Home သတင်း ၂၀၂ဝ ‌ရွေး‌ကောက်ပွဲဆိုင်ရာအသိပညာ‌ပေးမှုများကို ကရင်ပြည်နယ်‌ကော်မရှင်အဖွဲ့ခွဲမှ ပထမဆုံး စတင်ပြုလုပ်

၂၀၂ဝ ‌ရွေး‌ကောက်ပွဲဆိုင်ရာအသိပညာ‌ပေးမှုများကို ကရင်ပြည်နယ်‌ကော်မရှင်အဖွဲ့ခွဲမှ ပထမဆုံး စတင်ပြုလုပ်

2671

‌ဖေ‌ဖော်ဝါရီ ၂၁ ရက်၊၂၀၂ဝ ခုနှစ်။ ‌စောရှား

ကရင်ပြည်နယ်အတွင်း ယခုနှစ် ၂၀၂ဝ ‌ရွေး‌ကောက်ပွဲနှင့် ပတ်သက်‌သော အသိပညာ‌ပေးလုပ်ငန်းများ ကို ပြည်နယ်‌ရွေး‌ကောက်ပွဲ‌ကော်မရှင်အဖွဲ့ခွဲမှ ‌ဖေ‌ဖော်ဝါရီ ၂ဝ ရက်တွင် ပထမဦးဆုံးအကြိမ် စတင်ပြု လုပ်‌ဆောင်ရွက်‌ပေး‌နေပြီဖြစ်‌ကြောင်း သိရသည်။

‌ဖေ‌ဖော်ဝါရီ ၂ဝ ရက်(ယမန်‌နေ့) ဖားအံမြို့၊ စိုက်ပျိုး‌ရေးသိပ္ပံ‌ကျောင်းရှိ ‌ကျောင်းသူ/‌ကျောင်းသား ဆရာ / ဆရာမများအတွက်ရည်ရွယ်ပြီး စတင်အ‌ကောင်အထည်‌ဖော်လုပ်‌ဆောင်‌နေသည့် အဆိုပါ‌ရွေး ‌ကောက်ပွဲဆိုင်ရာအသိပညာ‌ပေးခြင်းများနှင့်ပတ်သက်၍ ကရင်ပြည်နယ် ‌ရွေး‌ကောက်ပွဲ ‌ကော်မရှင် အဖွဲ့ခွဲ၊ ‌ရွေး‌ကောက်ပွဲ အရာရှိ ဦး‌မောင်‌မောင်နိုင်က ယခုလို ‌ပြောသည်။

“ဒီ‌ကျောင်းသား‌တွေဟာ အသက် ၁၈ နှစ်ပြည့်ပြီး ပထမဦးဆုံးအကြိမ် မဲ‌ပေးမယ့် လူငယ်‌တွေ ဖြစ် တယ်။ မဲတစ်ပြားကို ‌သေချာမှန်မှန်ကန်ကန် မဲ‌ပေးတတ်ဖို့အတွက် ‌ရွေ‌ကောက်ပွဲနဲ့ပတ်သက်တဲ့ အသိ ပညာ‌ပေး‌တွေ လာ‌ရောက်‌ဆောင်ရွက်ရခြင်းဖြစ်ပါတယ်။”ဟု ပြည်နယ်အ‌ခြေစိုက်မီဒီယာများသို့ ယမန် ‌နေ့က ‌ပြောသည်။

အသိပညာ‌ပေးလုပ်ငန်းများ‌ဆောင်ရွက်ရာတွင် မဲ‌ပေးပုံ၊ မဲ‌ပေးနိုင်သည့် အသက်အရွယ်နှင့် ပယ်မဲ၊ ခိုင် လုံမဲအ‌ကြောင်း၊ မဲ‌ပေးရမည့် လွှတ်‌တော်ကိုယ်စားလှယ်အမျိုးအစားများ၊ မဲရုံအခင်းအကျင်းများ အထိ အ‌သေးစိတ်အချက်အလက်များကို စာ‌တွေ့နှင့် လက်‌တွေ့တပါတည်း ရှင်းလင်း၊သင်ကြားပို့ချ ခြင်းများ ပြုလုပ်ခဲ့သည်။

ယမန်‌နေ့ စိုက်ပျိုး‌ရေးသိပ္ပံ‌ကျောင်းဝင်း၌ပြုလုပ်ခဲ့‌သော ‌ရွေး‌ကောက်ပွဲ အသိပညာ‌ပေး ရှင်းလင်းပွဲသို့ ‌ကော်မရှင်အဖွဲ့ခွဲတာဝန်ရှိသူများ၊ အဆိုပါ‌ကျောင်း၏ ပထမနှစ်၊ ဒုတိယနှစ် ‌ကျောင်းသား‌ကျောင်း သူ များနှင့် ဆရာ၊ ဆရာမများ စုစု‌ပေါင်း ၅၀ဝ ဦး‌ကျော် တက်‌ရောက်ခဲ့ကြသည်။

ပြည်နယ်‌ရွေး‌ကောက်ပွဲ‌ကော်မရှင်အဖွဲ့ခွဲမှ ၂၀၂ဝ ‌ရွေး‌ကောက်ပွဲနှင့် ပတ်သက်‌သော အသိပညာ ‌ပေး လုပ်ငန်းများကို ဖားအံမြို့နယ်ရှိ စိုက်ပျိုး‌ရေးသိပ္ပံ‌ကျောင်းနှင့် ပညာ‌ရေး‌ကောလိပ်အပြင် တက္ကသိုလ် များတွင်လည်း ဆက်လက်ပြုလုပ်သွားမည်ဖြစ်‌ကြောင်း ‌ရွေး‌ကောက်ပွဲအရာရှိ ဦး‌မောင်‌မောင်နိုင်က ‌ပြောသည်။

ပြီးခဲ့သည့် ၂၀၁ဝ ခုနှစ်နှင့် ၂၀၁၅ ပါတီစုံဒီမိုက‌ရေစီ အ‌ထွေ‌ထွေ‌ရွေး‌ကောက်ပွဲများကို နိုဝင်ဘာလဆန်း တွင် ပြုလုပ်ခဲ့ကြပြီး လာမည့် ၂၀၂ဝ ‌ရွေး‌ကောက်ပွဲကျင်းပပြုလုပ်မည့် ‌နေ့ရက်၊ လများကို မထုတ်ပြန်ရ ‌သေး‌ကြောင်း သိရသည်။