Home သတင်း အွန်လိုင်း‌လောင်းကစားပြုလုပ်ပြီး တရားမဝင်‌နေထိုင်‌သော တရုတ်နိုင်ငံသား ၃ဝ ဦးအား ဖမ်းဆီး

အွန်လိုင်း‌လောင်းကစားပြုလုပ်ပြီး တရားမဝင်‌နေထိုင်‌သော တရုတ်နိုင်ငံသား ၃ဝ ဦးအား ဖမ်းဆီး

3874
Photo: Nay Naw

ဧပြီ ၁၇ ရက်၊၂၀၂ဝ ပြည့်နှစ်။ ‌နေ‌နော်

ထိုင်း-မြန်မာနယ်စပ် ကရင်ပြည်နယ်၊ မြဝတီမြို့တွင် အွန်လိုင်း‌လောင်း ကစားပြုလုပ်ပြီး တရားမ ဝင်‌နေထိုင်သည့် တရုတ်နိုင်ငံသား ၃ဝ ဦးအား ‌လောင်းကစားပြုလုပ်ရာတွင် အသုံးပြု‌သော ဆက်စပ် ပစ္စည်းများနှင့်အတူ ဧပြီလ ၁၇ရက်(ယ‌နေ့) မွန်းလွဲ ၃ နာရီအချိန်ခန့်က ဖမ်းဆီးရမိခဲ့‌ကြောင်း သိရသည်။

မြဝတီခရိုင်ရဲတပ်ဖွဲ့မှူး ဒုတိယရဲမှူးကြီး သက်လင်းဦး ကြီးကြပ်ကွပ်ကဲမှုဖြင့် ယ‌နေ့ မွန်းလွဲ ၃ နာရီ အချိန် ခန့်က ဒု-ခရိုင်ရဲတပ်ဖွဲ့မှူးရဲမှူး စိန်‌ဒွေး နှင့် မြဝတီမြို့နယ် ဒုမြို့နယ်ရဲတပ်ဖွဲ့မှူး ဒုရဲမှူး စိုးနိုင်ဝင်းတို့ ဦးစီး ‌သော ရဲတပ်ဖွဲ့ဝင်များနှင့် ပူး‌ပေါင်းအဖွဲ့မှ မြဝတီမြို့၊ အမှတ်(၄)ရပ်ကွက်၊ ဝိ‌ဝေကရာမလမ်းရှိ ကိုစည်သူ ပိုင်ဆိုင်သည့် EMPEROR ဟိုတယ်တွင် တရုတ်နိုင်ငံသားများထားရှိပြီး အွန်လိုင်း‌လောင်း ကစား ဂိမ်းများပြုလုပ်‌နေ‌ကြောင်း သတင်းအရ ဝင်‌ရောက်ရှာ‌ဖွေမှု တစ်ရပ်ပြုလုပ်ခဲ့သည်။

ထိုသို့ ဝင်‌ရောက်ရှာ‌ဖွေရာတွင် တရုတ်နိုင်ငံသား လင်း‌ရှောင်ချန် (၂ဝ နှစ်) အပါအဝင် တရုတ်နိုင်ငံသား ၃ဝ ဦးတို့အား အွန်လိုင်း‌လောင်း ကစားပြုလုပ်ရာ၌ အသုံးပြုသည့် ကွန်ပျူတာနှင့် ဆက်စပ် ပစ္စည်းများဖြစ်‌သော Monitor (၃၀)လုံး၊ ကီးဘုတ်(၃၀)ခု၊ Mouse(၁၉)ခု၊ Mouse ‌အောက်ခံပြား (၁၉)ခု၊ မီးပလပ်ခုံ(၃)ခု၊ ဖုန်းအားသွင်းကြိုးခုံ(၁)ခု၊ TV ပါ ဝါကြိုး(၂၃)ခု၊ WIFI စက်(၅)လုံး၊ M ခဲ‌ရောင်ဖုန်း (၂၂)လုံး၊ MI ‌ရွှေ‌ရောင်ဖုန်း (၈)လုံး၊ စားပွဲခုံ(၁၅)လုံး ထိုင်ခုံ(၃၀)လုံး အစရှိသည့် ဆက်စပ်ပစ္စည်းများနှင့် တရုတ်နိုင်ငံသားများအား ဖမ်းဆီးရမိခဲ့‌ကြောင်း မြဝတီမြို့မရဲစခန်း၏ သတင်းထုတ်ပြန်မှုအရ သိရသည်။

ထိုသို့ ဖမ်းဆီးရာတွင် မြဝတီခရိုင် ရဲတပ်ဖွဲ့မှူးသက်လင်းဦးနှင့် သက်ဆိုင်ရာ ရဲတပ်ဖွဲ့ဝင်များ ခရိုင် လူဝင်မှုကြီးကြပ်‌ရေး၊ စရဖ၊ နယ်ခြား‌စောင့်တပ်၊ အမှတ် (၄) ရပ်ကွက် ရာအိမ်မှူးနှင့် အသိသက်‌သေများ ပူး‌ပေါင်း ပါဝင်ခဲ့သည်ဟု တာဝန်ရှိသူများက ‌ပြောသည်။

အွန်းလိုင်း‌လောင်းကစားပြုလုပ်ပြီး တရားမဝင်‌နေထိုင်သည့် တရုတ်နိုင်ငံသား လင်း‌ရှောင်ချန်း အပါအဝင် တရုတ်နိုင်ငံသား ၃ဝဦး နှင့် တရုတ်နိုင်ငံသားများအား လက်ခံထားရှိသည့် မြဝတီမြို့ အမှတ်(၄)ရပ်ကွက် ဝိ‌ဝေကာရာမလမ်းရှိ EMPEROR ဟိုတယ်ပိုင်ရှင် ဦးစည်သူ(၃၅)နှစ်တို့အား ဥပ‌ဒေနှင့်အညီ အမှုဖွင့်အ‌ရေးယူသွားမည်ဟု မြို့မ ရဲစခန်းက သတင်းထုတ်ပြန်ထားသည်။