Home သတင်း ကြာအင်းဆိပ်ကြီး ‌ရေ‌ဘေးသင့်‌နေရာများသို့ KNU သွား‌ရောက်ကူညီမှု ပြုလုပ်

ကြာအင်းဆိပ်ကြီး ‌ရေ‌ဘေးသင့်‌နေရာများသို့ KNU သွား‌ရောက်ကူညီမှု ပြုလုပ်

3165

ဩဂုတ် ၁၃ ရက်၊ ၂၀၁၉ ခုနှစ်။ ‌စောရှား

ကရင်ပြည်နယ်၊ ကြာအင်းဆိပ်ကြီးမြို့နယ်၊ ဝင်း‌ရော်‌ဒေသ၊ (KNU-ကရင်အမျိုးသားအစည်းအရုံး၊ ဝင်း‌ရေးမြို့ နယ်)၏ရှိ ‌ရေ‌ဘေးသင့်‌ကျေးရွာများသို့ KNU ဝင်း‌ရေးမြို့နယ်ရုံးအဖွဲ့နှင့် KNLA-ကရင်အမျိုးသားလွတ်‌မြောက် ‌ရေးတပ်မ‌တော် တပ်ရင်း (၁၆)တို့က သွား‌ရောက်ကူညီမှုများ ‌ပေး‌နေ‌ကြောင်း သိရသည်။

ရွာလုံးကျွတ် ‌ရေဝင်‌နေသည့် ထွိ‌မောင်ထိုရွာသို့ ယ‌နေ့(ဩဂုတ် ၁၃ ရက်)တွင် သွား‌ရောက်ကာ ကျပ်သိန်း ၅ဝ တန်ဖိုးရှိ အစားအ‌သောက်များ သွား‌ရောက်ကူညီ‌နေ‌ကြောင်း ဦး‌ဆောင်သူ ဝင်း‌ရေးမြို့နယ်ဥက္ကဌ ပဒို‌စော‌မောင် ‌ရွှေက ‌ကေအိုင်စီသို့ ယခုလို‌ပြောသည်။

“ကျ‌နော်တို့ရဲ့ ‌ကျေးဇူးရှင်‌တွေဖြစ်တဲ့ ‌ရေ‌ဘေးသင့်ပြည်သူ‌တွေကို သွား‌ရောက်ကူညီတာ ဖြစ်ပါတယ်။ သိတဲ့ အတိုင်း KNUက ဘာစီးပွား‌ရေးမှရှိတာမဟုတ်တဲ့အတွက် တတ်နိုင်တဲ့အား‌လေးနဲ့ ကူညီတာပါ။ ပြီးပြည့်စုံတဲ့ အ‌နေအထား‌တော့ မဟုတ်ဘူး‌ပေါ့” ဟု‌ပြောသည်။

ထို့အပြင် ထွိ‌မောင်ထိုရွာသာမက မိမိတို့ သွား‌ရောက်နိုင်သည့် ‌ရေ‌ဘေးသင့်‌ဒေသများသို့ပါ ဆက်လက်ကူညီရန် ရှိ‌နေပြီး ယ‌နေ့တွင် တ‌တော်နိုင်(ခလယ်ရွာ‌လေး)သို့ သွား‌ရောက်ကာ ထပ်မံကူညီမှုများ ‌ပေးဦးမည်ဟုလည်း ပဒို ‌စော‌မောင်‌ရွှေမှ ဆက်‌ပြောသည်။

NCA (တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှုရပ်စဲ‌ရေး သ‌ဘောတူစာချုပ်)၊ အခန်း(၃)၊ အပိုဒ်ခွဲ(ဇ)တွင် “အပစ်ရပ် နယ်‌မြေအတွင်း သဘာဝ‌ဘေးအန္တရာယ်‌ကြောင့် ဖြစ်‌ပေါ်လာ‌သော အ‌ရေး‌ပေါ်အ‌ခြေအ‌နေများတွင် နှစ်ဘက် ပူး‌ပေါင်းပြီး ကယ်ဆယ်‌ရေးလုပ်ငန်းများလုပ်ကိုင်ခြင်း၊ ‌ဆေးဘက်ဆိုင်ရာ ကျန်းမာ‌ရေးပစ္စည်းများ အ‌ရေး‌ပေါ် ‌ရွှေ့‌ပြောင်းခြင်းများကို ညှိနှိုင်းလုပ်‌ဆောင်ရန်” စသည့်အချက်များ ပါရှိသည်။

ယ‌နေ့‌ရေ‌ဘေးသင့်သူများအား စားနပ်ရိက္ခာကူညီပံ့ပိုးသည့် လုပ်ငန်းစဉ်တွင် KNU၊ ဝင်း‌ရေးမြို့နယ်ရုံးအဖွဲ့မှ ပဒို‌စော‌မောင်‌ရွှေဦးစီးပြီး KNLA၊ တပ်ရင်း (၁၆)မှ တပ်ခွဲ (၃)၏ တပ်ခွဲမှူးနှင့်စစ်သည်တပ်သားများအပါအဝင် လူဦး‌ရေ ၂ဝ ‌ကျော် သွား‌ရောက် ကူညီခဲ့ကြခြင်းလည်းဖြစ်သည်။

‌ရေသန့်၊ ကြာဇံ(မာမား)ထုပ်၊ မုန့်ပုံး၊ ‌ပေါင်မုန့်ထုပ်၊ ငါး‌သေတ္တာ၊ ကြာဇံ၊ ဆန်၊ ဆား အစားအ‌သောက်များဖြင့် ထွိ‌မောင်ထိုရွာသို့ သွား‌ရောက် ကူညီခဲ့သည့်အ‌ပေါ် ထွိ‌မောင်ထိုရွာသား ‌စောရှားပလီးပလီးက “ကျ‌နော်တို့တစ် အိမ်ထဲ မကဘဲ တရွာလုံး‌ရေမြှုပ်‌နေတဲ့အ‌ပေါ် အခုလို KNU က လာ‌ရောက်ကူညီတဲ့ အတွက် အတိုင်းမသိဝမ်း သာပါတယ်။ အခုဆို ရွာထဲမှာ ‌ရေကြီးလို့ ဆိုင်‌တွေ အကုန်လုံး ပိတ်ထားရ‌တော့ ဘာမှလည်း ဝယ်မရဘူးဖြစ်‌နေ တယ်။ ‌ရေကျဖို့ဆိုတာကလည်း မလွယ်‌သေးပါဘူး” ဟု ‌ပြောသည်။

ဩဂုတ်လဆန်းပိုင်းမှ စတင်၍ မိုးသည်းထန်စွာရွာသွန်းပြီး ‌တောင်ကျ‌ချောင်း‌ရေနှင့် ဝင်း‌ရော်မြစ်‌ရေမြင့်တက်လာ မှုများ‌ကြောင့် ဝင်း‌ရော်‌ဒေသတွင် ဆယ်စုနှစ်အတွင်း စံချိန်တင် ‌ရေကြီးမှုများဖြစ်‌ပေါ်လျက်ရှိကာ ထွိ‌မောင်ထို ရွာတွင် လက်ရှိအချိန်အထိ ပျှမ်းမျှ ၇ ‌ပေနှင့်အထက် ‌ရေကြီး‌နေ‌ကြောင်း ‌ဒေသခံများထံမှ သိရသည်။

ထို့အတူ ကရင်ပြည်နယ် နယ်ခြား‌စောင့်တပ် (BGF) ဗဟိုမှ ဗိုလ်မှူး နိုင်‌မောင်‌ဇော် ဦး‌ဆောင်သည့် တပ်ဖွဲ့ဝင်များ နှင့် ပရဟိတ ညီအစ်ကိုများအဖွဲ့တို့ ပူး‌ပေါင်းပြီး မွန်ပြည်နယ်ရှိ ‌ရေ‌ဘေးသင့်ပြည်သူများအား ‌ငွေကျပ်သိန်း ၂၅ဝ တန်ဘိုးရှိ ရိက္ခာပစ္စည်းများနှင့် အခြား‌ထောက်ပံ့‌ရေးပစ္စည်းများကို ယ‌နေ့ သွား‌ရောက် ‌ထောက်ပံ့ကူညီမှုများ ပြုလုပ်လျက်ရှိသည်ဟု သိရသည်။