Home သတင်း စက်ရုံအတွင်း ‌ရှောင်တခင် ဝင်‌ရောက်စစ်‌ဆေးမှုမှ မြန်မာ‌ရွှေ့‌ပြောင်းအလုပ်သမား ၂ဝ ဦး‌ကျော် ဖမ်းဆီးခံရ

စက်ရုံအတွင်း ‌ရှောင်တခင် ဝင်‌ရောက်စစ်‌ဆေးမှုမှ မြန်မာ‌ရွှေ့‌ပြောင်းအလုပ်သမား ၂ဝ ဦး‌ကျော် ဖမ်းဆီးခံရ

2606

ဇူလိုင်လ ၂၆ ရက်၊ ၂၀၁၉ ခုနှစ်။ စအိုင်ဆူး

ထိုင်း-မြန်မာနယ်စပ် မဲ‌ဆောက်မြို့၊ မယ်‌သောင်‌ကျေးရွာလမ်းအနီးရှိ PB (Prime Boss Co.Ltd) အထည်ချုပ် စက်ရုံကို ယ‌နေ့ (ဇူလိုင် ၂၆ရက်) နံနက် ၁၁ နာရီ‌ကျော်တွင် သက်ဆိုင်ရာ ထိုင်းတာဝန်ရှိသူများက ‌ရှောင်တခင် ဝင်‌ရောက်စစ်‌ဆေးမှု ပြုလုပ်ခဲ့ရာ အ‌ထောက်အထားလက်မှတ် သက်တမ်းကုန်ဆုံးသည့် အလုပ်သမား ၂ဝ ‌ကျော်ကို ဖမ်းဆီး‌ခေါ်‌ဆောင်သွားသည်ဟု အလုပ်သမားအ‌ရေး ‌ဆောင်ရွက်သူများက ‌ပြောသည်။

ထိုင်းလူဝင်မှုကြီးကြပ်‌ရေး အပါအဝင် သက်ဆိုင်ရာအဖွဲ့စုံ တာဝန်ရှိသူတို့က ဝင်‌ရောက်စစ်‌ဆေးမှုလုပ် ‌ဆောင်ရာတွင် ပုဒ်မ ၆၄ ‌ခေါ် ရာသီအလိုက် အလုပ်သမားလက်မှတ် ကိုင်‌ဆောင်သူ အဆိုပါ အလုပ်သမားများမှာ စာအုပ်သက်တမ်းကုန်ဆုံး‌နေခြင်း‌ကြောင့် ထိုသို့ ဖမ်းဆီး‌ခေါ်‌ဆောင်သွားခဲ့ခြင်းဖြစ်သည်ဟု ‌ရောင်ခြည်ဦး အလုပ်သမားများအဖွဲ့ ရုံးတာဝန်ခံ ဦးမိုး‌ကျော်က ‌ကေအိုင်စီသို့ ‌ပြောသည်။

၎င်းက “၁၁ နာရီ ခွဲ‌လောက်မှာ ဝင်ပြီးစစ်‌ဆေးတာ‌ပေါ့ ကား‌တွေနဲ့။ ဝင်စစ်‌ဆေးတဲ့အခါမှာ ရာသီ‌ပေါ် အလုပ်သမားစာရွက်‌တွေ ကိုင်ထား‌ပေမဲ့ သက်တမ်း‌သေ‌နေတယ်။ သက်တမ်းမတိုးရ‌သေးဘူး‌ပေါ့။ အဲ့လို သက်တမ်း ‌သေ‌နေတဲ့ သူ‌တွေကို ဖမ်းသွားတာ။ ‌နောက်ဆုံး သိရတာက လဝက ရုံးကိုဖမ်းသွားတယ်။ ဒါ‌ပေမဲ့ ပြန်လွှတ်လာတာမျိုး စတဲ့ ‌နောက်ဆက်တွဲသတင်း‌တွေက မကြားရ‌သေးဘူး” ဟု ‌ပြောသည်။

အဆိုပါ စက်ရုံတွင် မြန်မာနိုင်ငံသား‌ရွှေ့‌ပြောင်းအလုပ်သမား ၁၇၀‌ကျော်ခန့် လုပ်ကိုင်လျက်ရှိပြီး အလုပ်သမား အားလုံးမှာ ထိုင်း-မြန်မာနယ်စပ် မဲ‌ဆောက်မြို့တွင် အများဆုံးပြုလုပ်‌ပေးသည့် ပုဒ်မ ၆၄ နယ်စပ်ဖြတ်သန်းခွင့် လက်မှတ်နှင့် အလုပ်လုပ်ကိုင်ခွင့်လက်မှတ်များ ကိုင်‌ဆောင်ထားကြသူများဖြစ်ပြီး အလုပ်ရှင်မှ သက်တမ်းတိုး ‌ပေးရန် ကျန်ရှိ‌နေသည့် အလုပ်သမား ၂၀‌ကျော်ကို တရားမဝင် ဝင်‌ရောက်အလုပ်လုပ်ကိုင်မှုဖြင့် ဖမ်းဆီးသွား ခြင်းဖြစ်သည်ဟု ‌ရောင်ခြည်ဦး အလုပ်သမားများအဖွဲ့က ဆိုသည်။

ထိုသို့ ဖမ်းဆီး‌ခေါ်‌ဆောင်သွားခံရသည့် အလုပ်သမားများအ‌နေဖြင့် ပုံမှန်စာရွက်စာတမ်း သက်တမ်းတိုး‌နောက် ကျပါက လုပ်ငန်းခွင်မဟုတ်ဘဲ လမ်း‌ပေါ်တွင် ဖမ်းဆီးမိပါက ရက်‌ကျော်ဒဏ်‌ကြေး (၅၀၀)ဘတ် ‌ပေး‌ဆောင် ရမည် ဖြစ်‌သော်လည်း ယခုလို စီမံချက်အရ ‌ရှောင်တခင် ဝင်‌ရောက်စစ်‌ဆေးမှု‌ကြောင့် ဖမ်းဆီးခံရခြင်းသည် ထိုင်း ဥပ‌ဒေအား မ‌လေးမစားပြုမူရာ‌ရောက်သဖြင့် အလုပ်သမားများသာမက အလုပ်ရှင်(သို့မဟုတ်) လုပ်ငန်း ရှင်များအ‌နေဖြင့် တာဝန်ရှိပြီး အခြား ဆက်စပ်ဒဏ်‌ကြေးပါ ‌ပေးရဖွယ်ရှိသည်ဟု အလုပ်သမားအ‌ရေး ‌ဆောင်ရွက်သူများက ‌ပြောသည်။

ထိုင်းလဝက ဥပ‌ဒေ (BE-၂၅၂၂)အရ သက်ဆိုင်ရာ အစိုးရ တာဝန်ရှိ ပုဂ္ဂိုလ်များက အ‌စောတလျှင် ‌ရှောင်တခင် ဝင်‌ရောက်စစ်‌ဆေးပါက အလုပ်လုပ်ကိုင်ခွင့် လက်မှတ်ရှိ‌သော်လည်း အလုပ်လုပ်ကိုင်ခွင့် (Work Permit) မပြ နိုင်ပါက ပုဒ်မ ၂၄အရ ‌ထောင်ဒဏ် (၄၅)ရက် သို့မဟုတ် ဒဏ်‌ငွေ (၂,၀၀၀) ဘတ်မှ (၁၀,၀၀၀) ဘတ်အထိ (သို့ မဟုတ်) ပြစ်ဒဏ်နှစ်ရပ်လုံးလည်း‌ပေါင်းပြီး ကျခံရမည်ဖြစ်သလို ဥပ‌ဒေ ချိုး‌ဖောက်မှု ထင်ရှားပါက ရက်‌ပေါင်း (၃၀) တစ်လအတွင်း ‌နေရပ်အမိနိုင်ငံနယ်စပ်သို့ ပြန်ပို့ခံရမည်ဟု ပါရှိသည်။

မြန်မာပြည်သားများအ‌ရေး ပူးတွဲလှုပ်ရှားမှု‌ကော်မတီ (JACBA)ဥက္ကဌ ဦးမိုးကြိုးက “အခု ပုဒ်မ ၆၄တို့ ဆိုတာက တစ်လ တစ်ခါ visa သက်တမ်းတိုးရတယ်။ PB တို့ PJ တို့ CI တို့ အစရှိတဲ့ စာအုပ်ကြီး‌တွေလို ‌ရှေ့ ၇ ရက် ကြိုလို့ရတယ်။ ‌နောက် ၇ ရက် ‌နောက်ကျလို့ရတယ် ဆိုတာမျိုးမရှိဘူး။ ‌ရှေ့ (၇)ရက်ကြိုပြီး လုပ်လို့ရတယ်။ ‌နောက်က‌တော့ တစ်ရက်မှ ‌နောက်ကျလို့မရတဲ့ ပုဒ်မ ၆၄ ဖြစ်တယ်ဆိုတဲ့အ‌ကြောင်း ရာသီအလိုက်အလုပ်သမား လက်မှတ်ဖြစ်တယ်ဆိုတဲ့အ ‌ကြောင်း မည်သည့် ပွဲစား၊ ကြားပွဲစားမှ မလုပ်ဘဲနဲ့ အလုပ်ရှင်‌တွေ မန်‌နေဂျာ‌တွေရဲ့ အ‌ခေါ်‌တွေ ‌စောင့်မ‌နေဘဲနဲ့ ကိုယ်တိုင်ကိုယ်ကျ ဂရုစိုက်ပြီး‌တော့ သက်တမ်းသွားတိုးဖို့ ပိုမို‌ကောင်းမွန်မယ်ဆိုတာ ဒီဖြစ်ရပ်က သက်‌သေပြ‌နေတယ်” ဟု ‌ကေအိုင်စီသို့ ‌ပြောသည်။

အလားတူ ပြီးခဲ့သည့် ဇူလိုင်လ ၂၂ ရက်‌နေ့တွင်လည်း မဲ‌ဆောက်‌ဈေးရှိ ဖိုးထူးကုန်းဟု မြန်မာအလုပ်သမားများ ‌ခေါ်သည့် ‌နေရာတွင် မိတ္တူနှင့် ဓါတ်ပုံကူးဆိုင် ဆံပင်ညှပ်ဆိုင်၊ ကွမ်းယာဆိုင်များနှင့် အခြား ဟင်းချက်‌ရောင်း သည့် ‌ဈေးဆိုင်များကို ထိုင်းလဝကအဖွဲ့မှ ဝင်‌ရောက် စစ်‌ဆေးပြီး မြန်မာ‌ဈေးဆိုင်ရှင်နှင့် ‌ဈေးကူ‌ရောင်းသည့် အ လုပ်သမားအချို့ကို ဖမ်းဆီးမှုများရှိခဲ့သည်။ အဆိုပါ ဖမ်းဆီးခံရသူများကို ထိုင်းဥပ‌ဒေအရ ‌ဈေး‌ရောင်းချခွင့်မရှိ သည့်အတွက် ဖမ်းဆီးခြင်းဖြစ်သည့်အတွက် အဖမ်းခံရသည့် ‌ဈေး‌ရောင်းသူများအ‌နေဖြင့် ဘတ်‌ငွေ ၁ဝ,ဝဝဝ (တစ်‌သောင်း)‌ကျော် ဒဏ်‌ငွေ‌ပေး‌ဆောင်ရသလို ပြည်ဝင်ခွင့်ဗီဇာပိတ်ပင်ခံရ‌ကြောင်းလည်း အလုပ်သမားအ‌ရေး ‌ဆောင်ရွက်သူများက ‌ပြောသည်။