Home ဆောင်းပါး ဗိုလ်ချုပ်မန်း‌ကျော်‌ဖေ ကိုယ်တိုင်‌ရေး မှတ်တမ်းတချို့

ဗိုလ်ချုပ်မန်း‌ကျော်‌ဖေ ကိုယ်တိုင်‌ရေး မှတ်တမ်းတချို့

4050

ဗိုလ်ချုပ်မန်း‌ကျော်‌ဖေ ကိုယ်တိုင်‌ရေး မှတ်တမ်းတချို့

‌စော‌ယောင့်သာအဲဆန်

လာ့ခဍာ(vmhc@m) လှာကဒါ ရွာအ‌ကြောင်း မှတ်တမ်းတင်‌တော့မည်ဆိုလျှင် ရွာ၏ ဖြစ်စဉ်အားလုံး မည်မျှပြည့် စုံ‌စေကာမူ ရွာ၌‌မွေးပြီး ဆိုင်ရာဆိုင်ရာကဏ္ဍများတွင် ထူးချွန်ထက်မြက်‌သော အထင်ကရ ပုဂ္ဂိုလ်များ အ‌ကြောင်းကိုလည်း ပါရ‌တော့မည်။ အထင်ကရ ပုဂ္ဂိုလ်များထဲမှ ရှားရှားပါးပါး ကရင့်‌တော်လှန်‌ရေး‌ခေါင်း‌ဆောင် ဗိုလ်ချုပ်မန်း‌ကျော်‌ဖေအ‌ကြောင်း မပါလျှင် ကွက်လပ်တစ်ခုကို လျစ်လျူရှုရာ ‌ရောက်သကဲ့သို့ ဖြစ်‌နေ‌ပေလိမ့်မည်။

သို့အတွက် ဤစာတမ်းတွင် မှတ်တမ်းပြည့်စုံသည်ထက် ပြည့်စုံသွား‌အောင် လာ့ခဍာဇာတိသား (ကရင်အမျိုးသား အစည်းအရုံး၊ ကရင်အမျိုးသားကာကွယ်‌ရေးတပ်မ‌တော်-KNDO) ဗိုလ်ချုပ်မန်း‌ကျော်‌ဖေအ‌ကြောင်း ရနိုင်သမျှရ‌အောင် နီးစပ်ရာ မိသားစု များထံ ဆက်သွယ်‌မေးမြန်းဖြစ်သည်။ သို့‌သော် ဌာနတာဝန်နှင့် ပတ်သက်၍ ခိုင်မာ‌သော မှတ်တမ်း အချက်အလက်‌တွေ မရရှိဘဲ နှုတ်‌ပြောစကားဖြင့် ဟိုနည်းနည်း သည်နည်းနည်း အလွတ်သ‌ဘောသာသိရှိရပါသည်။ ဆက်လက်စု‌ဆောင်း မှတ်တမ်းတင် ထားရန် ကြိုးစားပါ‌သေးသည်။ အ‌ခြေအ‌နေနှင့် အချိန်အခါ‌ကြောင့် ဗိုလ်ချုပ်မန်း‌ကျော်‌ဖေ၏ ဘဝ‌ကောက်‌ကြောင်းကို ယ‌နေ့အထိ ပုံမ‌ဖော်နိုင်ခဲ့‌သေး‌ပေ။

စစ်‌ရေးနိုင်ငံ‌ရေး အ‌ခြေအ‌နေအရ လူထုနှင့်ထိ‌တွေ့ ဆက်ဆံမှု အားနည်း၍‌လော၊ မှတ်တမ်းမှတ်ရာ အားနည်း၍‌လော၊ ဗိုလ်ချုပ်မန်း‌ကျော်‌ဖေသည် လာ့ခဍာ (လှာကဒါ) ရွာသားဖြစ်မှန်း‌တောင် လူ‌တော်‌တော်များများ မသိကြ‌ချေ။ ‌ဆွေမျိုး အသိုင်းအဝိုင်းနှင့် ရွာခံ‌လောက်သာ သိ‌ကောင်းသိမည်။ တပ်မဟာ (၆) ဒူးပလာယာ ခရိုင်၊ ဝင်း‌ရေးမြို့နယ်၊ ဝင်း‌ရော်‌ဒေသခံများက ဗိုလ်ချုပ်မန်း‌ကျော်‌ဖေကို အသိနည်းသည်။

ဗိုလ်ချုပ်မန်း‌ကျော်‌ဖေ၏ ဘဝဖြတ်သန်းမှု၊ ကရင့်‌တော်လှန်‌ရေးအ‌ပေါ် ဆုံးခန်းတိုင် သစ္စာရှိမှု၊ ကရင်အမျိုးသား လွတ်‌မြောက်‌ရေးအတွက် ‌ပေးဆပ်မှု…စသည့် လုပ်‌ဆောင်ချက်များနှင့် ဘဝဇာတ်‌ကြောင်းများကို ‌ဒေသခံများ သိရှိအတုယူ ‌လေးစားဂုဏ်ယူ နိုင်‌ရေးအတွက် စာတစ်‌စောင် ‌ပေတစ်ဖွဲ့ မှတ်တမ်းတင်ထားရန် ဆန္ဒရှိခဲ့‌သော်လည်း အ‌ကြောင်း‌ကြောင်း ‌ကြောင့် အ‌ကောင်အထည် မ‌ဖော်နိုင်ခဲ့‌သေး‌ပေ။ ဗိုလ်ချုပ်မန်း‌ကျော်‌ဖေ မဆုံးခင် ကိုယ်တိုင်‌ရေးထားခဲ့‌သော မှတ်တမ်းတချို့ ကို‌တော့ မိသားစုဆီကတစ်ဆင့် လက်ခံရရှိထားပါသည်။ ဘဝဖြတ်သန်းမှု၏ တစ်စိတ်တစ်‌ဒေသမျှသာ ဖြစ်သည်။ ထပ်တူဆင့်ပွား‌တွေးထုတ်နိုင်‌ရေးအတွက် ပြန်‌ဖော်ပြ‌ပေး ရလျှင်…

ဂျပန်‌ခေတ်နှင့် မိမိဘဝအစ
ကျ‌နော်သည် မန်း‌ကျော်‌ဖေ (‌ခေါ်) ငယ်နာမည် ‌စော‌ဖေဖြစ်သည်။ (၁၃ဝ၂)ခုနှစ် ဝါဆိုလဆန်း (၁)ရက်‌နေ့ (1940, July 4 ရက်‌နေ့) အဘ‌မောင်အ‌ကျော် အမိ ‌နော်မယာတို့၏ ‌မွေးချင်း (၉)‌ယောက်အနက် (၇)‌ယောက်‌မြောက်ဖြစ်ပြီး ကြာ အင်းဆိပ်ကြီးမြို့နယ်၊ ဆိပ်က‌လေး‌ကျေးရွာအုပ်စု၊ လှာကဒါ‌ကျေးရွာတွင် ‌မွေးဖွားခဲ့သည်။

ထို‌ခေတ်အခါသည် ဒုတိယကမ႓ာစစ်ကာလ ဂျပန်‌ခေတ်အကြိုဖြစ်၍ ကျ‌နော် (၁)နှစ်သားအရွယ်တွင် ဖက်ဆစ် ဂျပန်များ ဗမာပြည်အတွင်းသို့ တိုက်ခိုက် ချည်းနင်း ဝင်‌ရောက်အုပ်စိုး‌သော အချိန်ကာလ ဖြစ်ခြင်း‌ကြောင့် ၎င်းဒုတိယ ကမ႓ာစစ်၏ စစ်‌ဘေးစစ်ဒဏ်‌ကြောင့်လည်း‌ကောင်း၊ ငတ်မွတ်‌ခေါင်းပါးခြင်း၊ ‌ရောဂါဘယ ထူ‌ပေါခြင်း လူဆိုးသူမိုက်များ ထကြွ‌သောင်းကျန်းခြင်းနှင့် ဂျပန်ဖက်ဆစ်များ မတရား အုပ်ချုပ် အနိုင်ကျင့်မှု‌အောက် ကျီးလန့်စာစား ပြုသမျှခါး စည်းခံကြရ‌သော ဗမာပြည်ရှိ ပြည်သူ လူထုများအနက် ကျ‌နော်သည်လည်း တစ်‌ယောက်အပါအဝင် ဖြစ်ခဲ့ရသည်။

ထိုအချိန်တွင် ‌နေ့စဉ်နှင့်အမျှ ကြားကြရသည့် သမိုင်းဆိုးများမှာ ဘီအိုင်‌အေ တပ်များက ကရင်ရွာထဲဝင်ပြီး မီးရှို့ လူသတ်သွားသည်ဆိုခြင်း၊ ကရင်ရွာအချို့ ရွာလုံးကျွတ် သတ်သွားသည်ဆိုခြင်း၊ ဧရာဝတီမြစ်ဝကျွန်း‌ပေါ်မှာ ကရင်-ဗမာ အဓိကရုဏ်းဖြစ်ပြီး ဗမာက ကရင်လူမျိုးများကို အစိတ်သားမချန် လိုက်သတ်‌နေသည် ဟုဆိုခြင်း၊ ဂျပန်စစ်သားများက ကရင်လူမျိုးအချို့ကို အဂင်္လိပ်သူလျှိုဆိုပြီး သတ်ဖြတ်‌နေသည်ဆိုခြင်းပင် ဖြစ်သည်။

‌တောမီး‌လောင် ‌တော‌ကြောင် လက်ခ‌မောင်းခတ် လူဆိုးသူခိုးဂိုဏ်းများ သူ့ထက်ငါ အားပြိုင် လုယက် တိုက်ခိုက်ကြတဲ့ ‌ခေတ်ဆိုးကြီးမှာလူဖြစ်၊ ပုန်း‌အောင်း ကြီးပြင်းလာခဲ့ရတဲ့ ဘဝကို မိဘများ ပုံ‌ပြောသလို ပြန်လည်‌ပြောပြသည်မှာ ရင်နာစရာပင် ဖြစ်‌ချေ‌တော့သည်။

ဗိုလ်ချုပ်မန်း‌ကျော်‌ဖေသည် သူ၏သိတတ်စ အရွယ်နှင့် ပတ်သက်၍ ‌ရေးသား မှတ်သားချက်များကို လွမ်း‌မောဖွယ် ရာထက် လူသားတစ်ဦး၏ ဖြတ်သန်းမှု အစစ်အမှန်ကို ‌ပေါ်လွင်‌စေပါသည်။ သူ၏ တင်ပြမှုများသည် တကယ့်သက်ရှိ လှုပ် ရှားမှု တစ်ခုကဲ့သို့ မြင်‌ယောင်‌နေရသည်။ အထူးသဖြင့် သူ့မိခင်၏ ‌ကျောင်းကြို‌ကျောင်းပို့ သူ့မိခင်က ခုံဘမ်းအင်းကြီးကို ‌လှေတစ်စင်းနှင့် ကိုယ်တိုင် ‌လှော်ဖြတ်ကာ သူ့ကို‌ကျောင်းပို့ အပ်နှံ‌သောပုံရိပ်၊ ငယ်ဆရာဘုန်းကြီးဦးဥက္ကံသနှင့် ဦးပဏ္ဍိစ္စတို့ ပုံရိပ်ကိုလည်း ခြယ်မှုန်းထား‌သေးသည်ကို ‌တွေ့ရသည်။

မိမိသိတတ်စအရွယ်၏ ဘဝနိဒါန်း
လူဆိုးသူခိုးများ အုပ်စုဖွဲ့ ဆိုးသွမ်းတိုက်ခိုက်‌နေကြတဲ့ ကာလမှာ သူရဲ‌ကောင်း သတ္တိခဲအဖြစ် ‌ပေါ်‌ပေါက်လာသူမှာ ခုံဘမ်း‌ကျောင်း ဘုန်းကြီး‌မောင်နဲပုံး (‌ခေါ်) ဦးဥက္ကံသ ဖြစ်သည်။ ရွာတွင်းရှိ က‌လေးသူငယ်များနှင့်တကွ အနယ်နယ် အရပ် ရပ်ရှိ က‌လေးသူငယ်များပါ စုစည်းစာသင်‌ပေးလျက်ရှိရာ ခုံဘမ်း‌ကျောင်း ဂုဏ်သတင်းသည် ‌ဒေသအတွင်း ပျံ့နှံ့လျက် ရှိသည်။ ထိုစဉ်တွင် ကျ‌နော့်အသက် (၇)နှစ်မျှပင် ဖြစ်သည်။ 1947, July 3 ရက်‌နေ့ (၁၃ဝ၉)ခုနှစ် ဝါဆိုလဆုတ် (၁)ရက် ကြာသပ‌တေး‌နေ့ပင် ဖြစ်၏။

‌မေ‌မေသည် ပန်းဖ‌ယောင်းတိုင်ကိုင်၍ ကျ‌နော်အား ခုံဘမ်း‌ကျောင်း ဆရာ‌တော်ထံ ‌ကျောင်းအပ်သည်။ ‌ခြေမကျိုး၊ လက်မကျိုး ၊ မျက်လုံးမကန်းရင်‌တော်ပြီလို့ ‌မေ‌မေဆိုသည်။ ထိုစဉ်ဝယ် ‌ကျောင်းအအပ်ခံဆို‌ပေမယ့် လုံချည်‌ဟောင်း တစ်ထည်နှင့် အကျင်္ီ‌ဟောင်းတစ်ထည်သာ ရှိသည်။ ‌ကျောင်းအိပ်‌ကျောင်းစား မဟုတ်လို့သာ ‌တော်ပါ‌သေးရဲ့။ မနက်မှာ ခုံဘမ်း‌တောင်အ‌ရှေ့ဘက် လိုင်ဆဲစစ်မှ‌နေ ခုံဘမ်းအင်းကြီးကို ‌ကျော်ဖြတ်ကာ ‌မေ‌မေ ‌လှေနှင့် ‌ကျောင်းပို့သည်။ ည‌နေ ၄ နာရီ ‌မေ‌မေ‌လှေနှင့် လာကြိုသည်။ အိမ်အ‌ရောက်မှာ ကျ‌နော်သည် အကျင်္ီလုံချည်များကို ကပြာကယာ ‌လျှော်ဖွပ် မီးကင်၊ မနက်‌ကောက်ဝတ်၊ ‌မေ‌မေက ထုံးစံအတိုင်း ‌လှေနှင့် ‌ကျောင်းပို့၊ ‌မေ‌မေ အပြန် ‌မေ‌မေ၏‌ကျောပြင်ကို ‌မျှော်ရင်းငိုခဲ့ရတဲ့ ရက် မ‌ရေတွက်နိုင်သလို ထမင်း မစားရ‌သေးလို့ ‌ကျောင်း‌နောက်ကျမှာစိုးပြီး ငိုခဲ့ရတဲ့ ရက်‌တွေလည်း မနည်းပါ။

– ဘူးသီးနုနု မခူးရ၊ ငါ၏ဒူးနာ၏
– ဘဦး‌ရေကူး‌နေသည် ‌ဆေးကု၍မရပါ စသည် စသည်ဖြင့် က‌လေးဘဝ ဖတ်စာ‌လေးများ ဖတ်လိုက်ရပြန်‌တော့ ‌ပျော်လိုက်‌လေခြင်း။
ထို့‌ကြောင့် ခုံဘမ်းသည်မိမိဘဝ၊ ခုံဘမ်းသည်မိမိမှီခိုရာ၊ ခုံဘမ်းသည်မိမိဘဝ တက္ကသို်လ် ဖြစ်ခဲ့ရ‌လေသည်။ မိမိဘဝကို အလှဆင်‌ပေးခြင်း‌ပေတည်း။ ‌ကျေးဇူးဆပ်လို့မကုန်၊ လှာကဒါခုံဘမ်း ဘုန်းကြီးဦးဥက္ကံသနှင့်အတူ ‌ကျေးဇူး တရားကြီးမားခဲ့သူမှာ တံခွန်တိုင် အ‌ရှေ့‌ကျောင်း ဘုန်းကြီး‌သောင်ခါ့ဖါ‌ထော့ (‌ခေါ်) ဦးပဏ္ဍိစ္စပင် ဖြစ်သည်။

မှတ်ချက် ။ ။ မည်သို့မည်ပုံ ‌ကျေးဇူးတရားများကြီးခဲ့ပုံကို အ‌ကြောင်း ညီညွတ်လျှင် အကျယ်တဝင့် ‌ရေးသား တင်ဆက်သွားပါမည်။ သို့‌သော် ယခုတွင် ဆရာ‌တော်နှစ်ပါး၏ ‌ကျေးဇူးတရားကို အနည်းငယ်‌ဖော်ပြသွားပါမည်။ ဦး ပဏ္ဍိစ္စသည် မျိုးချစ်ဘုန်းကြီးတစ်ပါး ဖြစ်သည်။ ရဲစွမ်းသတ္တိနှင့် ပြည့်စုံပြီး ‌တော‌ရော မြို့ပါ အ‌ပေါက် အ‌ရောက်ရှိသည်။ ထိုစဉ်က မြို့မှ ‌တောသို့ ဓာတ်ခဲတစ်လုံးပင် ယူ‌ဆောင်ခွင့် မရှိချိန်တွင် တံခွန်တိုင်ဘုန်းကြီးသည် စာအုပ်များ၊ ‌ကျောက်တံ၊ ခဲတံ၊ စာအုပ်လွတ် (ဗလာ စာအုပ်)၊ ‌ကျောက်သင်ပုန်းများ မိမိတို့ ခုံဘမ်း‌ကျောင်းအတွက် မကြာခဏကူညီပံ့ပိုးခဲ့ သည့် အပြင် ခုံဘမ်းသို့ မကြာမကြာကြွပြီး ဆန်အိတ်၊ ဆီပုံးများပါ ကူညီလျက်ရှိသည်။

‌ကျောင်းရှိ၍ ဆရာမရှိ၊ ဆရာရှိ၍ ‌ကျောင်းမရှိ၊ ‌ကျောင်းရှိသည်၊ ဆရာရှိသည်၊ လုံခြုံမှုမရှိ၍ မသင်ရဲဖြစ်‌နေချိန် ခုံဘမ်းသည် စာသင်စာချဖြင့် စည်ကားလျက် ရှိ‌ပေသည်။ သင်ကြားပို့ချမှုမှာ ဘုန်း‌တော်ကြီး‌ကျောင်း သင်ရိုးဆို‌ပေမဲ့ ဦးဖိုး ကျား ‌ရေးသား‌သော ဖတ်စာအုပ်များ၊ ဂဏန်းသချင်္ာများ၊ မြန်မာ့သမိုင်း၊ ကမ္ဘာ့သမိုင်းစာအုပ်များ၊ ပထဝီ စာအုပ်များပါ အ‌ခြေခံသင်ကြားလျက်ရှိရာ စာ‌ပေတတ်‌မြောက်သူ များပြားခဲ့ပါသည်။ ထို့‌ကြောင့် မိမိဘဝ ‌ရှေ့ခရီးကြမ်းအတွက် ကြီးမား‌သော အ‌ထောက်အကူများစွာ ရခဲ့သည်။

ဗိုလ်ချုပ်မန်း‌ကျော်‌ဖေသည် အသက် (၁ဝ)နှစ်‌ကျော် အရွယ်တွင် ကိုရင်ဝတ်ပြီး အသက် ၁၅၊ ၁၆ အရွယ်တွင် လူဝတ်လဲကာ ‌ကျေးလက်‌ဒေသအလုပ်ဖြစ်‌သော အလုပ်ကြမ်းကိုလုပ်ရန် ကြိုးစား‌သေးသည်။ သူ၏ ‌ဖော်ပြချက်အရ ထိုစဉ်က ‌နေ့စားအလုပ် လုပ်အားခ တစ်‌နေ့နှစ်ကျပ် ( ၂ ကျပ်) သာရသည်ဟု ဆိုသည်။ ထိုကာလ စပါး တစ်တင်း (၁ တင်း)ဖိုးကလည်း နှစ်ကျပ်ရှိသည်ဟု ဆိုထားပြန်သည်။ ဤကဲ့သို့ ‌အောက်‌ခြေ လူတန်းစားဘဝကို ဖြတ်သန်းရင်း တစ်‌နေ့ ကရင့်‌တော်လှန်‌ရေး ‌ခေါင်း‌ဆောင်တစ်ဦး၏ အဆိုအမိန့်ကို ကြားမိမှတ်သားမိ၍ မာ့စ်ဝါဒနှင့် ဒီမိုက‌ရေစီလမ်းစဉ်ကို စတင် ‌လေ့လာမိသည်ကို ‌အောက်ပါအတိုင်း ‌ဖော်ပြထားသည်။

ရှင်သာမ‌ဏေ ဘဝသို့
ကျ‌နော်အသက် (၁၃)နှစ်အရွယ် (၁၉၅၃)ခုနှစ်မှာ ‌ကော့လုံဆရာ‌တော် (ထိုစဉ်က လှိုင်ကနွီ အ‌ရှေ့ ‌ကျောင်းဆရာ ‌တော်)ကို ဥပဇ္ဈယ်ပြုပြီး ရှင်ပဏ္ဍိဟူ‌သောဘွဲ့ဖြင့် ရှင်သာမ‌ဏေဘဝသို့ ‌ရောက်ရှိခဲ့သည်။ သာမ‌ဏေဘဝတွင် ‌ကောကုတ္တရာ စာ‌ပေ အ‌ခြေခံများ မဂင်္လသုတ်မှ အဆင့်ဆင့် ရှင်ကျင့်ဝတ်(‌သေခိယ)၊ သဂြင်္ ိုလ် (၉)ပိုင်း အထိ အချိန်နှင့် တ‌ပြေးညီစွာ သင်အံပြန်ဆိုနိုင်ခဲ့သည်။

ရှင်သာမ‌ဏေ (၃)ဝါအရတွင် မိဘကူညီရန် ဆန္ဒနှင့် ရှင်သာမ‌ဏေဘဝမှ လူဝတ်လဲခဲ့သည်။ ရှင်သာမ‌ဏေဘဝမှ လူ ထွက်ပြီး မိဘအလုပ်ကို ကူညီရန်ဆန္ဒရှိ‌သော်လည်း ‌ကောက်စိုက်၊ မျိုးနုတ်၊ နှီးဖြာစသည့် အလုပ်များနှင့် အကျွမ်းတဝင် မရှိသဖြင့် မိဘကိုကူညီမည့်အစား မိဘရဲ့ ဝန်ထုပ်ဝန်ပိုးပင် ဖြစ်ခဲ့ရသည်။ အ‌ပေါင်းအသင်းများနှင့် သစ်ခုတ်ဝါးခုတ်၊ ထင်းခွဲ၊ လွှဆွဲ အလုပ်ကို လုပ်ပါ‌သော်လည်း အဆင်မ‌ပြေခဲ့။ ‌နေ့စားအလုပ်ကို ‌နေပူထဲ တစ်‌နေကုန် လုပ်မှ နှစ်ကျပ်သာရရှိ သည်။ စပါးတစ်တင်းမှာ နှစ်ကျပ်‌ဈေးဖြစ်‌တော့ တစ်‌နေ့လုပ်အားသည် စပါး (၁)တင်း ဖိုးသာရသည်။ ရုန်းကန်လှုပ်ရှားရ‌သော ‌ကျောမွဲ လူတန်းစားတို့၏ အ‌ခြေခံ ဖြစ်စဉ်ကို စူးစမ်း‌လေ့လာရန် ဆန္ဒပြင်းပြလာခဲ့ရ‌တော့သည်။

ထိုအခါ ကရင့်‌တော်လှန်‌ရေး ‌ခေါင်း‌ဆောင် တစ်‌ယောက်၏ အဆိုအမိန့်ကို ‌အောက်ပါအတိုင်း အမှတ်ရ၍ လူထုလူတန်းစားတို့၏ဘဝ ကွင်းကွင်းကွက်ကွက် ‌ပေါ် လာ‌လေ‌တော့သည်။
– နယ်ချဲ့ အဂင်္လိပ်‌ခေတ်နှင့် ကရင်လူမျိုးများဘဝ
– ဖက်ဆစ်ဂျပန်‌ခေတ်နှင့် ကရင်လူမျိုးများဘဝ
– ဘီအိုင်‌အေတို့၏ ဗိုလ်ကျ အနိုင်ကျင့်မှု
– ဖဆပလ အစိုးရ၏ မတရားအုပ်စိုးမှုနှင့် အုပ်စိုးခံကရင်လူမျိုးများဘဝ
– မဟာလူမျိုးကြီး ဝါဒီများ လက်နက်အားကိုးအနိုင်ကျင့်မှု
– လူလူချင်း မတရားစီးပွားရှာ ‌သွေးစုပ်အမြတ်ထုတ်မှု

စသည့်အ‌ကြောင်းအရာ‌အောက်မှာ ကရင်တစ်မျိုးသားလုံး၏ တစ်ခုတည်း ထွက်‌ပေါက်သည် တန်းတူ‌ရေးနှင့် ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်ရှိ‌သော ကရင်ပြည်ထူ‌ထောင်‌ရေးပင်ဖြစ်၏ဟူ‌သော အ‌တွေးအမြင်သည် မိမိစိတ်အစဉ်မှာ မြဲမြံစွာ စွဲကပ်ခိုလှုံလျက် ရှိ‌ချေ‌တော့သည်။ ထိုစဉ် ‌ဒေသအတွင်း အမျိုးသား‌ရေးအခန်းကဏ္ဍကို ‌ရှေ့တန်းတင် တက်တက်ကြွကြွ စည်းလုံးလှုံ့‌ဆော်သူတို့မှာ ဖနုံကဒါ နဲ‌ငွေသိန်းနှင့် ခလယ်တံခွန်တိုင် ‌မောင်နဲ‌ပေါ်တို့ပင် ဖြစ်ကြသည်။ ‌မောင်နဲ‌ပေါ်၏ အမျိုးသား‌ရေး နိုင်ငံ‌ရေး‌ဟော‌ပြော ‌ရှေ့‌ဆောင်မှုသည် မိမိ၏နိုင်ငံ‌ရေး အမျိုးသား‌ရေး အသိအမြင်များ တိုးပွား‌စေခဲ့သည်။ ‌နောက်တစ်ဖန် ‌မောင်‌ကျော်‌ဌေးခင်(ခ)ပဒိုမန်းချယ်၏ ‌ရှေ့‌ဆောင်မှုဖြင့် ဦးချစ်ညိုမှ သင်ကြားပို့ချ‌သော မာ့(စ်)ဝါဒနှင့် ဒီမို က‌ရေစီလမ်းစဉ်သင်တန်းကို ‌မောင်‌ကျော်‌ဌေးခင် (ခ) ပဒိုမန်းချယ်၊ ပဒိုမန်း‌ကျော်ဒင် တို့နှင့်အတူ တက်‌ရောက် သင်ယူ မှတ်သားနိုင်ခဲ့သည်။

ဗို်လ်ချုပ်မန်း‌ကျော်‌ဖေသည် တပ်မဟာ (၆) ဒူးပလာယာခရိုင် ပဒိုမန်းချယ်၊ ပဒို မန်း‌ကျော်ဒင်တို့နှင့် တွဲမိပြီး ရည်မှန်းချက်ကြီးကြီးဖြင့် ‌ရှေ့‌ခြေလှမ်းလှမ်းရန် ပြင်ဆင်သည်ဟု ဆိုရမည်။ ဤ‌နေရာတွင် သူ၏‌ရေးသားချက်မှာ စာမျက်နှာ တစ်ခု‌ပျောက်‌နေပါ၍ ခြယ်မှုန်းပုံ‌ဖော်ရခက်သည်။ ရှိသည်‌လေးနှင့်ပင် ‌ဖော်ပြရ‌တော့သည်။

မိမိဘဝ‌ရှေ့‌ခြေတစ်လှမ်း
မိမိ၏ ‌ရှေ့‌ခြေတစ်လမ်းကို လှမ်းနိုင်ရန် အမျိုးသား‌ရေး‌ခေါင်း‌ဆောင်အချို့နှင့် ပဒိုမန်းချယ် (‌ခေါ်) ‌မောင် ‌ကျော်‌ဌေးခင်သည် အဓိကအခန်းတွင် ပါဝင်သည်။ ရည်မှန်းချက် ရှိသည်။ ရည်ရွယ်ချက် ရှိသည်။ ကြီးမား‌သော ဦးတည်ချက် ရှိသည်။

ထိုအချိန်သည် မျိုးချစ်‌ခေါင်း‌ဆောင်ကြီး ‌မောင်နဲ‌ပေါ် မရှိ‌တော့‌လေပြီ။ ‌စော‌စောကပင် တံခွန်တိုင်အ‌နောက်‌ကျောင်း တန်‌ဆောင်တိုင်ပွဲ‌တော်တွင် ဗမာ့ တပ်မ‌တော် လက်ချက်ဖြင့် ‌စောစီးစွာကျဆုံးသွားခဲ့ရရှာသည်။ အလျဉ်းသင့်လျှင် ‌မောင်နဲ‌ပေါ် ကျဆုံးခြင်းကို တင်ဆက်သွားပါမည်။

ဗိုလ်ချုပ်မန်း‌ကျော်‌ဖေသည် စစ်‌မြေပြင်အတွင်း ‌မြေစာပင် ဖြစ်ခဲ့ဖူး‌သော လာ့ခဍာ (လှာကဒါ) ရွာသူရွာသားများ၏ ပုံရိပ်တစ်ကွက်ကိုလည်း ကိုယ်‌တွေ့မှတ်တမ်းတင်ထား နိုင်ခဲ့သည်ကို ‌တွေ့ရသည်။ လာ့ခဍာရွာတည်ရှိရာ‌နေရာသည် ဝင်း‌ရော်(‌ဝေါင်း‌ရော်) မြစ် အ‌ရှေ့ဘက်ကမ်းနှင့် ဇမိ(သမိုက်)၏ အ‌ရှေ့ဘက်ခြမ်းတွင်ရှိသည်။ စစ်‌ရေး အရဆိုလျှင် မြစ်‌ကြောင်းနှစ်‌ကြောင်းက ခြံစည်းရိုးကတုတ်ကဲ့သို့ ဖြစ်‌နေသည်။ ထို့‌ကြောင့် ဖြစ်မည်။ ကရင် အမျိုးသား အစည်းအရုံး ဒူးပလာယာခရိုင် အ‌ခြေခံ‌ဒေသတစ်ခုဟုဆိုလျှင် ဆိုနိုင်‌လောက်သည်။ ထို့‌ကြောင့်လည်း တပ်မ‌တော်စစ်‌ကြောင်းက ရန်သူ့နယ်‌မြေအဖြစ် သတ်မှတ်ပြီး ဝင်ထွက်သွားလာတိုင်း တိုက်ပွဲဖြစ်မြဲဖြစ်သည်။ တိုက်ပွဲဖြစ်ပြီဟုဆိုလျှင် ‌တွေ့သမျှ လူ‌တွေကို လုပ်ချင်တိုင်းလုပ်ကြသည်ကို ဗိုလ်ချုပ်မန်း‌ကျော်‌ဖေက သူ၏ မှတ်တမ်းတွင် ခုနှစ်သက္ကရာဇ်နှင့်တကွ ‌ဖော်ပြ ထား‌ပေသည်။

ခုံဘမ်း‌ကျောင်းအလှကို အနီ‌ရောင်ဆိုးလိုက်‌သော နံနက်ခင်း၏ ငရဲပွက်သံ
(၁၉၆၁)ခုနှစ် ‌မေလ (၂ဝ)ရက် မနက် (၇)နာရီအချိန်သည် လှာကဒါ ခုံဘမ်း‌ကျောင်း သဘာဝအလှကို ရိုင်ဖယ်သံ၊ ဘရင်းစတင်းသံ၊ ‌မော်တာသံများ လွှမ်းမိုးပြီး ‌အော်သံဟစ်သံ အမိန့်‌ပေးသံတို့က နားကွဲလုမတတ် ဆူညံလျက် ရှိ‌တော့သည်။ ကရင်လက်နက်ကိုင် အင်အားစုတစ်စုက “‌ဟေး…‌ဟေး၊ မပစ်ကြနဲ့ မပစ်ကြနဲ့၊ ရွာနာမယ်၊ ဒီမှာ ရဟန်းသံဃာလည်း အ များကြီး၊ အားလုံးထိခိုက်ကုန်လိမ့်မယ်၊ ရွာ အပြင်မှာ ထွက်ခံမယ်” ဆိုပြီး အ‌စောကြီးကပင် ထွက်ခွာသွားကြ‌လေပြီ။

တစ်ဘက်ပစ်ခတ်‌နေကြသည့် ဗမာ့တပ်မ‌တော်များက‌တော့ဖြင့် ပစ်တုန်း စတုန်း အမိန့်‌ပေးတုန်း ဖြစ်သည်။ ညာ သံ‌ပေး‌နေတုန်း ဖြစ်သည်။ “‌ဟေး…‌ဟေး ပစ်ကြ ပစ်ကြ၊ တစ်‌ယောက်မှ မလွတ်‌စေနဲ့၊ ဗမာ့တပ်မ‌တော်ကွ လက်နက်ချ လက်နက်ချ” ဆို‌သော ‌အော်‌ပြောသံနှင့်အတူ တုန်လှုပ်စရာ အသံတစ်ခုမှာ “ပစ်..ပစ် ဦးတည့်ရာပစ်၊ ဒီမှာငါတို့ အမျိုး‌တွေ တစ်‌ယောက်မှ မရှိဘူး” ဆိုတာပါပဲ။ ရင်နာစရာ ‌ကောင်းလိုက်‌လေခြင်း။

ထိုအချိန်တွင် ရွာအ‌ရှေ့ပိုင်း (ခုံဘမ်းပိုင်း)ရှိ ‌ယောက်ျားမိန်းမ ‌တွေ့သမျှလူ အားလုံးကို ‌သေနတ်နှင့်‌ထောက်ပြီး ကျွဲ‌မောင်းနွား‌မောင်း ‌ကျောင်းအတွင်း ‌မောင်းဝင်လာကြ‌တော့သည်။ ‌မောင်းဝင်လာ‌သော လူ‌ပေါင်းက တစ်ရာထက် မနည်း ‌ပေ။ ထိုလူများကို ‌မေးမြန်းရိုက်နက် ထု‌ထောင်းကြလျက်ရှိရာ ဦးအကြူး၊ ဦးဘိုးဟိန်၊ ဦးမူလူတို့သည်ပင် ‌သွေးတရဲရဲ ဖြစ်‌နေချိန် ကျ‌နော့်အ‌ဖေ ‌ကျောင်းဒကာ (အသက် ၇ဝ နီးပါး)ကို အားရပါးရ ရိုက်နှက်တာမြင်‌တော့၊ “ဒကာကြီးတို့ သည်းခံကြပါ၊ ဒီလူ ‌တွေအားလုံး ရွာသား‌တွေပါ ဦးဇင်းတို့ ဒကာအစစ်ပါ မရိုက်ကြပါနဲ့” ‌တောင်းပန်‌ပေမဲ့ ‌ကျောင်းပတ်ပတ်ချာလည်တွင် ရိုက်နှက်ထု‌ထောင်းသံ ဆိုသံဆဲသံ ငိုယိုသံတို့သည် ငရဲပွက်သံတမျှ ဆူညံလို့ ရှိပါ‌လေ‌တော့သည်။

ဆက်လက်ပြီး ‌နွေရာသီ တစ်‌နေ့‌သောအခါတွင် တိုက်ပွဲ‌ခေါ်သံ၏‌နောက်၌ လာ့ခဍာ (လှာကဒါ) ရွာသူရွာသားများ အ‌ယောက် (၅ဝ)‌ကျော် တပ်မ‌တော်စစ်‌ကြောင်းက ‌ခေါ်သွားသဖြင့် ပါသွားခဲ့ရပုံ၊ တပ်မ‌တော်၏ လက်နက်ကျည်ဆံ‌သေတ္တာ ထမ်း‌ပေး‌နေရပုံနှင့် ခရီးတစ်ဝက်‌ကျော်‌လောက် အ‌ရောက်တွင် အစ်ကိုပါပုနှင့် မန်း‌မွှေးတို့နှစ်ဦး လူ့‌လောကမှ ‌သွေးသံဖြင့် နှုတ်ဆက်ထွက်ခွာ သွားရပုံ‌တွေကို ‌ရေးထားရင်း ‌သေဆုံးသူ၏ မိခင်က ငို‌ကြွေး‌သောက ‌ရောက်ခဲ့ရပုံ‌တွေကို ‌ဖော်ပြရာတွင် အသက်ဝင်လွန်းလှသည်။

‌မေ‌မေ့ သားကြီးပါပု ကံဆိုးရှာပြီ
ခုံဘမ်း‌ကျောင်းဝင်းအတွင်း ‌သွေးထွက်သံယိုမှု ရိုက်ပွဲကြီး ပြီးသွား‌လေပြီ။ အချိန်သည် မွန်းလွဲ (၃)နာရီခန့် ဖြစ်သည်။ ‌ငွေရှိန်၊ ပန်း‌မွေး အစ်ကိုပါပုတို့သည် ‌သွေးသံရဲရဲဖြင့် ၎င်းသုံး‌ယောက်တို့နှင့် အတူ ရွာသားအ‌ယောက် ငါးဆယ်တို့သည် ဗမာ့တပ်မ‌တော်အမည်ခံ စစ်ဘီလူးတို့၏ ချီတက်ရာ‌နောက် ကျည်‌သေတ္တာထမ်း လိုက်ပါ ကြရရှာသည်။ ‌နောက်ရက် (၁၉၆၁)ခုနှစ် ‌မေလ ( — )ရက်‌နေ့မှာ ရွာသား အ‌ယောက် ငါးဆယ်ပြန်‌ရောက်ခဲ့ကြ‌ပေမဲ့ အစ်ကို ပါပုနှင့် ‌ငွေရှိန်၊ ပန်း‌မွေးတို့ မပါလာ ကြ‌ပေ။ (၇)ရက်‌မြောက်‌နေ့မှာ ဖားပြ‌ဒေသ ‌မြေနီကုန်းရွာအနီး ကြာအင်း‌ခေါ်တဲ့ အင်း‌စောင်းမှာ အစ်ကိုပါပုနှင့် ပန်း‌မွေးတို့နှစ်‌ယောက် မရှုမလှ ‌သွေးသံရဲရဲဖြင့် ဗမာ့ တပ်မ‌တော်များ လက်ချက်ဖြင့် ‌သေဆုံးသွားကြရရှာပြီ ဆိုသည့် သတင်းကို ‌မေ‌မေ ကြားသိရ၍ သားသံ‌ယောဇဉ်နှင့် မအိပ်မစားနိုင်ဖြစ်ကာ အရိုး‌ပေါ်အ‌ရေတင် ဖြစ်ခဲ့ရ ရှာသည်။ ဩ မိခင်‌မေတ္တာ …. မိခင်၏‌မေတ္တာ ကြီးမားလှပါ‌ပေ၏။

ဤသို့ဖြစ်ပြီး‌နောက်ပိုင်း ဗိုလ်ချုပ်မန်း‌ကျော်‌ဖေသည် ရွာသား အသတ်ခံရ သည်နှင့် ပတ်သက်၍ အခဲမ ‌ကျေဖြစ်သည်။ အသတ်ခံရသည့်အထဲတွင် အစ်ကိုအရင်း တစ်ဦးပါပြန်၍ ပို‌တောင် မ‌ကျေမနပ်ဖြစ်ပြန်သည်။ ထိုခံစားချက်နှင့် ပတ်သက်၍ အ‌ဖေ ဖြစ်သူ ‌ဖျောင်းဖျ‌သော်လည်း စိတ်ထဲတွင် ရန်သူကို ခုခံချင်စိတ် ဖြစ်လာသည်။ အကယ်၍ သူ စစ်ထဲ ‌တော်လှန်‌ရေးထဲဝင်လျှင် အစ်ကိုကြီး ‌သေဆုံးထားသည်ကလည်း မကြာ‌သေး၍ အ‌မေပိုခံစား ရ‌လေမလား၊ ရင်ကွဲနာကျ‌လေမလား…စသည်ဖြင့် ကိုယ်တိုင် အ‌တွေးပုံရိပ် တစ်ကွက်ကို ဗိုလ်ချုပ်မန်း‌ကျော်‌ဖေ ‌ကောင်း‌ကောင်း ချပြထားပြန်သည်။

‌မေ‌မေ ရင်ကွဲနာ ကျ‌လေမလား
‌မေ‌မေ့သားကြီးပါပု ‌သွေးသံရဲရဲနှင့် အသတ်ခံလိုက်ရ‌သော သတင်းရလိုက် သည်နှင့် ‌နေ့စဉ်ရက်ဆက်ငိုပြီး မစားနိုင် မ‌သောက်နိုင် အရိုး‌ပေါ် အ‌ရေတင်‌နေရသည့် ခံစားမှု‌ဝေဒနာ ဖြစ်‌နေစဉ်မှာ ကျ‌နော်သည် ဗမာ့တပ်မ‌တော်အ‌ပေါ် မ‌ကျေ မချမ်းဖြစ် ပြီး လက်နက်ကိုင်‌တော်လှန်‌ရေးလုပ်ရန် ရွာကထွက်သွားလျှင် ‌မေ‌မေဘာများ ဖြစ်သွား‌လေမည်နည်း။ (သားကြီး‌ရေနစ်‌သေဆုံး သားငယ်စွန်ချီသွား ဖြစ်တဲ့ ပဋာစာရီလို ‌မေ‌မေရင်ကွဲနာ ကျ‌လေမလား)။ ထိုအခါ ‌ဖေ‌ဖေက ကျ‌နော့် ခံစားချက်ကို ‌ဖြေ‌လျှော့ ‌စေရန် “သည်းခံပါသားရယ် နိယာမတရားအရ ငါတို့မှာ ဝဋ်‌ကြွေးရှိလို့ ထားပါလို့” ‌ပြော‌တော့ “ဟုတ်ကဲ့‌ဖေ‌ဖေ” လို့သာ ဆိုလိုက်ရ‌သော်လည်း သမိုင်းနှင့်ချီလာသည့် လူမျိုးကြီးဝါဒတို့၏ ဗိုလ်ကျအနိုင်ကျင့်ခြင်းကို အခဲမ‌ကျေနိုင်။

စိတ်ခံစားချက်သည် တား၍မရ‌သော အရာဖြစ်၍ ဗိုလ်ချုပ် မန်း‌ကျော်‌ဖေသည် ‌တော်လှန်‌ရေးနယ်သို့ ခရီးစတင်ရ ‌တော့သည်။ မသွားခင် ‌တော်လှန်‌ရေး၏ ခက်ခဲကြမ်းတမ်းမှုမျိုးစုံကို ဖခင်ဖြစ်သူက အရင်မှာကြားသွားခဲ့သည်။ ‌တော်လှန် ‌ရေးနယ်‌ရောက်‌တော့ အစစအရာရာ တာဝန်ထမ်းရင်း အလုပ်သင်သ‌ဘောဖြင့် ဖြတ်သန်းလာခဲ့ရပုံကို သူက သတိတရ ‌ရေးထားပါ‌သေးသည်။

‌တော်လှန်‌ရေး နယ်‌မြေသို့
မိဘနှင့်တကွ အ‌ပေါင်းအသင်းများအား စွန့်ခွာပြီး ‌တော်လှန်‌ရေးနယ်‌မြေသို့ စတင်သည်။ မ‌ရောက် မ‌ပေါက်ဖူး ‌သော‌ဒေသ၊ မခင်မမင်ဖူး‌သော ပုဂ္ဂိုလ်များတို့နှင့် ‌ပေါင်းသင်းဆက်ဆံသည်။ ဆင်းရဲပင်ပန်းသည်။ ခက်ခဲသည်။ ထိုစဉ်တွင် ‌ဖေ‌ဖေ‌ပြော စကားတစ်ခွန်းကို ကြား‌ယောင်လာသည်။ တစ်ခုလုပ်ရင် ကြပ်ကြပ်လုပ်၊ ‌တော်လှန်‌ရေး ဆိုတဲ့ အဓိပ္ပာယ်ကို နားလည်‌အောင်‌လေ့လာ၊ ‌တော်လှန်‌ရေးနှင့် တူ‌အောင်လုပ်ဆို‌သော ‌ဖေ‌ဖေစကားသည် ကျ‌နော့်ကို ခွန်အား ပြည့်ဝ‌စေသည်။
နိုင်ငံ‌ရေး၊ အမျိုးသား‌ရေး၊ အုပ်ချုပ်‌ရေး၊ စစ်‌ရေး၊ လူမှုဆက်ဆံ‌ရေး၊ စည်းရုံး‌ရေး၊ တိုက်‌ရေးခိုက်‌ရေးများကို လုပ်ရင်းသင် သင်ရင်းလုပ် လက်‌တွေ့ကျကျ နည်း‌ပေးခဲ့သူမှာ ဗိုလ်ချုပ်‌အော်လီဘာပင် ဖြစ်သည်။
(မိမိ မ‌ပြောတတ်‌သော စစ်ကရင်စကား မတတ်‌သေး‌သော စ‌ကောကရင်စာကိုပင် တတ်‌အောင်သင်ပြ‌ပေးခဲ့သူ လက်ဦးဆရာမှာ ဗိုလ်ချုပ်‌အော်လီဘာ‌ပေတည်း)

ဗိုလ်ချုပ်မန်း‌ကျော်‌ဖေအ‌ကြောင်းကို မသိသူ‌တွေက တစ်မျိုး တစ်ဖုံထင်‌ကောင်း ထင်လိမ့်မည်။ ‌သေမင်းလက်ထဲမှ ပြန်လွတ်လာခဲ့ရသည်ကိုလည်း စိတ်ဝင်စားဖွယ် ‌ကောင်းလှပါသည်။ ‌သေမင်းလက်ထဲ ပါသွားဖူး‌သော်လည်း ရပ်တည် ချက်မပျက်ဘဲ ယုံကြည်ချက် အတွက် ‌တော်လှန်‌ရေးအတွက် ဆက်လက်ရှင်သန် လှုပ်ရှားမြဲလှုပ်ရှားဆဲ လှုပ်ရှား‌နေ ပြန်သည်။ ထိုစဉ်က အထက်လူကြီး၏ တာဝန်‌ပေးချက်အရ မဟာမိတ်ကိစ္စတစ်ခုနှင့် ‌ဆောင်ရွက်ရင်း ခရီးလမ်းတစ်ခုတွင် ရန်သူက သတင်းရရှိ၍ ဖမ်းဆီးခံလိုက်ရဖူးသည်။ အဖမ်းခံရစဉ် ရန်သူ၏ အရိုက်အကန် အထုအ‌ထောင်း နှိပ်စက်မှုအမျိုးမျိုး ခံရသည်။ ‌နောက်‌တော့ အချုပ်ထဲ‌ရောက်ခဲ့ရသည်။ အချုပ်ကျစဉ်မှာပင် အ‌ဖေဆုံးသည့် သတင်းကို ကြားရပြန်သည်။ မတတ်သာ‌တော့ပြီ။ ‌လောကကြီး အ‌မှောင်ကျ‌သော‌နေ့ဟု သူရွတ်ဆို ‌နေမိ‌တော့သည်။ ဤသည်နှင့် ဆက်စပ်‌သော အ‌ကြောင်းကို ‌အောက်ပါအတိုင်း ‌ရေးထုတ် ထားပါသည်။

‌သေကံမ‌ရောက် သက်မ‌ပျောက်
ကံဆိုးမိုး‌မှောင်‌သော (၁၉၇၄)ခုနှစ် ဇူလိုင်လတွင် ‌ခေါင်း‌ဆောင်တစ်ဦး ဖြစ်သည့် ဒု-ဗိုလ်မှူးကြီး‌ထောဖာမှ ‌ခေါ်ယူ‌တွေ့ဆုံရာတွင် “ဗိုလ်‌ကျော်‌ဖေ၊ ခင်ဗျား မွန်ပြည်သစ်ပါတီ (မြို့နယ်‌ကော်မတီ) နိုင်ဖိုးစိန်နဲ့ သွား‌တွေ့ပြီး မဟာ မိတ်ကိစ္စ ‌ဆွေး‌နွေးပါ” ညွှန်ကြားချက်အ‌ပေါ် ကျ‌နော်တစ်‌ယောက်တည်း အ‌ဖော်ရွာသား တစ်ဦးကို ‌ခေါ်ပြီး နိုင်ဖိုးစိန်ရှိရာ သို့လာခဲ့ရာ မအူ‌ချောင်းဝရွာ အ‌ရောက်တွင် –

(သို့/
နိုင်ဖိုးစိန်
‌လေးစားလျက်။ ညွှန်ကြားချက်အရ လူကြီးမင်းနှင့် မဟာမိတ်ကိစ္စ တစ်ခုကို ညှိနှိုင်း‌ဆွေး‌နွေးရန် ရှိခြင်း‌ကြောင့် ‌ကျေးဇူးပြု၍ ယခုစာယူလာသူ နှင့်အတူ ခီနားထိုင်း‌နေအိမ်သို့ လာ‌ရောက်‌တွေ့ဆုံပါရန် အစဉ်‌လေးစား ချစ်ကြည်စွာဖြင့်
မန်း‌ကျော်‌ဖေ)

ဤသို့ ‌ရေးသားလိုက်‌သောစာကို ကံဆိုးချင်‌တော့ ခလရ(၆၂) ဒု-ဗိုလ်မှူးကြီး သင်းထင်၏ စစ်‌ကြောင်းနှင့် ပက် ပင်းတိုးပြီး ကျ‌နော့်စာကိ်ု သိမ်းဆည်းရမိလိုက်သည်နှင့် ၎င်းတို့က မွန်ပြည်သစ်ပါတီ နိုင်ဖိုးစိန်အသွင် ဟန်‌ဆောင်ကာ ကျ‌နော့်ထံ ဝင်‌ရောက်လာရာ လူမှားသဖြင့် အဖမ်းခံလိုက်ရ‌လေသည်။

ခလရ(၆၂)၏ လက်စွမ်းသည်လည်း ‌ခေသည်‌တော့ မဟုတ်‌ပေ။ ‌မေးသည်။ ရိုက်သည်။ ကန်သည်။ ဂျီသရီးဒင်နှင့် ‌ထောင်းသည်။ ဘက်နက်နှင့်ထိုးရန် ချိန်သည်။ ‌ရေ‌ရေလည်လည် အရိုက်အနှက်ခံရချိန်တွင် ခလရ(၆၂) တပ်ရင်းမှူး (စစ်‌ကြောင်းမှူး ဖြစ်သူက) “‌ဟေး…ဘယ်မှာလဲ တရားခံ၊ ငါ့‌ပေးဆို” ကျ‌နော် စစ်‌ကြောင်းမှူးထံ ‌ရောက်ခဲ့သည်။

ထိုစဉ်မှာ စစ်‌ကြောင်းမှူးက
“မင်းဘယ်သူလဲ၊ ဘယ်အဖွဲ့ကလည်း၊ ဘာအဆင့်လဲ၊ ဘာလူမျိုးလဲ” ‌မေး သည်။ ကျ‌နော်က
“ကျ‌နော့်နာမည် မန်း‌ကျော်‌ဖေ၊ ‌ကေအဲန်ဒီအိုတပ်ရင်း (၆) တပ်ကြပ်ကြီး ကရင်လူမျိုး”လို့ ပြန်‌ဖြေလိုက်သည်။
စစ်‌ကြောင်းမှူးက
“မင်းမှာ ဘာ‌တွေပါလဲ ‌ပြော” ဆိုလို့
“ကျ‌နော့်မှာ ကာဘိုင်တစ်လက်၊ ကျည် ၃ဝဝ နှင့် ရိက္ခာ‌ငွေ‌တွေပါ ပါတယ်”
ထိုအခါ စစ်‌ကြောင်းမှူးက ပစ္စတို‌သေနတ်ကို ‌မောင်းတင်ပြီး ကျ‌နော့်နဖူးကို ချိန်ပြီး‌တော့
“မင်း‌သေမှာ မ‌ကြောက်ဘူးလား” တဲ့။
ကျ‌နော်က “လူတိုင်း ‌သေမှာ‌ကြောက်တတ်ကြပါတယ်”လို့ ‌ဖြေလိုက်သည်။
စစ်‌ကြောင်းမှူးက
“မင်း‌သေမှာ‌ကြောက်ရင် ဘာ‌ကြောင့် လက်နက်ကိုင်ရသလဲ”လို့ ‌မေးလိုက် ‌သောအခါ ကျ‌နော်သည် မထူးပြီလို့‌တွေးပြီး “သမိုင်း‌ပေးတာဝန်အရ”ဟု ‌ဖြေလိုက်သည်။ စစ်‌ကြောင်းမှူးက “ဘာသမိုင်းလဲ”လို့ ‌မေးသည်။

ကျ‌နော်က “ကရင်မှန်ရင် ကရင်ဘဝ လွတ်‌မြောက်‌ရေးကို လုပ်ရမယ်” လို့ ပြန်‌ပြော‌သောအခါ စစ်‌ကြောင်းမှူးက
“‌ဟေ့‌ကောင်… မင်း မ‌သေမချင်း မှတ်ထား၊ ငါဟာကရင် သထုံသား သင်းထင် လို့‌ခေါ်တယ်၊ ယခုမင်းဟာ ငါ့လက် ခုပ်ထဲက‌ရေ ဖြစ်‌နေပြီ၊ သွန်ချင်သွန် ‌မှောက်ချင်‌မှောက် သတ်ချင်သတ် ထားချင်ထားလို့လည်းရတယ်” ဆိုပြီး‌တော့
“‌ဟေး..ဆရာကြီး ‌ကျော်စိန် ဒီလူနဲ့ ပတ်သက်လို့ မင်းတို့‌မေးချင်‌မေးပါ၊ အသားနာ‌အောင် လက်ဖျားနှင့်မှ မတို့ကြနဲ့ ကြားလား” လို့ ‌ပြော‌တော့ တပ်ကြပ်ကြီး မှာ
“ဟုတ်ကဲ့ ဗိုလ်မှူးကြီး”
အဲသည်‌တော့ ကျ‌နော်၏ ကံစီမံရာသည် အရိုက်အနှက် ကင်းလွတ်ခွင့် ရခဲ့‌လေပြီ။ ရန်သူပင်လျှင် ဤသ‌ဘောထားမျိုးရှိက ‌ကျေးဇူးတင်သဖွယ် ဂုဏ်ယူသင့် ‌ပေ၏။

ကြိုးတန်းလန်းနှင့် ကြာအင်းဆိပ်ကြီး အ‌ရောက်မှာ ခလရ(၆၂) တပ်ရင်းမှူး ကြီး သင်းထင်က ကျ‌နော့်ကို ချုပ်‌နှောင်ထား‌သော တန်းလျားတစ်ခုမှာ လာပြီး
“မန်း‌ကျော်‌ဖေ ငါတို့စစ်‌ကြောင်း ရိက္ခာထုတ်ပြီး မင်းရွာလမ်းဘက် ခရီးထွက် ရမယ်၊ မင်းကို ရဲလက်အပ်တာကလွဲလို့ ငါဘာမှ မတတ်နိုင်ဘူး၊ ‌နေခဲ့‌ပေ‌တော့” ဆိုလို့ ကြာအင်းဆိပ်ကြီး ရဲစခန်းအချုပ်တွင် အချုပ်ကျခံရ‌တော့သည်။

အချုပ်ကျလို့ (၃)ရက်‌မြောက်မှာ ‌ဖေ‌ဖေဆုံးသွားရှာပြီဆို‌သောသတင်း ညီမအ‌ထွေးမ လာ‌ပြောလို့ သိရတဲ့အချိန်မှာ ငါ့ ကမာ္ဘ ငါ့‌လောကကြီး အ‌မှောင်ကျ‌လေ ပြီ‌ကော။ ‌နောက်ဆုံး မ‌မေ့သင့် မ‌မေ့နိုင် မ‌မေ့အပ်တဲ့ ‌ဖေ‌ဖေ့စကားသည် အချုပ်ခန်း တစ်ခုလုံး ဟိန်းလျက် ဆူညံလျက် ကြား‌ယောင် ‌ပေါ်ထွက်လာ‌လေ‌တော့၏။
– ငါ့သား တစ်ခုခုလုပ်ရင် ကြပ်ကြပ်လုပ်။
– ‌တော်လှန်‌ရေး အဓိပ္ပာယ်ကို နားလည်‌အောင်‌လေ့လာ။
– ‌တော်လှန်‌ရေးနဲ့ တူ‌အောင်လုပ်။
‌ဖေ‌ဖေ့မိန့်မှာစကား ရင်ဝယ်ထား၍ သားလိုက်နာပါမည်။ သားလူဆိုးကြီးကို ခွင့်လွတ်ပါ။ ‌ဖေ‌ဖေ‌ကောင်းရာသုဂတိ လားပါ‌စေ။

ဗိုလ်ချုပ်မန်း‌ကျော်‌ဖေ၏ လက်‌ရေးမူကို ဤမျှသာ‌တွေ့သည်။ အခြားမည်မျှ ဆက်‌ရေးထားသည်ကို မသိရှိရ‌တော့‌ပေ။
ဤသို့ ဗိုလ်ချုပ်မန်း‌ကျော်‌ဖေ အ‌ကြောင်းကို ဟိုတစ်ကွက်သည်တစ်ကွက် ရုပ်ပုံလွှာကဲ့သို့ ဖတ်လိုက်ရသဖြင့် အကျယ်ကို ဆက်ဖတ်ချင်မိသည်။ သို့‌သော် သီးခြား လုံးချင်း ပြုစုထုတ်‌ဝေထားခြင်း မရှိ‌သေး၍ ရှာဖတ်ရခက်‌ချေပြီ။

အမျိုးသားသစ္စာဖြင့်
‌စော‌ယောင့်သာအဲဆန်