Home လူငယ့်အသံ လူငယ့်အမြင် လူတိုင်းကို ပညာတတ်ဖြစ်‌စေချင်တဲ့ မိဘ‌ကျေးဇူးသိတတ်သူ‌လေး

လူတိုင်းကို ပညာတတ်ဖြစ်‌စေချင်တဲ့ မိဘ‌ကျေးဇူးသိတတ်သူ‌လေး

4937


အသက် ၁၆နှစ်အရွယ် ‌နော်မူး‌ဂေ‌ဖောဟာ ကရင်ပြည်နယ်၊ သံ‌တောင်မြို့နယ်၊ စီပင်က‌လေး‌ကျေးရွာအုပ်စု၊ မိုင် ၂ဝမှာ‌နေပါ တယ်။ အမိုး‌နော်မာဘူ၊ အပါး‌စော‌ရွှေလှဘိုတို့ရဲ့ သမီးနှစ်ဦးအနက် အကြီးဖြစ်ပြီး ၂၀၁၈-၂၀၁၉ ပညာသင်နှစ်မှာ တက္ကသိုလ်ဝင် တန်း(ဆယ်တန်း)ကို ဂုဏ်ထူးနှစ်ခုနဲ့ ‌အောင်မြင်ခဲ့ပါတယ်။ သူမရဲ့ဘဝနဲ့ ပညာ‌ရေးဖြတ်သန်းမှု တစိတ်တပိုင်းကို အခုလို ‌ပြောပြ ပါတယ်။

‌မောင်နှမနှစ်‌ယောက်မှာ သမီးက အကြီး။ အငယ်က မိန်းခ‌လေး။ အခုဆို သူက ငါးတန်း။ မိဘ‌တွေကကျ‌တော့ ဟိုးအရင်တုန်း က ‌ခေါင်တိုင်က‌နေ မိုင် ၂ဝကို ပြန်‌ပြောင်းလာတယ်။ မိုင် ၂၀‌ကျေးရွာမှာ သမီးမိဘ‌တွေက ဥယျာဉ်ခြံအလုပ်နဲ့ပဲ သမီးတို့ကို ပြုစု ‌စောင့်‌ရှောက်လာတာ‌ပေါ့။ ငယ်ငယ်တုန်းကဆိုရင် သမီးအ‌မေတို့က ‌တောင်ယာခုတ်‌သေးတယ်။ အခု‌တော့ သူတို့ မခုတ်‌တော့ ဘူး။ သမီးရဲ့မိဘ‌တွေက‌တော့ ဥယျာဉ်ခြံစိုက်တယ်။ စိုက်တဲ့ အသီးအနှံ‌တွေက‌တော့ ရာဘာစိုက်တယ်။ ကွမ်းသီးစိုက်တယ်။ ဖာလာ။ ပြီး‌တော့ ကာဖီစိုက်တယ်။ ကာဖီက‌တော့ အနည်းငယ်ပဲ စိုက်တယ်။

ငယ်ငယ်‌လေးက‌တော့ သူငယ်တန်းက‌နေ ရှစ်တန်းအထိ မိုင် ၂ဝမှာပဲ။ ရွာမှာပဲ ‌ကျောင်းတက်တယ်။ ရွာမှာကျ‌တော့ အလယ် တန်းအထိပဲရှိတယ်။ ကိုးတန်း၊ ဆယ်တန်းကျ‌တော့ ၁၃မိုင်မှာ လာ‌နေတယ်။ ကိုးတန်းနှစ်မှာကျ‌တော့ အဖွားအိမ်မှာ‌နေတယ်။ စာကျက်ရတယ်။ ကြိုးစားရတယ်‌ပေါ့။ ကျူရှင်ကျ‌တော့ သမီးအ‌ဒေါ်က ‌ကျောင်းဆရာမဆိုတဲ့အခါကျ‌တော့ သမီးအ‌ဒေါ်ဆီမှာပဲ စာသင်တယ်။ သမီးအ‌ဒေါ်က သမီးကို သင်‌ပေးတယ်။ ကျူရှင်သ‌ဘော‌ပေါ့။
ဆယ်တန်းမှာကျ‌တော့ ဆရာ‌ဂေဘလုဆီမှာ ပြန်‌နေတယ်။ သူက သမီးတို့ကို guide လည်း guide ‌ပေးတယ်။ ကျူရှင်ဆရာ လည်း ‌ခေါ်‌ပေးတယ်။ ဒါ‌ပေမယ့် သမီးက ဝိဇ္ဇာဆို‌တော့ အဂင်္လိပ်နဲ့ သချင်္ာကို ကျူရှင်ယူတယ်။ တစ်ခြားဘာသာ ပထဝီ၊ သမိုင်း တို့က ကိုယ့်ဟာကိုယ် ကျက်တယ်။ အဂင်္လိပ်နဲ့ သချင်္ာက‌တော့ သမီးအတွက် နည်းနည်းခက်တယ်။ သမီး အဲဒီဘာသာ‌တွေ အား နည်းတယ်။ မြန်မာစာတို့ကျ‌တော့ ကိုယ့်ဟာကိုယ်လုပ်တယ်။

သမီးမိဘ‌တွေက‌တော့ ကျန်းမာ‌ရေး သိပ်မ‌ကောင်းဘူး။ အလုပ်ကြမ်းမလုပ်နိုင်ဘူး။ သမီးတို့ကို ပညာတတ်‌အောင်‌ပေါ့။ သူတို့ ကြိုးစားရုန်းကန်ပြီး ပို့တာ‌ပေါ့။ သမီးမိဘ‌တွေက မပို့နိုင်လို့ အဂင်္လိပ်နဲ့ သချင်္ာကိုပဲ ကျူရှင်ယူတာ။ မိဘ‌တွေက ပိုက်ဆံမတတ် နိုင်လို့။ ကျူရှင်ခက တစ်လကို တစ်ဘာသာ ငါး‌ထောင်‌ပေးရတယ်။ အားလုံး ၆ဘာသာရှိတယ်။
‌အောင်စာရင်းကို သမီးကိုယ်တိုင် သွားမကြည့်ဖြစ်ဘူး။ ‌အောင်စာရင်းထွက်မှာ‌တော့ သိတယ်။ လာမကြည့်နိုင်ဘူး။ လာကြည့်လို့ ရှိရင် ဆိုင်ကယ် ကယ်ရီငှားရမယ်။ အိမ်မှာက ဆိုင်ကယ်မရှိဘူး။ သမီးအ‌ဒေါ် သမီးကိုဖုန်းဆက်‌တော့ သွားကြည့်စရာ မလို‌တော့ ဘူး‌ပေါ့။ သမီး အိပ်ယာ‌တောင် မထ‌သေးဘူး။ အ‌စောကြီးရှိ‌သေးတယ်။ သမီးအ‌ဒေါ် ဖုန်းဆက်‌တော့။ အမှန် သမီးစဉ်းစားထား တာက စ‌နေ‌နေ့ မနက်ဖြန်ကျရင် သမီး အ‌ဖေနဲ့ အ‌မေနဲ့ ခြံထဲမှာလိုက်ဖို့ စဉ်းစားထားတယ်။ မနက်အ‌စောကြီး သမီးအ‌ဒေါ် ဖုန်း ဆက်‌တော့ “မူး‌ဂေ‌ဖော‌ရေ နင် ပါတယ်”ဆို‌တော့ သမီး တအား ဝမ်းသာသွားတာ‌ပေါ့။ ဝမ်းသာ‌တော့ ခြံလည်း မသွားချင်‌တော့ ဘူး။ သမီးအ‌မေက သမီးကို ‌ပြောတယ်။ ခန‌နေကျရင် ခြံသွားမယ် မဟုတ်လား။ သမီးက မသွား‌တော့ဘူး။ အိမ်မှာပဲ‌နေမယ် တအား‌ပျော်သွားတာ‌ပေါ့။ ‌ပျော်တဲ့စိတ်တစ်ခုတည်းနဲ့ ဘာမှသမီးမလုပ်နိုင်‌တော့ဘူး။ သမီး ပထဝီနဲ့ သမိုင်းကို ဂုဏ်ထူးထွက် တယ်။

သမီးရဲ့ဝါသနာက ‌ကျောင်းဆရာမ။ ဟိုး ငယ်ငယ်‌လေးကတည်းက၊ ‌ကျောင်းစတက်တဲ့အချိန်ကတည်းက ဆရာမ‌တွေက ကိုယ့် ဝါသနာ ‌မေးလာပြီဆိုလို့ရှိရင် ‌ကျောင်းဆရာမပဲ ဝါသနာပါတယ်။ အခု ဆယ်တန်း‌အောင်‌တော့ ‌ကျောင်းဆရာမဖြစ်ချင်တာ‌ပေါ့။ ဒါနဲ့ စစ်ကိုင်း(စစ်ကိုင်းဖွံ့ဖြိုး‌ရေး‌ကျောင်း)တက်မလို့ စဉ်းစားထားတယ်။ စစ်ကိုင်းတက်လို့ ပြီးသွားရင်လည်း ‌ကျောင်းဆရာမပဲ လုပ်မယ်လို့ ထင်တယ်။ သမီး စာသင်ရတာ ဝါသနာပါတယ်။ သမီးဆရာမ‌တွေကိုကြည့်‌တော့ သမီးလည်း အားကျတယ်‌ပေါ့။ ‌ကျောင်းသား‌တွေကို စာသင်ချင်တယ်။ ကိုယ့်ရဲ့လူမျိုးကို ပညာတတ်ဖြစ်‌စေချင်တယ်။ လူတိုင်းကို ပညာတတ် ဖြစ်‌စေချင်တယ်။

သမီး ကရင်စာတတ်တယ်။ ရွာမှာ ‌နွေရာသီဆိုလို့ရှိရင် ‌နွေရာသီသင်တန်းဖွင့်တယ်‌လေ။ သမီး တက်တယ် နှစ်တိုင်း။ တက်လို့ရှိ ရင်လည်း ဆုရခဲ့တယ်။ နှစ်တိုင်း ပထမလား၊ ဒုတိယလား။ သမီး ‌နွေရာသီသင်တန်း တက်တဲ့ကာလမှာ ‌နော်တာမာ(စံပြဆု)လို ‌လေ သုံးခါ ရဖူးတယ်။ ဟိုး သမီး နှစ်တန်းမှာ တစ်ခါရဖူးတယ်။ ပြီးရင် ငါးတန်းမှာတစ်ခါ၊ ‌ခြောက်တန်းမှာတစ်ခါ ရဖူးတယ်။ ၁၃မိုင်မှာ ပြန်လာ‌နေ‌တော့ ‘ကလိုကွယ် စ‌ကောလားရှစ်’ သူများ‌ဖြေတယ်။ အဲဒါ သမီးလည်း ဝင်‌ဖြေတယ်။ နှစ်နှစ်စလုံး‌ဖြေ တယ်။ နှစ်နှစ် စလုံး ပါခဲ့ဖူးတယ်။ နှစ်နှစ်စလုံး ဆုရခဲ့ဖူးတယ်။
သမီး ‌ကျောင်းမှာ ဆု‌တွေ ပုံမှန်ရခဲ့တယ်။ နှစ်တန်းနှစ်မှာ စရတာ‌ပေါ့ ဆု။ နှစ်တန်းနှစ်ကစပြီး‌တော့ ကိုးတန်းအထိ ပထမဆုပဲ သမီး ယူခဲ့တယ်။ ဆယ်တန်းလည်း သမီး နှစ်ချင်း‌ပေါက်‌အောင်ခဲ့တယ်။ အဲဒါ‌ကြောင့် ဘုရားရှင်ကို အရမ်း‌ကျေးဇူးတင်တယ်။

စ‌ကောလားရှစ်ဆိုတာက ကရင်စာ ‌ဖြေရတယ်။ စာစီစာကုံးပဲ‌ပေါ့။ သူ‌ခေါင်းစဉ်‌ပေးတယ်။ ‌အောက်လိုင်း‌တော့ သူ မ‌ပေးဘူး။ ‌ခေါင်းစဉ် ၂ခု‌ပေးတယ်။ ကိုယ်‌ဖြေချင်တဲ့ဟာ ‌ဖြေရတယ် အဲလို။ ဒါ‌ကြောင့် သမီးရဲ့ညီမ‌လေးကိုလည်း ပညာတတ် ဖြစ်‌စေချင် တယ်။ ဆယ်တန်းဆိုလည်း သမီးလိုပဲ နှစ်ချင်း‌ပေါက် ‌အောင်‌စေချင်တယ်။ အဲဒါမှ မိဘ‌တွေ ပိုက်ဆံကုန်တာ သက်သာမယ်‌လေ။

ခု သမီး စစ်ကိုင်းဖွံ့ဖြိုး‌ရေး‌ကျောင်းကိုတက်ဖို့ ရည်ရွယ်ထားတယ်။ ဒါ‌ကြောင့် စာ‌တွေကို ‌လေ့လာထားတာ‌ပေါ့။ စစ်ကိုင်းမှာ ဘာ ‌တွေ‌မေးမလဲ။ ဆရာမ‌တွေကို ‌မေးတာ‌ပေါ့။ ပြီး‌တော့ ဆယ်တန်းစာ‌တွေကိုလည်း အားလို့ရှိရင် ပြန်‌လေ့လာတယ်။ ဘာ‌တွေ‌မေး ‌လေ့ရှိလဲ ဆရာမ‌တွေကိုလည်း ‌မေးတယ်။ တက်ဖူးတဲ့ အစ်ကိုအစ်မ‌တွေကိုလည်း ‌မေးတာ‌ပေါ့‌နော်။ ဘာ‌တွေ‌မေးလဲ၊ ဘယ်လို ‌ဖြေရလဲ။ ခု‌တော့ ‌လျှောက်လွှာယူထားပြီးပြီ။ မတင်ရ‌သေးဘူး။ ဖြည့်‌တော့ဖြည့်ပြီးပြီ။ ‌အောင်လက်မှတ်မရ‌သေး‌တော့ မတင်ရ ‌သေးဘူး။ စစ်ကိုင်း‌ကျောင်းက ငါးနှစ်တက်ရတယ်။

တကယ်လို့ ‌ကျောင်းတက်ပြီးသွားရင် မဖွံ့ဖြိုး‌သေးတဲ့‌ဒေသ‌တွေမှာ သမီးသွားချင်တယ်။ ခ‌လေး‌တွေကို ပညာတတ်ဖြစ်‌အောင်။ အနာဂတ်မှာ တန်ဘိုးရှိတဲ့ခ‌လေး‌တွေ ဖြစ်‌စေချင်တယ်။ မဖွံ့ဖြိုး‌သေးတဲ့ ‌ဒေသ‌တွေမှာ သမီးပိုပြီး‌တော့ သွားချင်တာ‌ပေါ့။ သမီးနဲ့ ရွယ်တူဖြစ်‌စေ၊ ‌မောင်ငယ်ညီမငယ်‌တွေကိုဖြစ်‌စေ ကရင်စာအုပ်စာ‌ပေ‌တွေ များများ ဖတ်‌စေချင်တယ်။ ပြီး‌တော့ အားတဲ့အချိန် ‌တွေမှာ ‌နွေရာသီသင်တန်းဖွင့်တယ်ဆိုရင်လည်း တက်‌စေချင်တယ်။ မိသားစု‌တွေအထဲမှာလည်း ကရင်စကားကို များများ ‌ပြော ‌စေချင်တယ်။ ကိုယ်က ကရင်လူမျိုးဆို‌တော့ ကရင်စကား‌တော့ တတ်ရမှာ‌ပေါ့။ တကယ်လို့ ကရင်စကားမတတ်ဘူးဆိုရင် ကိုယ့် ရဲ့လူမျိုးကို ‌ပျောက်ဆုံး‌စေတာ‌ပေါ့။ ကိုယ့်ရဲ့ဘာသာစကား ‌ပျောက်ဆုံးသွား‌စေတယ်။ ‌နောက်လာမယ့် ညီငယ်၊ ညီမငယ်တိုင်းကို ကရင်စာ၊ ကရင်စကား တတ်‌စေချင်တယ်။ ကရင်စာ‌ပေကို များများ ‌လေ့လာ‌စေချင်တယ်။

သမီး ‌ကျောင်းတက်တဲ့ကာလ‌တွေမှာ မိဘ‌တွေက ခက်ခက်ခဲခဲနဲ့ သွား‌တွေ့ရတာ‌ပေါ့။ သမီးမိဘနှစ်‌ယောက်စလုံးက ကျန်းမာ‌ရေး မ‌ကောင်းဘူး။ ဒါ‌ပေမယ့် သမီးတို့ကို စာတတ်‌အောင် သူတို့‌တွေ ကြိုးစားရုန်းကန်ပြီး‌တော့ သမီးတို့ကို ပံ့ပိုး‌ပေးတယ်။ သမီးအ‌ဖေ ဆိုရင် ကျန်းမာ‌ရေးမ‌ကောင်း‌တော့ အလုပ်ကြမ်း ဘာမှမလုပ်နိုင်‌တော့ဘူး။ ကွမ်းသီးအချိန်‌တွေမှာဆို ရွာမှာပြန်တက်တယ်။ အလုပ်သမား‌တွေကို သူငှားရတာ‌ပေါ့။ အလုပ်သမား‌တွေ ငှားပြီး ကွမ်းသီးလုပ်ခိုင်းတယ်။ သူကကျ‌တော့ ရွာမှာ‌ဈေး‌ရောင်း၊ မုန့် ‌တွေဘာ‌တွေ‌ရောင်း အဲလိုမျိုးပဲ လုပ်နိုင်တာ‌ပေါ့။ အလုပ်ကြမ်း‌တော့ သူမလုပ်နိုင်ဘူး။ အလုပ်သမား‌တွေကို ထမင်းချက်‌ပေး တယ် အဲလိုမျိုးပဲ။
အ‌မေက‌တော့ သမီးတို့ငယ်ငယ်‌လေးကတည်းက ပိုက်ဆံရှာ‌ပေးရတယ်။ သမီး ၈တန်းနှစ်မှာဆိုရင် သမီးအ‌မေက ပထမတစ် ‌ခေါက် ဆိုင်ကယ်‌ပေါ်က ပြုတ်ကျ‌တော့ ‌ခေါင်းထိသွားတယ်။ ‌ခေါင်းထိသွား‌တော့ အ‌လေး‌တွေဘာ‌တွေ သူမသယ်နိုင်‌တော့ဘူး ‌ပေါ့။ ‌နောက်တစ်‌ခေါက်ကျ‌တော့ ‌ကျောင်းပိတ်ခါနီး သူ ခြံထဲမှာသွားတာ‌ပေါ့။ (ရာဘာခြံ)။ သမီးအ‌ဖေနဲ့လိုက်သွားတယ်။ သူ ထမင်းချက်ပြီးပြီ အဲဒီအချိန်မှာ။ သမီးအ‌ဖေက ပြန်လာ‌တော့ ‌ရေ‌နွေး‌လေး တည်ပါအုံးဆို သူတည်တယ်။ ‌ရေ‌နွေးက ဆူပြီ။ ဒါ‌ပေ မယ့် ဘယ်လိုဖြစ်သွားတာလဲ ဘယ်လိုလဲ‌တော့ မသိဘူး။ တဲက ပြိုသွားတယ်။ ‌ရေ‌နွေး သမီးအ‌မေကို ‌လောင်သွားတာ‌ပေါ့။ သမီး အ‌မေက ‌ဆေးရုံတက်ခဲ့ရတယ်။ အဲဒီအချိန်မှာ ‌တော်‌တော်‌လေးကို ခက်ခဲတာ‌ပေါ့။ သမီးကလည်း ‌နောက်ဆုံးစာ‌မေးပွဲ(အတန်း တင်) ‌ဖြေရ‌တော့မယ်ဆို‌တော့ မအား‌တော့ သမီးအ‌မေကိုလည်း သမီး မကြည့်ဖြစ်ဘူး‌ပေါ့။

‌နောက်ဆုံး‌ပြောချင်တာက သမီးမိဘ‌တွေ သမီးကို ပံ့ပိုး‌ပေးတဲ့အတွက်‌ကြောင့် သမီးအခု ဆယ်တန်းကို နှစ်ချင်း‌ပေါက်‌အောင်မြင် တဲ့အတွက် သမီးမိဘ‌တွေကို ‌ကျေးဇူးတင်တယ်။ သမီး ‌ကျောင်းဆရာမတစ်‌ယောက်ဖြစ်‌အောင် ကြိုးစားမယ်။ ပြီး‌တော့ သမီး မိဘ‌တွေကို လုပ်‌ကျွေးမှာ‌ပေါ့။