Home သတင်း ကမ‌မောင်းမြို့နယ်တွင် KNLA နှင့် တပ်မ‌တော်တို့ ပစ်ခတ်မှု‌ကြောင့် ဒဏ်ရာရရှိသူတွင် အရပ်သားများပါဝင်

ကမ‌မောင်းမြို့နယ်တွင် KNLA နှင့် တပ်မ‌တော်တို့ ပစ်ခတ်မှု‌ကြောင့် ဒဏ်ရာရရှိသူတွင် အရပ်သားများပါဝင်

5028

ဇန်နဝါရီလ ၃ရက်၊ ၂၀၂ဝခုနှစ်။ ‌ကေအိုင်စီ

ကရင်ပြည်နယ်၊ ကမ‌မောင်းမြို့နယ်တွင် KNU-ကရင်အမျိုးသားအစည်းအရုံးလက်‌အောက်ခံ၊ ကရင်အမျိုးသားလွတ်‌မြောက်‌ရေးတပ်မ‌တော်-KNLA တပ်မဟာ (၅)နှင့် မြန်မာ့တပ်မ‌တော်တို့ ယမန်‌နေ့ ဇန်နဝါရီလ ၂ရက်၊ ယမန်‌နေ့ကပစ်ခတ်မှုဖြစ်ပွားခဲ့ရာထိခိုက်ဒဏ်ရရှိသူများထဲတွင် တပ်မ‌တော်ဘက်မှ စစ်သည်များအပြင်‌ဒေသခံရွာသားများပါ ပါဝင်သည်ဟု KNLA ဘက်က‌ပြောသည်။

KNUထိန်းချုပ်နယ်‌မြေတပ်မဟာ(၁)နှင့် တပ်မဟာ (၅)အကြား၊ ကမ‌မောင်းမြို့နယ်၊ ‌သေဘို့ထ‌ကျေးရွာအုပ်စု၊ ဝါသိုးခို‌ကျေးရွာတွင် ယမန်‌နေ့ မနက် ၇နာရီဝန်းကျင်နှင့် ၁ဝနာရီ‌ကျော်အချိန်များတွင် တပ်မ‌တော် အမှတ်(၈)စစ်ကွပ်ကဲ‌ရေးဌာနချုပ်လက်‌အောက်ခံဒု-တပ်ရင်းမှူးဗိုလ်မှူး‌နောင်ထွန်းဦး‌ဆောင်သည့် ‌ခြေမြန်တပ်ရင်း(ခမရ-၄၀၈)စစ်‌ကြောင်းနှင့် KNLA တပ်ရင်း (၁၀၂)လက်‌အောက်ခံတပ်ခွဲ(၃)တို့အကြားပစ်ခတ်မှုဖြစ်ပွားခဲ့ခြင်းဖြစ်သည်ဟု KNLAတပ်မဟာ(၅) စစ်‌ရေးချုပ် ဗိုလ်မှူး‌စောကလယ်ဒို့က‌ကေအိုင်စီသို့ိအတည်ပြု ‌ပြောဆိုခဲ့သည်။

၎င်းက “ခမရ(၄၀၈)က ဝါသိုးခို‌ကျေးရွာထဲဝင်သွားပြီးရွာအ‌နောက်ဘက်ကို‌ကျော်သွား‌တော့ ဝါသိုးခို – ‌လေးဘို့ထလမ်း‌ပေါ် ‌ကျောက်‌တောင်‌ခြေအနီးမှာကျ‌နော်တို့ဘက်က ၁၀၂တပ်ရင်း၊တပ်ခွဲ(၃)က လူ‌တွေနဲ့တိုးပြီးအဲ့မှာပစ်ခတ်မှုဖြစ်ကြတယ်။ အဲ့မှာအစိုးရတပ်ဘက်ကတစ်‌ယောက်ကျသွားတယ်။”ဟု‌ကေအိုင်စီသို့‌ပြောသည်။

၎င်းပစ်ခတ်မှုဖြစ်ပွားရာ‌နေရာအနီးဝန်းကျင်တွင် တပ်မ‌တော်မှ ဆက်လက်ခို‌အောင်း‌စောင့်‌နေစဉ်(၁၀)နာရီ‌ကျော်ဝန်းကျင်ခန့်၌‌ဒေသခံရွာလူကြီးနှစ်ဦးဖြစ်သည့် ‌စော‌ကျော်စိန်သန်း၆ဝနှစ်နှင့် ‌စောဒိက ၆၃နှစ်တို့သည် ကျဆုံးသွားသည့် ရဲ‌ဘော်၏ ကျန်ရှိသည့်ပစ္စည်းများကိုသွား‌ရောက်‌ကောက်ယူ‌ပေး‌နေစဉ် စစ်တပ်၏ ပစ်ခတ်မှုခံရကာ နှစ်ဦးစလုံးဒဏ်ရာပြင်းထန်သဖြင့်ကမ‌မောင်းမှတဆင့် ‌ကျေးရွာလူကြီးကဖားအံသို့ ထပ်ဆင့်ပို့‌ဆောင်‌ပေးခဲ့ရ‌ကြောင်းဗိုလ်မှူး‌စောကလယ်ဒို့ကဆက်‌ပြောသည်။

ယင်းဖြစ်စဉ်တွင် KNLA တပ်မဟာ(၅)ဘက်မှ ထိခိုက်မှုမရှိ‌ကြောင်းနှင့် ပစ်ခတ်မှုမှာစစ်တပ်၏ ‌ကေအဲန်ယူ၊တပ်မဟာ(၅)နယ်‌မြေသို့ နယ်‌ကျော်ဝင်‌ရောက်လာခြင်း‌ကြောင့်ထိပ်တိုက်ဖြစ်ပွားရခြင်းဖြစ်ပြီးလက်ရှိအချိန်ထိလည်းထို‌ဒေသတွင် တပ်မ‌တော်ကဆက်လက်‌နေရာယူထားဆဲဖြစ်သည်ဟုKNLA တပ်မဟာ (၅)ဘက်ကဆိုသည်။

ပြီးခဲ့သည့် ဒီဇင်ဘာလ ၂၆ရက်‌နေ့ကလည်း ‌ကေအဲန်ယူတပ်မဟာ(၃) နယ်‌မြေတွင် တပ်မ‌တော် ‌ခြေမြန်တပ်ရင်း (ခမရ-၃၅၀)နှင့် KNLA တပ်တို့အကြားထိ‌တွေ့မှုနှစ်ကြိမ်ရှိခဲ့သလိုအဆိုပါ‌ဒေသတွင်လည်းတပ်မ‌တော် တပ်ရင်း (၃)ရင်းအင်အားထပ်မံဖြည့်တင်းလာ‌ကြောင်းဒီဇင်ဘာလ ၂၈ရက်‌နေ့က ထုတ်ပြန်သည့် Free Burma Ranger ၏ အစီရင်ခံစာအရသိရသည်။

ထိုတိုက်ပွဲဖြစ်စဉ်များနှင့် ပတ်သက်၍ တပ်မ‌တော်သတင်းမှန် ပြန်ကြား‌ရေးကသတင်းထုတ်ပြန်ထားခြင်းမရှိ‌သေးသလိုကရင်ပြည်နယ်၏ လုံခြုံ‌ရေးနှင့် နယ်စပ်‌ရေးရာဝန်ကြီးဗိုလ်မှူးကြီးမျိုးမင်း‌နောင်က KNLA ဘက်ကစတင် ပစ်ခတ်ခဲ့ခြင်းဖြစ်သည်ဟု‌ပြောဆို‌ကြောင်း DVB သတင်းတွင် ‌ဖော်ပြထားသည်။

ဒီဇင်ဘာလ ၂၇ရက်‌နေ့က KNUလက်‌အောက်ခံKNLA ဗဟိုမှ ဗိုလ်မှူးချုပ်မန်းရှထု‌ဝေါ ဦး‌ဆောင်သည့် တပ်မဟာမှူးများကိုယ်စားလှယ်အဖွဲ့နှင့် ‌တောင်ပိုင်းတိုင်းစစ်ဌာနချုပ် တိုင်းမှူးဗိုလ်ချုပ်မျိုးဝင်းဦး‌ဆောင်‌သောအဖွဲ့တို့ NCAအ‌ပေါ် အ‌ခြေခံသည့် လမ်း‌ဖောက်လုပ်‌ရေးကိစ္စရပ်များကို‌ကျောက်ကြီးမြို့ ‌ကေအဲန်ယူဆက်ဆံ‌ရေးရုံးတွင် ညှိနှိုင်း‌ဆွေး‌နွေးခဲ့ကြပြီးတပ်‌နေရာချထား‌ရေးနှင့် အပစ်ရပ်နယ်‌မြေကိုဆက်လက်‌ဆွေး‌နွေးသွားရန်အပြင်လမ်း‌ဖောက်လုပ်မှုအ‌ပေါ်၂၀၂၀၊ ဇန်နဝါရီ (၁၀)ရက်‌နေ့တွင် ပြည်သူလူထုနှင့် ‌တွေ့ဆုံသွားရန်သ‌ဘောထားများရှိခဲ့ကြသည်။