင်တိုင်း
ရင်းသားပါတီများက တိုင်းရင်းသားပါတီကိုသာ မဲ‌ပေးကြရန်တွန်းအား‌ပေးစည်းရုံး‌ပြောဆိုမှုများရှိလာသည်။
တိုင်းရင်းသားများစိတ်ထဲ ‌ဝေခွဲမရ စိတ်ပျက်သူများကိုလည်း ‌တွေ့‌နေရပြန်ပါသည်။

ထို့‌ကြောင့် ၂၅-၇-၂၀၂ဝ ရက်‌နေ့မှ ၁၄-၈-၂၀၂ဝ ရက်‌နေ့အထိ ပထမအကြိမ် မဲစာရင်း‌ကြေညာမှု
ကို လူအများစိတ်ဝင်စားစွာကြည့်ရှုစိစစ်မှု အားနည်းသည်ကို‌တွေ့ရပါသည်။ လာ‌ရောက်ကြည့်ရှုသူအများစု
သည် ‌ပေါ့‌ပေါ့တန်တန်ကြည့်ရှုသွားကြသည်။ လွှတ်‌တော်သုံးရပ်အတွက် တစ်‌နေရာတည်းမှာပဲ သတိထား
ကြည့်ရှုသွားကြသည်။ တိုင်းရင်းသားများအ‌နေဖြင့် လွှတ်‌တော်(၃)ရပ်မဲဆန္ဒစာရင်းသာမက တိုင်းရင်းသား
လွှတ်‌တော်မဲဆန္ဒစာရင်းကိုပါ ကြည့်ရှုရမည်ဟု အများစုက မသိထားကြပါ။ သိ‌အောင်လည်း ပညာ‌ပေးမှုများ
လည်းရှိမ‌နေပါ။

၎င်းကိစ္စနှင့်ပတ်သက်၍ ၂၀၁၅ ခုနှစ်၊ မဲစာရင်း‌ကြေညာကပ်သည့်အ‌ခြေအ‌နေကို သင်ခန်းစာအလို့
ငှာ တင်ပြပါရ‌စေ။ ၂၀၁၅ ခုနှစ်၊ ပထမအကြိမ် မဲစာရင်းကိုရပ်ကွက်အလိုက်၊ လမ်းအလိုက်၊ အိမ်‌ထောင်မိသား
စုအလိုက် ပြုစုထားသည့်အတွက် အလွယ်တကူရှာ‌ဖွေ‌တွေ့ရှိနိုင်ခဲ့ပါသည်။ ဒုတိယအကြိမ်မဲစာရင်းတွင် ပထ
မ အကြိမ်ကဲ့သို့ မဟုတ်‌တော့ဘဲ အမည်အက္ခရာစဉ်အလိုက်ပြုစုထားရာ အိမ်‌ထောင်စုတစ်မိသားစုကို တ
ကွဲတပြား အနှံ့အပြားမှာရှာ‌ဖွေခဲ့ကြရသည်။ ထိုထက်ပိုဆိုးသည်မှာ တိုင်းရင်းသားများ၏အမှတ်သ‌ကေင်္တ
အမည်များ‌ရှေ့တွင် ဦး၊ ‌ဒေါ် များကိုထပ်မံ‌ရေးသားသုံးနှုံးထားသဖြင့် ပို၍ရှုပ်‌ထွေးပါသည်။ဥပမာ။ နမ့်အိုင်ပွား
၏အမည်‌ရှေ့တွင် ̏ ‌ဒေါ် တပ်လိုက်သဖြင့် ‌ဒေါ်နမ့်အိုင်ပွားဖြစ်ပြီး အက္ခရာစဉ်တွင် ̏ နအက္ခရာ‌အောက်
တွင်‌တွေ့ရှိရပါသည်။ ယခုနှစ် ၂၀၂ဝပြည့်နှစ်၊ ပထမအကြိမ်မဲစာရင်းတွင် အိမ်‌ထောင်စုအလိုက်ကပ်ထား
‌သော်လည်း ဒုတိယအကြိမ်တွင် မည်သို့ပြုစုမည်ကို မသိရ‌သေးပါ။

၂၀၁၅ ခုနှစ်၊နိုဝင်ဘာလ(၈)ရက်(တနဂင်္‌နွေ)‌နေ့မှာပြုလုပ်ခဲ့ပါသည်။ ထိုမဲ‌ပေးပွဲမှာ လုပ်သားပြည်သူ
များတက်တက်ကြွကြွမဲ‌ပေးကြပါသည်။ နံနက်‌စော‌စော မဲရုံမဖွင့်မီကပင် တန်းစီ‌စောင့်ဆိုင်း‌နေသူများ ရှိကြ
သည်။ စာ‌ရေးသူလည်း ‌စော‌စောသွား၍ လွှတ်‌တော်(၃)ရပ်နှင့်တိုင်းရင်းသားလူမျိုးလွှတ်‌တော်ကိုလည်း မဲ
‌ပေးခဲ့ပါသည်။ သို့‌သော် အသက်(၇၆)နှစ်ရှိပြီဖြစ်‌သော ပညာ‌ရေးအငြိမ်းစား ကရင်အမျိုးသားဆရာတစ်
‌ယောက် မှတ်ပုံတင်ကိုင်ပြီး တိုင်းရင်းသားလွှတ်‌တော်ကို မိသားစုတစ်ခုလုံးမဲမ‌ပေးခဲ့ရ‌ကြောင်း၊ မဲ‌ပေးချင်
‌ကြောင်း၊ ဘယ်လိုလုပ်ရမလဲဟု အကူအညီ‌တောင်းခံလာပါသည်။ မဲစာရင်းတွင် မပါ‌သော်လည်း ခိုင်လုံ
‌သောအ‌ထောက်အထားအဖြစ် မှတ်ပုံတင်၊ အိမ်‌ထောင်စုစာရင်းတင်ပြနိုင်ပါက မဲ‌ပေးခွင့်ပြုမည်ဖြစ်‌ကြောင်း
တာဝန်ရှိ‌ကော်မရှင်လူကြီးများ ‌ပြောစကားကို မှတ်ထားမိသည့်အတွက် လိုက်လံကူညီ‌ဆောင်ရွက်‌ပေးခဲ့
သည်။ ကူညီ‌ပေးပုံက ပထမဆုံး ရပ်ကွက်‌ကော်မတီရှင်ရုံးသွား‌ရောက်ပြီး မှတ်ပုံတင်၊ အိမ်‌ထောင်စုစာရင်း
တင်ပြကာ မဲ‌ပေးခွင့်‌တောင်းဆိုခဲ့သည်။ ရပ်ကွက်‌ကော်မရှင်က မြို့နယ်‌ကော်မရှင်သို့သွား‌ရောက်တင်ပြရန်
လမ်းညွှန်သဖြင့် မြို့နယ်‌ကော်မရှင်ရုံးသို့သွား‌ရောက်တင်ပြခဲ့ရပြန်သည်။ သို့‌သော်အ‌ဖြေရလဒ်ကား မဲစာ
ရင်းတွင် မပါရှိ၍မဲ‌ပေးခွင့်မရှိပါ‌ကြောင်း၊ မဲစာရင်းကိုသွား‌ရောက်မကြည့်ခဲ့သည့် မဲဆန္ဒရှင်တွင်သာ တာဝန်ရှိ
‌ကြောင်း ‌ဖြေကြားငြင်းပယ်မှုကိုခံခဲ့ရပါသည်။ ထို့‌ကြောင့် ယခု၂၀၂ဝ ပြည့်‌ရွေး‌ကောက်ပွဲမှာ ထိုကဲ့သို့‌သော
မဲ‌ပေးခွင့်ဆုံးရှုံးမှု မဖြစ်‌ပေါ်ရ‌အောင် ကြိုတင်သတိ‌ပေးလိုပါသည်။

‌ရွေး‌ကောက်ပွဲတွင် မဲမ‌ပေးလိုက်ရခြင်းအတွက် သာမန်အားဖြင့်သာမန်လူထုအ‌နေဖြင့် မည်သို့မျှခံ
ရမှုမရှိနိုင်‌သော်လည်း စာ‌ရေးသူအ‌နေဖြင့် ဆုံးရှုံးမှု(၂)ရပ် ဆုံးရှုံးလိုက်ရသည်ဟု ခံစားမိပါသည်။ ခံစားမှုတစ်
ရပ်မှာ ဆန္ဒပြုမဲ‌ပေးလိုသူ ပုဂ္ဂိုလ်၊ ပါတီကို မဲမ‌ပေးလိုက်ရသည့် ပုဂ္ဂိုလ်တစ်ဦးချင်း၏အခွင့်အ‌ရေးဆုံးရှုံးမှုဖြစ်
ပါသည်။ ဒုတိယ ဆုံးရှုံးမှုတစ်မျိုးမှာ တိုင်းရင်းသားလူမျိုး၏လူဦး‌ရေကို သက်‌ရောက်ထိခိုက်ဆုံးရှုံးခြင်းဖြစ်
ဟု ထင်မြင်ယူဆပါသည်။ အ‌ကြောင်းမှာ ပန်းတ‌နော်မြို့နယ်တွင် ၁၉၇၈/၇၉ ခုနှစ် လူဦး‌ရေးစစ်တမ်းအရ
ကရင်လူမျိုးများသည် ၈၁.၂% (ပန်းတ‌နော်မြို့နယ်သမိုင်းမှတ်တမ်း) ရှိခဲ့ပါသည်။ ၂၀၁ဝ ပြည့်နှစ်၊ ‌ရွေး
‌ကောက်ပွဲစာရင်းအရ ကရင်လူမျိုးသည် ၃၇.၅%၊ ၂၀၁၅ ခုနှစ်၊ ‌ရွေး‌ကောက်ပွဲစာရင်းအရ ၅၀%‌ကျော်သာ
ကျန်ရှိ‌တော့ပါသည်။ ၂၀၁၄ ခုနှစ်၊သန်း‌ခေါင်စာရင်း‌ကောက်ယူခဲ့‌သော်လည်း တိုင်းရင်းသားလူဦး‌ရေစာရင်း
ကို ယ‌နေ့ထက်တိုင် ထုတ်ပြန်နိုင်ခြင်းမရှိသဖြင့် တိုင်းရင်းသားလူဦး‌ရေစာရင်းကို အတိအကျမသိနိုင်ကြပါ။
သို့‌သော်လည်း ‌ရွေး‌ကောက်ပွဲတွင်‌ဖေါ်ပြ‌သော တိုင်းရင်းသားလူဦး‌ရေစာရင်းကိုသာ ကြည့်ရှုခန့်မှန်း‌နေကြ
ရပါသည်။ ထို့‌ကြောင့် အထက်ပါစာရင်းကိုကြည့်ခြင်းအားဖြင့် ပန်းတ‌နော်မြို့နယ်ရှိ ကရင်လူဦး‌ရေမှာ အမှန်
ထက် များစွာကွာခြား‌လျော့နည်း‌နေ‌ကြောင်း‌တွေ့ရမည်ဖြစ်ပါသည်။

၂၀၂ဝ ပြည့်နှစ်၊ ‌ရွေး‌ကောက်ပွဲဆိုင်ရာ မဲစာရင်းများ‌ကြေညာရာတွင် နိုင်ငံ‌တော်အကြီးအကဲများပင်
မဲစာရင်းမှားယွင်းမှုမျိုး ကြုံ‌တွေ့ကြသည်ဟု ကြားသိ‌နေရပါသည်။ သာမန်တိုင်းရင်းသားများအတွက်မူ ဆို
ဖွယ်ရာပင်မရှိဟု ယူဆရမည်ဖြစ်ပါသည်။ စာ‌ရေးသူ၏မိတ်‌ဆွေ ကရင်‌ခေါင်း‌ဆောင်တစ်ဦးက ရပ်/‌ကျေး
‌ကော်မရှင်တွင် ပါဝင်ရာ ၎င်းတို့၏မိသားစုတစ်စုလုံး ကရင်တိုင်းရင်းသားလူမျိုးလွှတ်‌တော်မဲစာရင်းတွင် မပါ
ဝင်‌ကြောင်း ‌တွေ့ရှိရပါသည်။

ယခုလတ်တ‌လော မဲစာရင်းမှားယွင်းမှုများ ပွက်‌လောရိုက်‌နေချိန်မှာ မီဒီယာတစ်ခု၏ရင်ဖွင့်သံအစီ
အစဉ်မှာ ပအိုဝ်းတိုင်းရင်းသားလူမျိုးများ ‌ပျောက်ဆုံး‌နေ‌ကြောင်း ‌ဖေါ်ပြသည်ကို‌တွေ့လိုက်ရပါသည်။ ၂၀၁၀
ပြည့်နှစ်၌ပဲခူးတိုင်း‌ဒေသကြီး၊ ထန်းတပင်မြို့နယ်တွင် ပအိုဝ်းလူဦး‌ရေ ၂၀၈၇၁ ဦးရှိခဲ့‌သော်လည်း ၂၀၁၄ခုနှစ်
စာရင်းတွင်မ‌တွေ့ရ‌တော့ဘဲ ‌ပျောက်ဆုံးသွား‌ကြောင်း၊ ထိုနည်းတူ ကယားပြည်နယ်၊ လွိုင်‌ကော်မြို့နယ်တွင်
၂၀၁ဝပြည့်နှစ်၌ ပအိုဝ်းလူဦး‌ရေ ၁၂၀၀ဝ ‌ကျော်ရှိခဲ့ရာမှ ၂၀၁၄ ခုနှစ်စာရင်းတွင် ‌ပျောက်ဆုံးသွား‌ကြောင်း
‌ဖေါ်ပြခဲ့ပါသည်။ ထိုအ‌ကြောင့်ပတ်သက်၍ ပအိုဝ်းတိုင်းရင်းသား/သူများက မိဘမရှိ‌သောသားသမီးများပမာ၊
တိုင်းပြည်မရှိ‌သော လူမျိုးပမာခံစာရ‌ကြောင်း၊ ဤသို့လူမျိုး‌ပျောက်ဆုံးသဖြင့် နိုင်ငံ‌ရေး၊ လူမှု‌ရေးများမှာအခွင့်
အ‌ရေးဆုံးရှုံး‌နေရ‌ကြောင်း၊ ကိုယ်စားပြု‌ပြော‌ပေးမည့်သူမရှိ‌ကြောင်း၊ တိုင်းရင်းသားဝန်ကြီးမရှိ၍လား၊ ‌ဖျောက်
လို့ရလို့ ‌ဖျောက်ဖျက်တာလား စသည့်ဖြင့် ရင်ဖွင့်သံကို ကြားလိုက်ရပါသည်။ ထိုအဖြစ်သနစ်ကိုကြည့်ပါက
တိုင်းရင်းသားတို့၏လူဦး‌ရေသည် တိုင်းရင်းသားအ‌ရေးအတွက် အ‌ရေးကြီး‌ကြောင်းသိရှိရပါသည်။

အထက်ပါ အ‌တွေ့အကြုံများမှ သင်ခန်းစာရယူပြီး တစ်စတစ်စ‌လျော့နည်း‌ပျောက်ကွယ်လာ‌သော
ကရင်လူမျိုးလူဦး‌ရေစာရင်းကို ပြန်လည်မှန်ကန်‌စေရန် အနီးစပ်ဆုံး‌ဆောင်ရွက်နိုင်သည်မှာယခု၂၀၂ဝပြည့်
နှစ်၊‌ရွေး‌ကောက်ပွဲမဲစာရင်းတွင် ကရင်လူမျိုးများ မကျန်ရ‌အောင် ‌ဆောင်ရွက်သင့်သည်ဟု ထင်မြင်ပါသည်။
‌ရွေး‌ကောက်ပွဲသည် (၅)နှစ်လျှင်တစ်ကြိမ်သာ ကျင်းပပြုလုပ်ရသည်ဖြစ်၍ ယခုကြုံလာရသည့်အခွင့်အ‌ရေး
ကို လက်လွှတ်မခံဘဲ အသုံးချရန်လိုအပ်ပါသည်။ ထို့‌ကြောင့် ၂၀၂ဝ ပြည့်နှစ်၊‌အောက်တိုဘာလတွင်‌ကြေ
ညာမည့် ဒုတိယအကြိမ်မဲစာရင်းကို ‌သေချာစွာကြည့်ရှုစိစစ်ပြီး ပြင်ဆင်ခြင်း၊ ဖြည့်စွက်ခြင်း၊ ကန့်ကွက်ခြင်း
ပြုလုပ်နိုင်သည့်အခွင့်အ‌ရေးကို အပြည့်အဝအသုံးချ‌ဆောင်ရွက်ကြရန်ဖြစ်ပါသည်။ ထိုသို့‌ဆောင်ရွက်ရာတွင်
တစ်ဦးတစ်‌ယောက်၊ တစ်စုတစ်ဖွဲ့ ဖြင့်‌ဆောင်ရွက်သည်ထက် ကရင်အမျိုးသားတိုင်း အရှိတရားကို သတိ
ထားပြီး အသိတရားဖြင့် ဝိုင်းဝန်း‌ဆောင်ရွက်ကြရန် တိုက်တွန်း‌ရေးသားလိုက်ရပါသည်။

ဆရာ‌မောင်(ပန်းတ‌နော်)