Home သတင်း စားကျက်‌မြေကိစ္စနှင့်ပတ်သက်ပြီး NCA စာချုပ်ပါအတိုင်း ရပ်တည်မည်ဖြစ်‌ကြောင်း KNU ‌ကျောက်ကြီးမြို့နယ် သ‌ဘောထားထုတ်ပြန်

စားကျက်‌မြေကိစ္စနှင့်ပတ်သက်ပြီး NCA စာချုပ်ပါအတိုင်း ရပ်တည်မည်ဖြစ်‌ကြောင်း KNU ‌ကျောက်ကြီးမြို့နယ် သ‌ဘောထားထုတ်ပြန်

3283

ဇူလိုင်လ ၂၆ ရက်၊ ၂၀၁၉ ခုနှစ်။ ‌ကေအိုင်စီ

နိုင်ငံ‌ရေး သ‌ဘောတူညီချက်များမရှိ‌သေး‌သောကာလ အများပိုင်‌မြေယာနှင့်စားကျက်‌မြေများအား အာဏာပိုင် များဘက်မှ တဖက်သတ်စီမံ‌ဆောင်ရွက်မှုများရှိလာသည့်အ‌ပေါ် ၎င်းတို့အ‌နေဖြင့် NCA စာချုပ်ပါ အခန်း ၆ အပိုဒ် ၂၅ ပါအချက်အ‌ပေါ် ရပ်တည်သွားမည်ဖြစ်‌ကြောင်း KNU -ကရင်အမျိုးသားအစည်းအရုံး ‌ကျောက်ကြီး မြို့နယ်က သ‌ဘောထားထုတ်ပြန်လိုက်သည်။

KNU ‌ကျောက်ကြီး မြို့နယ်အလုပ်အမှု‌ဆောင် ‌ကော်မတီမှ ဇူလိုင်လ ၂၃ ရက်‌နေ့ပါ ရက်စွဲဖြင့်ထုတ်ပြန် လိုက်ခြင်းဖြစ်ပြီး ယခုလို သ‌ဘောထားထုတ်ပြန်ရခြင်းနှင့်ပတ်သက်၍ KNU ‌ကျောက်ကြီးမြို့ နယ် အတွင်း‌ရေးမှူး ပဒို‌စောဆာဝါးက ယခုလို‌ပြောသည်။

၎င်းက “အခုတ‌လော အုပ်ချုပ်‌ရေးပိုင်းကလူ‌တွေက ‌ဒေသခံ‌တွေ ဘိုးဘွားစဉ်ဆက်ပိုင်ဆိုင်တဲ့‌မြေ‌တွေကို အခြား ရွာ‌တွေကို ‌ဝေငှမယ့်အစီအစဉ်‌တွေရှိတယ်လို့ ကြားသိရတယ်ဗျ။ ကျ‌နော်တို့က‌တော့ အခုငြိမ်းချမ်း‌ရေးဖြစ်စဉ်ကို ပြန်လည်တည့် မတ်‌အောင်ကြိုးပမ်း‌နေတဲ့ကာလ၊ ကြားကာလ‌ပေါ့။ အဲဒီအတွက် နိုင်ငံ‌ရေး အ‌ဖြေတစုံတရာ မရ‌သေးခင် နှစ်ဖက်‌ဆွေး‌နွေးမှုမရှိရင် ဒါကိုမလုပ်သင့်‌သေးဘူးထင်တဲ့အတွက်ဖြစ်တယ်” ဟု ‌ကေအိုင်စီ သို့ ‌ပြောသည်။

ပြီးခဲ့သည့် ‌မေလကကျင်းပသည့် ဒုတိယအကြိမ် ပဲခူးတိုင်း‌ဒေသကြီးလွှတ်‌တော် ၁၂ ကြိမ်‌မြောက် ပုံမှန်အစည်း အ‌ဝေးတွင် ‌ရွှေကျင်မြို့နယ် အမှတ် ၂ တိုင်း‌ဒေသကြီး လွှတ်‌တော်ကိုယ်စားလှယ်က မြို့နယ်များရှိ ‌မြေလွတ်၊ ‌မြေရိုင်းများကို လယ်မဲ့၊ ယာမဲ့များအား ပြန်လည်ချထား‌ပေးရန် အစီအစဉ်ကို ‌မေးမြန်းမှုများပြုလုပ်ခဲ့သည်။

ထို့အတူ ပဲခူးတိုင်း‌ဒေသကြီးအစိုးရမှလည်း တိုင်း‌ဒေသကြီးအတွင်း သတ်မှတ်ကာလအထိ အ‌ကောင်အထည် ‌ဖော်နိုင်ခြင်းမရှိသည့် ‌မြေလွတ်၊ ‌မြေရိုင်းလုပ်ပိုင်ခွင့်များကို ပြန်လည်သိမ်းဆည်းကာ စိုက်ပျိုး‌ရေး၊ ‌မွေးမြူ‌ရေးလုပ် ငန်း လုပ်ကိုင်လိုသူများအတွက် ‌လျှောက်လွှာများ ‌ခေါ်ယူထား‌ကြောင်းလည်း သိရသည်။
အဆိုပါ ကိစ္စရပ်များနှင့်ပတ်သက်ပြီိး ‌ကျောက်ကြီး မဲဆန္ဒနယ်အမှတ် ၂ တိုင်း‌ဒေသကြီး လွှတ်‌တော်ကိုယ်စား လှယ် ဦးတင်ဆန်းဦးက“ အစီအစဉ်‌တွေက‌တော့ ရှိတယ်။ ‌ရွှေကျင်ဘက်မှာ‌တော့ စားကျက်‌မြေအငြင်းပွားမှု ကိစ္စ‌လေး‌တွေ ဖြစ်တာ‌တွေရှိတယ်။ ကျ‌နော်ဘက်က‌တော့ မဟုတ်ဘူး။ လက်ရှိ ကျ‌နော်တို့ နယ်‌မြေ‌တွေဆို KNU ထိန်းချုပ်နယ်‌မြေလည်း ‌ပြောတယ်။ ထိစပ်နယ်‌မြေလည်း ‌ပြောတယ်။ ကျ‌နော့်ဆန္ဒသ‌ဘောအရ ဆိုရင် ဒီလိုကိစ္စ‌တွေကို တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့‌တွေနဲ့နှစ်ဖက်ညှိနှိုင်းပြီး ‌ပေါင်းစပ်‌ဆောင်ရွက်မှာပဲဖြစ်တယ်” ဟု‌ပြောသည်။

တစ်နိုင်ငံလုံးပစ်ခတ်တိုက်မှုရပ်စဲ‌ရေးသ‌ဘောတူစာချုပ်-NCA အခန်း ၆ ၊ ကြားကာလ‌ဆောင်ရွက်ရမည့် အစီ အစဉ်များ အပိုဒ် ၂၅ (ဂ)အရ သက်ဆိုင်ရာ‌ဒေသများတွင် တစ်ဖွဲ့ချင်းစီ သီးခြား‌ဆောင်ရွက်ရန်လို အပ်‌သော ကိစ္စရပ်ကို အစိုးရနှင့် သက်ဆိုင်ရာ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းများညှိနှိုင်း‌ဆောင်ရွက် သွားရန် အချက်များပါဝင်သည့် အတွက် ၎င်းအချက်အ‌ပေါ် KNU ‌ကျောက်ကြီးမြို့နယ်မှ ‌ထောက်ပြ‌ပြောဆိုထားခြင်း လည်း ဖြစ်သည်။

အစိုးရဘက်မှ တဖက်သတ်စီမံ‌ဆောင်ရွက်မှုများပြုလုပ်သည်ဟု KNU ဘက်မ ှ‌ပြောဆိုသည့် အများပိုင်‌မြေယာ နှင့်စားကျက်‌မြေများမှာ KNU သတ်မှတ်နယ်‌မြေအရ ‌ညောင်‌လေးပင်ခရိုင် ‌ကျောက်ကြီးမြို့နယ်ထဲတွင်ဖြစ်ပြီး အစိုးရသတ်မှတ်ချက်အရ ၎င်း‌နေရာများမှာ ‌ရွှေကျင်နှင့်‌ကျောက်ကြီးမြို့နယ်များအတွင်း ပါဝင်‌ကြောင်း သိရသည်။