Home ရွေးကောက်ပွဲသတင်း ကရင်ပြည်သူ့ပါတီကို မဲဆွယ်‌ပေးမည်ဟု မွန်ရှိ ကရင်လူငယ်များ‌ပြော

ကရင်ပြည်သူ့ပါတီကို မဲဆွယ်‌ပေးမည်ဟု မွန်ရှိ ကရင်လူငယ်များ‌ပြော

3524

စက်တင်ဘာ ၉ ရက်၊ ၂၀၂ဝ ပြည့်နှစ်။ ‌စောထွန်းလင်း

မွန်ပြည်နယ်တွင် ကရင်ပြည်သူ့ပါတီ-KPP ၏ မဲဆွယ် စည်းရုံး‌ရေးလုပ်ငန်းများကို ကူညီလုပ်ကိုင်‌ပေးသွားမည်ဟု ကရင်လူငယ်ကွန်ရက် (မွန်ပြည်နယ်)က စက်တင်ဘာ ၈ ရက်‌နေ့ ရက်စွဲပါ သ‌ဘောထားထုတ်ပြန်ချက် တစ်‌စောင် ထုတ်ပြန် ‌ပြောဆိုသည်။

“ကျ‌နော်တို့ ကရင်လူငယ်ကွန်ရက်က ‌ဒေသတစ်ခုမှာ ကရင်ပါတီတစ်ခုပဲရှိရင် အဲ့ပါတီပဲဝန်းရံဖို့ သ‌ဘောထားရှိ တယ်၊ မွန်မှာ KPP ပဲရှိ‌တော့သူတို့ကို မဲကူဆွယ်‌ပေးသွားမယ်” ဟု မွန်ပြည်နယ်၊ ကရင်လူငယ်ကွန်ရက် တာဝန်ခံ တဦးဖြစ်သူ ‌စော‌သောကြာက ‌ကေအိုင်စီသို့ ‌ပြောသည်။

ကရင်ပါတီသာ ကရင်အမျိုးသားတို့၏ အကျိုးစီးပွားနှင့် လိုလားချက်၊ အခွင့်အ‌ရေးများကို ‌ဖော်‌ဆောင် ‌ပေးမည်ဟု ယုံကြည်‌ကြောင်း၊ ထို့အပြင် မွန်ရှိ ကရင်ပြည်သူများကလည်း ကရင်အမျိုးသား‌ရေးအကျိုးကို ‌ရှေ့ရှူ၍ KPP မှ ကိုယ်စားလှယ်‌လောင်းများကို မဲ‌ပေးရန် ‌မေတ္တာရပ်ခံလို‌ကြောင်း သ‌ဘောထား ထုတ်ပြန်ချက်၌‌ဖော်ပြထားသည်။

မွန်ပြည်နယ်တွင် ကရင်ပြည်သူ့ပါတီက ကရင်‌ရေးရာ‌နေရာအတွက် ‌နော်ဆာထူး၊ ပြည်နယ်လွှတ်‌တော် ကျိုက် မ‌ရော(၁)၌ ‌စောမင်းလွင်၊ သထုံ (၂)တွင် ‌စောသိန်း‌ဇော်၊ ‌ပေါင် (၂)တွင် ‌စော‌အောင်ဆန်းဖြိုး၊ ဘီးလင်း (၂) ၌ ‌စော‌အောင်‌ကျော်မင်း တို့ဝင်ပြိုင်သွားမည် ဖြစ်သည်။

ထို့အတူ သထုံမြို့ နယ်၊ ပြည်သူ့လွှတ်‌တော်တွင် ‌စော‌စောမျိုးမြင့်‌အောင် (ခ) ‌စောပန်းသီး၊ ဘီးလင်းမြို့နယ် အမျိုးသားလွှတ်‌တော်တွင် ‌နော်‌အေးပျိုနှင့် ပြည်သူ့လွှတ်‌တော်တွင် ‌စောလင်းနန္ဒာစိုး (ခ) ‌စောလင်းလင်း တို့ အသီးသီးဝင်ပြိုင်သွားမည် ဖြစ်သည်။

“ အခုလို ကရင်လူငယ်‌တွေ မဲဆွယ်စည်းရုံး‌ရေး မှာကူမယ်လို့ ကြားရလို့ ဝမ်းသာကြိုဆိုတယ်။ ၁ဝ ရက်‌နေ့ သထံမှာ အစည်းအ‌ဝေးလုပ်ပြီး ဘယ်လိုလုပ်သွားမလဲဆိုတာ ညှိနှိုင်းသွားမယ်၊ အ‌နော (အစ်မ)အပြင် တခြား ကိုယ်စားလှယ်‌တွေကိုလည်း ကူ‌ပေးပါ ” ဟု လက်ရှိ မွန်ပြည်နယ် ပစ်ခတ်တိုက်ခိုက်မှု‌စောင့်ကြည့်‌ရေး အရပ်သား ကိုယ်စားလှယ်လည်း တဦးဖြစ်သူ ‌နော်ဆာထူးက ‌ကေအိုင်စီသို့ ‌ပြောသည်။

ပြီးခဲ့သည့် ၂၀၁၅ ‌ရွေး‌ကောက်ပွဲတွင် မွန်ပြည်နယ်အတွင်း ကရင်တိုင်းရင်းသားလူမျိုးမဲဆန္ဒနယ်‌မြေတွင် မဲ‌ပေးခွင့် ရှိသူ ၁၈၈,၀၉၇ ဦးရှိသည်ဟု ပြည်‌ထောင်စု ‌ရွေး‌ကောက်ပွဲ‌ကော်မရှင်၏ စာရင်းများ တွင်‌ဖော်ပြ ထားသည်။