Home အယ်ဒီတာ့အာဘော် ‌ရေချိန်မြင့်‌နေ‌သော အန္တရာယ်ကြီးသည့် ပန်း‌ရောင်အဆိပ် ပြဿနာ

‌ရေချိန်မြင့်‌နေ‌သော အန္တရာယ်ကြီးသည့် ပန်း‌ရောင်အဆိပ် ပြဿနာ

2674

ဇွန်လ ၂၆ရက်‌နေ့သည် အပြည်ပြည်ဆိုင်ရာ မူးယစ်‌ဆေးဝါးအလွဲသုံးစားမှုနှင့် တရားမဝင်‌ရောင်းဝယ်မှု တိုက်ဖျက်‌ရေး‌နေ့ဖြစ်သည်။ အဆိုပါ‌နေ့ အခမ်းအနားကို နိုင်ငံ‌တော်အဆင့် ပြုလုပ်ခဲ့သလို ပြည်နယ်အဆင့်တွင်လည်း ပြုလုပ်ခဲ့‌သေးသည်။ အလားတူ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များလည်း မူးယစ်တိုက်ဖျက်‌ရေး‌နေ့ကို သူ့နည်းသူ့ဟန်ဖြင့် ကျင်းပခဲ့သည်ကို ‌တွေ့ရသည်။

မူးယစ်‌ဆေးဝါးအမျိုးမျိုးရှိ‌သော်လည်း နိုင်ငံအတွင်း‌ရော၊ ကရင်ပြည်နယ်အတွင်း၌ပါ အဓိက အန္တရာယ်‌ပေးပြီး သုံးစွဲမှုများ သည့် မူးယစ်‌ဆေးမှာ YW စာတမ်းပါပန်း‌ရောင်စိတ်ကြွရူးသွပ်‌ဆေး ဖြစ်သည်။ ယင်းကို ပြည်နယ်အတွင်း၌ ပန်းသီးဟု ‌ခေါ်ဆိုမှုများလည်း ရှိသည်။

ပြည်နယ်အတွင်း စိတ်ကြွ‌ဆေးပြား ဝင်‌ရောက်လာမှု‌နောက်ခံကို ကြည့်မည်ဆိုလျင် ၁၉၉၃-၉၄ခုနှစ် မတိုင်ခင်က ‌ဒေသ တွင်း၌ စိတ်ကြွ‌ဆေးပြားများသုံးစွဲ ‌ရောင်းဝယ်ခြင်းများ မရှိခဲ့‌သော်လည်း ၁၉၉၅ခုနှစ်ခန့်မှစ၍ ရိုးသားသည့် ‌တောင်သူများ ကို ရင်ကြပ်‌ရောဂါနှင့် ‌လေဖြတ်သူများကို ‌ရောဂါသက်သာ ‌ပျောက်ကင်းသည်ဟုဆိုကာ ‌ဒေသအ‌ခေါ် ̔ မြင်း‌ဆေး̕ ပန်း‌ရောင်အလုံးကို အမှုန့်ကြိတ် ‌ရေနှင့်‌ဖျော်တိုက်ရာမှတစ်ဆင့် စတင် သုံးစွဲမှုအချို့ဖြစ်လာခဲ့သည်ဟု ‌ဒေသတွင်းရှိလူလတ်ပိုင်းများက ‌ပြောဆိုသည်။

ယ‌နေ့အချိန်တွင်မှု ပြည်နယ်အတွင်း ပန်း‌ရောင်အဆိပ် အန္တရာယ်ကို ဆိုးဝါးစွာကြုံ‌တွေ့‌နေပြီး ‌ဆေးသုံးစွဲသည့်လူငယ်များ စိတ်ဓာတ်ပိုင်း၊ စာရိတ္တပိုင်းပျက်စီးခြင်း၊ ဘဝအညွှန့်တုံးခြင်း၊ ရာဇဝတ်မှု ဖြစ်ပွားခြင်းများ ကြုံ‌တွေ့လာရသည်။ အချို့မိဘများဆိုလျှင် အရွယ်‌ရောက်သား‌ယောက်ျား‌လေးရှိပါက ‌ဆေးစွဲသွားမည်ကို ‌နေ့တဓူဝ စိတ်ပူ‌နေရပြီး စားဝတ်‌နေ‌ရေးခ က်ခဲသည့်ကြားမှ တစ်ပူ‌ပေါ် တစ်ပူဆင့်ဆိုသလို အဖက်ဖက်က ရတက်မ‌အေးနိုင် ဖြစ်‌နေကြရသည်။

ကရင်ပြည်နယ်ရဲတပ်ဖွဲ့၏ ထုတ်ပြန်ထားသည့် မူးယစ်‌ဆေးဝါးဖမ်းဆီးရရှိသည့် စာရင်းအရ ၂၀၁၈ခုနှစ်တွင် အမှု‌ပေါင်း ၄၆၈မှုရှိ ပြီး ၂၀၁၉၊ ဇွန်လထိ ၁၅၉မှုထပ်မံ ဖမ်းဆီးရမိထားကာ ‌ခြောက်လအတွင်း ဖမ်းမိမူးယစ်‌ဆေးများတွင် စိတ်ကြွ‌ဆေး ၂၀၈,၀၉၄ ပြားဖြင့် အများဆုံး ဖြစ်‌နေသည်။ အလားတူ ကရင်ငြိမ်းချမ်း‌ရေး‌ကောင်စီ ထိန်းချုပ်နယ်‌မြေအတွင်းမှ တစ်နှစ် တာ သိမ်းဆည်းရမိသည့် WY ‌ခေါ် စိတ်ကြွမူးယစ်‌ဆေး ၂၂၀,၇၅၂ပြားနှင့် မူးယစ်‌ဆေးဆက်စပ်ပစ္စည်းများကို မီးရှို့ဖျက်ဆီးခြင်းကို ဇွန်လ ၂၆ရက်‌နေ့တွင် ၎င်းတို့၏ဌာနချုပ်၌ ပြုလုပ်ခဲ့ပြီး ကာလတန်ဖိုးအားဖြင့် ကျပ် ၅၆၉သိန်း‌ကျော်ဖိုးဖြစ်‌ကြောင်း သတင်းထုတ်ပြန်ခဲ့သည်။

ထိုသို့ ဖမ်းမိမှုများ၊ မီးရှို့ဖျက်ဆီးမှုများကို အစိုးရ‌ရော၊ တိုင်းရင်းသားလက်နက်ကိုင်များကပါ လုပ်‌ဆောင်‌နေသည်ကိုု အသိအမှတ်ပြုရမည်ဖြစ်‌သော်လည်း စိတ်ကြွ‌ဆေး အဓိက ထုတ်လုပ်‌ရောင်းဝယ်သည့် လက်ကြီးသမား ဒိုင်များကိုမူ ဖမ်းမိသည့်သတင်းမှာ မကြားရသ‌လောက် ဖြစ်‌နေသည်။

ယင်းအ‌ပေါ် အစိုးရကတိုင်းရင်းသားလက်နက်ကိုင်တပ်ဖွဲ့များ ပါဝင်ပတ်သက်‌နေသည့်အတွက် လုပ်‌ဆောင်ရခက်သည်ဟုဆိုသည်။ တိုင်းရင်းသားလက်နက်ကိုင်များကမူ ရည်ရွယ်ချက်ရှိရှိ မိမိတို့နယ်‌မြေထဲသို့ မူးယစ်‌ဆေးများ သယ်‌ဆောင်ဖြန့်ဖြူး သည်ဟု ပြန်လည်သုံးသပ်‌ပြောဆိုမှုများ ရှိ‌နေပြန်‌သေးသည်။

သတင်းဌာနများ၏ ‌ဖော်ပြချက်များအရဆိုလျှင် နှစ်ဖက် ‌အောက်‌ခြေတာဝန်ရှိသူများ မူးယစ်‌ဆေးနှင့်ပတ်သက်၍ ပါဝင်ပတ်သက်မှုရှိကာ အ‌ရေးယူခြင်းများလည်းရှိသည်။

ထို့အတွက် သူ့ဘက်ကိုယ့်ဘက် အပြန်အလှန် အပြစ်တင်‌ပြောဆို‌နေကြခြင်းထက် ဖြန့်ဖြူး‌ရောင်းချသည့် အခရာကျ‌သော အ‌ရောင်းဒိုင်ချုပ်များကို ဖမ်းမိ‌ရေးကာ မူးယစ်‌ဆေးဝါး အန္တရာယ်ချုပ်ငြိမ်း‌စေ‌ရေးအတွက် အစုအဖွဲ့ အသီးသီးနှင့်အတူ အစီအစဉ်ကျကျဖြင့် အတူလက်တွဲ လုပ်‌ဆောင်သွားသင့်‌ပေသည်။