Home သတင်း Covid-19 အ‌ရေး‌ပေါ်ကာလ မြဝတီမြို့တွင် ည မထွက်ရ အမိန့်ထုတ်ပြန်

Covid-19 အ‌ရေး‌ပေါ်ကာလ မြဝတီမြို့တွင် ည မထွက်ရ အမိန့်ထုတ်ပြန်

4043
Photo: Nay Naw

ဧပြီ ၁၈ ရက်၊ ၂၀၂ဝ ပြည့်နှစ်။ ‌နေ‌နော်

ထိုင်း-မြန်မာနယ်စပ် ကရင်ပြည်နယ် မြဝတီမြို့တွင် ည ၁ဝ နာရီမှ မနက် ၄ နာရီအတွင်း ညမထွက်ရ အမိန့် အပါအဝင် Covid-19 ‌ရောဂါ အ‌ရေး‌ပေါ်ကာလ အများပြည်သူလိုက်နာရမည့် စည်းကမ်းချက် ၄ ရပ်ကို ကရင်ပြည်နယ် အစိုးရအဖွဲ့က ယ‌နေ့ ဧပြီလ ၁၈ ရက်‌နေ့ ရက်စွဲဖြင့် ထုတ်ပြန်လိုက်‌ကြောင်း သိရသည်။

ကရင်ပြည်နယ် အစိုးရအဖွဲ့မှ ဧပြီလ ၁၈ရက်‌နေ့ ရက်စွဲဖြင့် ထုတ်ပြန်ထား‌သော အမိန့်စာတွင် မည်သူမဆို လုံ‌လောက်‌သောအ‌ကြောင်း ပြချက်မရှိဘဲ ‌နေ့စဉ် ည(၁၀)နာရီမှ နံနက်(၄)နာရီ ချိန်အတွင်း ‌နေအိမ်ပြင်ပသို့(လုံးဝ)ထွက်ခွာခြင်း မပြုရန်၊ ကုန်စည်စီးဆင်းမှုအတွက် သွား‌ရောက်‌နေရသည့် ယာဉ်/လူပုဂ္ဂိုလ်များသည် သက်ဆိုင်ရာ အ‌ထွေ‌ထွေအုပ်ချုပ်‌ရေးဦးစီးဌာန၊ အ‌ကောက်အခွန်ဦးစီးဌာနနှင့် ကုန်သွယ်‌ရေးဦးစီးဌာနတို့၏ စိစစ်ခွင့်ပြုချက်ဖြင့် သတ်မှတ်‌နေရာများ၌ လမ်းညွှန်ချက်နှင့်အညီ ‌ဆောင်ရွက်သွားရန် ‌ဖော်ပြပါရှိသည်။

ထို့အပြင် ပြည်သူများအ‌နေဖြင့် ‌နေ့ခင်းဘက်တွင်လည်း မဖြစ်မ‌နေ ပြင်ပသို့သွားလာရန်ကိစ္စရှိပါက အိမ်‌ထောင်စုတစ်စုလျှင် (၁)ဦးသာ ထွက်ရန်နှင့် နှာ‌ခေါင်းစည်း (Mask ) မတပ်ဘဲ အိမ်ပြင်သို့ထွက်ခွာခြင်း (လုံးဝ)မပြုလုပ်ရန်နှင့် ‌ဈေးအသီးသီးရှိ ‌ဈေး‌ရောင်း‌ဈေးဝယ် လုပ်သားပြည်သူများအ‌နေဖြင့် နှာ‌ခေါင်းစည်းများ တပ်ဆင်ထားပြီး ‌ဈေး‌ရောင်း ‌ဈေးဝယ်ပြုလုပ်ကြရန် အစရှိသည့် အမိန့်‌ကြေညာချက်ကို ကရင်ပြည်နယ် အစိုးရအဖွဲ့ စာအမှတ် (၄/၂၀၂၀) ယ‌နေ့ ဧပြီလ ၁၈ ရက်‌နေ့ ရက်စွဲဖြင့် ထုတ်ပြန်‌ကြေညာထားသည်။

နယ်စပ်မြို့ဖြစ်‌သော ကရင်ပြည်နယ် မြဝတီခရိုင်/မြို့နယ်တွင် ပြည်ပအဝင်အထွက်များပြားခြင်း၊ နယ်စပ်ကုန် သွယ်‌ရေးလုပ်ငန်းများနှင့် ဆက်စပ်သည့် ဝန်‌ဆောင်မှုလုပ်ငန်းများရှိခြင်းတို့‌ကြောင့် Covid-19 ‌ရောဂါ ပြန့်ပွားမှု မဖြစ်‌ပေါ်‌စေ‌ရေးနှင့် ကာကွယ်ထိန်းချုပ်‌ရေးလုပ်ငန်းများအား အ‌ထောက်အကူဖြစ်‌စေရန်အတွက် ပြည်သူများ အ‌နေဖြင့် ဧပြီလ ၁၈ ရက်‌နေ့မှစ၍ အမိန့်တစ်စုံတစ်ရာထပ်မံထုတ်ပြန်မှုမရှိမခြင်း ‌ဖော်ပြပါ စည်းကမ်းချက်များကို ‌နေ့စဉ်လိုက်သွားကြရန်နှင့် လိုက်နာရန်ပျက်ကွက်ပါက တည်ဆဲဥပ‌ဒေအရ အ‌ရေးယူသွားမည်ဟု သိရသည်။

Photo: Nay Naw

ကမ္ဘာ့ကျန်းမာ‌ရေးအဖွဲ့ (WHO)မှ Covid-19 အား ကမ္ဘာ့ကပ်‌ရောဂါအဖြစ် ‌ကြေညာထားရှိပြီဖြစ်၍ Covid-19 ကူးစက်‌ရောဂါထိန်းချုပ်‌ရေးနှင့် အ‌ရေး‌ပေါ်တုန့်ပြန်‌ရေးတို့အတွက် ကရင်ပြည်နယ်အစိုးရအဖွဲ့အ‌နေဖြင့် ထိုသို့ အများပြည်သူလိုက်နာနိုင်ရန် တားမြစ်ပိတ်ပင်သည့် အမိန့်ထုတ်ပြန်ရခြင်းဖြစ်သည်ဟု အမိန့်‌ကြေညာစာတွင် ‌ဖော်ပြထားသည်။

ကရင်ပြည်နယ် မြဝတီမြို့တွင် ပြီးခဲ့သည့်ရက်ပိုင်းက ထိုင်းနိုင်ငံ‌ဒေသအသီးသီးမှ ဝင်‌ရောက်လာသည့် မြန်မာ‌ရွှေ့ ‌ပြောင်းလုပ်သား ၁,၅၀ဝ ခန့်ကို ‌စောင့်ကြည့်‌ရေးစခန်း ၆ ခုတွင် ထားရှိပြီး ကျန်းမာ‌ရေးစစ်‌ဆေးမှုများ ‌နေ့စဉ် ‌ဆောင်ရွက်လျက်ရှိသည်။

ထိုအထဲမှ ဖျားနာသူများနှင့် မြဝတီမြို့တွင်းရှိ Covid-19 ‌ရောဂါလက္ခဏာနှင့် ခရီးသွားရာဇဝင်အရ မသကင်္ာဖွယ် ဖျားနာသူများကို မြဝတီခရိုင် ‌ဆေးရုံတွင်ထားရှိပြီး စုစု‌ပေါင်း လူဦး‌ရေ ၃ဝ ခန့်၏ နှာ‌ခေါင်းတို့ဖတ်၊ အာ‌ခေါင်တို့ ဖတ်များယူ၍ ရန်ကုန်ဗဟိုဓာတ်ခွဲဌာနသို့ ‌ပေးပို့စစ်‌ဆေးမှုများ ပြုလုပ်ခဲ့ရာ ဓာတ်ခွဲအ‌ဖြေများအရ ယ‌နေ့ ဧပြီလ ၁၈ရက်‌နေ့ထိ မြဝတီမြို့တွင် Covid-19 ‌ရောဂါပိုး‌တွေ့ရှိသူ တစ်ဦးတစ်‌ယောက်မျှ မ‌တွေ့ရှိ‌သေး‌ကြောင်း သိရ သည်။