Home သတင်း အပြည်ပြည်ဆိုင်ရာ ဌာ‌နေတိုင်းရင်းသားများ‌နေ့ အခမ်းအနား ကျင်းပပြီးစီး

အပြည်ပြည်ဆိုင်ရာ ဌာ‌နေတိုင်းရင်းသားများ‌နေ့ အခမ်းအနား ကျင်းပပြီးစီး

1893

ဩဂုတ် ၁၃ ရက်၊ ၂ဝ၁၉ ခုနှစ်။ ‌ကေအိုင်စီ

ပဲခူးတိုင်း‌ဒေသကြီးကရင်တိုင်းရင်းသားလူမျိုးများ‌ရေးရာဝန်ကြီးဌာန၊ မြန်မာနိုင်ငံဌာ‌နေတိုင်းရင်းသားများ ကွန်ယက်၊ ပွိုင့်-ရိုးရာဝန်းကျင်မြှင့်တင်‌ရေးအဖွဲ့နှင့် ကရုဏာလူမှုစည်း လုံးညီညွတ်‌ရေးအသင်းတို့မှကြီးမှူးပြီး ပဲခူးမြို့၊ မြို့‌တော်ခန်းမတွင် ဩဂုတ်လ(၁၀)ရက်‌နေ့ မွန်းလွဲ(၂)နာရီအချိန်က အပြည်ပြည်ဆိုင်ရာဌာ‌နေတိုင်း ရင်းသားများ‌နေ့ အခမ်းအနား ကျင်းပပြုလုပ်သည်။

အခမ်းအနားတွင် ပဲခူးတိုင်း‌ဒေသကြီးအစိုးရအဖွဲ့ ကရင်တိုင်းရင်းသားလူမျိုးများ ‌ရေးရာဝန်ကြီး ‌နော်ပွယ် ‌စေးက အဖွင့်အမှာစကား‌ပြောကြားပြီး အခမ်းအနားတက်‌ရောက်လာကြသည့် ဝန်ကြီးများနှင့် တိုင်းရင်းသား များက အပြန်အလှန်မိတ်ဆက်ကြကာ ဌာ‌နေတိုင်းရင်းသားကိုယ်စားလှယ်များက ဌာ‌နေတိုင်း ရင်းသား များ၏ အခက်အခဲများနှင့်စိန်‌ခေါ်မှုများကို တင်ပြခြင်း၊ စု‌ပေါင်းမှတ်တမ်းဓာတ်ပုံရိုက်ကူးကြခြင်းနှင့် တိုင်းရင်း သားရိုးရာအကများဖြင့် ‌ဖျော်‌ဖြေတင်ဆက်ခြင်းများပြုလုပ်ကြသည်။

ဌာ‌နေတိုင်းရင်းသားများ၏အခွင့်အ‌ရေးနှင့် ဓ‌လေ့ထုံးတမ်းအစဉ်အလာကို နိုင်ငံ‌တော်က အ‌လေးထားလာ ‌စေရန်နှင့် တိုင်းရင်းသားအချင်းချင်း ချစ်ကြည်ရင်းနှီးမှုရရှိ‌စေရန်အတွက်ရည်ရွယ်၍ အဆိုပါ အခမ်းအနား အား ကျင်းပပြုလုပ်ခြင်းဖြစ်ပြီး ပဲခူးတိုင်း‌ဒေသကြီးအတွင်းရှိ ကရင်၊ ချင်း၊ ရှမ်း၊ ကယား၊ မွန်၊ ပအိုဝ်း တိုင်း ရင်းသားများအပြင် ကရင်၊ ချင်း၊ ရှမ်းပြည်နယ်နှင့် ရန်ကုန်တိုင်း၊ ဧရာဝတီတိုင်း‌ဒေသကြီးတို့မှ ဌာ‌နေတိုင်း ရင်းသားများ (၃၅၀)ဦး‌ကျော် တက်‌ရောက်သည်။

တရက်တာ အခမ်းအနားတွင် မြန်မာနိုင်ငံဌာ‌နေတိုင်းရင်းသားများကွန်ရက်အ‌ကြောင်း၊ ဌာ‌နေတိုင်းရင်းသား များအ‌ကြောင်း၊ တိုင်းရင်းသားများ၏ အခွင့်အ‌ရေးဆိုင်ရာအ‌ကြောင်းများ၊ ‌မြေယာ၊ စာ‌ပေနှင့်ယဉ် ‌ကျေးမှု၊ သစ်‌တောနှင့်သဘာဝပတ်ဝန်းကျင်များ အခက်အခဲနှင့်စိန်‌ခေါ်မှုများကို ရှင်းလင်းမျှ‌ဝေပြီးဌာ‌နေ တိုင်းရင်း သားယဉ်‌ကျေးမှုအကများဖြင့် ‌ဖျော်‌ဖြေတင်ဆက်ကြသည့်အပြင် လူထုစက်ဘီးစီးနင်းပွဲအဖြစ် ရန်ကုန်တိုင်း ‌ဒေသကြီး၊ အင်းစိန်မြို့နယ် ‌စော်ဘွားကြီးကုန်း၊ မြဝတီဆီဆိုင်‌ရှေ့ ရန်ကုန်-မန္တ‌လေးကားလမ်း Zero Mile မှ စတင်ပြီး ပဲခူးမြို့ ဟံသာဝတီရပ်ကွက်ရှိ မြို့‌တော်ခန်းမအထိ စုစု‌ပေါင်း စက်ဘီးအစီး‌ရေ (၄၃) စီး‌ကျော်ဖြင့် (၃၂)မိုင် ခရီးအား စီးနင်းကြသည်ဟု သိရသည်။