Home သတင်း ကရင်တိုင်းရင်းသား လုပ်ငန်းရှင်များအသင်း ဥက္ကဌသစ်အဖြစ် ‌နော်ထားထားမြင့်ကို ‌ရွေးချယ်

ကရင်တိုင်းရင်းသား လုပ်ငန်းရှင်များအသင်း ဥက္ကဌသစ်အဖြစ် ‌နော်ထားထားမြင့်ကို ‌ရွေးချယ်

3034

ဩဂုတ် ၅ရက်၊ ၂၀၁၉ ခုနှစ်။ ‌စောထွန်းလင်း

ကရင်တိုင်းရင်းသားလုပ်ငန်းရှင်များအသင်း ဥက္ကဌသစ်အဖြစ် Global Glory GG Co.,Ltd.မှ အုပ်ချုပ်မှု ဒါရိုက် တာ ‌နော်ထားထားမြင့်ကို ဩဂုတ် ၄ ရက်တွင် မွန်ပြည်နယ်၊ သထုံမြို့၊ ‌လေယာဉ်ကွင်း‌ဟောင်းအနီးရှိ Second Café စားဥယျာဉ်၌ ပြုလုပ်သည့် အသင်းနှစ်ပတ်လည်အစည်းအ‌ဝေးတွင် ‌ရွေးချယ်တာဝန်‌ပေးလိုက်သည်။

ဥက္ကဌသစ် ဖြစ်လာသူ ‌နော်ထားထားမြင့်က “ယုံကြည်စွာ ယာယီဥက္ကဌအဖြစ် တာဝန်‌ပေးတဲ့ နာယကကြီးများနဲ့ အားလုံးကို ‌ကျေးဇူးတင်ပါတယ်။ ‌ရှေ့က‌ပြေးပြီး တကယ်အလုပ်လုပ်တဲ့အခါမှာ ဒီမှာရှိတဲ့ သူ‌တွေအားလုံးရဲ့အား ‌တွေ လိုအပ်ပါတယ်။ ကျမက မပြည့်စုံ‌သေးသူဖြစ်တဲ့အတွက် ဒီမှာရှိတဲ့ လူကြီးမင်း‌တွေရဲ့ အ‌တွေ့အကြုံ၊ အ တတ်ပညာ‌တွေနဲ့ ဝိုင်းဝန်း‌ပေးဖို့ ကူညီပံ့ပိုး‌ပေးဖို့ ‌တောင်းဆိုချင်ပါတယ်”ဟု ‌ပြောသည်။

အဆိုပါ ကရင်တိုင်းရင်းသားလုပ်ငန်းရှင်များအသင်း နှစ်ပတ်လည်အစည်းအ‌ဝေးသို့ အသင်းနာယကကြီးများ ဖြစ်သည့် မွန်ပြည်နယ် ကရင်တိုင်းရင်းသား‌ရေးရာဝန်ကြီး ‌စော‌အောင်မြင့်ခိုင်၊ ရန်ကုန်တိုင်း‌ဒေသကြီး ကရင် တိုင်းရင်းသား‌ရေးရာဝန်ကြီး ‌နော်ပန်းသဉ်ဇာမျိုး၊ ဧရာဝတီတိုင်း‌ဒေသကြီး ကရင်တိုင်းရင်းသား ‌ရေးရာဝန်ကြီး ဂါ့မိုးမြတ်မြတ်သူနှင့် တိုင်း‌ဒေသကြီးလွှတ်‌တော်ကိုယ်စားလှယ် မန်း‌ဂျော်နီ၊ တိုင်းနှင့် ပြည်နယ် ၅ခုရှိ အသင်း ကိုယ်စားလှယ်များအပါအဝင် စုစု‌ပေါင်း လူ ၅ဝ ဦးခန့် တက်‌ရောက်ခဲ့ကြသည်။

တ‌နေ့တာ ကျင်းပသည့် အစည်းအ‌ဝေးတွင် အသင်းဖွဲ့စည်းပုံ မူကြမ်းကို ပုဒ်မအလိုက် ‌ဆွေး‌နွေးအတည်ပြုခဲ့ သည်။ ထို့အပြင် ယခင်ဥက္ကဌ‌ဟောင်းက နုတ်ထွက်ခြင်းနှင့် ဥက္ကဌ သစ်‌ရွေးချယ်ခြင်း၊ အသင်းဝင်‌ကြေးများ သတ်မှတ်ခြင်းနှင့် ‌ရှေ့လုပ်ငန်းစဉ်တို့ကို ‌ဆွေး‌နွေးခဲ့ကြသည်။

အသင်းနာယက ကရင်‌ရေးရာဝန်ကြီး‌နော်ပန်းသဉ်ဇာမျိုးက “‌ရှေ့လုပ်ငန်းစဉ် အ‌နေနဲ့ အသင်းကို တရားဝင်မှတ်ပုံ တင်မယ်။ အလုပ်ရုံ‌ဆွေး‌နွေးပွဲ တစ်ခုလုပ်သွားမယ်။ ဒီအသင်းကြီးကို လမ်း‌ကြောင်းတစ်ခုအ‌ပေါ် ‌ရောက်သွား ‌စေချင်တယ် ”ဟု ‌ကေအိုင်စီသို့ ‌ပြောသည်။

ကရင်တိုင်းရင်းသား လုပ်ငန်းရှင်အသင်းကို ၂၀၁၈ ခုနှစ်၊ ‌အောက်တိုဘာ ၂၂ ရက်တွင် ရန်ကုန်တိုင်း‌ဒေသကြီး အစိုးရ အဖွဲ့ရုံး၌ စတင်ဖွဲ့စည်းခဲ့ပြီး ဥက္ကဌအဖြစ် ‌စောဘိုဘို‌ဝေ‌မောင်ကို တာဝန်‌ပေးခဲ့သည်။ ထိုသို့ ဖွဲ့စည်းစဉ်က နီးစပ်သူ လုပ်ငန်းရှင်များကိုသာ ‌ခေါ်ယူဖွဲ့စည်းခဲ့သည်ဟု ရန်ကုန်ကရင်စီးပွား‌ရေး လုပ်ငန်းရှင်များ အသိုင်း အဝိုင်းတွင် ‌ဝေဖန်မှုများ ‌ပေါ်ထွက်ခဲ့ဖူးသည်။

ထို့အပြင် အသင်းဥက္ကဌ အ‌နေဖြင့် အသင်းအစည်းအ‌ဝေးများကို အ‌ကြောင်းအမျိုးမျိုး‌ကြောင့် တက်‌ရောက်နိုင် ခြင်းမရှိသလို ကရင်ပြည်နယ်အစိုးရအဖွဲ့တာဝန်ကို ထမ်း‌ဆောင်‌နေသည့်အတွက် အသင်းဖွဲ့စည်းပုံ‌ရေးဆွဲ ပြီး‌နောက် ယခုလိုအသင်း ဥက္ကဌသစ်ကို ပြန်လည်‌ရွေးချယ် တာဝန်‌ပေးခဲ့ခြင်းဖြစ်သည်ဟု အသင်းဝင်များထံမှ သိရသည်။

အသင်းဥက္ကဌသစ် ဖြစ်လာသူ‌နော်ထားထားမြင့်သည် ယခင်က အသင်းတွင် အ‌ထွေ‌ထွေ အတွင်း‌ရေးမှူး တာဝန်ယူခဲ့သူဖြစ်သလို ၂၀၁၉ ဇန်နဝါရီ ၂၅ ရက်မှ ၃ဝ ရက်‌နေ့ထိ ရန်ကုန်မြို့ ကျိုက္ကဆံကွင်း၌ မြန်မာနိုင်ငံ တိုင်းရင်းသားလုပ်ငန်းရှင်များ အသင်းက ဦး‌ဆောင်ကျင်းပခဲ့သည့် ‌သွေးချင်းတို့၏ ပွဲ‌တော်တွင် ကရင် လုပ်ငန်းရှင်များအသင်း ပြခန်းကို ဦး‌ဆောင်ပြသခဲ့သူ ဖြစ်ပြီး လက်ရှိတွင် ရန်ကုန်မြို့၌ ကားအငှားဝန်‌ဆောင်မှု ကုမ္ပဏီတည်‌ထောင်ထားသူဖြစ်‌ကြောင်း သိရသည်။