Home သတင်း နယ်စပ်ကျန်းမာ‌ရေးအဖွဲ့နှင့် ပြည်နယ်ကျန်းမာ‌ရေးတို့ပူး‌ပေါင်းမှုဖြင့် ‌ဒေသအကျိုးပြုအရံသားဖွား၁၈ဦးထပ်မံ‌မွေးထုတ်

နယ်စပ်ကျန်းမာ‌ရေးအဖွဲ့နှင့် ပြည်နယ်ကျန်းမာ‌ရေးတို့ပူး‌ပေါင်းမှုဖြင့် ‌ဒေသအကျိုးပြုအရံသားဖွား၁၈ဦးထပ်မံ‌မွေးထုတ်

1912

ဇန်နဝါရီ ၂ရက်၊ ၂၀၂ဝခုနှစ်။ နန်း‌ဝေဖြိုးဇာ

နယ်လှည့်‌ကျောပိုးအိတ် ကျန်းမာ‌ရေးလုပ်သားအဖွဲ့ -BPHWT၊ ပြည်နယ်ပြည်သူ့ကျန်းမာ‌ရေးဦးစီးဌာနနှင့်ဖလုံပညာတိုးတက်ဖွံ့ဖြိုး‌ရေးယူနစ် -PEDUတို့ပူး‌ပေါင်းပြီးဖွင့်လှစ်သည့် အရံသားဖွားသင်တန်းအမှတ်စဉ် (၈)တွင် ‌ဒေသအကျိုးပြုအရံသားဖွား၁၈ဦးကိုထပ်မံ‌မွေးထုတ်‌ပေးနိုင်ခဲ့‌ကြောင်း သင်တန်းတာဝန်ရှိသူများက‌ပြောသည်။

ကျန်းမာ‌ရေး‌စောင့်‌ရှောက်မှုလိုအပ်ချက်ရှိသည့် ‌နေရာများရှိမိခင်များအတွက်ရည်ရွယ်ဖွင့်လှစ်သည့် အဆိုပါ အရံသားဖွားသင်တန်းကို၂၀၁၈စက်တင်ဘာလမှစတင်ကာ ၂၀၁၉ခုနှစ် ဒီဇင်ဘာလအထိဖွင့်လှစ်‌ပေးခဲ့ခြင်းဖြစ်ပြီးယ‌နေ့၂၀၂ဝ ခုနှစ် ၊ ဇန်နဝါရီလ ၂ရက်‌နေ့ဖားအံမြို့ ‌တောင်က‌လေးဖလုံပညာ့တ‌ဝေါင့်ရွာတွင်သင်တန်းဆင်းလက်မှတ်များအသီးသီး‌ပေးအပ်ခဲ့ခြင်းဖြစ်သည်။

BPHWTဦး‌ဆောင်အဖွဲ့မှ ‌နော်‌သောသီ‌ဖောမှ “သင်တန်းပြီးတဲ့လူ‌တွေကသူတို့‌ဒေသပြန်ရင်KNU ထိန်းချုပ်နယ်‌မြေထဲက BPHWT ‌ဆေးခန်းရှိတဲ့‌နေရာမှာမိခင်အတွက် က‌လေး‌မွေး‌ပေးခွင့်လုပ်လို့ရတယ်။ဒီတစ်‌ခေါက်သင်တန်းကာလကတစ်နှစ်‌ကျော်ဆို‌တော့ က‌လေး‌မွေး‌ပေးနိုင်ဖို့ အပြည့်အဝသင်‌ပေးထားတယ်။ ရွာပြန်ရင် ‌ဒေသလက်သည်‌တွေနဲ့ ပူး‌ပေါင်းလုပ်‌ဆောင်လို့ရတယ်”ဟု‌ကေအိုင်စီသို့‌ပြောသည်။

စာ‌တွေ့လက်‌တွေ့ နှစ်မျိုးစလုံးသင်ကြား‌ပေးသည့် အမှတ်စဉ် (၈) အရံသားဖွားသင်တန်းတွင် ကိုယ်ဝန်‌ဆောင်မိခင်များကျန်းမာ‌ရေးဆိုင်ရာကြိုတင်ကာကွယ်မှုလုပ်ငန်း၊ မ‌မွေးဖွားခင်နှင့် ‌မွေးဖွားပြီး မိခင်နှင့်က‌လေး ကျန်းမာ‌ရေး‌စောင့်‌ရှောက်မှုလုပ်ငန်းစသည်တို့ကို BPHWTမှ ဆရာမများ၊ အစိုးရ ကျန်းမာ‌ရေးအငြိမ်းစားဆရာမများ၊ ပြည်နယ်ပြည်သူ့ ကျန်းမာ‌ရေးဦးစီးဌာနမှဆရာမများနှင့် သင်တန်းနည်းပြဆရာမများကသင်ကြား‌ပေးခြင်းဖြစ်သည်ဟု သိရသည်။

‌ဒေသအကျိုးပြုအရံသားဖွားသင်တန်းကို ၂၀၁၂-၂၀၁၃ခုနှစ်‌နောက်ပိုင်းမှစတင်ကာနယ်လှည့်‌ကျော်ပိုးအိတ် ကျန်းမာ‌ရေးလုပ်သားအဖွဲ့၊ ကရင်ပြည်နယ် ပြည်သူ့ကျန်းမာ‌ရေးဦးစီးဌာနနှင့် PEDU အဖွဲ့တို့ ပူး‌ပေါင်းပြီး‌တောင်က‌လေး (ဖလုံပညာ့တ‌ဝေါင့်)ရွာတွင်စာ‌တွေ့သင်ကြား‌ပေးပြီး‌နောက် မဲ‌ဆောက်မြို့ မယ်‌တော်‌ဆေးခန်းတွင် လက်‌တွေ့ သင်ခန်းစာများကို ပြန်လည်သင်ကြား‌ပေးခြင်းဖြစ်သည်။

‌ကေအဲန်ယူသထုံခရိုင်မှသင်တန်းသူ‌နော်မုသဒါးက “ကျမတို့ ‌ဒေသမှာကျန်းမာ‌ရေးလိုအပ်ချက်အများကြီးရှိ‌သေးတယ်။ BPHWTအဖွဲ့ကကျမကိုပို့တဲ့အတွက် သူတို့နဲ့ ကျမပြန်တွဲလုပ်မယ်။ကျမဒီသင်တန်းတက်‌တော့ပညာ‌တွေအများကြီးရလိုက်တယ်။တစ်ဖက်တစ်လမ်းက‌နေကျမလူထုအတွက် ကျမပြန်ကူညီမယ်”ဟု‌ကေအိုင်စီသို့‌ပြောသည်။

ယ‌နေ့သင်တန်းဆင်းပွဲတွင် ပြည်နယ် ပြည်သူ့ကျန်းမာ‌ရေးဦးစီးဌာနမှတာဝန်ရှိသူများ၊ နယ်လှည့်‌ကျောပိုးအိတ်ကျန်းမာ‌ရေးလုပ်သားအဖွဲ့ -BPHWT တာဝန်ရှိသူများ၊ PEDU တာဝန်ရှိသူများ၊ ‌ကော်သူး‌လေကျန်းမာ‌ရေးနှင့်ကယ်ဆယ်‌ရေးဌာန-KDHWမှတာဝန်ရှိသူများ၊သင်တန်းဆရာများနှင့် ‌ကျေးရွာရပ်မိရပ်ဖတာဝန်ရှိသူများတက်‌ရောက်ခဲ့ကြသည်။