စောထွန်းလင်း
ကမ္ဘာကျော် အမေရိကန် ကုန်အမှတ်တံဆိပ်ဖြစ်သည့် ARROW ရှပ်အကျင်္ီ လက်ရှည်ကို သေသေသပ်သပ်ဝတ် ဆင်ပြီး ရှပ်အကျင်္ီအပေါ်၌ ကရင်ဝတ်စကုတ်ကို ထပ်ဝတ်ထားကာ ကရင်အမျိုးသားသဟာရအသင်း အစည်း အဝေးခန်းမ အရှေ့ စားပွဲတွင် တည်တည်ငြိမ်ငြိမ်ထိုင်နေရင်း စောထွန်းအောင်မြင့်က သူ့ဘဝဖြတ်သန်းမှုများကို ပြောပြသည်။
သူသည် လက်ရှိ ကရင်ပြည်သူ့ပါတီ (KPP) ဥက္ကဋ္ဌ ဖြစ်သလို သူ့ဘဝတစ်လျှောက်လုံးနီးပါးတွင် ခေါင်းဆောင်မှုကဏ္ဍတွင် သာ အများစုတာဝန်ယူခဲ့ရသူလည်း ဖြစ်သည်။ သူသည် ပြည်တွင်း ကရင်ပါတီ နိုင်ငံရေး အသိုင်း အဝိုင်းတွင် ထင်ရှားသူ တစ်ဦး ဖြစ်သည်။ သူ့အား စစ်တပ် အရာရှိဟောင်းတစ်ဦးအဖြစ်သည့်အတွက် အမြင် တစ်မျိုးရှိသူများ လည်းရှိ သလို အုပ်ချုပ်ရေးနှင့် စီမံခန့်ခွဲမှုနယ်ပယ်တွင် ကရင်များထဲ၌ အတွေ့အကြုံ အရင့်ကျက် ဆုံးသူတစ်ဦးအဖြစ်လည်း အသိအ မှတ်ပြု လေးစားသူများလည်း ရှိပြန်သည်။
စောထွန်းအောင်မြင့်သည် မွေးချင်း ၄ ဦးရှိသည့်အနက် အငယ်ဆုံးသားဖြစ်သည်။ သူ၏ ဖခင်ဖြစ်သူသည် ၁၈၈၁ ခုနှစ်တွင် စတင်တည်ထောင်သည့် ဒေါကလု-ကရင်အမျိုးသား အသင်းကြီး၏ နောက်ဆုံး ဥက္ကဌ၊ ဝတ်လုံ တော်ရ စောဘမောင် (Barrister At Law) ဖြစ်သည်။ သူသည် ၁ဝ တန်းစာမေးပွဲ အောင်မြင်ပြီးနောက် တက္ကသိုလ် ပထမနှစ်တက်နေစဉ် စစ်တက္ကသိုလ် ခေါ်ယူသည့်အတွက် သွားရောက်လျှောက်ထား အောင်မြင် သဖြင့် စစ်တက္ကသိုလ် ပြောင်းတက်ခဲ့သည်။
“ စစ်တက္ကသိုလ် အပတ်စဉ် ၆ကို ၁၉၆ဝ ကနေ ၆၄ ထိတက်ခဲ့တယ်။ ကျောင်းဆင်းတော့ အသက် ၂၁ နှစ် ရှိသွားပြီး၊ ရေတပ်ထဲကို ရောက်သွားတယ်” ဟု စောထွန်းအောင်မြင့်က အရာရှိငယ်ဘဝ စတင်ဖြတ်သန်းပုံများကို ပြောပြသည်။
ထိုသို့ တပ်မတော်ရေတွင် တာဝန်ထမ်းဆောင်ရင်း အမှတ်ရစရာ ဖြစ်စဉ်များအနက် ဒိန်းမတ်နိုင်ငံသို့ စစ် သဘေင်္ာတည် ဆောက်ရန် ၄ ဦးရွေးချယ်စေလွှတ်ရာတွင် သူအရွေးခံရသည်။ စစ်သဘေင်္ာတည် ဆောက် ပြီးနောက် ၁၉၈၁ ခုနှစ်တွင် မြန်မာနိုင်ငံသို့ သမုဒ္ဒရာနှင့် ပင်လယ်များကို ၅၆ရက်ကြာ ဖြတ်သန်းပြီး ပြန်မောင်း လာခဲ့ရသည်။ အဆိုပါ စစ်သဘေင်္ာသည် ထိုစဉ်က မြန်မာနိုင်ငံတွင် ရဟတ်ယာဉ် ဆင်းသက်နိုင်သည့် ပထမ ဦးဆုံး စစ်သဘေင်္ာဖြစ်သည်ဟု ဆိုသည်။
ထို့အပြင် ၁၉၈၆ခုနှစ်တွင် အမေရိကန်နိုင်ငံသို့ စစ်သင်တန်းသွားတက်ရန် အရွေးခံရပြီး ပြန်လာသည့်အခါ ဒုဗိုလ်မှူးကြီးရာ ထူးဖြင့် ဗျူဟာစစ်ရေယာဉ်စု ညှိနှိုင်းကွပ်ကဲရေးမှူး၊ ထိုနောက် ပူးတွဲဗျူဟာစစ် ရေယာဉ်စုမှူး အဖြစ် ရေတပ်တွင် တာဝန်ထမ်းဆောင်ခဲ့သည်။
ရှစ်လေးလုံး(၈၈၈၈)အရေးတော်ပုံအတွင်း တပ်မတော်အာဏာသိမ်းလိုက်ပြီး အရပ်ဖက်ဌာနများတွင် လူလိုနေ သည့်အတွက် အရပ်ဖက်သို့ ပြောင်းရွှေ့တာဝန်ထမ်းဆောင်ခဲ့ပြီး ထိုစဉ်က ပို့ဆောင်ရေးဝန်ကြီးဌာန လက်အောက်ခံ၊ သဘေင်္ာသားအလုပ်အကိုင်ကြီးကြပ်ရေးဌာန (SECD)တွင် ညွှန်ကြားရေးမှူး ဖြစ်လာခဲ့သည်။
ထို့နောက် ၁၉၉ဝ ပြည့်နှစ်တွင် ရေကြောင်းပို့ဆောင်ရေးညွှန်ကြားမှုဦးစီးဌာန၌ ညွှန်ကြားရေးမှူးချုပ်အဖြစ် ရာ ထူးတိုး တာဝန်ထမ်းဆောင်ခဲ့သည်။ ညွှန်ကြားရေးမှူးချုပ်အဖြစ် ၆ နှစ်ခွဲခန့်လုပ်ဆောင်ပြီးနောက် ပြည်တွင်း ရေကြောင်းပို့ဆောင်ရေး ဌာန၊ ဦးဆောင်ညွှန်ကြားရေးမှူးအဖြစ် ၁၉၉၇ ခုနှစ်တွင် ပြောင်းရွှေ့တာဝန်ထမ်းဆောင်ခဲ့သည်။
“ အဲ့ဒီလိုနဲ့ အသက် ၆ဝ ပြည့်တော့၊ သက်တမ်း တစ်နှစ်တိုး ထမ်းဆောင်ပြီး ၂၀၀၃ မှာ အငြိမ်းစားယူတယ်။ စုစုပေါင်း ၄၃ နှစ် အစိုးရဝန်ထမ်း လုပ်ခဲ့တယ်။ နိုင်ငံတော်က စီမံထူးချွန်ပထမအဆင့် ချီးမြှင့်တာခံရတယ်” ဟု သူက ကေအိုင်စီသို့ ပြောသည်။
အစိုးရ ဝန်ထမ်းဘဝမှ အငြိမ်းစားယူပြီးနောက် ၂၀၁ဝ ပြည့်နှစ်တွင် နိုင်ငံရေးလောကသို့ မကူးပြောင်းမီ လူမှု ရေး၊ ဘာသာရေးလုပ်ငန်းများဘက်တွင် ပိုမိုအားစိုက် လုပ်ကိုင်ခဲ့သည်ဟု သူက ဆိုသည်။ ထိုအချိန်သည် သူ့ဘဝအတွက် ပေါ့ပေါ့ပါးပါး စိတ်ပျော်ရွှင်စွာ လူမှုရေးလုပ်ငန်းများကို လုပ်ခဲ့ရသည်။
သူသည် ကရင်အမျိုးသားနှစ်သစ်ကူးပွဲတော်ကျင်းပရေး ဗဟိုကော်မတီတွင် ဥက္ကဋ္ဌ၊ ကရင်ဖွံ့ဖြိုးရေးကော်မတီ (KDC)တွင် အဖွဲ့ဝင်၊ ကရင်ကျောင်းသားဟောင်းများအသင်း ဥက္ကဋ္ဌ၊ မှော်ဘီမြို့နယ်ရှိ ဖူးမူးလယ်ကလေးများ ဖွံ့ဖြိုးရေးကျောင်းတွင် နာယက၊ ကရင်သဘေင်္ာသားအသင်းတွင် ဥက္ကဋ္ဌ၊ ကရင်အမျိုးသား သဟာရအသင်းတွင် ဒုဥက္ကဋ္ဌ တာဝန်များကို လုပ်ဆောင်ခဲ့သည်။
ထို့ပြင် ဘာဘာရေး ဘက်တွင် KBC ၌ ဘုရားကျောင်းများရေးရာ ကော်မတီ အဖွဲ့ဝင်၊ မြန်မာနိုင်ငံခရစ်ယာန် ကောင်စီ (MBC) ၌ လူမှုဆက်ဆံရေးကော်မတီဝင်စသည်တို့တွင် ဝင်ရောက်လုပ်ကိုင်ရင်း နိုင်ငံရေးအခြေ အနေအရ ၂၀၁ဝ ပြည့်နှစ်တွင် ကရင်ပြည်သူ့ပါတီကို တည်ထောင်ခဲ့သည်။ ထိုနှစ်တွင် ကျင်းပသည့် ပါတီစုံ အထွေထွေရွေးကောက်ပွဲတွင် ရန်ကုန်တိုင်းဒေသကြီး ကရင်တိုင်းရင်းသားလူမျိုးရေးရာဝန်ကြီးအဖြစ် အရွေးခံ ခဲ့ရသည်။
“ကရင်ပါတီ ဥက္ကဋ္ဌ လုပ်တယ်ဆိုတာ ငွေကုန်ကြေးကျများပါတယ်။ အခု ပါတီအတွက် သုံးတဲ့ ငွေတွေဆိုတာ ကျနော်တို့ ဘာသာ ကျနော်တို့ ထိုင်ပြီးတော့ မသုံးရက်တဲ့ ပိုက်ဆံတွေပါ။ ဒါပေမဲ့ ကိုယ့်အမျိုးသားအတွက် လုပ်နေတာ။ ကျနော်တို့က ဝန်ထမ်းကလာတာ ငါးပြားရ ငါးပြားစုရတဲ့ ဘဝပါ။ အခြေအနေ ဒီလောက် ဖြစ်တယ်ဆိုတာ အမျိုးသမီးက သားဖွားမီးယပ် ဆရာဝန်မကြီးဖြစ်လို့ သူ့အထောက်အပံ့ ရလို့ အခြေအနေကောင်းတာ၊ ကိုယ့်ဘာသာကိုယ်ဆို ဒီလောက် မထိရောက်နိုင်ဘူး” ဟု စောထွန်းအောင်မြင့်က ဖွင့်ဟသည်။
ထို့အပြင် ကရင့်ရေးရာဝန်ကြီး တာဝန်ထမ်းဆောင်စဉ် ရန်ကုန်တိုင်း အစိုးရအဖွဲ့ဝင် ဝန်ကြီးချင်းအတူတူ ခွဲခြား ခံ ရမှုများလည်း သူကြုံတွေ့ခဲ့ရသည်။ တခြားတိုင်းဒေသကြီးဝန်ကြီးများက လစာငွေ ကျပ်လေးသိန်းရစဉ် တိုင်း ရင်းသား ရေးရာဝန်ကြီးက ကျပ်သုံးသိန်းသာရသည်။ ဝန်ကြီးများ လစာတိုးသည့်အခါ အခြားဝန်ကြီးများက ကျပ်သိန်း ၂ဝ ရစဉ် တိုင်းရင်းသားရေးရာဝန်ကြီးက ၁ဝ သိန်းသာရပြန်သည်။ အခြားဝန်ကြီးများ ကားနှစ်စီးရ စဉ်သူတို့က ကားတစ်စီးသာရခဲ့သည်။ ထို့ကြောင့် တပြေးညီဖြစ်စေရေးအတွက် နိုင်ငံတော် သမ္မတထံ စာတင်ခဲ့ သည်။
“ အဲ့ဒါကို တင်တော့ ဖွဲ့စည်းပုံ အခြေခံဥပဒေ ခုံရုံးကို တရားစွဲတဲ့။ စွဲတယ်။ နိုင်တယ်။ နိုင်တော့ သမ္မတက ပြန်စိစစ်ပါတဲ့ အဲ့မှာလည်း နိုင်တယ်။ နိုင်တော့ တိုင်းရင်းသား အခွင့်အရေးများ ထွက်လာတာတို့ ကရင်တိုင်းရင်းသားရေးရာဝန်ကြီး ဌာနဖွဲ့တာတို့ ဖြစ်လာတယ်၊ အဲ့တုန်းက တပြေးညီ ဖြစ်ရေးလုပ်ဆောင်ခဲ့တာ အခု NLD ဝန်ကြီးတွေက ခံစားနေရတယ်” ဟု သူက ပြောသည်။
ယခုလို တိုင်းရင်းသားရေးရာ ဝန်ကြီးတာဝန်ထမ်းဆောင်ရင်းမှ ကိုယ့်တိုင်းရင်းသားများအတွက် တစ်ဆင့်တက်ကာ ပြည်ထောင်စုအဆင့် တာဝန် များ ထမ်းဆောင်ရန် ရည်ရွယ်ပြီး ၂၀၁၅ အထွေထွေရွေးကောက်ပွဲတွင် ကရင်ပြည်နယ်၊ သံတောင်ကြီးမြို့နယ် အမျိုးသားလွှတ်တော်ကိုယ်စားလှယ်နေရာ ဝင်ပြိုင်ခဲ့သည်။
“ ၂၀၁၅ နိုဝင်ဘာ ၈ ရက်နေ့၊ ရွေးကောက်ပွဲနေ့ပေါ့၊ သံတောင်ကြီးမြို့နယ်၊ ဘောဂလိကြီးမှာ ရှိနေတယ်။ နေ့ လည် ဘက်မှာ သံတောင်ပျားစခန်းကို ပြန်လာတယ်။ ပျားစခန်းက မဲရုံမှာ မဲရေတွက်တာကို အနီးက ဘော လုံးကွင်းထဲမှာ စောင့်ကြည့်တယ်။ ၈ ရက်နေ့ ညမဲရေတွက် ပြီးသလောက်က နိုင်နေတယ်။ ၉ ရက်နေ့ ဆက် ရောက်လာတဲ့ မဲတွေအရ လည်း အခြေအနေကောင်းတယ်။ ၁ဝ ရက်နေ့ပေါ့၊ နယ်က မဲတွေရောက်လာတဲ့ အချိ်န်မှာ ကပ်ရှုံးသွားတယ်။ ရှုံးရတဲ့ အကြောင်းအရင်းကတော့ အမျိုးမျိုးရှိပါတယ်” ဟု သူက ပြောသည်။
ထိုသို့ ကရင်ပါတီများ အနိုင်မရခြင်းသည် ကရင်ပြည်သူတို့၏ ရွေးချယ်မှုဖြစ်သလို အကျိုးဆက်အချို့ကိုလည်း ခံစားနေရသည်ကိုတွေ့ရကြောင်း၊ ကရင်အမျိုးသား အာဇာနည်နေ့ကိစ္စရပ်သည် ဥပမာတစ်ခုအနေဖြင့် မှတ်ယူ နိုင်သည်ဟု ၎င်းက ပြောသည်။
တိုင်းပြည်တွင် နိုင်ငံအာဇာနည်များလည်းရှိသလို လူမျိုးစုအလိုက် အာဇာနည်များလည်းရှိကာ အသီးသီးကျင်း ပနေသည်ကိုတွေ့နိုင်သည်ဟု စောထွန်းအောင်မြင့်က ရှင်းပြသည်။
“ တိုင်းပြည်အာဇာနည်က ရှိပြီးသား လက်ခံပြီးသား။ စောဘဦးကြီးက ကရင်တစ်မျိုးသားလုံးရဲ့ အာဇာနည်ပါ၊ ကေအဲန်ယူရဲ့ အာဇာနည်နေ့လို့ ပြောလို့မရဘူး။ ကေအဲန်ယူဆိုတာကလည်း မတရားအသင်းမဟုတ်တော့ဘူး ။ တရားဝင်အဖွဲ့အစည်းဖြစ်သွားပြီး ၁၇/၁ လည်းမရှိတော့ဘူး” ဟု သူက ဆိုသည်။
လာမည့် ၂၀၂ဝ ပြည့်နှစ် ရွေးကောက်ပွဲဝင်ရောက်ရန် ရှိမရှိကိုမူ စောထွန်းအောင်မြင့်က ယတိပြတ်မပြော။ သူ့ အနေဖြင့် လူထုကလိုလားလျှင် လုပ်ဆောင်သွားရန် စဉ်းစားမည်ဟု ဆိုသည်။ သို့သော် သံတောင်ကြီးမြို့နယ် အတွင်းသို့ ၂၀၁၉ ခု နှစ်နှင့် ယခုနှစ်ဆန်းပိုင်းတွင် ပါတီစည်းရုံးရေးကို သူကိုယ်တိုင် ဦးဆောင်သွား ရောက် နေသည်ကိုတော့ တွေ့ရသည်။ သူ့ ကိုယ်တိုင်အတွက်သော်လည်းကောင်း သူဦးဆောင်သည့် ကရင်ပြည်သူ့ ပါတီအတွက်တောင်လည်းကောင်း လာမည့် ရွေးကောက်ပွဲတွင် မျှော်မှန်းချက်တစ်ခုခုထားရှိသည့် သဘော တွေ့ရသည်ဟု ဆိုရပေမည်။
စောထွန်းလင်း