Home သတင်း ကရင်ပြည်နယ်အတွင်း သကြင်္န်မဏ္ဍပ် ‌ဆောက်လုပ်ခွင့်ပြုမှာမဟုတ်ဟု လူမှု‌ရေးဝန်ကြီး‌ပြော

ကရင်ပြည်နယ်အတွင်း သကြင်္န်မဏ္ဍပ် ‌ဆောက်လုပ်ခွင့်ပြုမှာမဟုတ်ဟု လူမှု‌ရေးဝန်ကြီး‌ပြော

2628

မတ်လ ၂၁ ရက်၊ ၂၀၂ဝ ပြည့်နှစ်။ ‌စောမြတ်ဦးသာ

Covid -19 ‌ရောဂါ ကြိုတင်ကာကွယ်သည့်အ‌နေဖြင့် ယခုနှစ် ဧပြီ ၁၂ ရက်‌နေ့တွင် ကျ‌ရောက်မည့် မြန်မာ့ရိုးရာအတာသကြင်္န် ပွဲ‌တော်ရက်များအတွင်း သကြင်္န်မဏ္ဍပ်‌ဆောက်လုပ်ခြင်း လူစုလူ‌ဝေးများဖြင့် ပွဲ‌တော်ကျင်းပခြင်းများခွင့်ပြုမည်မဟုတ်ဟု ကရင်ပြည်နယ် လူမှု‌ရေးဝန်ကြီး ဦးဘိုဘို‌ဝေ‌မောင်က ယ‌နေ့ (မတ် လ ၂၁ ရက်)တွင် ‌ကေအိုင်စီ သို့‌ပြောသည်။

“သကြင်္န်ကာလမှာ မဏ္ဍပ်‌တွေ ‌ဆောက်ခွင့်မ‌ပေးဘူး။ ခွင့်ပြုချက်‌ပေးမှာ မဟုတ်ဘူး။ လူစုလူ‌ဝေးနဲ့ မကျင်းပ‌အောင်လို့ မြို့နယ် အုပ်ချုပ်‌ရေးမှူး‌တွေက‌နေ ‌ကျေးရွာ‌တွေကို ညွှန်ကြားထားတယ်။ အိမ်မှာ ပွဲ‌သေး‌လေး‌တွေ ကျင်းပပြီး‌တော့ ကိုယ့်‌ဆွေမျိုး‌တွေနဲ့ သကြင်္န်အတွက် အထိမ်းအမှတ်လုပ်တာတို့က ကျ‌နော်တို့ လက်ခံထားပါတယ်”ဟု ကရင်ပြည်နယ် လူမှု‌ရေးဝန်ကြီး ဦးဘိုဘို‌ဝေ ‌မောင်က ‌ပြောသည်။

ကိုရိုနာဗိုင်းရပ်စ်ပိုး ကူးစက်‌ရောဂါ(Covid -19) နှင့် ပတ်သက်၍ မိမိကိုယ်ကိုဖြစ်‌စေ၊ ပတ်ဝန်းကျင်အတွင်းရှိ သံသယ‌ရောဂါ လူနာရှိ‌နေ သည်ဖြစ်‌စေ နီးစပ်ရာကျန်းမာ‌ရေးဌာနများနှင့် သက်ဆိုင်ရာအုပ်ချုပ်မှူးထံ အ‌သေးစိတ်ဆက်သွယ်‌မေးမြန်းရယူပြီး ‌ရောဂါကာ ကွယ်‌ရေးအတွက် အားလုံးပူး‌ပေါင်း‌ဆောင်ရွက်ကြရန် ဝန်ကြီး ဦးဘိုဘို‌ဝေ‌မောင်က တိုက်တွန်း‌ပြောဆိုသည်။

ကမာ္ဘ့နိုင်ငံများတွင် ကိုရိုနာဗိုင်းရပ်စ်ပိုး ကူးစက်‌ရောဂါ ဖြစ်ပွားလျက်ရှိသည့်အ‌ပေါ် ကရင်ပြည်နယ် ထိုင်း- မြန်မာနယ်စပ်ဂိတ်မှ သွားလာသူများကို ကျန်းမာ‌ရေးစစ်‌ဆေးမှု ‌ဆောင်ရွက်လျက်ရှိပြီး မတ်လ ၂၁ရက်‌နေ့မှစ၍ မဲ‌ဆောက်-မြဝတီ အမှတ်(၂) ချစ်ကြည်‌ရေးတံတားမှအပ ကျန်ရှိသည့် လမ်း‌ကြောင်းအားလုံး အဝင်အထွက် ဆိုင်းငံ့ထားပြီဖြစ်သည်။

ကြာအင်းဆိပ်ကြီးမြို့နယ် ဝင်း‌ရော်‌ဒေသ သကြင်္န်ယိမ်းအကပွဲ‌တော် ဦး‌ဆောင်ကျင်းပသူ ‌စောရှား‌ဖောင်က “ ပြည်နယ် မြို့နယ်အဆင့်‌တွေမှာ လူစုလူ‌ဝေးမလုပ်ဖို့ ညွှန်ကြားချက်‌တွေရှိ‌တော့ ဒီနှစ်သကြင်္န်ပွဲ မကျင်းပဖြစ်‌တော့ဘူး‌ပေါ့‌နော်။ ထိုင်းနယ်စပ်နဲ့လည်းနီး‌နေ‌တော့ ပြည်ပက‌နေ သကြင်္န်ပြန်လာကြသူ‌တွေ များတယ်။ ‌ရောဂါဖြစ်ပွားလာခဲ့ရင် အရမ်းအန္တရာယ် များသွားမယ်” ဟု ‌ကေအိုင်စီ သို့‌ပြောသည်။

ကိုရိုနာဗိုင်းရပ်ပိုးကူးစက်‌ရောဂါ‌ကြောင့် ကရင်ပြည်နယ် ဖားအံမြို့ရှိ အစိုးရဌာနဆိုင်ရာသကြင်္န်မဏ္ဍပ်များနှင့် သံလွင်မြစ်ကမ်းနား လမ်းတစ်‌လျှောက် သကြင်္န်မဏ္ဍပ်များ ‌ဆောက်လုပ်ခြင်းမပြု‌တော့သည့်အပြင် ဖားအံမြို့၊ ချစ်သူမြိုင်ဥယျာဉ်ရှိ အတာသကြင်္န် ယိမ်းအကပြိုင်ပွဲကိုလည်း ယခုနှစ်တွင် မကျင်းပ‌တော့ဟု သက်ဆိုင်ရာတာဝန်ရှိသူထံမှ သိရသည်။