Home ဆောင်းပါး ‌နေရာတိုင်းမှာ သူ့မျက်နှာ

‌နေရာတိုင်းမှာ သူ့မျက်နှာ

3569

‌နေရာတိုင်းမှာ သူ့မျက်နှာ

မန်း‌အောင်ပြည်စိုး

(၁)
က‌မ္ဘောဒီးယားနိုင်ငံကို ၂၀၁၉ ခုနှစ် ဩဂုတ်လ(၇၊ ၈၊ ၉) ရက်‌နေ့များတွင် တိုင်းရင်းသားများ အ‌ရေးကိစ္စနှင့် ပတ်သက်၍ တစ်ကြိမ်‌ရောက်ခဲ့ဖူးပါသည်။ က‌မ္ဘောဒီးယားနိုင်ငံ၏ မြို့က‌လေးတစ်မြို့ ဖြစ်‌သော ဆီအမ်ရိမ်( Siem Reap ) မြို့တွင် တည်းခိုခဲ့ရပါသည်။ ကရင်ပြည်နယ်ရှိ ‌ကော့ကရိတ် သို့မဟုတ် အလွန်ဆုံး ဖားအံမြို့ သာသာ‌လောက်သာရှိသည့် မြို့တစ်မြို့အဖြစ် ခန့်မှန်းမိသည်။ မြန်မာပြည်မှာကဲ့သို့ပင် လမ်းများ သိပ်မ‌ကောင်းလှ၊ ‌ရောက်ရှိချိန် ဩဂုတ်လဆိုဖြင့်လည်း မိုးရွာသည်ကို မ‌တွေ့၊ ဖုန်များပင်ထလိုက်ပါ‌သေးသည်။ ‌ဈေးဆိုင်ကန္နားကြီးများလည်း မ‌တွေ့ရပါ။ တည်းခိုရ‌သော Regency Angkor ဟိုတယ်ပင် အ‌တော်အ သင့်သာဖြစ်။ သို့ရာတွင် တစ်ခု‌တော့ ‌ပြောစရာရှိသည်။ မြန်မာပြည်ရှိ မြို့က‌လေးတိုင်း၏ လမ်းကြိုလမ်းကြား၊ လမ်းမကြီး များအားလုံးလိုလို ၌ ‌တွေ့ရတတ်‌သော ‌ခွေး‌လေ‌ခွေးလင့် များ ထိုမြို့ရှိ လမ်းများ ၌ မ‌တွေ့ရ၊ တည်းခိုရာဟိုတယ်ရှိ လမ်းများ၌လည်း‌ကောင်း ၊ အခြားသွား‌လေရာလမ်းများ ၌လည်း‌ကောင်း၊ ‌ခွေးတစ်‌ကောင်မျှ မ‌တွေ့ရ သည်မှာ မိမိအဖို့ အံ့ဩသဖွယ်ဖြစ်ရပါသည်။ ‌ခွေး‌လေ‌ခွေးလွင့်များကို ခမာပြည်သူများ မည်သို့ရှင်းလင်းသုတ်သင် ပစ်လိုက်သည်ကို မ‌မေးဖြစ်သည် ပင်ကိုယ့်ကိုယ်ကို အပြစ်တင်မိသည်။ ၎င်းတို့‌ခွေးသားမစား‌ကြောင်း ကိုကားသိလိုက်ရပါသည်။

ထိုမြို့တွင် တည်းခိုခွင့်‌ပေးခြင်း၊ တည်းခို‌စေခြင်း၏ အဓိကအချက်ကို ‌နောက်ပိုင်းမှသိရသည်။ ထိုမြို့နှင့် ရှစ်မိုင်ခန့်မျှ ‌ဝေး‌သော အန်‌ကောဝပ်ဘုရား‌ကျောင်း တည်ရှိရာ‌ဒေသ ဖြစ်ခြင်း‌ကြောင့်ဖြစ်သည်။ သိရှိ ပြီးသားဖြစ်ကြပါလိမ့်မည်။ က‌မ္ဘောဒီးယားနိုင်ငံ၏ အန်‌ကောဝပ်( Angkor Wat) ဘုရား‌ကျောင်းကြီး သည် ကမ္ဘာ့ ယဉ်‌ကျေးမှုအ‌မွေအနှစ် စာရင်းဝင်အ‌ဆောက်အဦး တစ်ခုဖြစ်ပြီးလွန်ခဲ့‌သောနှစ်‌ပေါင်း ရာချီကတည်းက က‌မ္ဘောဒီးယားဘုရင်များတည်‌ဆောက်ခဲ့‌သော ခိုင်ခန့်မာ‌ကျောသည့် အ‌ဆောက်အဦး တစ်ခုဖြစ်သည်။

စာ‌ရေးသူတို့သွား‌ရောက်‌လေ့လာခွင့်ရ‌သော‌နေ့တွင် ကမ္ဘာ့ နိုင်ငံအသီးသီးနှင့် ပြည်တွင်းမှ လာ‌ရောက်‌လေ့လာသူ‌ပေါင်း (ခန့်မှန်း) ၅၀၀ဝ ဦးရှိမည်ထင်ပါသည်။ ‌လေ့လာသူတစ်ဦးလျှင် အ‌မေရိကန်‌ဒေါ်လာ(၁၀) ‌ဒေါ်လာ‌ပေး‌ဆောင်ရပါသည်။ က‌မ္ဘောဒီးယား ‌ငွေ (က‌မ္ဘောဒီးယား ‌ဒေါ်လာ) နှင့်ဆိုလျှင် ၆၀၀၀ဝ ကျင်သင့်ပါသည်။ ထိုရရှိ‌သောဝင်‌ငွေကို က‌မ္ဘောဒီးယား အစိုးရက အသုံးမပြုဘဲ ၂ရာခိုင်နှုန်းကိုသာ ဘုရား‌ကျောင်းကြီးအ‌ထွေ‌ထွေ ပြင်ဆင်မွမ်းမံ စရိတ်အဖြစ် အသုံးပြုပြီး၊ ကျန် ၈ရာခိုင်နှုန်းကို နိုင်ငံဖွံ့ဖြိုး ‌ရေးအတွက် နှင့် ဆင်းရဲနွမ်းပါးသူများသို့ ‌ပေး‌ဝေလှူဒါန်းလိုက်သည်ဟု သိရှိရပါသည်။ ကမ္ဘာ့ ယဉ်‌ကျေးမှုအ‌မွေအနှစ် စာရင်းဝင် မြန်မာနိုင်ငံ ပုဂံ‌ဒေသ၏ ‌လေ့လာ‌ရေးမှ ရရှိ‌သောဝင်‌ငွေများကို မည်သို့ အသုံးပြု‌ကြောင်း မသိရှိရ‌သော်လည်း က‌မ္ဘောဒီးယား၏ အစီအမံများမှာ ဝမ်းသာကြည်နူး နှစ်လိုဖွယ်‌ကောင်းသည်ဟု ခံစားမိပါသည်။

(၂)
စာ‌ရေးသူမထင်မှတ်ပါ၊ ‌မျှော်လည်းမ‌မျှော်လင့်ပါ။ က‌မ္ဘောဒီးယားနိုင်ငံကို သွား‌ရောက်‌လေ့လာမည့် အဖွဲ့ တစ်ဖွဲ့တွင် ကရင်နိုင်ငံ‌ရေးပါတီများ၏ ကိုယ်စားလှယ် တစ်ဦးအဖြစ် ထပ်မံ‌ရွေးချယ်ခံရခြင်းဖြစ်ပြီး ၂၀၁၉ ခုနှစ် နိုဝင်ဘာလ( ၂၅၊ ၂၆၊ ၂၇) ရက်‌နေ့များတွင် သွား‌ရောက်ခဲ့ခြင်းဖြစ်ပါသည်။ (၄) လခန့် သာကွာခြားပြီး‌နောက် ဒုတိယအကြိမ်က‌မ္ဘောဒီးယားသို့သွား‌ရောက်ခွင့် ကြုံသဖြင့်လည်း ဝမ်းသာမိသည်မှာ အမှန်ပင်ဖြစ်သည်။

ယခုအဖွဲ့တွင် အဖွဲ့ဝင်(၁၄)ဦး ပါရှိပြီး အားလုံးကရင်တိုင်းရင်းသားများသာဖြစ်ပါသည်။ KNU ကရင်အမျိုးသား အစည်းအရုံး၏ ဒုတိယဥက္ကဋ္ဌနှင့် တွဲဘက်အ‌ထွေ‌ထွေအတွင်း‌ရေးမှူး-၂ အပါအဝင် KNU ၏ နယ်ဘက်စစ် ဘက်မှ ကိုယ်စားလှယ်(၈)ဦး၊ သဘာဝပတ်ဝန်းကျင်ထိန်းသိမ်း‌ရေး၊ ကရင်လူမှု အဖွဲ့အစည်း၊ ကရင်ဘာ သာ‌ရေးအဖွဲ့အစည်း၊ ကရင်အမျိုးသမီးအဖွဲ့အစည်း၊ အမျိုးသားလွှတ်‌တော် ကိုယ်စားလှယ်တစ်ဦးစီ၊ ‌ပေါင်း (၅) ဦးနှင့် မိမိပါတီကိုယ်စားလှယ်တစ်ဦး စုစု‌ပေါင်း (၁၄) ဦးဖြစ်ပါသည်။

သည်တစ်ခါ‌ရောက်ရှိသည့် မြို့မှာ သီဟာနူးဗီးလ်(Sihanouk Ville) မြို့ဖြစ်ပြီး သီဟာနူပြည် နယ်၏ မြို့‌တော်ဖြစ်ပါသည်။ သည်မြို့ကို က‌မ္ဘောဒီးယား နိုင်ငံ၏ ကွယ်လွန်သူမင်းသားကြီး (‌နောင်ဘုရင်ဖြစ်လာသူ) နိုရိုဒွန် သီဟာနူ၏ အထိမ်းအမှတ်အဖြစ် မှည့်‌ခေါ်ထား‌သောမြို့ ဖြစ်သည်ဟု နားလည်ရပါသည်။ က‌မ္ဘောဒီးယား နိုင်ငံ၏မင်းသားကြီး သီဟာနူကို မြန်မာပြည်သူများမစိမ်း၊ သိဘူးကြားဘူး ကြပြီးသားဖြစ်မည်ထင်ပါသည်။ သူ့‌ခေတ်သူ့ခါတွင် လွန်စွာဩဇာကြီးခဲ့ပါသည်။ သို့ရာတွင် က‌မ္ဘောဒီးယား ခမာနီတို့၏ နှိပ်ကွပ်‌တော်လှန်မှုဖြင့် မင်းသားကြီးသီဟာနူ ဒုက္ခပင်လယ်‌ဝေခဲ့ရပြီး ရာထူးအာဏာ စွန့်ရသည့် အ‌နေအထား ‌ရောက်ခဲ့ရ‌ကြောင်း သူတို့ ၏ သမိုင်းက ‌ဖော်ပြပါသည်။ သို့ရာတွင် က‌မ္ဘောဒီးယား၏ ဘုရင်စနစ်မှာ ဆက်လက်တည်တံ့လျက်ရှိပြီး ကမ္ဘာ‌ပေါ်ရှိ ဘုရင်စနစ်ရှိ‌နေ‌သေး‌သော နိုင်ငံများနည်းတူ စည်းမျဉ်းခံ ဘုရင်စနစ်သာဖြစ်‌ကြောင်း ‌တွေ့ရှိရပါ သည်။ ယခုလက်ရှိတွင် သီဟာနူ၏ သားက ဘုရင်အဖြစ် ဆက်လက်အုပ်စိုးလျက်ရှိ‌သော်လည်း တကယ့် အာဏာကိုင်စွဲထားသူမှာ ဝန်ကြီးချုပ် ဟွန်ဆန်သာလျှင်ဖြစ်သည်။

(၃)
မိမိတို့၏ ကိုယ်စားလှယ်အဖွဲ့ကို လွန်စွာ ကြီးကျယ်ခမ်းနားသည့် ကမ်း‌ခြေဟိုတယ်တစ်ခုဖြစ်‌သော (Sokha Beach Resort Hotel) တွင် ‌နေရာချထားပါသည်။ တည်းခိုသူအဝင်အထွက် ပျားပန်းခတ်မျှ ဆီနှင့် ‌ရေခတ်‌နေသည့် ဟိုတယ်ကြီးတစ်ခုဖြစ်ကာ ယခင်တစ်‌ခေါက်‌ရောက်ခဲ့ဘူးသည့် ဟိုတယ်နှင့် ဆီနှင့်‌ရေ လိုအဆမတန် ကွာခြားလျက်ရှိ‌ကြောင်း ‌တွေ့ရှိရပါသည်။ အိပ်ခန်း‌ပေါင်း (၅၀၀) ‌ကျော်ရှိပြီး၊ ‌ရေကူးကန်၊ ကျန်းမာ‌ရေး‌လေ့ကျင့်ရာဌာန၊ မီနီဘား(စား‌သောက်ခန်း)၊ Spa ‌ခေါ်အနှိပ်ခန်း၊ ကာစီနို‌လောင်းစကားရုံ၊ ဂိမ်းကစားသည့်အခန်း၊ ကွန်ပျူတာခန်း၊ စင်တင်‌တေးဂီတ၊ KTV ‌ခေါ် သီချင်းဆိုခန်း၊ လဟာပြင် စား‌သောက်ဆိုင်(ပင်လယ်ဘက်သို့ ရှုစား‌ငေး‌မျှော်ရင်း ) စသည်စသည်ဖြင့် ရင်နှင့်အမျှခံစားရွှင်မြူးဖွယ်ရာ စုံလင်လှ‌သော က‌မ္ဘောဒီးယား အမျိုးသားပိုင် ဟိုတယ်ကြီးတစ်ခုဖြစ်ပါသည်။

မိမိတို့အုပ်စု ‌လေ့လာ‌ရေး‌ဆောင်ရွက်နိုင်ရန် စပွန်ဆာ‌ပေးသည့်အဖွဲ့မှာ ငြိမ်းချမ်း‌ရေးနှင့် ပဋိပက္ခဖြစ်စဉ်များကို ‌လေ့လာဆန်းစစ်သည့်အဖွဲ့ (Center for Peace and Conflict Studies) ပင်ဖြစ်သည်။ မိမိအား KNU ၏ ကိုယ်စားလှယ်တစ်ဦးက ချိတ်ဆက်ဖိတ်‌ခေါ်ခဲ့ခြင်းဖြစ်ပြီး ကနဦး၌ ခရီးစဉ်၏ အ‌သေးစိတ်အစီအစဉ်ကို မသိရှိခဲ့ရ‌ပေ။ ခရီးစဉ်၏ ပထမ‌နေ့ (၂၅. ၁၁.၂၀၁၉) ရက်‌နေ့တွင် တည် းခိုရာဟိုတယ်၌ CPCS( Center for Peace and Conflict Studies) ၏ က‌မ္ဘောဒီးယား ဌာ‌နေကိုယ်စားလှယ်တစ်ဦးက က‌မ္ဘောဒီးယား နိုင်ငံ၏ နိုင်ငံ‌ရေးနှင့် ယဉ်‌ကျေးမှုအ‌ကြောင်းအရာအချို့ကို နံနက်ပိုင်းတွင် ရှင်းလင်း‌ပြောကြားပြီး မွန်းလွဲပိုင်း ‌ရောက် ‌သောအခါ သီဟာနူဗီးလ်ပြည်နယ်၏ ပြည်နယ်အုပ်ချုပ်‌ရေးမှူးဆိုသူက ၎င်းတို့၏မြို့၊ ၎င်းတို့၏ပြည်နယ် ၌ ‌ဆောင်ရွက်‌နေ‌သော စီးပွားဖွံ့ဖြိုး‌ရေး လုပ်ငန်းများအ‌ကြောင်း၊ အုပ်ချုပ်စီမံ‌ရေးအ‌နေအထားနှင့် နိုင်ငံခြားရင်း နှီးမြှုပ်နှံမှု များအ‌ကြောင်းကို အ‌တော်များများရှင်းလင်း‌ပြောကြားသွားပါသည်။ ၎င်းတို့နို်င်ငံသည် ပြင်သစ်၏ ကိုလိုနီနိုင်ငံတစ်ခုဖြစ်ခဲ့ဘူး‌သော်လည်း ယခုအခါ တရုတ်နိုင်ငံ၏ ရင်းနှီးမြှုပ်နှံမှုကို အများဆုံး ရရှိထားလျက် ရှိ‌ကြောင်း၊ မိမိတို့အစိုးရ၏ ‌ပေါ်လစီမှာ တိုင်းပြည်ဖွံ့ဖြိုးတိုးတက်လျှင်ပြီး‌ရော မည်သူ့ဆီကဖြစ်‌စေ ရင်းနှီးမြှုပ်နှံမှုကိုလက်ခံမည်ဖြစ်‌ကြောင်း၊ ပြဿနာများ‌ပေါ်‌ပေါက်လာနိုင်မည်ဖြစ်‌သော်လည်း ဝိုင်းဝန်း‌ဖြေရှင်း မည်ဖြစ်‌ကြောင်း အကျယ်တဝင့်ရှင်းလင်းသွားပါသည်။ မိမိတို့ကိုယ်စားလှယ်များ၊ အထူးသဖြင့် မိမိက သူတို့နိုင်ငံ၏ ရုပ်ပိုင်းဆိုင်ရာ တိုးတက်ဖွံ့ဖြိုးမှုအား ဦးစား‌ပေးသည့်အ‌နေအထားကို ‌စောဒကမတက်လို ‌သော်လည်း နိုင်ငံသူ၊ နိုင်ငံသားများ၏ စိတ်ပိုင်းဆိုင်ရာ ပျက်စီးယိုယွင်းနိုင်မှု၊ လူမှု‌ရေးချို့ယွင်းနိမ့်ကျသွားနိုင်မှု၊ လိင်အကြမ်းဖက်မှုများ၊ မူးယစ်‌ဆေးဝါးသုံးစွဲမှုများ၊ ‌လောင်းကစားကိစ္စများ စသည့်ဆိုးကျိုးများကို မည်သို့ထည့် သွင်းစဉ်းစားထားပါသနည်းဟူသည့် ‌မေးခွန်းကို အ‌ကြောင်း‌ကြောင်း‌ကြောင့် မ‌မေးဖြစ်လိုက်‌ပေ။

‌နောက်တရက် (၂၆.၁၁.၂၀၁၉) ‌နေ့၊ နံနက်ပိုင်းတစ်ပိုင်းလုံး၊ က‌မ္ဘောဒီးယားနိုင်ငံမှ တက်ကြွလှုပ်ရှားသူ အသက်(၅၀)နှစ်ဝန်းကျင်ခန့်ရှိ အမျိုးသမီးတစ်ဦးက မိမိတို့အဖွဲ့အား ယမန်‌နေ့က ရှင်းလင်းတင်ပြခဲ့သည့် ပြည်နယ်အုပ်‌ရေးမှူးဆိုသူနှင့် ဆန့်ကျင်‌သောအမြင်များကို ပွင့်ပွင့်လင်းလင်းလာ‌ရောက်ရှင်းလင်းသွားပါသည်။ ထိုအမျိုးသမီး၏ ရှင်းပြချက်အရ သီဟာနူဗီးလ်မြို့တွင် တရုတ်၏ ရင်းနှီးမြှုပ်နှံမှုသည် ၂၀၁၇ခုနှစ်မှသာ စတင်ခဲ့‌သော်လည်း ယခု၂၀၁၉ ခုနှစ်၌ တစ်မြို့လုံးတရုတ်လက်ရာ အ‌ဆောက်အဦးများ အလျင်အမြန်‌ပေါ် ‌ပေါက်လာ‌ကြောင်း၊ အ‌ဆောက်အဦးများမှာ အနိမ့်ဆုံး(၈)ထပ်မှ အမြင့်ဆုံးအထပ် ၄ဝအထိ ရှိ‌ကြောင်း ၊ အင်ဂျင်နီယာများအပါအဝင် အလုပ်သမားအများစုသည် တရုတ်လူမျိုးများဖြစ်ပြီး ခမာလူမျိုးများမှာ လစာအ နည်းငယ်သာရ‌သော ‌အောက်‌ခြေလုပ်ငန်းများ၌သာ လုပ်ကိုင်ကြရ‌ကြောင်း၊ မြို့ပြတိုက်တာ အ‌ဆောက်အဦး၊ ရုပ်ဒြပ်လျင်မြန်စွာ ဖွံ့ဖြိုး‌ပေါ်‌ပေါက်‌ရေးကိုသာ ဦးတည်သဖြင့် ယခု(၂)နှစ်‌ကျော်(၃)နှစ် အတွင်းတစ်မြို့လုံး အထပ်မြင့်တိုက်တာ အ‌ဆောက်အဦးများပြည့်လျှံ‌နေပြီဖြစ်‌ကြောင်း၊ တရုတ်နိုင်ငံသားပိုင်နှင့် ခမာနိုင်ငံသားပိုင် ဆိုင်မှု အချိုးအစားမှာ ကာစီနိုရုံတွင် တရုတ်ရာနှုန်းပြည့်၊ ‌ဟော်တယ်တွင် တရုတ် ၈ဝ ရာနှုန်း၊ ခမာ၂ဝရာနှုန်း၊ Spa ‌ခေါ် အနှိပ်ခန်းနှင့် KTV ‌ခေါ်‌တေးဂီတခန်းများလုပ်ငန်းတွင် တရုတ်တို့ကသာ ရာနှုန်းပြည့်နီးပါး ပိုင်ဆိုင်ပြီး ခမာများ၏ ပိုင်ဆိုင်မှုမရှိသ‌လောက်ဖြစ်ပါ‌ကြောင်း၊ မြို့လယ်‌ခေါင် အချက်အချာ‌ဒေသများတွင် တရုတ်လူမျိုး အများစု‌နေထိုင်ပြီး ခမာတို့မှာ မြို့နီးချုပ်စပ်အစွန်အဖျားသို့ ‌ရောက်ရှိ‌နေထိုင်ကြရ‌ကြောင်း၊ ဤမြို့‌နေ လူဦး‌ရေ (၄)သိန်းအနက် တရုတ်(၂သိန်း) နှင့် ခမာလူမျိုး(၂)သိန်းရှိ‌ကြောင်း၊ ဤသို့တရုတ်မြို့ (China Town ) အဖြစ် သီဟာနူဗီးလ်မြို့အား ဖန်တီးလာသည်ကို မိမိတို့ ‌စောင့်ကြည့်‌ရေးအဖွဲ့မှ ‌စောင့်ကြည့်‌နေ‌ကြောင်း၊ လိင်အကြမ်းဖက်မှု၊ ခိုးဆိုးတိုက်ခိုက်မှု၊ မူးယစ်‌ဆေးဝါးသုံးစွဲမှု၊ ယဉ်‌ကျေးမှုနှင့် လူမှု‌ရေးချို့ယွင်းနိမ့်ပါးသွားမှု စသည်တို့ကို ယမန်‌နေ့ ပြည်နယ်အုပ်ချုပ်‌ရေးမှူးနှင့် ဆန့်ကျင်ဘက် တင်ပြသွားသည်ကို ‌တွေ့ရှိပါသည်။

ထို‌နေ့မွန်းလွဲပိုင်းတွင် CPCS အဖွဲ့မှ တာဝန်ရှိသူများက မိမိတို့ကိုယ်စားလှယ်အဖွဲ့အား အစုသုံးစုခွဲ၍ မြန်မာနိုင်ငံ ‌ပေါ်‌ပေါက်လာဖွယ်ရှိသည့် တရုတ်တို့၏ လွှမ်းမိုးချယ်လှယ်မှု၊ တရုတ်တို့၏ ရင်းနှီးမြှုပ်နှံမှု၊ တရုတ် တို့၏ ‌နေရာတကာတိုင်း၌ ပါဝင်ပတ်သက်မှု၊ တရုတ်မြို့ (China Town) တည်‌ဆောက်လိုမှု စသည်တို့ကို ‌ဝေဖန်သုံးသပ်‌စေခဲ့ပါသည်။

(၄)
( ၂၇.၁၁. ၂၀၁၉) ရက်‌နေ့တွင် ဟိုတယ်မှ နံနက်စာ (Breakfast) သုံး‌ဆောင်အပြီး CPCS မှစီ စဉ်‌ပေး‌သော Mini Bus တစ်စီးဖြင့် နံနက်ပိုင်းတစ်ပိုင်းလုံး တစ်မြို့လုံး‌လေ့လာရန် ထွက်ခွာလာကြသည်။ ‌ဆောက်လက်စ အ‌ဆောက်အဦးများအတွက် တပ်ဆင်ထား‌သော ကရိန်းကြီးများ‌နေရာ(၂၀) ခန့်၌ ‌တွေ့ရသည်။ အ‌ဆောက်အဦးများကို နီးကပ်စွာ ‌ဆောက်လုပ်ထားခြင်းဖြစ်ပြီး ကာစီနို၊ KTV၊ Spa ဆိုင်းဘုတ်များ အစီအရီ တန်းစီလျက်‌နေသည်ကို ‌တွေ့ရပါသည်။ အ‌ဆောက်အဦးများ ‌ဆောက်လုပ်‌နေဆဲဖြစ်၍လားမသိ ….. လမ်းများ မှာ ကစဉ့်ကလျားဖြစ်‌နေပြီး ပြန့်ပြူးညီညာမှုမရှိပါ။ တစ်မြို့လုံးတွင် ‌ဆေးရုံနှင့် ‌ဆေး‌ပေး ခန်း(၇)‌နေရာခန့်သာ ရှိပြီး အားလုံးတရုတ်နိုင်ငံသားများပိုင်သည်ဟု သိရှိရသည်။ စာသင်‌ကျောင်းနှင့် အားကစားကွင်းများကိုလည်း မ‌တွေ့ရပါ။ အစိုးရအ‌ဆောက်အဦးများမ‌တွေ့ရသ‌လောက် ဖြစ်‌နေသည်။ တစ်‌နေရာတွင် ဝင်းကျယ်ကြီး တစ်ခု အတွင်း သပ်ရပ်ခန့်ညားထည်ဝါ ကြီးကျယ်လှစွာ‌သော အိမ်တစ်လုံးကို‌တွေ့ရသည်။ ဝန်ကြီးချုပ် ဟွန်ဆန်၏ အိမ်ဟု လိုက်လံပို့‌ဆောင်သူက ရှင်းပြသည်။ သက်‌တော်ရှည်သည့် ဝန်ကြီးချုပ်အတွက် တရုတ်တို့က မြို့ကြီး တစ်မြို့တွင် အိမ်တစ်လုံးစီ‌ဆောက်‌ပေးသည်ဟု ဆက်လက်‌ပြောပြသည်။ ‌ဪ… တရုတ်၏ဩဇာ ၊ တရုတ်၏ပါဝါ အာဏာ လွှမ်းမိုးမှုဒဏ်မခံနိုင်ရခြင်းမှာ ဒါ့‌ကြောင့်လားဟု ‌တွေးထင်မိသည်။ စာရှုသူများ အ‌နေဖြင့်လည်း က‌မ္ဘောဒီးနိုင်ငံရှိ မြို့နှစ်မြို့၏ အ‌နေအထားကို ရိပ်စားမိ‌လောက်ပြီးထင်ပါသည်။

(၅)
အားလုံးသိကြပြီးဖြစ်သည့်အတိုင်း မြန်မာနိုင်ငံတွင် တရုတ်တို့၏ ချိတ်ဆက်မှုများဖြင့် ‌ဆောင်ရွက်ခဲ့ ‌သော ‌ကြေးနီ‌တောင်စီမံကိန်း၊ မြစ်ဆုံစီမံကိန်းများ ယာယီရပ်ဆိုင်းထား‌သော်လည်း ရခိုင်မှ တရုတ်အထိ သွယ် တန်း‌သော ဓါတ်‌ငွေ့ ပိုက်လိုင်းစီမံကိန်းမှာ အ‌ကောင်အထည်‌ပေါ်ခဲ့ပြီး နိုင်ငံ‌တော်အတွက် မည်‌ရွေ့မည်မျှ အကျိုးသက်‌ရောက်မှုရှိသည်ကို သာမန်ပြည်သူများ မသိနိုင်ပါ။ ငြိမ်းချမ်း‌ရေးကိစ္စတွင်လည်း တရုတ်တို့ထဲထဲ ဝင်ဝင် ပါဝင်‌နေကြာင်း တစွမ်းတစသာ သိရှိရပါသည်။

မိမိတို့ အစုအဖွဲ့သုံးဖွဲ့ဖြစ်သည့် ကရင်လက်နက်ကိုင်များအဖွဲ့၊ ကရင်နိုင်ငံ‌ရေးပါတီနှင့် လွှတ်‌တော်ကိုယ် စားလှယ်များအဖွဲ့ ၊ ကရင်လူမှု‌ရေးနှင့် ဘာသာ‌ရေးအဖွဲ့တို့သည် မိမိတို့ က‌မ္ဘောဒီးယားခရီးစဉ်၏ တကယ့် ရည် ရွယ်ချက်ကို ယခုမှသာ ကွက်ကွက်ကွင်းကွင်းသိရှိလာရပါသည်။ ‌လေ့လာ‌ရေးအဖွဲ့တွင် ကရင်များသာ (အထူးသဖြင့် ကရင်ပြည်နယ်တွင်းမှ အ‌ကောင်အထည်‌ဖော်မည့် မြို့‌တော်စီမံကိန်းအတွက် နှှိုင်းယှဉ် သုံးသပ် သင့်‌လျော်‌လျောက်ပတ်သည့်အကြံဉာဏ်များ‌ပေးနိုင်ရန် ဖြစ်‌ကြောင်း သိရှိလာရပါသည်။ ‌ရွှေကုက္ကိုလ် မြိုင် ‌ကျေးရွာကို အဆင့်မြင့်နည်းပညာမြို့ (High Technology Smart City ) အဖြစ် ‌ဖော်ထုတ်တည်‌ဆောက်ရန် ချစ်လင်းမြိုင်ကုမ္ပဏီနှင့် Julian Yatai International Company တို့က မြန်မာ့ရင်းနှီးမြှုပ်နှံမှု ‌ကော်မတီ (MIC) တွင် လက်မှတ်‌ရေးထိုးမှတ်ပုံတင်ခဲ့ပြီး MIC (Myanmar Investment Committee) ၏ ခွင့်ပြုချက်ဖြင့် လုပ်ငန်းစတင်‌ဆောက်ရွက်ခဲ့ကြပါသည်။ MIC ခွင့်ပြုချက်တွင် ‌မြေ(၆၂) ဧက၌သာ ကနဦး အ‌မေရိကန်‌ဒေါ်လာ သန်း(၅၀၀) ဖြင့် လုပ်ငန်းစတင်ရန် ဖြစ်‌ကြောင်း၊ ကရင်ပြည်နယ်အစိုးရလည်း သိရှိ‌ကြောင်း သက်‌သေခံ လက်မှတ်‌ရေးထိုးထားသည်ဟု ကြားသိရပါသည်။ ‌နောက်ပိုင်းတွင် ဧက‌ပေါင်း ၂၉၆၅၂.၆ ဧက အထိ တိုးချဲ့‌ဆောင်ရွက်ရန်လည်း အစီအစဉ်ရှိ‌ကြောင်း ‌ပြောဆို‌နေကြပါသည်။ သာမန်ပြည်သူတစ်‌ယောက်အ‌နေဖြင့် ဤကိစ္စမှန်မမှန်တပ်အပ်‌သေချာစွာမသိနိုင်ပါ။ သိသာထင်ရှားသည်တစ်ခုမှာ BGF တပ်ဖွဲ့ပိုင် ချစ်လင်းမြိုင် ကုမ္ပဏီနှင့် ဤလုပ်ငန်းကို ချိတ်ဆက်ရသည့်အ‌ကြောင်းအရင်းကို ပြည်သူများ မသိရှိရခြင်းဖြစ်ပါသည်။ မြို့ တည်‌ထောင်မည်ကို ‌ဒေသခံများမကြိုက်ပါက မကန့်ကွက်နိုင်‌အောင် သို့မဟုတ် မကန့်ကွက်ရဲ‌အောင် နယ်ခြား‌စောင့်တပ်ကို လုပ်ပိုင်ခွင့် ‌ပေးလိုက်ခြင်း‌လော… KNU ၏ထိပ်ပိုင်း‌ခေါင်း‌ဆောင်များပင် ဤကိစ္စကို ဂဃနဏ မသိရှိလိုက်ရပါ။ အစိုးရနှင့်သာ သက်ဆိုင်ပြီး KNU ၏ ကိစ္စမဟုတ်၍ သိရန်မလိုဟုလည်း သ‌ဘောထား‌ကောင်းထားပါလိမ့်မည်။

မည်သို့ပင်ဖြစ်‌စေ၊ စာချုပ်ချုပ်ဆိုလုပ်ငန်းအ‌ကောင်အထည်‌ဖော်ပြီးဖြစ်၍ မိမိတို့‌ဝေဖန် ‌ထောက်ပြ နိုင်စရာ အ‌ကြောင်းမမြင်‌တော့ပါ။ မိမိတို့၏ ဆန္ဒကို တင်ပြ‌မေတ္တာရပ်ခံရုံသာရှိပါ‌တော့သည်။ သို့ရာတွင် NCA စာချုပ်၌ စီမံကိန်းကြီးများကို အ‌ကောင်အထည်‌ဖော်မည်ဆိုပါက နှစ်ဖက်ညှိနှှိုင်းပြီးမှ ‌ဆောင်ရွက်ရန်ဟူ‌သော သ‌ဘောတူညီချက်ရှိပါသည်။ ပြီးခဲ့‌သောအချိန်ကာလအနည်းငယ်ခန့်က မြဝတီမြို့တွင် တရုတ်များရမ်းကား၍ အ‌ရေးယူ‌ဆောင်ရွက်ခဲ့ရသည့်သတင်း၊ ဆိုင်များတွင် တရုတ်စာသားပါ‌သော ဆိုင်းဘုတ်များကိုဖြုတ်သိမ်း လိုက်ခြင်း စသည့်အ‌ခြေအ‌နေများ‌ပေါ်‌ပေါက်ခဲ့ပါသည်။ မန္တ‌လေးမြို့သည် တရုတ်မြို့ဖြစ်‌နေပြီး… ရန်ကုန်တွင် အသစ်‌ဖော်ထုတ်မည့် မြို့သစ်စီမံကိန်း‌ဒေသများ၌လည်း တရုတ်‌တွေ‌မြေအများအပြား ဝယ်ယူထားပြီးပြီးဟု ‌ပြောဆို‌နေကြပါသည်။ မြဝတီမြို့နှင့် ‌ရွှေကုကိ္ကုလ်မြိုင်‌ကျေးရွာတို့တွင်လည်း တရုတ်များ မည်‌ရွေ့မည်မျှ ‌ရောက် ရှိ‌နေထိုင်ပြီးဖြစ်သည်…စသည်စသည်ဖြင့် သတင်းမျိုးစုံထွက်‌နေသည်။ ထို့ပြင် စီးပွား‌ရေးနယ်ပယ်များ၌ လည်း တရုတ်တို့‌နေရာယူမှုများစွာရှိသည်သာမက၊ ICJ တရားရုံးသို့ နိုင်ငံ‌တော်၏ အတိုင်ပင်ခံမထွက်ခွာမီက‌လေးတွင် တရုတ်နိုင်ငံခြား‌ရေးဝန်ကြီးလာ‌ရောက်‌တွေ့ဆုံခဲ့ပုံ၊ တပ်မ‌တော်ကာကွယ်‌ရေး ဦးစီးချုပ်နှင့် တရုတ်အာဏာပိုင်များ မကြာခဏ ထိ‌တွေ့ဆက်ဆံပြီး လက်ပွန်းတတီး ရှိ‌နေကြပုံ၊ တိုင်းရင်းသား လက်နက်ကိုင်‌မြောက်ပိုင်းအဖွဲ့များကလည်း တရုတ်နှင့် ပလဲပနံသင့်‌နေကြပုံများ ကိုမိမိတို့ကြားသိ‌နေရသည်။ ‌နေရာတကာ တရုတ်‌တွေကြီးစိုးလွှမ်းမိုး‌နေပြီလား…..။

‌ဟော.. ယခုမြဝတီမြို့ ‌သောင်ရင်းကမ်းပါးတစ်‌လျှောက်တွင် ကာစီနို‌လောင်းကစားရုံများ တည်‌ဆောက် ထားကြသည်။ ‌ရွှေကုက္ကိုလ်တွင်လည်း တည်‌ဆောက်‌နေသည်ဟု သိရသည်။ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့များ၏ ဩဇာအရှိန်အဝါကို ရယူတည်‌ဆောက်ကြသည်ဟု ဆိုကြသည်။ မြဝတီမှ‌နေ၍ ‌ရွှေကုက္ကိုလ်သို့ အလွယ်တကူ သွားနိုင်‌အောင် လမ်း‌ဖောက်ဦးမည်ဟုလည်း ကြားသိရသည်။ ပြည်‌ထောင်စုလွှတ်‌တော်မှ ပြင်ဆင်အတည်ပြုလိုက်‌သော ‌လောင်းကစား ဥပ‌ဒေတွင် ကာစီနိုမပါသဖြင့် ကာစီနိုရုံများကို ‌ဗြောင်‌ဗြောင် တင်းတင်း ဖွင့်လှစ်ကစား‌နေကြသ‌လော.. မည်သူ၏ သ‌ဘောတူညီချက်၊ မည်သူအမိန့်ဖြင့် ဖွင့်လှစ် သည်ဖြစ်‌စေ.. ဥပ‌ဒေနှင့်အညီ ဖြစ်သင့်သည်မဟုတ်ပါ‌လော…။

(၇.၁.၂၀၂၀) ရက်‌နေ့နံနက်တွင် ‌ဖေ့စ်ဘွတ်ဖွင့်ကြည့်ရာ၌ ‌အောက်ပါ‌ကြေငြာတစ်ခုကို‌တွေ့ရပါသည်။
ဖဲ‌ဝေဝန်ထမ်းအလိုရှိသည်
မ (၅၀၀)‌ယောက်
လစာ-ဘတ်(၉၀၀၀)မှ (၁၂၀၀၀)
ရက်မှန်‌ကြေး- ဘတ်(၁၀၀၀)
မြဝတီမြို့ရှိ ကာစီနိုရုံတစ်ရုံမှ ‌ကြော်ငြာဟု သိရသည်။ မက်‌မော‌လောက်သည့် လုပ်ခလစာပင်ဖြစ် ပါသည်။ အလုပ်အကိုင်အခွင့်အလမ်း‌ပေးနိုင်၍လည်း ဝမ်းသာကြိုဆိုသင့်သည်။ ဤလုပ်ငန်း ‌အောင်မြင်ဖြစ် ထွန်းလာပါက ကြီးပွားတိုးတက်စီးပွားဖြစ်မည့်သူ မည်သူဖြစ် မည်နည်း….နိုင်ငံ‌တော်လား… အဖွဲ့အစည်း တစ်ရပ်လား… တစ်ဦးတစ်‌ယောက်တည်းလား.. သို့မဟုတ် မရှိဆင်းရဲသား၊ နိုင်ငံသူနိုင်ငံသားများ အတွက်လား… ရှည်ရှည်‌ဝေး‌ဝေး ချင့်ချိန်‌ဝေဖန်သုံးသပ်ကြရပါမည်။

(၆)
က‌မ္ဘောဒီးယားနိုင်ငံ၊ သီဟာနူဗီးလ်မြို့ကဲ့သို့ ‌နေ့ချင်းညချင်း တိုက်တာ အ‌ဆောက်အဦး‌ပေါ်လာ၊ ရုပ်ပိုင်းဆိုင်ရာတိုးတက်ဖြစ်ထွန်းမှု ထင်သာမြင်သာရှိ‌သော်လည်း မမြင်နိုင်စွမ်းသည့် လူမှု‌ရေး၊ ယဉ်‌ကျေးမှု၊ အကျင့်စာရိတ္တ ဆုတ်ယုတ်ပျက်စီးမှုများကို ကြီးစွာ‌သော သတိသံ‌ဝေဂတရားထားရှိရန် လိုအပ်မည်ဖြစ်ပါသည်။ ‌နေရာတိုင်းမှာ သူ့လက်သူ့‌ခြေ၊ ‌နေရာတိုင်းမှာ သူ၏လွှမ်းမိုးချယ်လှယ်ပါဝင်ပတ်သက်မှု၊ ‌နေရာတိုင်းမှာ တရုတ် တို့၏ မျက်နှာကို ‌မော်ကြည့်‌နေရမှုမှ ကင်း‌ဝေးရန်လိုအပ်ပါ‌ကြောင်း မီး‌မောင်းထိုးပြလိုက်ရပါသည်။

မန်း‌အောင်ပြည်စိုး