Home သတင်း မွန်ပြည်နယ်အဆင့် ကရင်စာယဉ်ရုံး ‌မော်လမြိုင်မြို့တွင် တည်‌ဆောက်မည်

မွန်ပြည်နယ်အဆင့် ကရင်စာယဉ်ရုံး ‌မော်လမြိုင်မြို့တွင် တည်‌ဆောက်မည်

2610

ဩဂုတ် ၆ ရက်၊ ၂ဝ၁၉ ခုနှစ်။ ‌စောမြတ်ဦးသာ

မွန်ပြည်နယ်အဆင့် ကရင်စာ‌ပေနှင့်ယဉ်‌ကျေးမှုရုံး အ‌ဆောက်အဦးကို လာမည့်နိုဝင်ဘာလတွင် ‌မော်လမြိုင်မြို့ရှိ ‌ကျောက်တန်း ရပ်တွင် တည်‌ဆောက်သွားမည်ဟု စာယဉ်ရုံးဖြစ်‌မြောက်‌ရေးတာဝန်ရှိသူက ‌ကေအိုင်စီသို့ ‌ပြောသည်။

မွန်ပြည်နယ် ၁ဝ မြို့နယ်တွင် ‌နေထိုင်သည့် ကရင်တိုင်းရင်းသားများ စာ‌ပေယဉ်‌ကျေးမှု ‌ဆောင်ရွက်နိုင်ရန်နှင့် ပညာ‌ရေးအတွက် တည်းခို‌နေထိုင်နိုင်‌စေရန် ရည်ရွယ်ပြီး ကရင်စာ‌ပေနှင့်ယဉ်‌ကျေးမှုရုံးအား တည်‌ဆောက်သွားမည်ဟု စာယဉ်ရုံးဖြစ် ‌မြောက်‌ရေးအဖွဲ့မှ ဦး‌ဆောင်ဆရာ‌တော်တစ်ပါးဖြစ်သူ ဦးပညာဝံသက ဩဂုတ်လ ၁ရက်‌နေ့တွင် ‌ကေအိုင်စီသို့ မိန့်ကြားသည်။

“၂ဝ၁၉ အကုန် ၁၁ လပိုင်းမှာ ရုံးအ‌ဆောက်အဦးအ‌ကောင်ထည်‌ဖော်မယ်။ လက်ရှိရုံး‌မြေ‌နေရာက‌တော့ သိန်း ၅ဝဝ ‌လောက် ကျတာ‌ပေါ့‌နော်။ သိန်းတစ်ရာ‌လောက် အ‌ကြွေးကျန်‌သေးတယ်။ နာယကဆရာ‌တော်‌တွေ ၁ဝ မြို့နယ်က စာယဉ်အဖွဲ့‌တွေက‌နေ ၁ဝ သိန်းစီနဲ့ ကရင်တိုင်းရင်းသားဝန်ကြီးအကူညီနဲ့ပါ ဝယ်ဖြစ်တာပါ။ စာ‌ပေယဉ်‌ကျေးမှုအပိုင်း‌ရော က‌လေး‌တွေ ‌ကျောင်းတက် တဲ့အခါ‌ရော တည်းခိုနိုင်ဖို့ ရည်ရွယ်တာပါ” ဟု ဦးပညာဝံသက မိန့်ကြားသည်။

‌မော်လမြိုင်မြို့ ‌ကျောက်တန်းရပ်တွင် တည်‌ဆောက်မည့် ရုံး‌မြေ‌နေရာနှင့်အ‌ဆောက်အဦးအတွက် အလျား ၆ဝ ၊ အနံ ၄ဝ နှစ်ထပ်တိုက်ရုံးပုံစံ တည်‌ဆောက်သွားမည်ဖြစ်ပြီး ခန့်မှန်းကုန်ကျ‌ငွေ သိန်း ၈ဝဝ နီးပါးလျာထားလျက်ရှိကာ ကရင်လူထု၏ ပံ့ပိုးမှုအားဖြင့်သာ တည်‌ဆောက်သွားမည်ဟု စာယဉ်တာဝန်ရှိသူများက ‌ပြောသည်။

မွန်ပြည်နယ် ကရင်တိုင်းရင်းသား‌ရေးရာဝန်ကြီး ‌စော‌အောင်မြင့်ခိုင်က “တိုင်းရင်းသား ၄ မျိုးအတွက်ကို ယဉ်‌ကျေးမှု‌တွေစုပြီး လုပ်မယ့်‌နေရာ‌ပေါ့။ အ‌ဆောက်အဦးနဲ့ ‌မြေ‌နေရာ ၉ ဧက ‌တောင်းထားတာရှိတယ်။ အစိုးရအ‌နေနဲ့ တစ်ခုကို‌ပေးလိုက်ပြီးဆိုရင် ဆက်တိုက်‌တောင်းလာမယ့်ဟာအတွက်ကို ထပ်‌ပေးဖို့ အဆင်မ‌ပြေနိုင်‌သေးဘူး‌ပေါ့‌နော်။ ရုံး‌မြေ‌နေရာအ‌ဆောက်အဦးကို ‌နောင်လာ‌နောက်သား‌တွေအတွက် ချန်ထား‌ပေးနိုင်ဖို့ ဥပ‌ဒေအရ ခိုင်ခိုင်မာမာဖြစ်‌အောင် ထားခဲ့‌ပေးရမယ်” ဟု ဩဂုတ်လ ၁ ရက်‌နေ့တွင် ‌ပြောသည်။

တနသင်္ာရီတိုင်း‌ဒေသကြီး၊ ကရင်ပြည်နယ်၊ မွန်ပြည်နယ် ၁ဝ မြို့နယ်မှ ‌မော်လမြိုင်မြို့သို့ ‌ကျောင်းလာတက်သူ ကရင်တိုင်းရင်းသား အများစုမှာ တည်းခို‌နေထိုင်ရာ ‌နေရာမရှိသည့်အတွက် ‌မော်လမြိုင်မြို့ဘုန်းကြီး‌ကျောင်းများတွင်သာ မှီခို‌နေထိုင်ကြရသည့်အပြင် စာ‌ပေယဉ်‌ကျေးမှုနှင့် အမျိုးသား‌ရေးဆိုင်ရာ‌နေ့အခမ်းအနားကျင်းပမည့်‌နေရာ သီးသန့် မရှိသည့်အတွက် ဘာသာ‌ရေး အ‌ဆောက်အဦး‌နေရာတွင်သာ ‌ဆောင်ရွက်‌နေရသည်ဟု စာယဉ်တာဝန်ရှိသူများထံမှ သိရသည်။