Home ရွေးကောက်ပွဲသတင်း သံ‌တောင်ကြီးတွင် မဲဆွယ်စည်းရုံး‌ရေးစတင်သည့်အ‌နေဖြင့် NLD တီရှပ်၊ စ‌တေကာနှင့် အလံများ ‌ဝေငှ

သံ‌တောင်ကြီးတွင် မဲဆွယ်စည်းရုံး‌ရေးစတင်သည့်အ‌နေဖြင့် NLD တီရှပ်၊ စ‌တေကာနှင့် အလံများ ‌ဝေငှ

2582

စက်တင်ဘာ ၉ ရက်၊ ၂၀၂ဝ ပြည့်နှစ်။ ‌စောထွန်းလင်း

ကရင်ပြည်နယ်၊ သံ‌တောင်ကြီးမြို့နယ်၊ မြို့နယ်အမျိုးသားဒီမိုက‌ရေစီအဖွဲ့ချုပ်က မဲဆွယ်စည်းရုံး‌ရေး စတင်သည့် အ‌နေဖြင့် NLD ‌အောင်နိုင်‌ရေးအလံ စိုက်ထူးကာ တီရှပ်၊ စ‌တေကာ၊ ‌ခေါင်းစီးနှင့် အလံများ ‌ဝေငှခြင်းကို စက်တင်ဘာ ၈ ရက်‌နေ့ နံနက် ၈ နာရီတွင် သံ‌တောင်မြို့နယ်၊ ပသိ စား‌သောက်ဆိုင် ‌ရှေ့၌ ကျင်းပခဲ့သည်။

“‌အောင်နိုင်‌ရေးအလံထူတယ်၊ တီရှပ်၊ စ‌တေကာ‌တွေ စသဖြင့်‌ပေ့ါ ‌ဝေ‌ပေးတယ်။ ဆိုင်းဘုတ်လည်း တင်မယ်”ဟု သံ‌တောင်ကြီးမြို့နယ်၊ အမျိုးသားလွှတ်‌တော်ကိုယ်စားလှယ်‌နေရာဝင်ပြိုင်မည့် ‌နော်ခရစ္စ ထွန်းက ‌ပြောသည်။

သံ‌တောင်ကြီးတွင် အမျိုးသားဒီမိုက‌ရေစီအဖွဲ့ချုပ်၊ ပြည်‌ထောင်စု ကြံခိုင်‌ရေးနှင့် ဖွံ့ဖြိုး‌ရေးပါတီ၊ ကရင်ပြည်သူ့ပါတီ(KPP)၊ ပြည်‌ထောင်စု‌ကောင်းကျိုး‌ဆောင်ပါတီ၊ ညီညွတ်‌သော ဒီမိုကရက်တစ်ပါတီ၊ ကယန်းအမျိုးသားပါတီတို့ အသီးသီးဝင်ပြိုင် ကြမည်ဖြစ်ရာ NLD နှင့် KPPတို့ အဓိက ယှဉ်ပြိုင် ရဖွယ်ရှိသည်ဟု ‌ဒေသတွင်း သတင်းရင်းမြစ်များထံမှ သိရသည်။

“သံ‌တောင်ကြီးမှာ‌တော့ သူ့မိတ်နဲ့သူ ‌ပေါ့၊ အခု NLD က ရမ်းလှုပ်ရှား‌နေတယ်။ ကရင်ပါတီက‌တော့ ငြိမ်း‌နေတာ ‌တွေ့ရတယ်။ ကိုယ်ကံကြမ္မာကိုယ်ဖန်တီးချင်ရင်‌တော့ ကရင်ပါတီကိုပဲ အားကိုးရမယ်” ဟု သံ‌တောင်ကြီး ‌ဒေသခံ ‌စောလှထူးက ‌ကေအိုင်စီသို့‌ပြောသည်။

အလားတူ အမျိုးသားဒီမိုက‌ရေစီ အဖွဲ့ချုပ် ကရင်ပြည်နယ် ‌အောင်နိုင်‌ရေး‌ကော်မတီ ဥက္ကဋ္ဌ ဦးသန်းနိုင် ဦး‌ဆောင်ကာ ယမန်‌နေ့ နံနက် ၈ နာရီတွင် ဖားအံမြို့အနှံ့ ပါတီ‌အောင်နိုင်‌ရေးအလံနှင့် ဆိုင်းဘုတ် စိုက်ထူးခြင်းများကို တပြိုင်နက် ပြုလုပ်ခဲ့သည်။

ထို့အပြင် ကရင်ပြည်နယ်၊ မြဝတီ၊ ‌ကော့ကရိတ် စသည့် မြို့နယ်များတွင်လည်း NLD ပါတီ ‌အောင်နိုင် ‌ရေးအလံ အလံစိုက်ထူခြင်းနှင့် မဲဆွယ်စည်းရုံး‌ရေးလုပ်ငန်းများကို စတင်လုပ်‌ဆောင်‌နေ ပြီးဖြစ်‌ကြောင်း သိရသည်။