Home သတင်း နယ်စပ်ထိုင်း-မြန်မာနယ်ခြား အမှတ်(၁)ချစ်ကြည်‌ရေးတံတား ယာယီပိတ်ထားမည်

နယ်စပ်ထိုင်း-မြန်မာနယ်ခြား အမှတ်(၁)ချစ်ကြည်‌ရေးတံတား ယာယီပိတ်ထားမည်

6305
Photo: Nay Naw

မတ်လ ၂ဝ ရက်၊ ၂၀၂ဝ ပြည့်နှစ်။ ‌နေ‌နော်

Covid-19 ကူးစက်ပြန့်ပွားမှု ထိန်းချုပ်‌ရေး အစီအစဉ်ဖြင့် နိုင်ငံတကာ ဝင်‌ပေါက်ထွက်‌ပေါက် တစ်ခုဖြစ်‌သော ထိုင်း-မြန်မာနယ်ခြား မြဝတီ-မဲ‌ဆောက် အမှတ်(၁)ချစ်ကြည်‌ရေးတံတားကို နံနက်ဖြန် (မတ်လ ၂၁ ရက်‌နေ့)မှ စတင်၍ ယာယီပိတ်ထားမည်ဟု တာဝန်ရှိသူများက ‌ပြောသည်။

“မတ်လ (၂၁)ရက်‌နေ့ကစ၍ မြဝတီ-မဲ‌ဆောက် အမှတ်(၁)ချစ်ကြည်‌ရေးတံတားကို ၁၄ ရက်ကြာ ‌ခေတ္တ ယာယီပိတ်ထားဖို့ ရှိပါတယ်။ ဒါက‌တော့ ညွှန်ကြားချက်အရ ထိုင်းဘက်ခြမ်းက ပိတ်မယ်ဆို‌တော့ နှစ်ဖက် ညှိနှိုင်းပြီး တံတားပိတ်ထားမှာဖြစ်ပါတယ်။”ဟု မြဝတီနယ်စပ် အမှတ်(၁)ချစ်ကြည်‌ရေးတံတားမှ ပြည်သူ့ အင်အားနှင့် လူဝင်မှုဆိုင်ရာကြီးကြပ်‌ရေးဌာန လက်‌ထောက်ညွှန်ကြား‌ရေးမှူး ဦးသန်း‌ရွှေ က ‌ပြောသည်။

ထိုသို့ ထိုင်း-မြန်မာနယ်ခြား အမှတ်(၁)ချစ်ကြည်‌ရေးတံတားကို ပိတ်ထား‌သော်လည်း ကုန်စည်စီးဆင်းမှုများ အဓိကပြုလုပ်လျှက်ရှိ‌သော မြဝတီမြို့ အမှတ်(၅)ရပ်ကွက် ‌ရေပူ‌ကျေးရွာအနီးရှိ ထိုင်း-မြန်မာနယ်ခြား အမှတ်(၂)ချစ်ကြည်‌ရေးတံတားကိုမူ ပိတ်သိမ်းခြင်းမပြုဘဲ ဆက်လက်ဖွင့်လှစ်သွားမည်ဟု သိရသည်။

Photo: Nay Naw

“ နယ်ခြားအမှတ်(၁)တံတားကို ပိတ်ထား‌ပေမယ့် ဆက်လက်ဖွင့် လှစ်ထားတဲ့ အမှတ်(၂)တံတားက‌နေ ဝင်ထွက်သွားလာလိုသူများအ‌နေဖြင့် ‌ခြေကျင်ဖြင့်မဟုတ်ဘဲ ကားများဖြင့် ယခင်လုပ်ငန်းစဉ်အတိုင်း သွားလာလို့ရပါတယ်။ ထိုင်းမှ‌နေရပ်ပြန်မြန်မာ‌ရွှေ့‌ပြောင်းလုပ်သားများအ‌နေဖြင့်လည်း အမှတ်(၂)ချစ်ကြည် ‌ရေးတံတားမှ ကားဖြင့်ဝင်ခွင့်ရှိသလို ထိုင်းသို့ပြန်သွားမယ့်သူများ အ‌နေဖြင့်လည်း အထက်ပါနည်းအတိုင်း သွားခွင့်ပြုသွားမယ်”ဟု ဦးသန်း‌ရွှေ့က ဆက်‌ပြောသည်။

Covid-19 ‌ရောဂါပြန့်ပွားမှုအ‌ခြေအ‌နေ တ‌နေ့ထက်တ‌နေ့ ပိုမိုဆိုးဝါးလာ၍ တာ့ခ်ခရိုင် အတွင်း ‌ရောဂါကူးစက်ပြန့် ပွားနိုင်မှုထိန်းချုပ်နိုင်‌ရေးအတွက် ထိုင်းနိုင်ငံ ကျန်းမာ‌ရေး ဝန်ကြီးဌာန စာအမှတ် ၃/၂၀၂ဝ ထုတ်ပြန်ချက်အရ အမှတ်(၁) ချစ်ကြည်‌ရေး တံတားကို အဝင်အထွက် ဆိုင်းငံ့ထားရန် နှင့် အမှတ် ၂ ချစ်ကြည်‌ရေး တံတားမှအပ ကျန်ရှိ‌သော လမ်း‌ကြောင်းအားလုံးတွင် လူအဝင်အထွက် ကုန်ပစ္စည်း သယ်ယူပို့‌ဆောင်မှု ‌မော်‌တော် ယာဉ်ဝင်ထွက်မှုအားလုံးကို ယ‌နေ့ (မတ်လ ၂ဝရက်) အမိန့်စာထုတ်ပြန်သည့်‌နေ့မှစ၍ Covid-19 ဗိုင်းရပ်စ်‌ရောဂါပြန့်ပွားမှု ပုံမှန်ထိန်းချုပ်နိုင်သည့် အ‌နေအထား‌ရောက်အထိ ဆိုင်းငံ့ထားရန် ညွှန်ကြား ထား‌ကြောင်း သိရသည်။