Home သတင်း သစ်‌တောဌာန ‌တောမီးရှို့မှု‌ကြောင့် ‌ဒေသခံရွာသူရွာသားများ၏ နှစ်ရှည်ဥယျာဉ်ခြံ ၄ဝနီးပါး မီး‌လောင်ပျက်စီး

သစ်‌တောဌာန ‌တောမီးရှို့မှု‌ကြောင့် ‌ဒေသခံရွာသူရွာသားများ၏ နှစ်ရှည်ဥယျာဉ်ခြံ ၄ဝနီးပါး မီး‌လောင်ပျက်စီး

6526
Photo: Local

ဧပြီ ၁၉ရက်၊ ၂ဝ၂ဝပြည့်နှစ်။ ‌စောမြတ်ဦးသာ

မွန်ပြည်နယ် သထုံမြို့နယ် ဓနု‌ကျေးရွာရှိ အစိုးရသစ်‌တောဌာနမှ ဝက်ဝံ‌တောင်သစ်‌တောကြိုးဝိုင်း ဧရိယာအနီးဝန်း ကျင်တွင် စံပြသစ်‌တောစိုက်ခင်း အ‌ကောင်အထည်‌ဖော်‌ဆောင်ရွက်ရန် သစ်‌တော ၂ဝဝဧက ခုတ်ထွင်ရှင်းလင်းကာ မီးရှို့မှု‌ကြောင့် ‌ဒေသခံများ၏ ဥယျာဉ်ခြံများပါ မီးကူးစက်သွားခဲ့ပြီး နှစ်ရှည် ဥယျာဉ်ခြံ ၄ဝနီးပါး မီး‌လောင်ပျက်စီးသွား ‌ကြောင်း ‌ဒေသခံများ၏ ‌ပြောပြချက်များအရ သိရသည်။

ဧပြီလ ၁၁ရက်၊ မွန်းလွဲ ၂နာရီအချိန်ခန့်တွင် သထုံမြို့နယ်၊ သစ်‌တောဦးစီးဌာနမှ ဝန်ထမ်းများက အဆိုပါ‌တောမီးကို ရှို့ခဲ့သည့်အတွက်‌ကြောင့် ဓနု‌ကျေးရွာရှိ ‌ဒေသခံများ၏ ဘိုးဘွားအစဉ်အဆက်က အသက်‌မွေးဝမ်း‌ကျောင်း လုပ်ငန်း အဖြစ် စိုက်ပျိုးလာခဲ့သည့် ဒူးရင်း၊ နာနတ်၊ မီးကွတ်၊ ကွမ်းပင်၊ ကွမ်းရွက်နှင့် ရာဘာပင်များမှာ မီး‌လောင်ပျက်စီးသွား ခဲ့သဖြင့် အချိန်မှီ ပြန်လည်စိုက်ပျိုးနိုင်ရန် အမြန်ဆုံး ကူညီ‌ပေး‌စေလို‌ကြောင်း ဓနု‌ကျေးရွာ‌ဒေသခံများက ‌ပြောဆို သည်။

ဓနု‌ကျေးရွာသူ ‌နောင်မိတုက “မီးရှို့တာ မလုပ်ဖို့ တစ်ရွာလုံး တားမြစ်ခဲ့‌ပေမယ့် တားမရခဲ့ဘူး။ ကျမရာဘာခြံ ၅ဧက မီး‌လောင်ထဲ ပျက်စီးသွားတယ်။ ဒီရာဘာပင်က‌နေပဲ က‌လေး‌တွေရဲ့ ပညာ‌ရေး မိသားစုစားဝတ်‌နေ‌ရေး‌တွေ ‌ဖြေရှင်း ‌ပေး‌နေတာပါ။ အခြားအလုပ်‌တွေလည်း မလုပ်စားတတ်ဘူး။ စားဝတ်‌နေ‌ရေးအတွက် ‌ကောက်ညင်းထုတ်‌ရောင်းပြီး အခု‌ဖြေရှင်း‌နေရတယ်။ အချိန်မှီပြန်စိုက်နိုင်‌အောင် ကူညီ‌ပေး‌စေချင်တယ်။”ဟု ယမန်‌နေ့ ဧပြီလ ၁၉ရက်‌နေ့က ‌ကေ အိုင်စီသို့ ‌ပြောသည်။

မွန်ပြည်နယ် သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်း‌ရေးဝန်ကြီးဌာန သစ်‌တောဦးစီးဌာနက အ‌ကောင်အ ထည်‌ဖော်‌ဆောင်ရွက်မည့် သစ်‌တောစိုက်ခင်း‌နေရာသည် KNU-ကရင်အမျိုးသားအစည်းအရုံး၏ သထုံခရိုင်၊ တပ်မ ဟာ(၁)နယ်‌မြေလည်းဖြစ်သည့်အပြင် ‌ဒေသခံ ဓနု‌ကျေးရွာသားများ၏ တစ်ခုတည်း ကျန်ရှိ‌သော စိုက်ခင်း‌နေရာ လည်းဖြစ်သည်ဟု မွန်ပြည်နယ်၊ တိုင်းရင်းသားလူမျိုးအ‌ရေးဆိုင်ရာ ‌ကော်မတီတာဝန်ရှိသူထံမှ သိရသည်။

“သစ်‌တောစံပြစိုက်ကွက် လာ‌ဖော်ထုတ်တာ KNU ဘက်က အုပ်ချုပ်‌ရေး‌ရော၊ ရပ်ရွာမှာရှိတဲ့ အုပ်ချုပ်‌ရေး‌ရော တစ်‌ယောက်မှ မသိရဘူး။ တားမြစ်စာပို့ပြီးမှ သစ်‌တောက လုပ်ပါတယ်ဆိုပြီး သိရတယ်။ နှစ်ဖက်ညှိနှိုင်းပြီး လုပ် ‌ဆောင်ရမယ့်အချိန်မှာ သူတို့မလုပ်ခဲ့ဘူး။ ဖုန်းနဲ့ပဲ အသိ‌ပေးတယ်။ ‌ရှေ့ဆက်မလုပ်ဖို့ ကျ‌နော်တို့ KNU ဘက်က ‌မေတ္တာရပ်ခံခဲ့တယ်။ သူတို့မှားသွားတယ်လို့ပဲ ‌ပြောတယ်။”ဟု KNU သထုံမြို့နယ် တရား‌ရေးအ‌ထောက်အကူပြု အဖွဲ့ဝင် ဓနု‌ကျေးနယ်အုပ်စုဥက္ကဌ ပဒို‌စောသားသားက ဧပြီလ ၁၆ရက်‌နေ့တွင် ‌ကေအိုင်စီသို့ ‌ပြောသည်။

Photo: Local

အစိုးရသစ်‌တောဌာနမှ အ‌ကောင်ထည်‌ဖော်‌ဆောင်ရွက်သည့် သစ်‌တောကြိုးဝိုင်း‌နေရာသည် နှစ်ရှည်သစ်ပင်ကြီးများ နှင့် ‌ဒေသခံတို့၏ စိမ့်စမ်း‌ရေအရင်းအမြစ်‌နေရာဖြစ်ပြီး နှစ်ရှည်ဥယျာဉ်ခြံမှ အပင်များ အဓိက မှီခိုအားထား‌နေရသည့် ‌တောင်တန်းတစ်ခုလည်း ဖြစ်သည်။ ၎င်းသစ်‌တောစံပြစိုက်ခင်း ဧက ၂ဝဝ အ‌ကောင်ထည်‌ဖော်‌ဆောင်ရွက်ရန်အ တွက် တစ်ဧကလျှင် ၆သိန်းကျပ်နှုန်းဖြင့် နိုင်ငံ‌တော်က ဘတ်ဂျက်ချထား‌ပေးသည်ဟု ဌာ‌နေတိုင်းရင်းသားများအ ‌ရေး ‌ဆောင်ရွက်‌ပေး‌နေသူများ၏ ‌ပြောဆိုချက်များအရ သိရသည်။

မွန်ပြည်နယ် သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်း‌ရေးဝန်ကြီး ‌ဒေါက်တာမင်းကြည်ဝင်းက “သစ်‌တောမီးရှို့ တာ‌တော့ ဟုတ်ပါပြီး။ ဒါ‌ပေမယ့် ပတ်ဝန်းကျင်ကို ထိခိုက်တယ်။ ပြည်သူ‌တွေထိခိုက်တဲ့အ‌ပေါ်မှာ ကျ‌နော်တို့အစိုးရ အဖွဲ့အ‌ပေါ်မှာ တာဝန်ရှိတာ‌ပေ့ါဗျား။ ဌာနက တာဝန်ရှိတယ်။ ကျ‌နော်ဝန်ကြီးမှာ တာဝန်ရှိတယ်။ ပြည်နယ်အစိုးရပြီး ရင် ပြည်‌ထောင်စု အစိုးရရှိမယ်‌ပေါ့ဗျာ။ တာဝန်ခံမှု တာဝန်ယူမှုဆိုတာက‌တော့ ရှိရမှာ‌ပေါ့‌လေ။ ‌တောင်သူ‌တွေ နစ်နာ တယ်ဆိုရင် ကျ‌နော်တို့က လုပ်နည်းလုပ်ထုံးအဆင့်ဆင့်တင်ပြပြီး လုပ်ရမယ်ကိစ္စဖြစ်ပါတယ်။ ကျ‌နော်တို့မှာ စိစစ်ရ မယ့်အပိုင်းရှိတယ်။ အ‌ရေးယူရမယ့် အပိုင်းရှိတာ‌ပေါ့‌နော်။ ကျ‌နော်အားနည်းချက်ရှိရင် ကျ‌နော်ကိုယ်တိုင်ကလည်း အ‌ရေးယူခံပါ့မယ်။ လတ်တ‌လောက‌တော့ ကွင်းဆင်းစစ်‌ဆေးဖို့‌ရော လူထုနဲ့‌တွေ့ဆုံဖို့‌ရော စီစဉ်ထားတယ်။”ဟု ဧပြီ ၁၆ရက်‌နေ့ ‌ကေအိုင်စီသို့ ‌ပြောသည်။

နိုင်ငံ‌တော်က အ‌ကောင်အထည်‌ဖော်‌ဆောင်ရွက်မည့် ဓနုသစ်‌တောကြိုးဝိုင်း စံပြသစ်‌တောစိုက်ခင်း‌နေရာသည် ဓနု ‌ကျေးနယ်ရွာ ‌ဒေသခံအများစုက စိုက်ပျိုး‌ရေးဖြင့် မှီခိုအားထား‌နေရသည့် သစ်‌တောဥယျာဉ်ခြံရှိရာ ‌တောင်တန်း လည်းဖြစ်ပြီး ‌တောမီးရှို့ခြင်း‌ကြောင့် ထိခိုက်ပျက်စီးဆုံးရှုံးရသည့်အပြင် ၎င်း‌ကျေးရွာရှိ ‌ဒေသခံများအတွက် ‌သောက် သုံး‌ရေအရင်းအမြစ်လည်း ရှားပါးသွား‌ကြောင်း ‌ဒေသခံများက ‌ပြောဆို‌နေကြသည်။